တစ်ယောက်လျော့နဲ့ ဘန်လေကို အနိုင်ယူပြီး စီးတီးကို အမီလိုက်နိုင်ခဲ့တဲ့ပွဲက ပြန်ပြောစရာများ 1024 504 coyg

တစ်ယောက်လျော့နဲ့ ဘန်လေကို အနိုင်ယူပြီး စီးတီးကို အမီလိုက်နိုင်ခဲ့တဲ့ပွဲက ပြန်ပြောစရာများ

အာဆင်နယ်ဟာ စနေနေ့ညနေက အမ်းမရိတ်စ်မှာ ဘန်လေကို ၃-၁ နဲ့ အနိုင်ရရှိခဲ့ပြီးနောက် အမှတ်ပေးဇယားထိပ်ဆုံးက မန်ချက်စတာစီးတီးနဲ့ ရမှတ်တူညီသွားခဲ့ပြီဖြစ်ပါတယ်။

ဂန်းနားတွေဟာ ပထမပိုင်းမှာ ဘောလုံးပိုင်ဆိုင်မှု အသာစီးရယူထားနိုင်ခဲ့ပေမယ့်လည်း ပထမပိုင်း ပြီးဆုံးခါနီးအထိ ဂိုးပေါက်ရှာမတွေ့ခဲ့ဘဲ ထရော့ဆာ့ဒ်က နာကျင်အချိန်ပိုမှာ အဖွင့်ဂိုးကို သွင်းယူပေးသွားခဲ့တာဖြစ်ပါတယ်။ ဘရောင်းဟေးလ်က ဘန်လေတို့အတွက် ဒုတိယပိုင်းအစမှာပဲ ချေပဂိုး ပြန်သွင်းပေးသွားပေမယ့်လည်း ဆာလီဘာနဲ့ ဇင်ချန်ကိုတို့က အာဆင်နယ်အတွက် အနိုင် ၃ မှတ်အပြည့်ရရှိစေမယ့် ဦးဆောင်ဂိုးတွေကို သွင်းယူပေးခဲ့ကြတာဖြစ်ပါတယ်။

အာဆင်နယ်ဟာ ဖေဘီယို ဗီယာရာ အနီကတ်ပြသခံခဲ့ရတာကြောင့် နောက်ဆုံးပွဲကစားချိန် ၇ မိနစ်နဲ့ နာကျင်အချိန်ပိုကို တစ်ယောက်လျော့နဲ့ ကစားခဲ့ရပေမယ့်လည်း ၃-၁ အနိုင်ရလဒ်ကို ထိန်းသိမ်းထားနိုင်ခဲ့တာဖြစ်ပါတယ်။

၁။ အမ်းမရိတ်စ်သွင်းဂိုးမှတ်တိုင်

ဘန်လေရဲ့ ခံစစ်ကို ထိုးဖောက်ဖို့ ရုန်းကန်ခဲ့ရပြီးနောက် အာဆင်နယ်ဟာ ပထမပိုင်းပြီးဆုံးခါနီးမှာ ထရော့ဆာ့ဒ်ရဲ့ သွင်းဂိုးကြောင့် ဦးဆောင်နိုင်ခဲ့ပြီး ဇင်ချန်ကိုရဲ့ ဖြတ်တင်ပေးပို့မှုကနေတဆင့် ထရော့ဆာ့ဒ်က အနီးကပ် ခေါင်းတိုက်သွင်းယူသွားခဲ့တာဖြစ်ပါတယ်။ ထရော့ဆာ့ဒ်ဟာ ဂိုးတိုင်နဲ့ ဝင်ဆောင့်မိခဲ့ပေမယ့်လည်း ပြန်ထပြီး ဆက်ကစားနိုင်ခဲ့ပြီး ဘယ်လ်ဂျီယမ်ကြယ်ပွင့်ရဲ့ သွင်းဂိုးဟာ ၂၀၀၆ ခုနှစ်မှာ စတင်ဖွင့်လှစ်ခဲ့တဲ့ အမ်းမရိတ်စ်ကွင်းထဲမှာ အာဆင်နယ်တို့ သွင်းယူနိုင်ခဲ့တဲ့ သွင်းဂိုး ၁၀၀၀ မြောက်ဂိုးလည်း ဖြစ်ခဲ့တာဖြစ်ပါတယ်။ လွန်ခဲ့တဲ့ ၁၇ နှစ်တုန်းက အက်စတန် ဗီလာနဲ့ ပွဲစဉ်မှာ ဂီလ်ဘာတို ဆေးလ်ဗားက ပထမဆုံး သွင်းဂိုးကို သွင်းယူနိုင်ခဲ့ပြီးနောက် စနေနေ့ညနေမှာ သွင်းဂိုး ၁၀၀၀ ပြည့်မြောက်ခဲ့တာပါ။

၂။ ဗီယာရာ အနီကတ်

ဘရောင်းဟေးလ်ကို ဆိုးရွားတဲ့ ဖျက်ထုတ်မှု ပြုလုပ်ခဲ့တဲ့ ဗီယာရာ အနီကတ်နဲ့ ထုတ်ခံခဲ့ရတာကြောင့် အာဆင်နယ်ဟာ နောက်ဆုံးပွဲကစားချိန် ၇မိနစ်နဲ့ နာကျင်အချိန်ပို ၁၀ မိနစ်လောက်ကို တစ်ယောက်လျော့နဲ့ ကစားခဲ့ရပြီး ဘန်လေ ကွင်းလယ်လူက ဘောလုံးကို အရင်ရခဲ့ပြီးနောက် အာဆင်နယ်ကွင်းလယ်လူက ညှို့သကျည်းကို တက်နင်းမိသလို ဖြစ်ခဲ့တာဖြစ်ပါတယ်။ ဒိုင်လူကြီး မိုက်ကယ် အိုလီဗာက မတုန့်မဆိုင်းဘဲ ဗီယာရာကို အနီကတ်တန်းပြခဲ့တာကြောင့် အာဆင်နယ်ကွင်းလယ်လူဟာ လာမယ့် ၃ ပွဲကို လွဲချော်တော့မယ်ဆိုတဲ့အဓိပ္ပာယ်ဖြစ်ပါတယ်။

၃။ အငြင်းပွားဖွယ် ဆုံးဖြတ်ချက်

အာဆင်နယ်ပရိသတ်တွေဟာ အဖွင့်ဂိုးကို အငြင်းပွားဖွယ် ငြင်းပယ်ခံခဲ့ရပြီးနောက် မပျော်မရွှင်ဖြစ်ခဲ့ကြပါတယ်။ ဂန်းနားတွေဟာ လူးဝစ္စ ဘီယာက ကိုယ့်ဂိုးကိုယ် ပြန်သွင်းမိခဲ့တဲ့နောက် အဖွင့်ဂိုးရခဲ့ပြီ ထင်ခဲ့ပေမယ့်လည်း တိုက်စစ်စတင်ချိန်မှာ ဆာကာ ပြစ်ဒဏ်ကျူးလွန်ခဲ့တယ်ဆိုပြီး ပယ်ဖျက်ခဲ့တာဖြစ်ပါတယ်။ အိုလီဗာက ဆာကာဟာ ဘောလုံးကို ဂိုးပေါက်ဆီကို ခေါင်းပြန်မတိုက်ခင် ကိုလီယိုရှုကို တွန်းခဲ့တယ်လို့ ခံစားခဲ့ရတာဖြစ်ပြီး အာဆင်နယ်ကစားသမားတွေဆီကနေ စောဒကတက်မှု အများအပြား မရှိခဲ့ပေမယ့် လူမှုကွန်ရက်ပေါ်က ဂန်းနားပရိသတ်တွေကတော့ ပေါက်ကွဲခဲ့တာဖြစ်ပါတယ်။

၄။ ဖြုန်းအားကောင်းတဲ့ ဟာဗတ်ဇ်

ဟာဗတ်ဇ်ဟာ နွေရာသီမှာ ချဲလ်ဆီးကနေပေါင် ၆၅ သန်းနဲ့ ပြောင်းလာပြီးကတည်းက ရုန်းကန်နေရပြီး ဘန်လေနဲ့ပွဲမတိုင်ခင် ၁၈ ပွဲမှာ ၁ ဂိုးသာ သွင်းယူထားနိုင်ခဲ့တာဖြစ်ပါတယ်။ ဘန်လေနဲ့ပွဲမှာလည်း ကွင်းလယ်နေရာကနေ ပွဲထွက်ပါဝင်ခဲ့ပြီးနောက် စိတ်ပျက်ဖွယ် ဂိုးပေါက်ပျောက်ဆုံးမှုနဲ့ ဆက်လက်ရင်ဆိုင်ခဲ့ရပြီး ပွဲကစားချိန် ၂၃ မိနစ်မှာ ဂိုးသွင်းယူဖို့ ပထမဆုံးအကြိမ် အခွင့်အရေးရခဲ့ပေမယ့် ၎င်းရဲ့ ကန်ချက်က ပိတ်ဆို့ခံခဲ့ရတာ ဖြစ်ပါတယ်။ ဒါပေမယ့်လည်း ဟာဗတ်ဇ်ဟာ ပွဲကစားချိန် နာရီဝက်လောက်မှာ ဆာကာရဲ့ ထောင့်ကန်ဘောကို ခေါင်းတိုက်ချိန်မှာ ပိုကောင်းမွန်အောင် လုပ်ခဲ့သင့်ပြီး ၎င်းရဲ့ ခေါင်းတိုက်ချက်က ဂိုးဘားတန်းပေါ် ကျော်သွားခဲ့တာဖြစ်ပါတယ်။ လေဗာကူဆင်ကြယ်ပွင့်ဟောင်းဟာ နောက်ထပ်တစ်ကြိမ် ရုန်းကန်နေခဲ့ရပြီးနောက် မိနစ် ၆၀ မှာပဲ ဗီယာရာနဲ့ လူစားလဲလှယ်ခြင်းခံခဲ့ရတာ ဖြစ်ပါတယ်။

၅။ အာတီတာအတွက် ထိုးနှက်ချက်ဖြစ်လာတဲ့ ဘန် ဝှိုက်

အာဆင်နယ်ရဲ့ နောက်ဆုံး ၂၃ ပွဲစလုံးမှာ ပွဲထွက်ပါဝင်ခဲ့တဲ့ ဘန် ဝှိုက်ရဲ့ အထင်ကြီးဖွယ် ဆက်တိုက်ပွဲထွက်ပါဝင်ကစားပေးမှုဟာ ဘန်လေနဲ့ပွဲမှာ အဆုံးသတ်ခဲ့ပြီး ဆီဗီလာနဲ့ပွဲက ဒဏ်ရာကနေ ပြန်သက်သာခြင်းမရှိတာကြောင့် ပွဲနေ့လူစာရင်းကနေပါ ချန်လှပ်ခြင်းခံခဲ့ရပါတယ်။ ဒါပေမယ့်လည်း အဲဒါက တိုမိယဆုကို ညာနောက်ခံနေရာကို ပြန်ကစားခွင့်ရစေခဲ့ပြီး ဇင်ချန်ကိုကလည်း ဘယ်တောင်ပံမှာ ပွဲထွက်ပါဝင်ခဲ့ပါတယ်။ ဂါဘရီယဲလ်နဲ့ ဆာလီဘာတို့က ဗဟိုခံစစ်နေရာမှာ ပွဲထွက်လာခဲ့ပြီး ခီဗီယောကတော့ အရန်ခုံကနေ ပါဝင်ခဲ့ပါတယ်။

၆။ ဆန့်ကျင်ဘက် ရပ်တည်မှုတွေ ပိုင်ဆိုင်ခဲ့ကြတဲ့ အာဆင်နယ်နဲ့ ဘန်လေ

ဂန်းနားတွေအတွက် ဒီနိုင်ပွဲဟာ အမှတ်ပေးဇယားထိပ်ဆုံးက မန်စီးတီးနဲ့ ရမှတ်တူညီသွားစေခဲ့ပေမယ့် ဘန်လေကတော့ ပရီးမီးယားလိဂ် ၆ ပွဲဆက်တိုက် ရှုံးနိမ့်ခဲ့လို့ တန်းဆင်းဇုန်ထဲမှာပဲ ဆက်နေခဲ့ရပါတယ်။

Arsenal Myanmar

Ref: Internet

ZAWGYI: အာဆင္နယ္ဟာ စေနေန႔ညေနက အမ္းမရိတ္စ္မွာ ဘန္ေလကို ၃-၁ နဲ႔ အႏိုင္ရရွိခဲ့ၿပီးေနာက္ အမွတ္ေပးဇယားထိပ္ဆုံးက မန္ခ်က္စတာစီးတီးနဲ႔ ရမွတ္တူညီသြားခဲ့ၿပီျဖစ္ပါတယ္။

ဂန္းနားေတြဟာ ပထမပိုင္းမွာ ေဘာလုံးပိုင္ဆိုင္မႈ အသာစီးရယူထားႏိုင္ခဲ့ေပမယ့္လည္း ပထမပိုင္း ၿပီးဆုံးခါနီးအထိ ဂိုးေပါက္ရွာမေတြ႕ခဲ့ဘဲ ထေရာ့ဆာ့ဒ္က နာက်င္အခ်ိန္ပိုမွာ အဖြင့္ဂိုးကို သြင္းယူေပးသြားခဲ့တာျဖစ္ပါတယ္။ ဘေရာင္းေဟးလ္က ဘန္ေလတို႔အတြက္ ဒုတိယပိုင္းအစမွာပဲ ေခ်ပဂိုး ျပန္သြင္းေပးသြားေပမယ့္လည္း ဆာလီဘာနဲ႔ ဇင္ခ်န္ကိုတို႔က အာဆင္နယ္အတြက္ အႏိုင္ ၃ မွတ္အျပည့္ရရွိေစမယ့္ ဦးေဆာင္ဂိုးေတြကို သြင္းယူေပးခဲ့ၾကတာျဖစ္ပါတယ္။

အာဆင္နယ္ဟာ ေဖဘီယို ဗီယာရာ အနီကတ္ျပသခံခဲ့ရတာေၾကာင့္ ေနာက္ဆုံးပြဲကစားခ်ိန္ ၇ မိနစ္နဲ႔ နာက်င္အခ်ိန္ပိုကို တစ္ေယာက္ေလ်ာ့နဲ႔ ကစားခဲ့ရေပမယ့္လည္း ၃-၁ အႏိုင္ရလဒ္ကို ထိန္းသိမ္းထားႏိုင္ခဲ့တာျဖစ္ပါတယ္။

၁။ အမ္းမရိတ္စ္သြင္းဂိုးမွတ္တိုင္

ဘန္ေလရဲ႕ ခံစစ္ကို ထိုးေဖာက္ဖို႔ ႐ုန္းကန္ခဲ့ရၿပီးေနာက္ အာဆင္နယ္ဟာ ပထမပိုင္းၿပီးဆုံးခါနီးမွာ ထေရာ့ဆာ့ဒ္ရဲ႕ သြင္းဂိုးေၾကာင့္ ဦးေဆာင္ႏိုင္ခဲ့ၿပီး ဇင္ခ်န္ကိုရဲ႕ ျဖတ္တင္ေပးပို႔မႈကေနတဆင့္ ထေရာ့ဆာ့ဒ္က အနီးကပ္ ေခါင္းတိုက္သြင္းယူသြားခဲ့တာျဖစ္ပါတယ္။ ထေရာ့ဆာ့ဒ္ဟာ ဂိုးတိုင္နဲ႔ ဝင္ေဆာင့္မိခဲ့ေပမယ့္လည္း ျပန္ထၿပီး ဆက္ကစားႏိုင္ခဲ့ၿပီး ဘယ္လ္ဂ်ီယမ္ၾကယ္ပြင့္ရဲ႕ သြင္းဂိုးဟာ ၂၀၀၆ ခုႏွစ္မွာ စတင္ဖြင့္လွစ္ခဲ့တဲ့ အမ္းမရိတ္စ္ကြင္းထဲမွာ အာဆင္နယ္တို႔ သြင္းယူႏိုင္ခဲ့တဲ့ သြင္းဂိုး ၁၀၀၀ ေျမာက္ဂိုးလည္း ျဖစ္ခဲ့တာျဖစ္ပါတယ္။ လြန္ခဲ့တဲ့ ၁၇ ႏွစ္တုန္းက အက္စတန္ ဗီလာနဲ႔ ပြဲစဥ္မွာ ဂီလ္ဘာတို ေဆးလ္ဗားက ပထမဆုံး သြင္းဂိုးကို သြင္းယူႏိုင္ခဲ့ၿပီးေနာက္ စေနေန႔ညေနမွာ သြင္းဂိုး ၁၀၀၀ ျပည့္ေျမာက္ခဲ့တာပါ။

၂။ ဗီယာရာ အနီကတ္

ဘေရာင္းေဟးလ္ကို ဆိုး႐ြားတဲ့ ဖ်က္ထုတ္မႈ ျပဳလုပ္ခဲ့တဲ့ ဗီယာရာ အနီကတ္နဲ႔ ထုတ္ခံခဲ့ရတာေၾကာင့္ အာဆင္နယ္ဟာ ေနာက္ဆုံးပြဲကစားခ်ိန္ ၇မိနစ္နဲ႔ နာက်င္အခ်ိန္ပို ၁၀ မိနစ္ေလာက္ကို တစ္ေယာက္ေလ်ာ့နဲ႔ ကစားခဲ့ရၿပီး ဘန္ေလ ကြင္းလယ္လူက ေဘာလုံးကို အရင္ရခဲ့ၿပီးေနာက္ အာဆင္နယ္ကြင္းလယ္လူက ညႇိဳ႕သက်ည္းကို တက္နင္းမိသလို ျဖစ္ခဲ့တာျဖစ္ပါတယ္။ ဒိုင္လူႀကီး မိုက္ကယ္ အိုလီဗာက မတုန႔္မဆိုင္းဘဲ ဗီယာရာကို အနီကတ္တန္းျပခဲ့တာေၾကာင့္ အာဆင္နယ္ကြင္းလယ္လူဟာ လာမယ့္ ၃ ပြဲကို လြဲေခ်ာ္ေတာ့မယ္ဆိုတဲ့အဓိပၸာယ္ျဖစ္ပါတယ္။

၃။ အျငင္းပြားဖြယ္ ဆုံးျဖတ္ခ်က္

အာဆင္နယ္ပရိသတ္ေတြဟာ အဖြင့္ဂိုးကို အျငင္းပြားဖြယ္ ျငင္းပယ္ခံခဲ့ရၿပီးေနာက္ မေပ်ာ္မ႐ႊင္ျဖစ္ခဲ့ၾကပါတယ္။ ဂန္းနားေတြဟာ လူးဝစၥ ဘီယာက ကိုယ့္ဂိုးကိုယ္ ျပန္သြင္းမိခဲ့တဲ့ေနာက္ အဖြင့္ဂိုးရခဲ့ၿပီ ထင္ခဲ့ေပမယ့္လည္း တိုက္စစ္စတင္ခ်ိန္မွာ ဆာကာ ျပစ္ဒဏ္က်ဴးလြန္ခဲ့တယ္ဆိုၿပီး ပယ္ဖ်က္ခဲ့တာျဖစ္ပါတယ္။ အိုလီဗာက ဆာကာဟာ ေဘာလုံးကို ဂိုးေပါက္ဆီကို ေခါင္းျပန္မတိုက္ခင္ ကိုလီယိုရႈကို တြန္းခဲ့တယ္လို႔ ခံစားခဲ့ရတာျဖစ္ၿပီး အာဆင္နယ္ကစားသမားေတြဆီကေန ေစာဒကတက္မႈ အမ်ားအျပား မရွိခဲ့ေပမယ့္ လူမႈကြန္ရက္ေပၚက ဂန္းနားပရိသတ္ေတြကေတာ့ ေပါက္ကြဲခဲ့တာျဖစ္ပါတယ္။

၄။ ျဖဳန္းအားေကာင္းတဲ့ ဟာဗတ္ဇ္

ဟာဗတ္ဇ္ဟာ ေႏြရာသီမွာ ခ်ဲလ္ဆီးကေနေပါင္ ၆၅ သန္းနဲ႔ ေျပာင္းလာၿပီးကတည္းက ႐ုန္းကန္ေနရၿပီး ဘန္ေလနဲ႔ပြဲမတိုင္ခင္ ၁၈ ပြဲမွာ ၁ ဂိုးသာ သြင္းယူထားႏိုင္ခဲ့တာျဖစ္ပါတယ္။ ဘန္ေလနဲ႔ပြဲမွာလည္း ကြင္းလယ္ေနရာကေန ပြဲထြက္ပါဝင္ခဲ့ၿပီးေနာက္ စိတ္ပ်က္ဖြယ္ ဂိုးေပါက္ေပ်ာက္ဆုံးမႈနဲ႔ ဆက္လက္ရင္ဆိုင္ခဲ့ရၿပီး ပြဲကစားခ်ိန္ ၂၃ မိနစ္မွာ ဂိုးသြင္းယူဖို႔ ပထမဆုံးအႀကိမ္ အခြင့္အေရးရခဲ့ေပမယ့္ ၎ရဲ႕ ကန္ခ်က္က ပိတ္ဆို႔ခံခဲ့ရတာ ျဖစ္ပါတယ္။ ဒါေပမယ့္လည္း ဟာဗတ္ဇ္ဟာ ပြဲကစားခ်ိန္ နာရီဝက္ေလာက္မွာ ဆာကာရဲ႕ ေထာင့္ကန္ေဘာကို ေခါင္းတိုက္ခ်ိန္မွာ ပိုေကာင္းမြန္ေအာင္ လုပ္ခဲ့သင့္ၿပီး ၎ရဲ႕ ေခါင္းတိုက္ခ်က္က ဂိုးဘားတန္းေပၚ ေက်ာ္သြားခဲ့တာျဖစ္ပါတယ္။ ေလဗာကူဆင္ၾကယ္ပြင့္ေဟာင္းဟာ ေနာက္ထပ္တစ္ႀကိမ္ ႐ုန္းကန္ေနခဲ့ရၿပီးေနာက္ မိနစ္ ၆၀ မွာပဲ ဗီယာရာနဲ႔ လူစားလဲလွယ္ျခင္းခံခဲ့ရတာ ျဖစ္ပါတယ္။

၅။ အာတီတာအတြက္ ထိုးႏွက္ခ်က္ျဖစ္လာတဲ့ ဘန္ ဝႈိက္

အာဆင္နယ္ရဲ႕ ေနာက္ဆုံး ၂၃ ပြဲစလုံးမွာ ပြဲထြက္ပါဝင္ခဲ့တဲ့ ဘန္ ဝႈိက္ရဲ႕ အထင္ႀကီးဖြယ္ ဆက္တိုက္ပြဲထြက္ပါဝင္ကစားေပးမႈဟာ ဘန္ေလနဲ႔ပြဲမွာ အဆုံးသတ္ခဲ့ၿပီး ဆီဗီလာနဲ႔ပြဲက ဒဏ္ရာကေန ျပန္သက္သာျခင္းမရွိတာေၾကာင့္ ပြဲေန႔လူစာရင္းကေနပါ ခ်န္လွပ္ျခင္းခံခဲ့ရပါတယ္။ ဒါေပမယ့္လည္း အဲဒါက တိုမိယဆုကို ညာေနာက္ခံေနရာကို ျပန္ကစားခြင့္ရေစခဲ့ၿပီး ဇင္ခ်န္ကိုကလည္း ဘယ္ေတာင္ပံမွာ ပြဲထြက္ပါဝင္ခဲ့ပါတယ္။ ဂါဘရီယဲလ္နဲ႔ ဆာလီဘာတို႔က ဗဟိုခံစစ္ေနရာမွာ ပြဲထြက္လာခဲ့ၿပီး ခီဗီေယာကေတာ့ အရန္ခုံကေန ပါဝင္ခဲ့ပါတယ္။

၆။ ဆန႔္က်င္ဘက္ ရပ္တည္မႈေတြ ပိုင္ဆိုင္ခဲ့ၾကတဲ့ အာဆင္နယ္နဲ႔ ဘန္ေလ

ဂန္းနားေတြအတြက္ ဒီႏိုင္ပြဲဟာ အမွတ္ေပးဇယားထိပ္ဆုံးက မန္စီးတီးနဲ႔ ရမွတ္တူညီသြားေစခဲ့ေပမယ့္ ဘန္ေလကေတာ့ ပရီးမီးယားလိဂ္ ၆ ပြဲဆက္တိုက္ ရႈံးနိမ့္ခဲ့လို႔ တန္းဆင္းဇုန္ထဲမွာပဲ ဆက္ေနခဲ့ရပါတယ္။

Arsenal Myanmar

Ref: Internet