ဆီဗီလာကို အနိုင်ယူပြီး ရှုံးထွက်ကို ခြေတလှမ်းလှမ်းနိုင်ခဲ့တဲ့ပွဲက ပြန်ပြောစရာများ
အာဆင်နယ်ဟာ ဗုဒ္ဓဟူးနေ့ညက အမ်းမရိတ်စ်မှာ ဆီဗီလာကို ၂-၀ နဲ့ အနိုင်ရရှိခဲ့ပြီးနောက် ချန်ပီယံလိဂ် ၁၆ သင်းရှုံးထွက်အဆင့်ကို တက်လှမ်းနိုင်ဖို့ ခြေတစ်လှမ်း လှမ်းထားနိုင်ခဲ့ပြီ ဖြစ်ပါတယ်။
လီအန်ဒရို ထရော့ဆာ့ဒ်က ပထမပိုင်း ပွဲကစားချိန် အလယ်မှာ အဖွင့်ဂိုးကို သွင်းယူပေးခဲ့ပြီးနောက် ဘူကာယို ဆာကာက ၆၄ မိနစ်မှာ ထူးခြားဆန်းကြယ်တဲ့ အဆုံးသတ်နဲ့အတူ နောက်ထပ် ဦးဆောင်ဂိုးကို သွင်းယူပေးခဲ့တာဖြစ်ပါတယ်။
၁။ ဒဏ်ရာရ ကစားသမားတွေ တိုးလာခြင်း
အာဆင်နယ်ဟာ နယူးကာဆယ်ကို ၁-၀ နဲ့ ရှုံးနိမ့်ခဲ့တဲ့ပွဲမှာရခဲ့တဲ့ ခြေကျင်းဝတ်ဒဏ်ရာကြောင့် အန်ကီးတီးယား မပါဝင်နိုင်ခဲ့ဘဲ နောက်ထပ် ဒဏ်ရာပြဿနာနဲ့ရင်ဆိုင်ခဲ့ရပါတယ်။ အင်္ဂလန်တိုက်စစ်မှူးဟာ ပါတေး၊ အော်ဒီဂွါဒ်၊ ဂျေးဇု၊ စမစ် ရိုး၊ တင်းဘားတို့နဲ့ အတူ အနားယူရတော့မှာဖြစ်ပြီး ဆယ်ကျော်သက်ကြယ်ပွင့်တွေဖြစ်တဲ့ ကိုဇီယာ-ဒူးဘယ်ရီ၊ ချားလ်စ် ဆာဂိုး ဂျူနီယာတို့ကို အာတီတာက အရန်လူစာရင်းထဲမှာ ထည့်သွင်းခဲ့တာကို မြင်တွေ့ခဲ့ရပါတယ်။ အထင်ကြီးဖွယ်ခြေစွမ်းပြသခဲ့တဲ့ ဆာကာက ပွဲကစားချိန်နှောင်းပိုင်းမှာ လဲကျသွားခဲ့ပြီးနောက် ကွင်းထဲကနေ နာကျင်မှုနဲ့ ထွက်ခွာခဲ့ရပြီးနောက် စနေနေ့ ဘန်လေနဲ့ အိမ်ကွင်းမှာ ကစားရမယ့်ပွဲစဉ်အတွက် ပါဝင်ကစားပေးဖို့ မရေမရာဖြစ်လာပြီဖြစ်ပါတယ်။
၂။ တိုက်စစ်မှူး ထရော့ဆာ့ဒ်
အန်ကီးတီးယားရဲ့ ဒဏ်ရာပြဿနာက ထရော့ဆာ့ဒ်ကို အထောင်တိုက်စစ်မှူးအဖြစ် ကစားဖို့ လမ်းကြောင်းပေးခဲ့ပြီး ဘယ်လ်ဂျီယမ်ကြယ်ပွင့်က ပြီးခဲ့တဲ့ရာသီတုန်းက အဲဒီနေရာမှာ ခြေစွမ်းပြသခဲ့တာဖြစ်ပါတယ်။ ထရော့ဆာ့ဒ် အထောင်တိုက်စစ်မှူးနေရာကို ပြန်ပြောင်းကစားခဲ့မှုက သိသာထင်ရှားတဲ့ အကျိုးသက်ရောက်မှုဖြစ်စေခဲ့ပြီး ၂၉ မိနစ်မှာပဲ အဖွင့်ဂိုးကို သွင်းယူနိုင်ခဲ့တာ ဖြစ်ပါတယ်။ ထရော့ဆာ့ဒ်ဟာ ဂျော်ဂျင်ညိုရဲ့ အလွန်ကောင်းမွန်တဲ့ ပေးပို့ကြောင့် လွတ်ထွက်သွားတဲ့ ဆာကာ ခင်ပေးလိုက်တဲ့ ဘောလုံးကို အေးအေးလူလူပဲ သွင်းယူခဲ့တာဖြစ်ပါတယ်။
၃။ မှော်ဆန်တဲ့ မာတီနယ်လီ
မာတီနယ်လီဟာ ပြီးခဲ့တဲ့စနေနေ့က စိန့် ဂျိမ်းစ်ပါ့ခ်မှာ စိတ်ပျက်ဖွယ် ခြေစွမ်းပြသခဲ့ပြီးနောက် အကောင်းဆုံးပုံစံ ပြန်လည်ရရှိနေခဲ့ပုံပေါ်ပြီး ဘရာဇီးလ်ကြယ်ပွင့်ဟာ ဆီဗီလာ ညာနောက်ခံလူ ဟွမ်လူကို တောက်လျှောက် ဒုက္ခပေးနိုင်ခဲ့တာဖြစ်ပါတယ်။ အထူးသဖြင့် ပထမပိုင်းအတွင်း ဂန်းနားတွေဟာ မာတီနယ်လီရဲ့ ဘယ်တောင်ပံခြမ်းကနေ တိုက်စစ်ဆင်ခဲ့ပြီး ဘရာဇီးလ်ကြယ်ပွင့်က အဖွင့် ၄၅ မိနစ်အတွင်း ဟွမ်လူကို ၅ ကြိမ်အထိ အထင်ကြီးဖွယ် ကျော်ဖြတ်နိုင်ခဲ့ပါတယ်။ အသက် ၂၂ နှစ်အရွယ် ကစားသမားရဲ့ တိကျသေသပ်တဲ့ ဆာကာဆီ ပေးပို့မှုက ဒုတိယဂိုး ရရှိစေခဲ့ပြီး အင်္ဂလန်ကြယ်ပွင့်က အလွန်ကောင်းမွန်တဲ့ တစ်ဦးချင်းစွမ်းရည်နဲ့ သွင်းယူသွားခဲ့တာဖြစ်ပါတယ်။
၄။ ခြိမ်းခြောက်မှု မပြုလုပ်နိုင်ခဲ့တဲ့ ဆီဗီလာ
အာဆင်နယ်ကို ပြီးခဲ့တဲ့ ၂ ပတ်တုန်းက ဆီးဗီးမှာ အကောင်းဆုံးတုံ့ပြန်နိုင်ခဲ့တဲ့ လာလီဂါကလပ်ဟာ အမ်းမရိတ်စ်မှာတော့ မယှဉ်နိုင်ခဲ့ဘဲ ဂိုးပေါက်ကို တစ်ကြိမ်သာ ကန်သွင်းမှု ပြုလုပ်နိုင်ခဲ့ပြီး ထောင့်ကန်ဘော တစ်ကြိမ်သာ ကန်ခွင့်ရခဲ့ပါတယ်။ ဆီဗီလာဟာ ဒီပွဲစဉ်မတိုင်ခင် လာလီဂါအမှတ်ပေးဇယားမှာ အဆင့် ၁၅ နေရာမှာ ရပ်တည်နေရတာလည်း အံ့အားသင့်စရာမဟုတ်တော့တာဖြစ်ပါတယ်။
၅။ ကံဆိုးတဲ့ လူစားဝင်ကစားသမား
ဆီဗီလာရဲ့ အစွယ်မရှိတဲ့ စွမ်းဆောင်ရည်ဟာ ဘူဘာကာရီ ဆိုမာရေးရဲ့ အချိန်မတိုင် လူစားလဲလှယ်ခြင်းခံခဲ့ရမှုက သက်သေပြသခဲ့ပြီး လက်စတာကနေ အငှားနဲ့ လာကစားတဲ့ အသက် ၂၄ နှစ်အရွယ်ကွင်းလယ်ကစားသမားဟာ ၆၅ မိနစ်မှာ လူစားဝင်လာပြီးနောက် စက္ကန့် ၃၀ အကြာမှာပဲ အဆင်အခြင်မဲ့ဖျက်ထုတ်မှုကြောင့် အဝါကတ်ပြခံခဲ့ရပါတယ်။ ဆိုမာရေးဟာ အဲဒီဖျက်ထုတ်မှုအတွင်း ကိုယ့်ဘာသာကိုယ် ဒဏ်ရာရရှိအောင် လုပ်မိခဲ့ပုံပေါ်ပြီး ၇၃ မိနစ်မှာပဲ ယိုအန် ဂျော်ဒန်နဲ့ လူစားပြန်လဲခံခဲ့ရပါတယ်။
၆။ အမဲဖျက်ခံခဲ့ရပြန်တဲ့ ဆာကာ
ပထမပိုင်း အဖွင့်ပွဲကစားချိန် ၁၅ မိနစ်အတွင်း ဆာကာဟာ ၃ ကြိမ်အထိ လေထဲမှာ ပျံဝဲသွားတဲ့အထိကို လူချခံခဲ့ရပြီး ၂ ကြိမ်ကတော့ နီမန်ညာ ဂူဒယ်ရဲ့ လူချခံခဲ့ရတာဖြစ်ပါတယ်။ အာတီတာက စတုတ္ထဒိုင်ကို ဘယ်နှကြိမ်လောက် အဝါကတ်မပြဘဲ လွှတ်ထားဦးမှာလဲလို့ မေးမြန်းခဲ့ပြီးနောက် ဂူဒယ် အဝါကတ်ပြသခံခဲ့ရပါတယ်။ သိပ်မကြာခင်မှာပဲ ကီကီ ဆာလတ်ဟာ အင်္ဂလန်တောင်ပံကစားသမားကို ဖျက်ထုတ်ပုံ ကြမ်းတမ်းခဲ့ပြန်တာကြောင့် ဆာကာကိုယ်တိုင် ဒိုင်လူကြီးဆီ စောဒကသွားတက်ခဲ့ပြီး ၎င်းရဲ့ တိုက်စစ်ဆင်မှုကို ဘယ်နှကြိမ်လောက် ကြမ်းကြမ်းတမ်းတမ်း ဖျက်ထုတ်ခံခဲ့ရလဲဆိုတာကို ရေတွက်ပြခဲ့ပါတယ်။ အဲဒီအချိန်အထိလည်း ကွင်းလယ်ဒိုင် အစ်ဗန် ကိုဗက်က အဝါကတ်ကို အိတ်ထဲကနေ မထုတ်ဘဲ ထားထားသေးပြီး အာတီတာရဲ့ ပြီးခဲ့တဲ့အပတ်က ဒိုင်လူကြီးတွေနဲ့ပတ်သက်ပြီး ပြောခဲ့တဲ့ မှတ်ချက်တွေက ပရီးမီးယားလိဂ်ချည်းသက်သက်ဖြစ်ပေမယ့်လည်း ဆီဗီလာနဲ့ပွဲမှာမြင်တွေ့ခဲ့ရတာတွေကလည်း စိတ်ကျေနပ်စရာမရှိခဲ့တာဖြစ်ပါတယ်။ ဆာလတ်ဟာ အာဆင်နယ်တောင်ပံကစားသမားကို နောက်ထပ် ပြစ်ဒဏ်ကျူးလွန်ခဲ့ပြီးနောက် အပြစ်ပေးခြင်းမခံခဲ့ရဘဲ ဆာကာကို တစ်ပွဲလုံး ဆီဗီလာတစ်သင်းလုံး အလှည့်ကျများ လူချနေသလားတောင် ထင်မှတ်ရပါတယ်။ အသက် ၂၂ နှစ်အရွယ် ကစားသမားဟာ ကြမ်းတမ်းတဲ့ဆက်ဆံမှုတွေနဲ့ ရင်ဆိုင်ရတာက အထူးအဆန်းမဟုတ်တော့ဘဲ အဲဒါက ဆာကာကို တွန့်ဆုတ်သွားစေခြင်းမရှိဘဲ ၆၄ မိနစ်မှာ အသင်းအတွက် ဦးဆောင်ဂိုးကို သွင်းယူပေးနိုင်ခဲ့တာဖြစ်ပြီး ထုံးစံအတိုင်း ညာတောင်ပံကနေ အတွင်းကို ချိုးဝင်ပြီးဘယ်ခြေနဲ့ အဆုံးသတ်ခဲ့တာဖြစ်ပါတယ်။
၇။ ရှုံးထွက်အဆင့်တက်ဖို့ နီးစပ်နေပြီဖြစ်တဲ့ အာဆင်နယ်
နောက်ဆုံး ၂ ပွဲရှုံးနိမ့်ခဲ့ပြီးနောက် ဂန်းနားတွေအတွက် အဆိုးတွေများနေပေမယ့်လည်း ဆီဗီလာကို အမ်းမရိတ်စ်မှာ ၂-၀ နဲ့ အနိုင်ယူပြီး ၂ ပွဲကစားဖို့ ကျန်သေးချိန်မှာ ချန်ပီယံလိဂ် ၁၆ သင်းရှုံးထွက်အဆင့်မှာ တစ်နေရာ အခိုင်အမာ ရယူနိုင်ခဲ့ပြီဖြစ်ပါတယ်။ လက်ရှိမှာတော့ အာဆင်နယ်ဟာ ၄ ပွဲကစားပြီးနောက် ၉ မှတ်နဲ့ အုပ်စုဗိုလ်အဖြစ် ဦးဆောင်နေပြီး ပီအက်စ်ဗွီ၊ အာစီလွန်းစ်တို့ထက် ၄ မှတ်အသာစီးရရှိထားတာဖြစ်ပါတယ်။ ၆ နှစ်ကြာ စောင့်ဆိုင်းခဲ့ရတဲ့ ဥရောပပြိုင်ပွဲမှာ ပြန်လည်ကစားခွင့်ရရှိခဲ့ပြီးနောက် အာဆင်နယ်ပရိသတ်တွေဟာ အုပ်စုအဆင့်မှာ ဒီလောက်အထိ လွှမ်းမိုးထားနိုင်မယ်လို့တောင် ထင်ခဲ့မှာမဟုတ်လောက်ပါဘူး။ အရာအားလုံးက အာဆင်နယ်ရဲ့ လက်ထဲမှာရှိနေပြီဖြစ်ပြီး နောက်လာမယ့်ပွဲကလည်း လွန်းစ်ကို အိမ်ကွင်းမှာ လက်ခံယှဉ်ပြိုင်ရမှာဖြစ်တာကြောင့် အဲဒီပွဲကိုသာ အနိုင်ကစားနိုင်ခဲ့ရင် အုပ်စုနောက်ဆုံးပွဲစဉ်အဖြစ် ပီအက်စ်ဗွီနဲ့ပွဲမှာ ဘယ်လိုကန်ကန်ရှုံးထွက်တက်ရောက်နိုင်တော့မှာဖြစ်ပါတယ်။
Arsenal Myanmar
Ref: Internet
ZAWGYI: အာဆင္နယ္ဟာ ဗုဒၶဟူးေန႔ညက အမ္းမရိတ္စ္မွာ ဆီဗီလာကို ၂-၀ နဲ႔ အႏိုင္ရရွိခဲ့ၿပီးေနာက္ ခ်န္ပီယံလိဂ္ ၁၆ သင္းရႈံးထြက္အဆင့္ကို တက္လွမ္းႏိုင္ဖို႔ ေျခတစ္လွမ္း လွမ္းထားႏိုင္ခဲ့ၿပီ ျဖစ္ပါတယ္။
လီအန္ဒ႐ို ထေရာ့ဆာ့ဒ္က ပထမပိုင္း ပြဲကစားခ်ိန္ အလယ္မွာ အဖြင့္ဂိုးကို သြင္းယူေပးခဲ့ၿပီးေနာက္ ဘူကာယို ဆာကာက ၆၄ မိနစ္မွာ ထူးျခားဆန္းၾကယ္တဲ့ အဆုံးသတ္နဲ႔အတူ ေနာက္ထပ္ ဦးေဆာင္ဂိုးကို သြင္းယူေပးခဲ့တာျဖစ္ပါတယ္။
၁။ ဒဏ္ရာရ ကစားသမားေတြ တိုးလာျခင္း
အာဆင္နယ္ဟာ နယူးကာဆယ္ကို ၁-၀ နဲ႔ ရႈံးနိမ့္ခဲ့တဲ့ပြဲမွာရခဲ့တဲ့ ေျခက်င္းဝတ္ဒဏ္ရာေၾကာင့္ အန္ကီးတီးယား မပါဝင္ႏိုင္ခဲ့ဘဲ ေနာက္ထပ္ ဒဏ္ရာျပႆနာနဲ႔ရင္ဆိုင္ခဲ့ရပါတယ္။ အဂၤလန္တိုက္စစ္မႉးဟာ ပါေတး၊ ေအာ္ဒီဂြါဒ္၊ ေဂ်းဇု၊ စမစ္ ႐ိုး၊ တင္းဘားတို႔နဲ႔ အတူ အနားယူရေတာ့မွာျဖစ္ၿပီး ဆယ္ေက်ာ္သက္ၾကယ္ပြင့္ေတြျဖစ္တဲ့ ကိုဇီယာ-ဒူးဘယ္ရီ၊ ခ်ားလ္စ္ ဆာဂိုး ဂ်ဴနီယာတို႔ကို အာတီတာက အရန္လူစာရင္းထဲမွာ ထည့္သြင္းခဲ့တာကို ျမင္ေတြ႕ခဲ့ရပါတယ္။ အထင္ႀကီးဖြယ္ေျခစြမ္းျပသခဲ့တဲ့ ဆာကာက ပြဲကစားခ်ိန္ေႏွာင္းပိုင္းမွာ လဲက်သြားခဲ့ၿပီးေနာက္ ကြင္းထဲကေန နာက်င္မႈနဲ႔ ထြက္ခြာခဲ့ရၿပီးေနာက္ စေနေန႔ ဘန္ေလနဲ႔ အိမ္ကြင္းမွာ ကစားရမယ့္ပြဲစဥ္အတြက္ ပါဝင္ကစားေပးဖို႔ မေရမရာျဖစ္လာၿပီျဖစ္ပါတယ္။
၂။ တိုက္စစ္မႉး ထေရာ့ဆာ့ဒ္
အန္ကီးတီးယားရဲ႕ ဒဏ္ရာျပႆနာက ထေရာ့ဆာ့ဒ္ကို အေထာင္တိုက္စစ္မႉးအျဖစ္ ကစားဖို႔ လမ္းေၾကာင္းေပးခဲ့ၿပီး ဘယ္လ္ဂ်ီယမ္ၾကယ္ပြင့္က ၿပီးခဲ့တဲ့ရာသီတုန္းက အဲဒီေနရာမွာ ေျခစြမ္းျပသခဲ့တာျဖစ္ပါတယ္။ ထေရာ့ဆာ့ဒ္ အေထာင္တိုက္စစ္မႉးေနရာကို ျပန္ေျပာင္းကစားခဲ့မႈက သိသာထင္ရွားတဲ့ အက်ိဳးသက္ေရာက္မႈျဖစ္ေစခဲ့ၿပီး ၂၉ မိနစ္မွာပဲ အဖြင့္ဂိုးကို သြင္းယူႏိုင္ခဲ့တာ ျဖစ္ပါတယ္။ ထေရာ့ဆာ့ဒ္ဟာ ေဂ်ာ္ဂ်င္ညိဳရဲ႕ အလြန္ေကာင္းမြန္တဲ့ ေပးပို႔ေၾကာင့္ လြတ္ထြက္သြားတဲ့ ဆာကာ ခင္ေပးလိုက္တဲ့ ေဘာလုံးကို ေအးေအးလူလူပဲ သြင္းယူခဲ့တာျဖစ္ပါတယ္။
၃။ ေမွာ္ဆန္တဲ့ မာတီနယ္လီ
မာတီနယ္လီဟာ ၿပီးခဲ့တဲ့စေနေန႔က စိန႔္ ဂ်ိမ္းစ္ပါ့ခ္မွာ စိတ္ပ်က္ဖြယ္ ေျခစြမ္းျပသခဲ့ၿပီးေနာက္ အေကာင္းဆုံးပုံစံ ျပန္လည္ရရွိေနခဲ့ပုံေပၚၿပီး ဘရာဇီးလ္ၾကယ္ပြင့္ဟာ ဆီဗီလာ ညာေနာက္ခံလူ ဟြမ္လူကို ေတာက္ေလွ်ာက္ ဒုကၡေပးႏိုင္ခဲ့တာျဖစ္ပါတယ္။ အထူးသျဖင့္ ပထမပိုင္းအတြင္း ဂန္းနားေတြဟာ မာတီနယ္လီရဲ႕ ဘယ္ေတာင္ပံျခမ္းကေန တိုက္စစ္ဆင္ခဲ့ၿပီး ဘရာဇီးလ္ၾကယ္ပြင့္က အဖြင့္ ၄၅ မိနစ္အတြင္း ဟြမ္လူကို ၅ ႀကိမ္အထိ အထင္ႀကီးဖြယ္ ေက်ာ္ျဖတ္ႏိုင္ခဲ့ပါတယ္။ အသက္ ၂၂ ႏွစ္အ႐ြယ္ ကစားသမားရဲ႕ တိက်ေသသပ္တဲ့ ဆာကာဆီ ေပးပို႔မႈက ဒုတိယဂိုး ရရွိေစခဲ့ၿပီး အဂၤလန္ၾကယ္ပြင့္က အလြန္ေကာင္းမြန္တဲ့ တစ္ဦးခ်င္းစြမ္းရည္နဲ႔ သြင္းယူသြားခဲ့တာျဖစ္ပါတယ္။
၄။ ၿခိမ္းေျခာက္မႈ မျပဳလုပ္ႏိုင္ခဲ့တဲ့ ဆီဗီလာ
အာဆင္နယ္ကို ၿပီးခဲ့တဲ့ ၂ ပတ္တုန္းက ဆီးဗီးမွာ အေကာင္းဆုံးတုံ႔ျပန္ႏိုင္ခဲ့တဲ့ လာလီဂါကလပ္ဟာ အမ္းမရိတ္စ္မွာေတာ့ မယွဥ္ႏိုင္ခဲ့ဘဲ ဂိုးေပါက္ကို တစ္ႀကိမ္သာ ကန္သြင္းမႈ ျပဳလုပ္ႏိုင္ခဲ့ၿပီး ေထာင့္ကန္ေဘာ တစ္ႀကိမ္သာ ကန္ခြင့္ရခဲ့ပါတယ္။ ဆီဗီလာဟာ ဒီပြဲစဥ္မတိုင္ခင္ လာလီဂါအမွတ္ေပးဇယားမွာ အဆင့္ ၁၅ ေနရာမွာ ရပ္တည္ေနရတာလည္း အံ့အားသင့္စရာမဟုတ္ေတာ့တာျဖစ္ပါတယ္။
၅။ ကံဆိုးတဲ့ လူစားဝင္ကစားသမား
ဆီဗီလာရဲ႕ အစြယ္မရွိတဲ့ စြမ္းေဆာင္ရည္ဟာ ဘူဘာကာရီ ဆိုမာေရးရဲ႕ အခ်ိန္မတိုင္ လူစားလဲလွယ္ျခင္းခံခဲ့ရမႈက သက္ေသျပသခဲ့ၿပီး လက္စတာကေန အငွားနဲ႔ လာကစားတဲ့ အသက္ ၂၄ ႏွစ္အ႐ြယ္ကြင္းလယ္ကစားသမားဟာ ၆၅ မိနစ္မွာ လူစားဝင္လာၿပီးေနာက္ စကၠန႔္ ၃၀ အၾကာမွာပဲ အဆင္အျခင္မဲ့ဖ်က္ထုတ္မႈေၾကာင့္ အဝါကတ္ျပခံခဲ့ရပါတယ္။ ဆိုမာေရးဟာ အဲဒီဖ်က္ထုတ္မႈအတြင္း ကိုယ့္ဘာသာကိုယ္ ဒဏ္ရာရရွိေအာင္ လုပ္မိခဲ့ပုံေပၚၿပီး ၇၃ မိနစ္မွာပဲ ယိုအန္ ေဂ်ာ္ဒန္နဲ႔ လူစားျပန္လဲခံခဲ့ရပါတယ္။
၆။ အမဲဖ်က္ခံခဲ့ရျပန္တဲ့ ဆာကာ
ပထမပိုင္း အဖြင့္ပြဲကစားခ်ိန္ ၁၅ မိနစ္အတြင္း ဆာကာဟာ ၃ ႀကိမ္အထိ ေလထဲမွာ ပ်ံဝဲသြားတဲ့အထိကို လူခ်ခံခဲ့ရၿပီး ၂ ႀကိမ္ကေတာ့ နီမန္ညာ ဂူဒယ္ရဲ႕ လူခ်ခံခဲ့ရတာျဖစ္ပါတယ္။ အာတီတာက စတုတၳဒိုင္ကို ဘယ္ႏွႀကိမ္ေလာက္ အဝါကတ္မျပဘဲ လႊတ္ထားဦးမွာလဲလို႔ ေမးျမန္းခဲ့ၿပီးေနာက္ ဂူဒယ္ အဝါကတ္ျပသခံခဲ့ရပါတယ္။ သိပ္မၾကာခင္မွာပဲ ကီကီ ဆာလတ္ဟာ အဂၤလန္ေတာင္ပံကစားသမားကို ဖ်က္ထုတ္ပုံ ၾကမ္းတမ္းခဲ့ျပန္တာေၾကာင့္ ဆာကာကိုယ္တိုင္ ဒိုင္လူႀကီးဆီ ေစာဒကသြားတက္ခဲ့ၿပီး ၎ရဲ႕ တိုက္စစ္ဆင္မႈကို ဘယ္ႏွႀကိမ္ေလာက္ ၾကမ္းၾကမ္းတမ္းတမ္း ဖ်က္ထုတ္ခံခဲ့ရလဲဆိုတာကို ေရတြက္ျပခဲ့ပါတယ္။ အဲဒီအခ်ိန္အထိလည္း ကြင္းလယ္ဒိုင္ အစ္ဗန္ ကိုဗက္က အဝါကတ္ကို အိတ္ထဲကေန မထုတ္ဘဲ ထားထားေသးၿပီး အာတီတာရဲ႕ ၿပီးခဲ့တဲ့အပတ္က ဒိုင္လူႀကီးေတြနဲ႔ပတ္သက္ၿပီး ေျပာခဲ့တဲ့ မွတ္ခ်က္ေတြက ပရီးမီးယားလိဂ္ခ်ည္းသက္သက္ျဖစ္ေပမယ့္လည္း ဆီဗီလာနဲ႔ပြဲမွာျမင္ေတြ႕ခဲ့ရတာေတြကလည္း စိတ္ေက်နပ္စရာမရွိခဲ့တာျဖစ္ပါတယ္။ ဆာလတ္ဟာ အာဆင္နယ္ေတာင္ပံကစားသမားကို ေနာက္ထပ္ ျပစ္ဒဏ္က်ဴးလြန္ခဲ့ၿပီးေနာက္ အျပစ္ေပးျခင္းမခံခဲ့ရဘဲ ဆာကာကို တစ္ပြဲလုံး ဆီဗီလာတစ္သင္းလုံး အလွည့္က်မ်ား လူခ်ေနသလားေတာင္ ထင္မွတ္ရပါတယ္။ အသက္ ၂၂ ႏွစ္အ႐ြယ္ ကစားသမားဟာ ၾကမ္းတမ္းတဲ့ဆက္ဆံမႈေတြနဲ႔ ရင္ဆိုင္ရတာက အထူးအဆန္းမဟုတ္ေတာ့ဘဲ အဲဒါက ဆာကာကို တြန႔္ဆုတ္သြားေစျခင္းမရွိဘဲ ၆၄ မိနစ္မွာ အသင္းအတြက္ ဦးေဆာင္ဂိုးကို သြင္းယူေပးႏိုင္ခဲ့တာျဖစ္ၿပီး ထုံးစံအတိုင္း ညာေတာင္ပံကေန အတြင္းကို ခ်ိဳးဝင္ၿပီးဘယ္ေျခနဲ႔ အဆုံးသတ္ခဲ့တာျဖစ္ပါတယ္။
၇။ ရႈံးထြက္အဆင့္တက္ဖို႔ နီးစပ္ေနၿပီျဖစ္တဲ့ အာဆင္နယ္
ေနာက္ဆုံး ၂ ပြဲရႈံးနိမ့္ခဲ့ၿပီးေနာက္ ဂန္းနားေတြအတြက္ အဆိုးေတြမ်ားေနေပမယ့္လည္း ဆီဗီလာကို အမ္းမရိတ္စ္မွာ ၂-၀ နဲ႔ အႏိုင္ယူၿပီး ၂ ပြဲကစားဖို႔ က်န္ေသးခ်ိန္မွာ ခ်န္ပီယံလိဂ္ ၁၆ သင္းရႈံးထြက္အဆင့္မွာ တစ္ေနရာ အခိုင္အမာ ရယူႏိုင္ခဲ့ၿပီျဖစ္ပါတယ္။ လက္ရွိမွာေတာ့ အာဆင္နယ္ဟာ ၄ ပြဲကစားၿပီးေနာက္ ၉ မွတ္နဲ႔ အုပ္စုဗိုလ္အျဖစ္ ဦးေဆာင္ေနၿပီး ပီအက္စ္ဗြီ၊ အာစီလြန္းစ္တို႔ထက္ ၄ မွတ္အသာစီးရရွိထားတာျဖစ္ပါတယ္။ ၆ ႏွစ္ၾကာ ေစာင့္ဆိုင္းခဲ့ရတဲ့ ဥေရာပၿပိဳင္ပြဲမွာ ျပန္လည္ကစားခြင့္ရရွိခဲ့ၿပီးေနာက္ အာဆင္နယ္ပရိသတ္ေတြဟာ အုပ္စုအဆင့္မွာ ဒီေလာက္အထိ လႊမ္းမိုးထားႏိုင္မယ္လို႔ေတာင္ ထင္ခဲ့မွာမဟုတ္ေလာက္ပါဘူး။ အရာအားလုံးက အာဆင္နယ္ရဲ႕ လက္ထဲမွာရွိေနၿပီျဖစ္ၿပီး ေနာက္လာမယ့္ပြဲကလည္း လြန္းစ္ကို အိမ္ကြင္းမွာ လက္ခံယွဥ္ၿပိဳင္ရမွာျဖစ္တာေၾကာင့္ အဲဒီပြဲကိုသာ အႏိုင္ကစားႏိုင္ခဲ့ရင္ အုပ္စုေနာက္ဆုံးပြဲစဥ္အျဖစ္ ပီအက္စ္ဗြီနဲ႔ပြဲမွာ ဘယ္လိုကန္ကန္ရႈံးထြက္တက္ေရာက္ႏိုင္ေတာ့မွာျဖစ္ပါတယ္။
Arsenal Myanmar
Ref: Internet
- Posted In:
- Post Match Review