မန်စီးတီးစံချိန်ကို ရိုက်ချိုးနိုင်ခဲ့တဲ့ ဂိုးပြတ်နိုင်ပွဲက ပြန်ပြောရမယ့်အချက်များ
အာဆင်နယ်ဟာ တနင်္လာနေ့ညက ဘရာမောလ် လိန်းမှာ အမှတ်ပေးဇယားကြမ်းတိုက်နေတဲ့ ရှက်ဖီးကို ၆ ဂိုးပြတ်အနိုင်ယူပြီး ပရီးမီးယားလိဂ်ဖလားပြိုင်ပွဲမှာ ဇယားထိပ်က ၂ သင်းနဲ့ ထပ်ချပ်မကွာ လိုက်ပါယှဉ်ပြိုင်နိုင်ခဲ့ပါတယ်။
အာတီတာရဲ့အသင်းဟာ ပထမပိုင်းအဖွင့် ၁၅ မိနစ်မှာပဲ ၃ ဂိုးအထိ သွင်းယူနိုင်ခဲ့ပြီး ဆုဖလားပြိုင်ဘက်တွေကို ဒီရာသီမှာတော့ အတိမ်းအစောင်းခံတော့မှာမဟုတ်ဘူးဆိုတာကို သက်သေပြခဲ့တာဖြစ်ပါတယ်။
အိမ်ကွင်းပရိသတ်အများအပြားဟာ ပထမပိုင်းမှာ ၅ ဂိုးပြတ်နဲ့ ရှုံးနိမ့်နေတာကြောင့် ပွဲမပြီးခင်မှာပဲ ထပြန်သွားခဲ့ကြပြီး ဒုတိယပိုင်းမှာ ဘန် ဝှိုက်က ဂန်းနားတွေရဲ့ စံချိန်တင် ၃ ပွဲဆက်တိုက် ၅ ဂိုးနဲ့ အထက် သွင်းယူပြီး နိုင်ပွဲရရှိအောင် နောက်ထပ် ဦးဆောင်ဂိုး သွင်းယူပေးခဲ့ပါတယ်။
ဂန်းနားတို့ စတိုင်ဖြစ်လာတဲ့ လျင်မြန်တဲ့ စတင်မှု
ပထမပိုင်း ၁၅ မိနစ်အတွင်းမှာ ဖွင့်မကစားဘဲ ထိန်းကစားဖို့ နည်းပြအချို့က အသင်းသားတွေကို ပြောလေ့ရှိပေမယ့် အာတီတာကတော့ ဂိုးတွေ သွင်းပြီး နိုင်ပွဲယူခဲ့ကြဖို့ပဲ ပြောလိုက်ပါတယ်။ နောက်ဆုံး ပရီးမီးယားလိဂ် ၇ ပွဲမှာ ၅ ကြိမ်မြောက်အဖြစ် ဂန်းနားတွေက ပထမပိုင်း ၁၈ မိနစ်အတွင်း ဦးဆောင်ဂိုး သွင်းယူနိုင်ခဲ့ပြီး ဒီပွဲမှာတော့ ထူးထူးခြားခြား ၃ ဂိုးအထိ သွင်းယူနိုင်ခဲ့တာပါ။ မာတင် အော်ဒီဂွါဒ်၊ မာတီနယ်လီနဲ့ ဘိုဂယ်ရဲ့ အုန်းဂိုးတွေက အိမ်ရှင် ရှက်ဖီးတို့ကို ဗုံးဗုံးလဲသွားစေခဲ့ပါတယ်။ပဲလေ့စ်၊ လီဗာပူးလ်၊ ဘန်လေနဲ့ နယူးကာဆယ်တို့အားလုံး ဆောင်းရာသီအားလပ်ရက်အပြီးကတည်းက ဂန်းနားတွေရဲ့ လျင်မြန်တဲ့ စတင်မှုဒဏ်ကို ခံခဲ့ရပေမယ့် ရှက်ဖီးလောက်တော့ ဘယ်သူမှ ရုပ်ပျက်ဆင်းပျက်မဖြစ်ခဲ့ပါဘူး။
ပရိသတ်တွေအတိုင်းပဲ စိတ်ကုန်သွားခဲ့တဲ့ ဝိုင်လ်ဒါ
ဘောလုံးပရိသတ်တစ်ယောက်အနေနဲ့ ပရိသတ်တွေ ၁၅ မိနစ်ကစားပြီးနောက်မှာပဲ ထပြန်သွားတာ ဒါမှမဟုတ် ပွဲကစားချိန် ၁၅ မိနစ်အတွင်းမှာ လူစားလဲခံရတာတွေထက် ထူးထူးခြားခြားမြင်တွေ့ရတာမျိုး မရှိတော့ပါဘူး။ ဒီတစ်ကြိမ်မှာတော့ အဲဒီအရာ ၂ ခု စလုံးကို မြင်တွေ့ခဲ့ရတာပါ။ ဘရာမောလ် လိန်းက အိမ်ကွင်းပရိသတ်တွေလိုပဲ ရှက်ဖီးနည်းပြ ခရစ္စ ဝိုင်လ်ဒါလည်း ဂန်းနားတွေက ၃-၀ နဲ့ ဦးဆောင်နေချိန်မှာ တော်တော်လေး စိတ်ကုန်သွားပြီး အိုလီဗာ နောဝုဒ်ကို ဘန် ဘော့စ်ဘွန်းနဲ့ လူစားလဲပြီး ခံစစ် ၃ ဦးကစားကွက် ပြန်ကစားဖို့ ဆုံးဖြတ်ခဲ့ပါတယ်။ ဝါရင့်ကွင်းလယ်ကစားသမားရဲ့ ပွဲအစောပိုင်း လူစားလဲခံရမှုဟာ ပြိုင်ပွဲသမိုင်းမှာ အဆိုးရွားဆုံး စတင်မှုကို ပိုင်ဆိုင်ခဲ့တဲ့အသင်းတစ်သင်းဖြစ်ခဲ့တယ်ဆိုတာကို ဖော်ပြနေတာဖြစ်ပြီး ဒီရာသီမှာ ရှက်ဖီးဟာ ဂိုးအများဆုံးပေးရတဲ့အသင်းဖြစ်လာနိုင်တဲ့အခြေအနေဆီ တဖြည်းဖြည်း ချဉ်းကပ်နေတာပါ။ ၁၉၆၂-၁၉၆၃ ရာသီတုန်းက အစ်ဆွစ်တောင်းကတော့ ၇၄ ဂိုးအထိ စံချိန်တင် ပေးခဲ့ရတာဖြစ်ပြီး ရှက်ဖီးတို့လည်း ၂၇ ပွဲကစားပြီးချိန်မှာ ၇၂ ဂိုးအထိ ခွင့်ပြုထားရပြီးပါပြီ။
လုပ်သမျှ ဖြစ်ခဲ့တဲ့ ပထမပိုင်း
နာလန်မထူဖြစ်နေတဲ့ ရှက်ဖီးကို ဂန်းနားတို့ လုံးဝ အသာစီးရယူကစားနိုင်ခဲ့ပေမယ့် ဆန်းဒေးလိဂ်ထက် မြင့်မားတဲ့ အဆင့်အတန်းမှာ ဒီလိုမျိုး ထပ်တွေ့ရဖို့က မလွယ်ကူပါဘူး။ ဘယ်လိုမှ ရပ်တန့်မရတဲ့ ခြေစွမ်းနဲ့ ဂန်းနားတွေက ပထမပိုင်း ၄၅ မိနစ်အတွင်း လုပ်သမျှဖြစ်နေပြီး ဆုဖလားပြိုင်ဘက်တွေ မယှဉ်နိုင်တဲ့ ယုံကြည်မှုအဆင့်အတန်းမှာရှိနေတယ်ဆိုတာကို ပြသခဲ့တာပါ။ ရှက်ဖီးကတော့ အမှတ်ပေးဇယားတစ်ဖက် အောက်ခြေမှာ ကျောက်ချနေခဲ့ပြီး ဘန်လေ၊ လူတန်၊ ဖောရက်စ်၊ အဲဗာတန်တို့လိုအသင်းတွေအားလုံးက ဒီလိုမျိုး အမှတ်ပေးဇယားအောက်ခြေအသင်းဆီကနေ အားနည်းတဲ့ စွမ်းဆောင်ရည်မျိုး မြင်ရလို့ ပျော်ရွှင်နေကြမှာပါ။ ဒီကလန် ရိုက်က ၃၉ မိနစ်မှာ ဆာကာရဲ့ ပေးပို့မှုကနေ အေးအေးဆေးဆေး ဂိုးသွင်းယူသွားချိန်မှာ အရာအားလုံး ပြီးဆုံးသွားသလိုမျိုး ခံစားခဲ့ရပါတယ်။ ပြောရမယ်ဆိုရင် ဒုတိယပိုင်းတောင် ထပ်ကန်စရာမလိုတော့ဘူးလို့ ခံစားလိုက်ရတာဖြစ်ပြီး လီဗာပူးလ်ဂန္တဝင် ဂျေမီ ကာရေဂါကတော့ ရှက်ဖီးရဲ့ ပထမပိုင်း စွမ်းဆောင်ရည်ဟာ အရုပ်ဆိုးအကျည်းတန်မှုနဲ့ မြင်ဖူးသမျှထဲမှာ အဆိုးရွားဆုံးစွမ်းဆောင်ရည်တွေထဲက တစ်ခုလို့ ပြစ်တင်ဝေဖန်ခဲ့ပါတယ်။
လူစာရင်းထဲ ပြန်လာတဲ့ ဂျေးဇုနဲ့ ပါတေး
၆-၀ နဲ့ အသင်းက ဦးဆောင်နေချိန်မှာ ဒူးဒဏ်ရာကြောင့် ၂၀၂၄ ခုနှစ်မှာ ၂ ပွဲသာ ကစားရသေးတဲ့ ဂျေးဇုနဲ့ အောက်တိုဘာလလယ်ကတည်းက ပျောက်သွားတဲ့ ပါတေးတို့ကို ပြန်မြင်တွေ့ခဲ့ရပါတယ်။ ဒီကစားသမား ၂ ဦးစလုံးဟာ ဒုတိယပိုင်းပွဲကစားချိန်အလယ်လောက်မှာ လူစားဝင်ကစားပေးခဲ့ကြပြီး ဂျေးဇုဆိုရင် ဂိုးသွင်းယူနိုင်ဖို့တောင် နီးစပ်ခဲ့ပေမယ့် ရှက်ဖီးဂိုးသမားက ကာကွယ်သွားနိုင်ခဲ့လို့သာ ဂိုးမရခဲ့တာပါ။ အာတီတာကတော့ ခံစစ် ၃ ဦးဖြစ်တဲ့ ဇင်ချန်ကို၊ တိုမိယဆုနဲ့ တင်းဘားတို့ ပြန်လာမှာကို စောင့်ဆိုင်းနေရဆဲဖြစ်ပေမယ့် ဂန်းနားလူစာရင်းဟာ ဆုဖလားပြိုင်ပွဲအတွက် အရေးအကြီးဆုံးဖြစ်လာတော့မယ့်အချိန်မှာ စပြီးတော့ လူစုံစ ပြုလာပါပြီ။ ဂန်းနားတွေဟာ ပေါ်တိုကို ချန်ပီယံလိဂ်ပထမအကျော့မှာ ၁-၀ နဲ့ပဲ ရှုံးနိမ့်ထားလို့ နောက်တဆင့်တက်ဖို့ မျှော်လင့်ချက်ကလည်း အသက်ဝင်တုန်းပါပဲ။
စိုးရိမ်စရာ ဒဏ်ရာရသွားတဲ့ မာတီနယ်လီ
အပျော်လွန်နေတဲ့ အာဆင်နယ်ပရိသတ်တွေရဲ့ ပျော်ရွှင်မှုကို တန့်သွားစေခဲ့တာကတော့ ဒုတိယပိုင်းအစ ရှက်ဖီး ပင်နယ်တီဧရိယာအစွန်မှာ မာတီနယ်လီ လဲကျသွားခဲ့တဲ့ဖြစ်စဉ်ပါ။ ဘရာဇီးလ်တိုက်စစ်မှူးဟာ အရမ်း ဒဏ်ရာပြင်းထန်ပုံမပေါ်ပေမယ့် ဂန်းနားတွေရဲ့ ပြင်းထန်တဲ့ အရှိန်အဟုန်ကိုတော့ ရပ်တန့်သွားစေခဲ့တာ သံသယဖြစ်စရာမရှိဘဲ ပွဲချိန်အများစုကို နည်းပြခုံတန်းမှာ ထိုင်ပြီး အေးဆေးဖြစ်နေခဲ့တဲ့ အာတီတာအတွက်တော့ စိုးရိမ်စရာဖြစ်လာခဲ့ပါတယ်။
လီဗာပူးလ်ကို ဂိုးအရင်သာလွန်အောင် လုပ်နိုင်ခဲ့တဲ့ ဂန်းနားများ
အာဆင်နယ်ဟာ အမှတ်ပေးဇယားမှာ မန်စီးတီးနဲ့ လီဗာပူးလ်တို့ နောက်မှာ ရပ်တည်နေရပေမယ့် ဂိုးကွာခြားချက်မှာတော့ ကြီး ၆ ကြီးထဲက ကြိုက်တဲ့အသင်းနဲ့ ယှဉ်လို့ရနေပါပြီ။ ဂန်းနားတွေရဲ့ မယုံနိုင်စရာ ဂိုးသွင်းခြေစွမ်းက ရာသီအကုန် ဆုဖလားပြိုင်ပွဲမှာ အရေးပါလာတော့မှာဖြစ်ပြီး ရမှတ်တွေက ပိုအရေးကြီးတယ်ဆိုတာတော့ ငြင်းမရပါဘူး။
မန်စီးတီးရဲ့စံချိန်ကို ရိုက်ချိုးပြီး သတိပေးလိုက်တဲ့ ဂန်းနားများ
အာတီတာရဲ့ ဂန်းနားတွေဟာ ပရီးမီးယားလိဂ် ၇ ပွဲဆက်တိုက် ဂိုးအများဆုံး သွင်းယူထားတဲ့အသင်းဖြစ်လာခဲ့ပြီဖြစ်ပြီး ဒီစံချိန်ကို အရင်တုန်းက လက်ရှိ ချန်ပီယံတွေဖြစ်တဲ့ မန်စီးတီးက ၂၀၁၇-၂၀၁၈ ရာသီတုန်းက တင်ရှိထားခဲ့တာပါ။ ဒ့ါအပြင် အာဆင်နယ်ဟာ အင်္ဂလိပ်ထိပ်တန်းဘောလုံးပြိုင်ပွဲ ၄ ခုမှာ ၃ ပွဲဆက်တိုက် အဝေးကွင်းမှာ ၅ ဂိုးနဲ့အထက် သွင်းယူနိုင်ဖူးတဲ့ ပထမဆုံးသော အသင်းလည်း ဖြစ်လာခဲ့ပါပြီ။ အာဆင်နယ်ကတော့ မန်ချက်စတာစီးတီးကို ရာသီကုန်မှာ ကျော်မတက်မီ လက်ရှိချန်ပီယံတွေရဲ့ စံချိန်တွေကို အရင်ဆုံး ရိုက်ချိုးပြလိုက်ပြီး သတိပေးလိုက်တာလည်း ဖြစ်ပါတယ်။
Arsenal Myanmar
Ref: Internet
ZAWGYI: အာဆင္နယ္ဟာ တနလၤာေန႔ညက ဘရာေမာလ္ လိန္းမွာ အမွတ္ေပးဇယားၾကမ္းတိုက္ေနတဲ့ ရွက္ဖီးကို ၆ ဂိုးျပတ္အႏိုင္ယူၿပီး ပရီးမီးယားလိဂ္ဖလားၿပိဳင္ပြဲမွာ ဇယားထိပ္က ၂ သင္းနဲ႔ ထပ္ခ်ပ္မကြာ လိုက္ပါယွဥ္ၿပိဳင္ႏိုင္ခဲ့ပါတယ္။
အာတီတာရဲ႕အသင္းဟာ ပထမပိုင္းအဖြင့္ ၁၅ မိနစ္မွာပဲ ၃ ဂိုးအထိ သြင္းယူႏိုင္ခဲ့ၿပီး ဆုဖလားၿပိဳင္ဘက္ေတြကို ဒီရာသီမွာေတာ့ အတိမ္းအေစာင္းခံေတာ့မွာမဟုတ္ဘူးဆိုတာကို သက္ေသျပခဲ့တာျဖစ္ပါတယ္။
အိမ္ကြင္းပရိသတ္အမ်ားအျပားဟာ ပထမပိုင္းမွာ ၅ ဂိုးျပတ္နဲ႔ ရႈံးနိမ့္ေနတာေၾကာင့္ ပြဲမၿပီးခင္မွာပဲ ထျပန္သြားခဲ့ၾကၿပီး ဒုတိယပိုင္းမွာ ဘန္ ဝႈိက္က ဂန္းနားေတြရဲ႕ စံခ်ိန္တင္ ၃ ပြဲဆက္တိုက္ ၅ ဂိုးနဲ႔ အထက္ သြင္းယူၿပီး ႏိုင္ပြဲရရွိေအာင္ ေနာက္ထပ္ ဦးေဆာင္ဂိုး သြင္းယူေပးခဲ့ပါတယ္။
ဂန္းနားတို႔ စတိုင္ျဖစ္လာတဲ့ လ်င္ျမန္တဲ့ စတင္မႈ
ပထမပိုင္း ၁၅ မိနစ္အတြင္းမွာ ဖြင့္မကစားဘဲ ထိန္းကစားဖို႔ နည္းျပအခ်ိဳ႕က အသင္းသားေတြကို ေျပာေလ့ရွိေပမယ့္ အာတီတာကေတာ့ ဂိုးေတြ သြင္းၿပီး ႏိုင္ပြဲယူခဲ့ၾကဖို႔ပဲ ေျပာလိုက္ပါတယ္။ ေနာက္ဆုံး ပရီးမီးယားလိဂ္ ၇ ပြဲမွာ ၅ ႀကိမ္ေျမာက္အျဖစ္ ဂန္းနားေတြက ပထမပိုင္း ၁၈ မိနစ္အတြင္း ဦးေဆာင္ဂိုး သြင္းယူႏိုင္ခဲ့ၿပီး ဒီပြဲမွာေတာ့ ထူးထူးျခားျခား ၃ ဂိုးအထိ သြင္းယူႏိုင္ခဲ့တာပါ။ မာတင္ ေအာ္ဒီဂြါဒ္၊ မာတီနယ္လီနဲ႔ ဘိုဂယ္ရဲ႕ အုန္းဂိုးေတြက အိမ္ရွင္ ရွက္ဖီးတို႔ကို ဗုံးဗုံးလဲသြားေစခဲ့ပါတယ္။ပဲေလ့စ္၊ လီဗာပူးလ္၊ ဘန္ေလနဲ႔ နယူးကာဆယ္တို႔အားလုံး ေဆာင္းရာသီအားလပ္ရက္အၿပီးကတည္းက ဂန္းနားေတြရဲ႕ လ်င္ျမန္တဲ့ စတင္မႈဒဏ္ကို ခံခဲ့ရေပမယ့္ ရွက္ဖီးေလာက္ေတာ့ ဘယ္သူမွ ႐ုပ္ပ်က္ဆင္းပ်က္မျဖစ္ခဲ့ပါဘူး။
ပရိသတ္ေတြအတိုင္းပဲ စိတ္ကုန္သြားခဲ့တဲ့ ဝိုင္လ္ဒါ
ေဘာလုံးပရိသတ္တစ္ေယာက္အေနနဲ႔ ပရိသတ္ေတြ ၁၅ မိနစ္ကစားၿပီးေနာက္မွာပဲ ထျပန္သြားတာ ဒါမွမဟုတ္ ပြဲကစားခ်ိန္ ၁၅ မိနစ္အတြင္းမွာ လူစားလဲခံရတာေတြထက္ ထူးထူးျခားျခားျမင္ေတြ႕ရတာမ်ိဳး မရွိေတာ့ပါဘူး။ ဒီတစ္ႀကိမ္မွာေတာ့ အဲဒီအရာ ၂ ခု စလုံးကို ျမင္ေတြ႕ခဲ့ရတာပါ။ ဘရာေမာလ္ လိန္းက အိမ္ကြင္းပရိသတ္ေတြလိုပဲ ရွက္ဖီးနည္းျပ ခရစၥ ဝိုင္လ္ဒါလည္း ဂန္းနားေတြက ၃-၀ နဲ႔ ဦးေဆာင္ေနခ်ိန္မွာ ေတာ္ေတာ္ေလး စိတ္ကုန္သြားၿပီး အိုလီဗာ ေနာဝုဒ္ကို ဘန္ ေဘာ့စ္ဘြန္းနဲ႔ လူစားလဲၿပီး ခံစစ္ ၃ ဦးကစားကြက္ ျပန္ကစားဖို႔ ဆုံးျဖတ္ခဲ့ပါတယ္။ ဝါရင့္ကြင္းလယ္ကစားသမားရဲ႕ ပြဲအေစာပိုင္း လူစားလဲခံရမႈဟာ ၿပိဳင္ပြဲသမိုင္းမွာ အဆိုး႐ြားဆုံး စတင္မႈကို ပိုင္ဆိုင္ခဲ့တဲ့အသင္းတစ္သင္းျဖစ္ခဲ့တယ္ဆိုတာကို ေဖာ္ျပေနတာျဖစ္ၿပီး ဒီရာသီမွာ ရွက္ဖီးဟာ ဂိုးအမ်ားဆုံးေပးရတဲ့အသင္းျဖစ္လာႏိုင္တဲ့အေျခအေနဆီ တျဖည္းျဖည္း ခ်ဥ္းကပ္ေနတာပါ။ ၁၉၆၂-၁၉၆၃ ရာသီတုန္းက အစ္ဆြစ္ေတာင္းကေတာ့ ၇၄ ဂိုးအထိ စံခ်ိန္တင္ ေပးခဲ့ရတာျဖစ္ၿပီး ရွက္ဖီးတို႔လည္း ၂၇ ပြဲကစားၿပီးခ်ိန္မွာ ၇၂ ဂိုးအထိ ခြင့္ျပဳထားရၿပီးပါၿပီ။
လုပ္သမွ် ျဖစ္ခဲ့တဲ့ ပထမပိုင္း
နာလန္မထူျဖစ္ေနတဲ့ ရွက္ဖီးကို ဂန္းနားတို႔ လုံးဝ အသာစီးရယူကစားႏိုင္ခဲ့ေပမယ့္ ဆန္းေဒးလိဂ္ထက္ ျမင့္မားတဲ့ အဆင့္အတန္းမွာ ဒီလိုမ်ိဳး ထပ္ေတြ႕ရဖို႔က မလြယ္ကူပါဘူး။ ဘယ္လိုမွ ရပ္တန႔္မရတဲ့ ေျခစြမ္းနဲ႔ ဂန္းနားေတြက ပထမပိုင္း ၄၅ မိနစ္အတြင္း လုပ္သမွ်ျဖစ္ေနၿပီး ဆုဖလားၿပိဳင္ဘက္ေတြ မယွဥ္ႏိုင္တဲ့ ယုံၾကည္မႈအဆင့္အတန္းမွာရွိေနတယ္ဆိုတာကို ျပသခဲ့တာပါ။ ရွက္ဖီးကေတာ့ အမွတ္ေပးဇယားတစ္ဖက္ ေအာက္ေျခမွာ ေက်ာက္ခ်ေနခဲ့ၿပီး ဘန္ေလ၊ လူတန္၊ ေဖာရက္စ္၊ အဲဗာတန္တို႔လိုအသင္းေတြအားလုံးက ဒီလိုမ်ိဳး အမွတ္ေပးဇယားေအာက္ေျခအသင္းဆီကေန အားနည္းတဲ့ စြမ္းေဆာင္ရည္မ်ိဳး ျမင္ရလို႔ ေပ်ာ္႐ႊင္ေနၾကမွာပါ။ ဒီကလန္ ႐ိုက္က ၃၉ မိနစ္မွာ ဆာကာရဲ႕ ေပးပို႔မႈကေန ေအးေအးေဆးေဆး ဂိုးသြင္းယူသြားခ်ိန္မွာ အရာအားလုံး ၿပီးဆုံးသြားသလိုမ်ိဳး ခံစားခဲ့ရပါတယ္။ ေျပာရမယ္ဆိုရင္ ဒုတိယပိုင္းေတာင္ ထပ္ကန္စရာမလိုေတာ့ဘူးလို႔ ခံစားလိုက္ရတာျဖစ္ၿပီး လီဗာပူးလ္ဂႏၲဝင္ ေဂ်မီ ကာေရဂါကေတာ့ ရွက္ဖီးရဲ႕ ပထမပိုင္း စြမ္းေဆာင္ရည္ဟာ အ႐ုပ္ဆိုးအက်ည္းတန္မႈနဲ႔ ျမင္ဖူးသမွ်ထဲမွာ အဆိုး႐ြားဆုံးစြမ္းေဆာင္ရည္ေတြထဲက တစ္ခုလို႔ ျပစ္တင္ေဝဖန္ခဲ့ပါတယ္။
လူစာရင္းထဲ ျပန္လာတဲ့ ေဂ်းဇုနဲ႔ ပါေတး
၆-၀ နဲ႔ အသင္းက ဦးေဆာင္ေနခ်ိန္မွာ ဒူးဒဏ္ရာေၾကာင့္ ၂၀၂၄ ခုႏွစ္မွာ ၂ ပြဲသာ ကစားရေသးတဲ့ ေဂ်းဇုနဲ႔ ေအာက္တိုဘာလလယ္ကတည္းက ေပ်ာက္သြားတဲ့ ပါေတးတို႔ကို ျပန္ျမင္ေတြ႕ခဲ့ရပါတယ္။ ဒီကစားသမား ၂ ဦးစလုံးဟာ ဒုတိယပိုင္းပြဲကစားခ်ိန္အလယ္ေလာက္မွာ လူစားဝင္ကစားေပးခဲ့ၾကၿပီး ေဂ်းဇုဆိုရင္ ဂိုးသြင္းယူႏိုင္ဖို႔ေတာင္ နီးစပ္ခဲ့ေပမယ့္ ရွက္ဖီးဂိုးသမားက ကာကြယ္သြားႏိုင္ခဲ့လို႔သာ ဂိုးမရခဲ့တာပါ။ အာတီတာကေတာ့ ခံစစ္ ၃ ဦးျဖစ္တဲ့ ဇင္ခ်န္ကို၊ တိုမိယဆုနဲ႔ တင္းဘားတို႔ ျပန္လာမွာကို ေစာင့္ဆိုင္းေနရဆဲျဖစ္ေပမယ့္ ဂန္းနားလူစာရင္းဟာ ဆုဖလားၿပိဳင္ပြဲအတြက္ အေရးအႀကီးဆုံးျဖစ္လာေတာ့မယ့္အခ်ိန္မွာ စၿပီးေတာ့ လူစုံစ ျပဳလာပါၿပီ။ ဂန္းနားေတြဟာ ေပၚတိုကို ခ်န္ပီယံလိဂ္ပထမအေက်ာ့မွာ ၁-၀ နဲ႔ပဲ ရႈံးနိမ့္ထားလို႔ ေနာက္တဆင့္တက္ဖို႔ ေမွ်ာ္လင့္ခ်က္ကလည္း အသက္ဝင္တုန္းပါပဲ။
စိုးရိမ္စရာ ဒဏ္ရာရသြားတဲ့ မာတီနယ္လီ
အေပ်ာ္လြန္ေနတဲ့ အာဆင္နယ္ပရိသတ္ေတြရဲ႕ ေပ်ာ္႐ႊင္မႈကို တန႔္သြားေစခဲ့တာကေတာ့ ဒုတိယပိုင္းအစ ရွက္ဖီး ပင္နယ္တီဧရိယာအစြန္မွာ မာတီနယ္လီ လဲက်သြားခဲ့တဲ့ျဖစ္စဥ္ပါ။ ဘရာဇီးလ္တိုက္စစ္မႉးဟာ အရမ္း ဒဏ္ရာျပင္းထန္ပုံမေပၚေပမယ့္ ဂန္းနားေတြရဲ႕ ျပင္းထန္တဲ့ အရွိန္အဟုန္ကိုေတာ့ ရပ္တန႔္သြားေစခဲ့တာ သံသယျဖစ္စရာမရွိဘဲ ပြဲခ်ိန္အမ်ားစုကို နည္းျပခုံတန္းမွာ ထိုင္ၿပီး ေအးေဆးျဖစ္ေနခဲ့တဲ့ အာတီတာအတြက္ေတာ့ စိုးရိမ္စရာျဖစ္လာခဲ့ပါတယ္။
လီဗာပူးလ္ကို ဂိုးအရင္သာလြန္ေအာင္ လုပ္ႏိုင္ခဲ့တဲ့ ဂန္းနားမ်ား
အာဆင္နယ္ဟာ အမွတ္ေပးဇယားမွာ မန္စီးတီးနဲ႔ လီဗာပူးလ္တို႔ ေနာက္မွာ ရပ္တည္ေနရေပမယ့္ ဂိုးကြာျခားခ်က္မွာေတာ့ ႀကီး ၆ ႀကီးထဲက ႀကိဳက္တဲ့အသင္းနဲ႔ ယွဥ္လို႔ရေနပါၿပီ။ ဂန္းနားေတြရဲ႕ မယုံႏိုင္စရာ ဂိုးသြင္းေျခစြမ္းက ရာသီအကုန္ ဆုဖလားၿပိဳင္ပြဲမွာ အေရးပါလာေတာ့မွာျဖစ္ၿပီး ရမွတ္ေတြက ပိုအေရးႀကီးတယ္ဆိုတာေတာ့ ျငင္းမရပါဘူး။
မန္စီးတီးရဲ႕စံခ်ိန္ကို ႐ိုက္ခ်ိဳးၿပီး သတိေပးလိုက္တဲ့ ဂန္းနားမ်ား
အာတီတာရဲ႕ ဂန္းနားေတြဟာ ပရီးမီးယားလိဂ္ ၇ ပြဲဆက္တိုက္ ဂိုးအမ်ားဆုံး သြင္းယူထားတဲ့အသင္းျဖစ္လာခဲ့ၿပီျဖစ္ၿပီး ဒီစံခ်ိန္ကို အရင္တုန္းက လက္ရွိ ခ်န္ပီယံေတြျဖစ္တဲ့ မန္စီးတီးက ၂၀၁၇-၂၀၁၈ ရာသီတုန္းက တင္ရွိထားခဲ့တာပါ။ ဒ့ါအျပင္ အာဆင္နယ္ဟာ အဂၤလိပ္ထိပ္တန္းေဘာလုံးၿပိဳင္ပြဲ ၄ ခုမွာ ၃ ပြဲဆက္တိုက္ အေဝးကြင္းမွာ ၅ ဂိုးနဲ႔အထက္ သြင္းယူႏိုင္ဖူးတဲ့ ပထမဆုံးေသာ အသင္းလည္း ျဖစ္လာခဲ့ပါၿပီ။ အာဆင္နယ္ကေတာ့ မန္ခ်က္စတာစီးတီးကို ရာသီကုန္မွာ ေက်ာ္မတက္မီ လက္ရွိခ်န္ပီယံေတြရဲ႕ စံခ်ိန္ေတြကို အရင္ဆုံး ႐ိုက္ခ်ိဳးျပလိုက္ၿပီး သတိေပးလိုက္တာလည္း ျဖစ္ပါတယ္။
Arsenal Myanmar
Ref: Internet
- Posted In:
- Post Match Review