ဘိုလေးကေပေးနံပါတ်ပေးဦးဖြစ်အောင် လုပ်ပြခဲ့တဲ့ ကင်းကိုင်အစွမ်းနဲ့ စင်ရော်တွေကို ကင်ခဲ့တဲ့ပွဲက ပြန်ပြောစရာများ 1024 504 coyg

ဘိုလေးကေပေးနံပါတ်ပေးဦးဖြစ်အောင် လုပ်ပြခဲ့တဲ့ ကင်းကိုင်အစွမ်းနဲ့ စင်ရော်တွေကို ကင်ခဲ့တဲ့ပွဲက ပြန်ပြောစရာများ

ဂန်းနားတွေဟာ တနင်္ဂနွေနေ့ညနေ အမ်းမရိတ်စ်မှာ ဘရိုက်တန်ကို ၂-၀ နဲ့ အနိုင်ယူပြီး စင်ရော်တွေနဲ့ မှတ်တမ်းဆိုးကို ချေဖျက်ပြီး နိုင်ပွဲပြန်လည်ရယူနိုင်ခဲ့ပါတယ်။

အာတီတာရဲ့အသင်းဟာ ပွဲချိန်အများစုကို လွှမ်းမိုးထားနိုင်ခဲ့ပေမယ့်လည်း ပထမပိုင်းအတွင်း သွင်းဂိုးတွေရှာမတွေ့ခဲ့ပေမယ့်လည်း ဒုတိယပိုင်းပြန်စအပြီး ၈ မိနစ်မှာပဲ ဂျေးဇုက အနီးကပ်ခေါင်းတိုက်ချက်နဲ့ အဖွင့်ဂိုး သွင်းယူပေးသွားခဲ့ပါတယ်။

ပါစကယ် ဂရို့စ်က ဘရိုက်တန်အတွက် ပွဲကစားချိန် နှောင်းပိုင်းမှာ ချေပဂိုး ပြန်သွင်းယူပေးဖို့ အခွင့်အရေးရခဲ့ပေမယ့်လည်း မိတိုမာရဲ့ အနိမ့်ဘောဖြတ်တင်ပေးပို့မှုကို ကန်သွင်းခဲ့မှုက ဂိုးတိုင်ဘေး ဝိုက်ထွက်သွားခဲ့တာဖြစ်ပါတယ်။

ဂန်းနားတွေဟာ ပွဲကစားချိန်ပြီးဆုံးခါနီး ၃ မိနစ်အလိုမှာ ရွှေဖြစ်နေတဲ့ ကင်းကိုင်ရဲ့ နောက်ထပ် သွင်းဂိုးကို ထပ်မံမြင်တွေ့ခဲ့ရပြီး ပရီးမီးယားလိဂ်အမှတ်ပေးဇယားထိပ်ဆုံးနေရာကို ယာယီပဲပြောပြော ပြန်လည်တက်လှမ်းနိုင်ခဲ့ပြီး ဒီပွဲစဉ်မှာ ပြောစရာအချက်တွေ ရှိခဲ့ပါတယ်။

၁။ အဖွင့်ပွဲကစားချိန်တွေမှာ လွှမ်းမိုးထားနိုင်ခဲ့တဲ့ အာဆင်နယ်

အာဆင်နယ်ဟာ ဘရိုက်တန်ကို စောစောစီးစီး ဂိုးမသွင်းနိုင်ခဲ့ပေမယ့်လည်း သွင်းဂိုးတွေကလွဲရင် ကျန်တာအားလုံးလုပ်နိုင်ခဲ့တယ်လို့ပဲ ပြောရမှာပါ။ အာတီတာရဲ့အသင်းက အမ်းမရိတ်စ်က အဖွင့်ပွဲကစားချိန်တွေကို လွှမ်းမိုးထားခဲ့ပြီး ဘရိုက်တန်ဂိုးသမား ဗာဘရပ်ဂျန် လက်ပုပ်လောက်အောင် ဂိုးကန်သွင်းမှုတွေ ပြုလုပ်နိုင်ခဲ့ပါတယ်။ ဂန်းနားတွေဟာ ပထမပိုင်း မိနစ် ၂၀ အတွင်း ဂိုးပေါက်ကန်သွင်းမှု ၅ ကြိမ်အထိ ပြုလုပ်နိုင်ခဲ့ပေမယ့်လည်း ဘရိုက်တန်ဂိုးသမားကလည်း တော်တော်လေး ကောင်းနေလို့ ဂိုးမရခဲ့တာပါ။

၂။ ဂိုးမသွင်းနိုင်ဘူးဆိုတဲ့ ဝေဖန်သံတွေကို တိတ်ဆိတ်စေခဲ့တဲ့ ဂျေးဇု

အာဆင်နယ်ဟာ ပထမပိုင်းမှာ အခွင့်အရေးတွေ အများကြီး ဖန်တီးနိုင်ခဲ့ပေမယ့်လည်း ဂိုးမရခဲ့ဘဲ ဒုတိယပိုင်း ပြန်စခဲ့ရပြီး နောက်ဆုံးမှာ ဘရိုက်တန်ဆီကနေ အကူအညီနဲ့ ဂိုးရခဲ့ပါတယ်။ ဗန် ဟက်ကီနဲ့ ဗာဘရပ်ဂျန်တို့ ထောင့်ကန်ဘောကို ကာကွယ်ရာမှာ အချိတ်အဆက်လွဲချော်မှုကနေ ဂိုးတိုင်နားမှာ အသင့်စောင့်နေတဲ့ ဂျေးဇုဆီ ဘောလုံးက ကျလာခဲ့ပြီး ဘရာဇီးလ်ကြယ်ပွင့်က ဒီရာသီ ၇ ဂိုးမြောက်သွင်းဂိုးကို အကာအကွယ်မဲ့နေတဲ့ ဂိုးပေါက်ထဲကို ခေါင်းတိုက်သွင်းယူသွားခဲ့တာဖြစ်ပါတယ်။ ဒီသွင်းဂိုးဟာ တိကျသေချာမှုနဲ့ လှပမှုတွေနဲ့ သွင်းဂိုးတစ်ဂိုးမဟုတ်ခဲ့ပေမယ့်လည်း အမ်းမရိတ်စ်မှာ ကြီးထွားလာနေတဲ့ စိတ်ပျက်မှုတွေကို ပျောက်ကွယ်သွားစေခဲ့တဲ့ တန်ဖိုးရှိတဲ့ ဂိုးဖြစ်ခဲ့တာတော့ သေချာပါတယ်။

၃။ ဂန်းနားတွေအတွက် အသက်ဖြစ်ခဲ့တဲ့ ထောင့်ကန်ဘောတွေ

ဂန်းနားတွေအတွက် တနင်္ဂနွေနေ့ညနေ ဘရိုက်တန်နဲ့ ပွဲစဉ်မှာ တည်ကန်ဘောတွေက တကယ်ကို အရေးကြီးခဲ့ပြီး အထူးသဖြင့် ထောင့်ကန်ဘောတွေဖြစ်ပါတယ်။ အနိုင်ဂိုးဟာ ထောင့်ကန်ဘောကနေ ရခဲ့တာဖြစ်ပြီး ဘရိုက်တန်တို့ ပင်နယ်တီဧရိယာထဲမှာ ဘောလုံးကို ရှင်းထုတ်ဖို့ ရုန်းကန်ခဲ့ရချိန်မှာ ဂျေးဇုက ခေါင်းတိုက်သွင်းယူခဲ့တာဖြစ်ပါတယ်။ အာတီတာရဲ့အသင်းဟာ ထောင့်ကန်ဘောကနေ နောက်ထပ်တစ်ဂိုး ရလုနီးပါးဖြစ်ခဲ့ပေမယ့်လည်း လူးဝစ္စ ဒမ့်ခ် ရှင်းထုတ်လိုက်နိုင်ခဲ့ပြီး မာတီနယ်လီရဲ့ ပိတ်သွင်းယူမှုကို ဗာဘရပ်ဂျန်က သတိရှိရှိ ပုတ်ထုတ်နိုင်ခဲ့လို့သာ ဂိုးမရခဲ့တာဖြစ်ပါတယ်။

၄။ ဘိုလေး ကေပေးနံပါတ်ပေး ငွေထပ်လွှဲမယ်ဖြစ်အောင် လုပ်ပြနေတဲ့ ကင်းကိုင်

ကိုင် ဟာဗတ်ဇ်ရဲ့ မြောက်လန်ဒန်က စိတ်ပျက်ဖွယ်ကစားသမားဘဝစတင်မှုဟာ အခုဆိုရင် အတိတ်မှာ ကျန်ခဲ့ပြီဖြစ်ပြီး ဂိုးသွင်းခြေစွမ်းကောင်းကို ဆက်လက် ပြသနေတာဖြစ်ပါတယ်။ ဂျာမန်ကွင်းလယ်ကြယ်ပွင့်ဟာ ဘရိုက်တန်နဲ့ပွဲစဉ်မှာ အပြင်းအထန် အားကုန်ထုတ် အလုပ်လုပ်ခဲ့ပြီး အဲဒီအတွက် ပွဲကစားချိန် နှောင်းပိုင်းမှာ ဆုလာဘ်ရရှိခဲ့ပါတယ်။ ဟာဗတ်ဇ်ဟာ ဘရိုက်တန် ခံစစ်ကို ဖြတ်ကျော်ပြီး ဂိုးပေါက်ထဲကို အလွန်ကောင်းမွန်တဲ့ ကန်ချက်နဲ့ ကျော်သွင်းယူခဲ့တာဖြစ်ပါတယ်။ ဒီသွင်းဂိုးဟာ ကိုင် ဟာဗတ်ဇ်အတွက် နောက်ဆုံး ပရီးမီးယားလိဂ် ၅ ပွဲမှာ ၃ ဂိုးမြောက်သွင်းဂိုးဖြစ်ခဲ့ပြီး ချဲလ်ဆီးကနေ ရောက်လာပြီးနောက် သွင်းယူခဲ့တဲ့သွင်းဂိုး ၅ ဂိုးရှိလာပြီဖြစ်ပါတယ်။ ဟာဗတ်ဇ်ဟာ နောက်ထပ်တစ်ကြိမ် မြောက်လန်ဒန်မှာ ထူးခြားဆန်းကြယ်တဲ့ အလှည့်အပြောင်းကို ပြသပြီး အံ့အားသင့်ဖွယ် အားပေးလက်ခုပ်သံတွေကို ရယူနိုင်ခဲ့ပြန်တာဖြစ်ပါတယ်။

၅။ အမြင့်ပျံဖို့ အားယူနေတဲ့ စင်ရော်တွေကို နင်းခြေခဲ့တဲ့ ဆင်ပျံကြီး

ဂျေးဇုနဲ့ ဟာဗတ်ဇ်တို့ရဲ့ သွင်းဂိုးတွေကို ခွင့်ပြုခဲ့ရတာက လွဲရင် ဘရိုက်တန်ခံစစ်က တနင်္ဂနွေနေ့ညနေမှာ အထူးချီးကျူးမှုနဲ့ ထိုက်တန်ခဲ့ပါတယ်။ အဲဒီအပြင် စင်ရော်တွေဟာ ဒီရာသီ ပရီးမီးယားလိဂ်ပွဲစဉ်တိုင်းမှာ ဂိုးသွင်းယူနိုင်ခဲ့ပြီး အဲဒီမှတ်တမ်းကောင်းဟာ ဖေဖော်ဝါရီလကနေ စတင်ခဲ့တာဖြစ်ပါတယ်။ တစ်ပွဲလုံး အာဆင်နယ်တို့ဟာ ဧည့်သည်တွေကို ဂိုးပေါက်ကန်သွင်းမှု တစ်ကြိမ်သာ ခွင့်ပြုခဲ့ပြီး တိုက်စစ်အားကောင်းတဲ့ စင်ရော်တွေရဲ့ စွမ်းဆောင်ရည်ကြောင့် ထူးခြားတဲ့ ကိန်းဂဏန်းဖြစ်ခဲ့ပါတယ်။ တိုက်စစ်ကစားသမားတွေ ဒဏ်ရာရရှိနေမှုကလည်း ဘရိုက်တန်တို့ရဲ့ တိုက်စစ်ကို အားနည်းစေခဲ့တာဖြစ်နိုင်ပေမယ့် ဂန်းနားတွေဟာ တစ်နှစ်နီးပါး အချိန်ကာလအတွင်း ဘယ်အသင်းမှ မရပ်တန့်နိုင်ခဲ့တဲ့အသင်းကို ရပ်တန့်နိုင်ခဲ့တဲ့အတွက် ကြီးမားတဲ့ ချီးကျူးမှုတွေနဲ့ ထိုက်တန်တယ်ဆိုတာ ငြင်းလို့မရပါဘူး။

Arsenal Myanmar

Ref: Internet

ZAWGYI: ဂန္းနားေတြဟာ တနဂၤေႏြေန႔ညေန အမ္းမရိတ္စ္မွာ ဘ႐ိုက္တန္ကို ၂-၀ နဲ႔ အႏိုင္ယူၿပီး စင္ေရာ္ေတြနဲ႔ မွတ္တမ္းဆိုးကို ေခ်ဖ်က္ၿပီး ႏိုင္ပြဲျပန္လည္ရယူႏိုင္ခဲ့ပါတယ္။

အာတီတာရဲ႕အသင္းဟာ ပြဲခ်ိန္အမ်ားစုကို လႊမ္းမိုးထားႏိုင္ခဲ့ေပမယ့္လည္း ပထမပိုင္းအတြင္း သြင္းဂိုးေတြရွာမေတြ႕ခဲ့ေပမယ့္လည္း ဒုတိယပိုင္းျပန္စအၿပီး ၈ မိနစ္မွာပဲ ေဂ်းဇုက အနီးကပ္ေခါင္းတိုက္ခ်က္နဲ႔ အဖြင့္ဂိုး သြင္းယူေပးသြားခဲ့ပါတယ္။

ပါစကယ္ ဂ႐ို႕စ္က ဘ႐ိုက္တန္အတြက္ ပြဲကစားခ်ိန္ ေႏွာင္းပိုင္းမွာ ေခ်ပဂိုး ျပန္သြင္းယူေပးဖို႔ အခြင့္အေရးရခဲ့ေပမယ့္လည္း မိတိုမာရဲ႕ အနိမ့္ေဘာျဖတ္တင္ေပးပို႔မႈကို ကန္သြင္းခဲ့မႈက ဂိုးတိုင္ေဘး ဝိုက္ထြက္သြားခဲ့တာျဖစ္ပါတယ္။

ဂန္းနားေတြဟာ ပြဲကစားခ်ိန္ၿပီးဆုံးခါနီး ၃ မိနစ္အလိုမွာ ေ႐ႊျဖစ္ေနတဲ့ ကင္းကိုင္ရဲ႕ ေနာက္ထပ္ သြင္းဂိုးကို ထပ္မံျမင္ေတြ႕ခဲ့ရၿပီး ပရီးမီးယားလိဂ္အမွတ္ေပးဇယားထိပ္ဆုံးေနရာကို ယာယီပဲေျပာေျပာ ျပန္လည္တက္လွမ္းႏိုင္ခဲ့ၿပီး ဒီပြဲစဥ္မွာ ေျပာစရာအခ်က္ေတြ ရွိခဲ့ပါတယ္။

၁။ အဖြင့္ပြဲကစားခ်ိန္ေတြမွာ လႊမ္းမိုးထားႏိုင္ခဲ့တဲ့ အာဆင္နယ္

အာဆင္နယ္ဟာ ဘ႐ိုက္တန္ကို ေစာေစာစီးစီး ဂိုးမသြင္းႏိုင္ခဲ့ေပမယ့္လည္း သြင္းဂိုးေတြကလြဲရင္ က်န္တာအားလုံးလုပ္ႏိုင္ခဲ့တယ္လို႔ပဲ ေျပာရမွာပါ။ အာတီတာရဲ႕အသင္းက အမ္းမရိတ္စ္က အဖြင့္ပြဲကစားခ်ိန္ေတြကို လႊမ္းမိုးထားခဲ့ၿပီး ဘ႐ိုက္တန္ဂိုးသမား ဗာဘရပ္ဂ်န္ လက္ပုပ္ေလာက္ေအာင္ ဂိုးကန္သြင္းမႈေတြ ျပဳလုပ္ႏိုင္ခဲ့ပါတယ္။ ဂန္းနားေတြဟာ ပထမပိုင္း မိနစ္ ၂၀ အတြင္း ဂိုးေပါက္ကန္သြင္းမႈ ၅ ႀကိမ္အထိ ျပဳလုပ္ႏိုင္ခဲ့ေပမယ့္လည္း ဘ႐ိုက္တန္ဂိုးသမားကလည္း ေတာ္ေတာ္ေလး ေကာင္းေနလို႔ ဂိုးမရခဲ့တာပါ။

၂။ ဂိုးမသြင္းႏိုင္ဘူးဆိုတဲ့ ေဝဖန္သံေတြကို တိတ္ဆိတ္ေစခဲ့တဲ့ ေဂ်းဇု

အာဆင္နယ္ဟာ ပထမပိုင္းမွာ အခြင့္အေရးေတြ အမ်ားႀကီး ဖန္တီးႏိုင္ခဲ့ေပမယ့္လည္း ဂိုးမရခဲ့ဘဲ ဒုတိယပိုင္း ျပန္စခဲ့ရၿပီး ေနာက္ဆုံးမွာ ဘ႐ိုက္တန္ဆီကေန အကူအညီနဲ႔ ဂိုးရခဲ့ပါတယ္။ ဗန္ ဟက္ကီနဲ႔ ဗာဘရပ္ဂ်န္တို႔ ေထာင့္ကန္ေဘာကို ကာကြယ္ရာမွာ အခ်ိတ္အဆက္လြဲေခ်ာ္မႈကေန ဂိုးတိုင္နားမွာ အသင့္ေစာင့္ေနတဲ့ ေဂ်းဇုဆီ ေဘာလုံးက က်လာခဲ့ၿပီး ဘရာဇီးလ္ၾကယ္ပြင့္က ဒီရာသီ ၇ ဂိုးေျမာက္သြင္းဂိုးကို အကာအကြယ္မဲ့ေနတဲ့ ဂိုးေပါက္ထဲကို ေခါင္းတိုက္သြင္းယူသြားခဲ့တာျဖစ္ပါတယ္။ ဒီသြင္းဂိုးဟာ တိက်ေသခ်ာမႈနဲ႔ လွပမႈေတြနဲ႔ သြင္းဂိုးတစ္ဂိုးမဟုတ္ခဲ့ေပမယ့္လည္း အမ္းမရိတ္စ္မွာ ႀကီးထြားလာေနတဲ့ စိတ္ပ်က္မႈေတြကို ေပ်ာက္ကြယ္သြားေစခဲ့တဲ့ တန္ဖိုးရွိတဲ့ ဂိုးျဖစ္ခဲ့တာေတာ့ ေသခ်ာပါတယ္။

၃။ ဂန္းနားေတြအတြက္ အသက္ျဖစ္ခဲ့တဲ့ ေထာင့္ကန္ေဘာေတြ

ဂန္းနားေတြအတြက္ တနဂၤေႏြေန႔ညေန ဘ႐ိုက္တန္နဲ႔ ပြဲစဥ္မွာ တည္ကန္ေဘာေတြက တကယ္ကို အေရးႀကီးခဲ့ၿပီး အထူးသျဖင့္ ေထာင့္ကန္ေဘာေတြျဖစ္ပါတယ္။ အႏိုင္ဂိုးဟာ ေထာင့္ကန္ေဘာကေန ရခဲ့တာျဖစ္ၿပီး ဘ႐ိုက္တန္တို႔ ပင္နယ္တီဧရိယာထဲမွာ ေဘာလုံးကို ရွင္းထုတ္ဖို႔ ႐ုန္းကန္ခဲ့ရခ်ိန္မွာ ေဂ်းဇုက ေခါင္းတိုက္သြင္းယူခဲ့တာျဖစ္ပါတယ္။ အာတီတာရဲ႕အသင္းဟာ ေထာင့္ကန္ေဘာကေန ေနာက္ထပ္တစ္ဂိုး ရလုနီးပါးျဖစ္ခဲ့ေပမယ့္လည္း လူးဝစၥ ဒမ့္ခ္ ရွင္းထုတ္လိုက္ႏိုင္ခဲ့ၿပီး မာတီနယ္လီရဲ႕ ပိတ္သြင္းယူမႈကို ဗာဘရပ္ဂ်န္က သတိရွိရွိ ပုတ္ထုတ္ႏိုင္ခဲ့လို႔သာ ဂိုးမရခဲ့တာျဖစ္ပါတယ္။

၄။ ဘိုေလး ေကေပးနံပါတ္ေပး ေငြထပ္လႊဲမယ္ျဖစ္ေအာင္ လုပ္ျပေနတဲ့ ကင္းကိုင္

ကိုင္ ဟာဗတ္ဇ္ရဲ႕ ေျမာက္လန္ဒန္က စိတ္ပ်က္ဖြယ္ကစားသမားဘဝစတင္မႈဟာ အခုဆိုရင္ အတိတ္မွာ က်န္ခဲ့ၿပီျဖစ္ၿပီး ဂိုးသြင္းေျခစြမ္းေကာင္းကို ဆက္လက္ ျပသေနတာျဖစ္ပါတယ္။ ဂ်ာမန္ကြင္းလယ္ၾကယ္ပြင့္ဟာ ဘ႐ိုက္တန္နဲ႔ပြဲစဥ္မွာ အျပင္းအထန္ အားကုန္ထုတ္ အလုပ္လုပ္ခဲ့ၿပီး အဲဒီအတြက္ ပြဲကစားခ်ိန္ ေႏွာင္းပိုင္းမွာ ဆုလာဘ္ရရွိခဲ့ပါတယ္။ ဟာဗတ္ဇ္ဟာ ဘ႐ိုက္တန္ ခံစစ္ကို ျဖတ္ေက်ာ္ၿပီး ဂိုးေပါက္ထဲကို အလြန္ေကာင္းမြန္တဲ့ ကန္ခ်က္နဲ႔ ေက်ာ္သြင္းယူခဲ့တာျဖစ္ပါတယ္။ ဒီသြင္းဂိုးဟာ ကိုင္ ဟာဗတ္ဇ္အတြက္ ေနာက္ဆုံး ပရီးမီးယားလိဂ္ ၅ ပြဲမွာ ၃ ဂိုးေျမာက္သြင္းဂိုးျဖစ္ခဲ့ၿပီး ခ်ဲလ္ဆီးကေန ေရာက္လာၿပီးေနာက္ သြင္းယူခဲ့တဲ့သြင္းဂိုး ၅ ဂိုးရွိလာၿပီျဖစ္ပါတယ္။ ဟာဗတ္ဇ္ဟာ ေနာက္ထပ္တစ္ႀကိမ္ ေျမာက္လန္ဒန္မွာ ထူးျခားဆန္းၾကယ္တဲ့ အလွည့္အေျပာင္းကို ျပသၿပီး အံ့အားသင့္ဖြယ္ အားေပးလက္ခုပ္သံေတြကို ရယူႏိုင္ခဲ့ျပန္တာျဖစ္ပါတယ္။

၅။ အျမင့္ပ်ံဖို႔ အားယူေနတဲ့ စင္ေရာ္ေတြကို နင္းေျခခဲ့တဲ့ ဆင္ပ်ံႀကီး

ေဂ်းဇုနဲ႔ ဟာဗတ္ဇ္တို႔ရဲ႕ သြင္းဂိုးေတြကို ခြင့္ျပဳခဲ့ရတာက လြဲရင္ ဘ႐ိုက္တန္ခံစစ္က တနဂၤေႏြေန႔ညေနမွာ အထူးခ်ီးက်ဴးမႈနဲ႔ ထိုက္တန္ခဲ့ပါတယ္။ အဲဒီအျပင္ စင္ေရာ္ေတြဟာ ဒီရာသီ ပရီးမီးယားလိဂ္ပြဲစဥ္တိုင္းမွာ ဂိုးသြင္းယူႏိုင္ခဲ့ၿပီး အဲဒီမွတ္တမ္းေကာင္းဟာ ေဖေဖာ္ဝါရီလကေန စတင္ခဲ့တာျဖစ္ပါတယ္။ တစ္ပြဲလုံး အာဆင္နယ္တို႔ဟာ ဧည့္သည္ေတြကို ဂိုးေပါက္ကန္သြင္းမႈ တစ္ႀကိမ္သာ ခြင့္ျပဳခဲ့ၿပီး တိုက္စစ္အားေကာင္းတဲ့ စင္ေရာ္ေတြရဲ႕ စြမ္းေဆာင္ရည္ေၾကာင့္ ထူးျခားတဲ့ ကိန္းဂဏန္းျဖစ္ခဲ့ပါတယ္။ တိုက္စစ္ကစားသမားေတြ ဒဏ္ရာရရွိေနမႈကလည္း ဘ႐ိုက္တန္တို႔ရဲ႕ တိုက္စစ္ကို အားနည္းေစခဲ့တာျဖစ္ႏိုင္ေပမယ့္ ဂန္းနားေတြဟာ တစ္ႏွစ္နီးပါး အခ်ိန္ကာလအတြင္း ဘယ္အသင္းမွ မရပ္တန႔္ႏိုင္ခဲ့တဲ့အသင္းကို ရပ္တန႔္ႏိုင္ခဲ့တဲ့အတြက္ ႀကီးမားတဲ့ ခ်ီးက်ဴးမႈေတြနဲ႔ ထိုက္တန္တယ္ဆိုတာ ျငင္းလို႔မရပါဘူး။

Arsenal Myanmar

Ref: Internet