ဆာကာတောက်ပခဲ့ပြီး ဝံပုလွေသား စားခဲ့တဲ့ပွဲက မှတ်မှတ်ရရ ပြန်ပြောစရာများ
ဂန်းနားတွေအတွက် ပထမပိုင်းမှာ ပြသခဲ့တဲ့ ထိပ်တန်းအဆင့်က ဝုလ်ဗ်စ်နဲ့ ပွဲစဉ်မှာ ၂-၁ နဲ့ အနိုင်ရပြီး ပရီးမီးယားလိဂ်အမှတ်ပေးဇယားကို ဆက်လက်ဦးဆောင်နိုင်ဖို့အတွက် လုံလောက်ခဲ့ပါတယ်။
ဆာကာဟာ ပထမပိုင်း ၆ မိနစ်မှာပဲ ဂျိုဆေးဆားကို နောက်ကောက်ကျစေခဲ့တဲ့ သွင်းဂိုးကို မသွင်းယူခင်မှာ ဝုလ်ဗ်စ်နောက်တန်းကို တရစပ်ခြိမ်းခြောက်ခဲ့ပြီး အသင်းခေါင်းဆောင် မာတင် အော်ဒီဂွါဒ်က နောက်ထပ် ၇ မိနစ်အကြာမှာ ဂန်းနားတွေအတွက် နောက်ထပ်ဦးဆောင်ဂိုးကို သွင်းယူသွားခဲ့တာဖြစ်ပါတယ်။
ဝုလ်ဗ်စ်အတွက် မားသီးယပ်စ် ကွန်ညာက ၈၆ မိနစ်မှာ နောက်ကျချေပဂိုး သွင်းယူခဲ့ပေမယ့်လည်း ဂန်းနားတွေက နောက်ထပ် အိမ်ကွင်းနိုင်ပွဲရယူနိုင်ခဲ့တာကြောင့် လက်ရှိမှာ တနင်္ဂနွေနေ့ တော့တင်ဟမ်ဟော့စပါးနဲ့ ကစားရမယ့် မန်စီးတီးထက် ၄ မှတ်အသာနဲ့ အမှတ်ပေးဇယားထိပ်ဆုံးမှာ ယာယီဦးဆောင်နိုင်ခဲ့ပြီဖြစ်ပါတယ်။
၁။ အာဆင်ဝင်းဂါးရဲ့ အသင်းပုံစံကို ပြန်မြင်ခဲ့ရတဲ့ သွင်းဂိုး
အာတီတာဟာ လွန်ခဲ့တဲ့ ၄ နှစ်က အာဆင်နယ်နည်းပြရာထူးကို လက်ခံခဲ့ပြီးကတည်းက ပိုမိုဆိုးရွားတဲ့ရက်သတ္တပတ်တွေကို ရင်ဆိုင်ခဲ့ရကောင်း ရင်ဆိုင်ခဲ့ရနိုင်ပါတယ်။ အာစီ လွန်းစ်ကို ချန်ပီယံလိဂ်မှာ ၆-၀ နဲ့ အနိုင်ရခဲ့တဲ့ပွဲစဉ်ကို ကြည့်ရှုခဲ့ပြီးနောက် ရက်ပိုင်းအကြာမှာ အာတီတာဟာ ပိတ်ဆို့ထားတဲ့ ခံစစ်ကို ထိုးဖောက်ပြီး ဂိုးသွင်းယူခဲ့တဲ့ အသင်းရဲ့ ကောင်းမွန်တဲ့ တိုက်စစ်ကစားပုံကို ထပ်မံမြင်တွေ့ခဲ့ရပါတယ်။ ပထမဆုံးဂိုးအတွက် ဆာကာရဲ့ တစ်ဦးချင်း တိုက်စစ်စတင်မှုက အထင်ကြီးစရာကောင်းခဲ့တယ်ဆိုရင် အော်ဒီဂွါဒ်ရဲ့ သွင်းဂိုးအတွက် ချဉ်းကပ်ပုံက ထူးခြားခဲ့ပါတယ်။ ဘောလုံးကို ညာတောင်ပံကနေ ဘယ်တောင်ပံကို ပြောင်းကစားခဲ့ပြီးနောက် ဇင်ချန်ကို ချိုးပေးလိုက်တဲ့ဘောလုံးကို အော်ဒီဂွါဒ်က အဆုံးသတ်ခဲ့တာ ဖြစ်ပါတယ်။ ပထမပိုင်းဟာ အာဆင်နယ်ဝင်းဂါးလက်အောက်မှာ ဆုဖလားတွေ ရယူနေကျ အရင်ခေတ်ဟောင်း အာဆင်နယ်ကို ပြန်မြင်ရသလို ခံစားခဲ့ရပြီး ဝုလ်ဗ်စ်အနေနဲ့ ဒီနှစ်မှာ ဒီလိုအသင်းကို မကျော်ဖြတ်နိုင်ခဲ့တဲ့ နောက်ဆုံးအသင်းမဟုတ်နိုင်ပါဘူး။
၂။ နောက်ထပ်တစ်ကြိမ် တောက်ပခဲ့ပြန်တဲ့ ဆာကာ
ပြီးခဲ့တဲ့ ၁၈ လအတွင်းအတွင်း တိုးတက်လာတဲ့ ခြေစွမ်းကြောင့် ဆာကာဟာ စနေနေ့ညနေရဲ့ ပွဲအရှိန်ကို သတ်မှတ်ပေးခဲ့သူဖြစ်ခဲ့တာ အံ့အားသင့်စရာမဟုတ်တော့ပါဘူး။ အင်္ဂလန်တောင်ပံကစားသမားဟာ ပင်နယ်တီဧရိယာထဲမှာ အလွန်ကောင်းမွန်တဲ့ ထိုးဖောက်မှုတွေ ပြုလုပ်နိုင်ခဲ့ပေမယ့်လည်း ရွေ့လျားမှု စတင်ဖို့အတွက် ဝုလ်ဗစ်နောက်ခံလူ ၂ ဦးကို ကျော်ဖြတ်ပြခဲ့တဲ့ပုံစံကတော့ တုန်လှုပ်စရာကောင်းခဲ့ပါတယ်။ အာဆင်နယ်ကြယ်ပွင့်ဟာ ဒီရာသီမှာ ဒဏ်ရာပြဿနာတွေနဲ့ ရင်ဆိုင်ခဲ့ရပေမယ့်လည်း ကြံ့ခိုင်မှုအပြည့်အဝ ပြန်လည်ရရှိနေပုံပေါ်ပြီး ဝုလ်ဗ်စ်နဲ့ပွဲမှာ အကောင်းဆုံးပုံစံနဲ့ ဧည့်သည်တွေရဲ့ ခံစစ်ကို ညှင်းပန်းနှိပ်စက်ရာမှာ ဥသျှောင်ဖြစ်ခဲ့ပါတယ်။ ဆာကာရဲ့ လျင်မြန်တဲ့ မြန်နှုန်းဟာ ဟူဂို ဗွေနိုနဲ့ တိုတီ ဂိုးမက်စ်တို့ကို အိပ်မက်ဆိုးဖြစ်စေခဲ့ပြီး ဂါဘရီယဲလ် မာတီနယ်လီအတွက် ပေးပို့ခဲ့ချိန်မှာ ဂိုးဖန်တီးမှု ရရှိလုနီးပါး ဖြစ်ခဲ့တာဖြစ်ပါတယ်။ ဆာကာဟာ ကျိန်းသေပေါက် အကောင်းဆုံးပုံစံကို ပြန်လည်ရရှိနေပြီဆိုတာ သံသယဖြစ်စရာမရှိဘဲ မန်စီးတီးအတွက်တော့ သတင်းဆိုးဖြစ်လာပြီဖြစ်ပါတယ်။
၃။ဝုလ်ဗစ်အတွက် မေ့ထားချင်စရာကောင်းတဲ့ ပထမပိုင်း
ဂယ်ရီ အိုနေးလ်ဟာ ဝုလ်ဗ်စ်နည်းပြအဖြစ် တာဝန်ယူကိုင်တွယ်ခဲ့တဲ့အချိန်ကတည်းက ကောင်းမွန်တဲ့အလုပ်ကို လုပ်နိုင်ခဲ့ပေမယ့်လည်း စနေနေ့ညပွဲဟာ ဝံပုလွေအတွက် ဘက်ပေါင်းစုံက ဆိုးရွားတဲ့ပွဲတစ်ပွဲဖြစ်ခဲ့ပါတယ်။ ဒီပွဲသာ လက်ဝှေ့ပွဲဆိုရင် အာဆင်နယ်က ဧည့်သည်တွေကို စောစောစီးစီး ဒိုင်ပွဲရပ်အလဲထိုးနိုင်ခဲ့တဲ့ပွဲလို့ ဆိုရမှာဖြစ်ပြီး ဧည့်သည်တွေဟာ ပထမပိုင်းအပြီးမှာ ကစားပုံကောင်းမွန်ခဲ့ပေမယ့်လည်း အိမ်ရှင်တွေကို ပွဲပြီးခါနီး ကွန်ညာရဲ့ချေပဂိုးမတိုင်ခင် ထိရောက်တဲ့ခြိမ်းခြောက်မှု မပြုလုပ်နိုင်ခဲ့တာဖြစ်ပါတယ်။ ပထမပိုင်းအလယ်လောက်မှာ ဂျိုဆေး ဆား နောက်ကျောဒဏ်ရာ ရရှိသွားတဲ့ မြင်ကွင်းက အိုနေးလ်အတွက် စိတ်မသက်သာစရာဖြစ်ခဲ့ပြီး ဝုလ်ဗ်စ်အနေနဲ့ ပိုမိုကောင်းမွန်တဲ့ နေ့ရက်တွေရဖို့ ဆက်လက်ကြိုးပမ်းသွားမှာဖြစ်ပေမယ့်လည်း စနေနေ့ညနေက မေ့ပစ်ချင်စရာညနေဖြစ်ခဲ့မှာ သေချာပါတယ်။
၄။ နောက်ထပ်ပေးဂိုးမရှိပွဲစဉ်ကို မရယူနိုင်ခဲ့တဲ့ ရာယာ
ပြီးခဲ့တဲ့အပတ်မှာ မိခင်ကလပ် ဘရန့်တ်ဖို့ဒ်ကို အနိုင်ရခဲ့တဲ့ပွဲမှာ အရန်ခုံကနေ ကြည့်ရှုခဲ့ရတဲ့ ရာယာဟာ လွန်းစ်ကို အနိုင်ရခဲ့တဲ့ ပွဲမှာ ပွဲထွက်ဂိုးသမားအဖြစ် ပြန်လည်ပါဝင်ကစားပေးခဲ့ပြီးနောက် ဝုလ်ဗ်စ်နဲ့ပွဲမှာလည်း ပွဲထွက်ဂိုးသမားနေရာကို ဆက်လက်ထိန်းသိမ်းနိင်ခဲ့ပါတယ်။ အာဆင်နယ်မှာ အဓိကပွဲထွက်ဂိုးသမားဖြစ်လာခဲ့တဲ့ ရာယာဟာ ဝုလ်ဗ်စ်နဲ့ပွဲမှာ အသင်းဖော်တွေရဲ့အလုပ်ကို ကူညီပေးနိုင်ခဲ့ပြီး ၈၆ မိနစ်မတိုင်ခင်အထိ စီစဉ်ထားတဲ့အတိုင်း ဖြစ်ခဲ့တာဖြစ်ပါတယ်။ အသင်းအတွက် အကူအညီ အများကြီးမဖြစ်ခဲ့ရင်တောင်မှ ၂ ပွဲဆက် ကလင်းရှစ်တ်ရခဲ့ရင်တောင်မှ စပိန်ဂိုးသမားရဲ့ ယုံကြည်မှုအတွက် အများကြီး အကူအညီဖြစ်စေခဲ့မှာ ဖြစ်ပေမယ့် ကွန်ညာရဲ့ နောက်ကျချေပဂိုးကို ခွင့်ပြုခဲ့ရတာဖြစ်ပါတယ်။
၅။ ဂိုးတွေနဲ့ ပြန်လာနိုင်ခဲ့ပြီဖြစ်တဲ့ ကွန်ညာ
မားသီးယပ်စ် ကွန်ညာဟာ ဇန်နဝါရီမှာ ဝုလ်ဗ်စ်ကို စံချိန်တင်ကစားသမားခေါ်ယူမှုအဖြစ် ရောက်လာကတည်းက သွင်းဂိုးတွေအတွက် ရုန်းကန်ခဲ့ရပြီး မိုလီနာကွင်းက လူတွေကို မေးလိုက်ရင် ဘရာဇီးလ်ကြယ်ပွင့်ဟာ ကွင်းတွင်းကွင်းပြင်မှာ အရေးအပါဆုံးကစားသမားလို့ ပြောကြမှာဖြစ်ပါတယ်။ နည်းစနစ်ပိုင်း အလွန်ထက်မြက်သလို ကျောနံပါတ် ၉ အဖြစ် ကစားရတာက ပုံမှန်ကစားနေကျမဟုတ်ပေမယ့်လည်း ဒီရာသီမှာ အလုပ်ကြိုးစားပြီး အထောင်တိုက်စစ်မှူးဆီကနေ အိုနေးလ်လိုချင်တဲ့အရာကို ပေးခဲ့တာဖြစ်ပါတယ်။ ကွန်ညာရဲ့ ကိုယ်ရည်ကိုယ်သွေးနဲ့ ဘာသာစကားကျွမ်းကျင်မှုက အဝတ်လဲခန်းထဲမှာ သဟဇာတဖြစ်မှုအတွက်အရေးကြီးခဲ့ပေမယ့်လည်း အာဆင်နယ်ဘက်ကို သွင်းယူခဲ့တဲ့ သွင်းဂိုးက ကွန်ညာဟာ အကောင်းဆုံးပုံစံရရှိနေပြီဆိုတာကို ပြသခဲ့တဲ့ လက္ခဏာဖြစ်ပါတယ်။ တနင်္လာနေ့ညက ဖူလ်ဟမ်ကို ရှုံးနိမ့်ခဲ့တဲ့ပွဲက ခေါင်းတိုက်သွင်းဂိုးအပြီး ကိုက် ၂၀ အကွာကနေ ဘယ်ခြေနဲ့ အဆုံးသတ်ခဲ့မှုက ဧည့်သည်တွေအတွက် မျှော်လင့်ချက် ပေးနိုင်ခဲ့တာဖြစ်ပါတယ်။။ အိမ်ကွင်းပွဲ ၂ ပွဲ ကစားဖို့ ရှိနေတာကြောင့် ဝုလ်ဗ်စ်က ရမှတ်တွေ ရယူနိုင်ဖို့ မျှော်လင့်နေမှာဖြစ်ပြီး ကွန်ညာရဲ့ ကောင်းမွန်တဲ့ခြေစွမ်းက အကူအညီပေးနိုင်မှာဖြစ်ပါတယ်။
၆။ စီးတီးကို ဦးဆောင်နိုင်ခဲ့တဲ့ အာဆင်နယ်
မန်ချက်စတာစီးတီးက ပြီးခဲ့တဲ့နှစ် ဆုဖလားပြိုင်ပွဲမှာ ကျော်တက်နိုင်ခဲ့ပြီးနောက် အာဆင်နယ်ဟာ ဒီရာသီမှာ ပိုမိုကောင်းမွန်တဲ့အသင်းတသင်းဖြစ်လာဖို့ စိတ်ပိုင်းဖြတ်ခဲ့ပြီး မကြာသေးမီက ပွဲစဉ်တွေမှာ ပြသခဲ့တဲ့ ခြေစွမ်းတွေအရ ဂွါဒီယိုလာရဲ့အသင်းဟာ ရင်ဆိုင်ဖို့ မလွယ်တဲ့အသင်းဆိုတာ သက်သေဖြစ်ခဲ့ပါတယ်။ အာဆင်နယ်ဟာ အခုကနေ မေလအထိ ဝုလ်ဗ်စ်နဲ့ပွဲစဉ်ကထက် ပိုမိုခက်ခဲတဲ့ စမ်းသပ်မှုတွေ ရင်ဆိုင်ရမှာဖြစ်ပေမယ့်လည်း မန်စီးတီးကို ရနိုင်သလောက် အမှတ်ဖြတ်ထားနိုင်ဖို့ ကြိုးပမ်းသွားဖို့ကသာ အရေးကြီးတာဖြစ်ပါတယ်။ အဲဒီလိုသာ မဟုတ်ရင်တော့ အာဆင်နယ်ဟာ ပြီးခဲ့တဲ့နှစ်က ဆုဖလားပြိုင်ပွဲမှာ လွဲချော်ခဲ့တာကြောင့် အသည်းကွဲခဲ့တဲ့အတိုင်း ထပ်မံကြုံတွေ့ရနိုင်ပါတယ်။ ဂန်းနားတွေဟာ ဒီပွဲစဉ်မှာ အနိုင်ရခဲ့တဲ့အတွက် တနင်္ဂနွေနေ့မှာ စပါးစ်နဲ့ ကစားရမယ့် မန်စီးတီးကို ၄ မှတ်အထိ ဖြတ်ထားနိုင်ခဲ့ပြီဖြစ်ပြီး ဂွါဒီယိုလာရဲ့အသင်းဟာ လာမယ့်နှစ်အစမှာ ကလပ်ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ဝင်ရောက်ယှဉ်ပြိုင်ရမှာကလည်း ဂန်းနားတွေအတွက် အခွင့်အရေးကောင်းတစ်ခုဖြစ်လာမှာဖြစ်ပါတယ်။ အာဆင်နယ်အနေနဲ့ မမျှော်လင့်ကောင်းတဲ့အရာအဖြစ် တနင်္ဂနွေနေ့မှာ ခါးသီးပြိုင်ဘက် တော့တင်ဟမ်ဟော့စပါးက မန်စီးတီးကို အနိုင်ယူနိုင်ပါစေလို့ ဆုတောင်းပေးရမလိုဖြစ်နေပြီး ဂွါဒီယိုလာရဲ့အသင်းသာ ရမှတ်လျော့ကျခဲ့မယ်ဆိုရင် ဒီဇင်ဘာ ပွဲကြပ်ကာလအတွင်း ဂန်းနားတွေကို ပြန်ကျော်တက်နိုင်ဖို့ဆိုတာ တော်တော်လေးခက်ခဲမှာဖြစ်ပါတယ်။
၇။ နိုင်ပွဲကို ခါးသီးစေခဲ့တဲ့ တိုမိယဆုရဲ့ ဒဏ်ရာ
တိုမိယဆုရဲ့ အာဆင်နယ်အတွက် ပြန်လည်ရှင်သန်လာမှုဟာ အထင်ကြီးစရာကောင်းမွန်ခဲ့ပြီး ဂျပန်နောက်ခံလူဟာ အာဆင်နယ်ပွဲထွက်လူစာရင်းမှာ နေရာအခိုင်အမာ ရရှိခဲ့တာဖြစ်ပါတယ်။ ဆာကာရဲ့ အစောပိုင်းအဖွင့်ဂိုးမှာ ဂိုးဖန်တီးပေးခဲ့ပြီး အိမ်ကွင်းပရိသတ်တွေရှေ့မှာ နောက်ထပ်တစ်ကြိမ် အပေါင်းလက္ခဏာဆောင်တဲ့ခြေစွမ်းကို ပြသနိုင်ခဲ့ပြီးနောက် တိုမိယဆုဟာ ဒဏ်ရာရခဲ့တာကြောင့် ဘန် ဝှိုက်နဲ့ လူစားလဲခံခဲ့ရပြီး ပြီးခဲ့တဲ့ပွဲတွေမှာ ချန်လှပ်ခဲ့လို့မရခဲ့တဲ့ ဂျပန်နောက်ခံလူအတွက်တော့ ရင်နာစရာဖြစ်ခဲ့ပါတယ်။
Arsenal Myanmar
Ref: Internet
ZAWGYI: ဂန္းနားေတြအတြက္ ပထမပိုင္းမွာ ျပသခဲ့တဲ့ ထိပ္တန္းအဆင့္က ဝုလ္ဗ္စ္နဲ႔ ပြဲစဥ္မွာ ၂-၁ နဲ႔ အႏိုင္ရၿပီး ပရီးမီးယားလိဂ္အမွတ္ေပးဇယားကို ဆက္လက္ဦးေဆာင္ႏိုင္ဖို႔အတြက္ လုံေလာက္ခဲ့ပါတယ္။
ဆာကာဟာ ပထမပိုင္း ၆ မိနစ္မွာပဲ ဂ်ိဳေဆးဆားကို ေနာက္ေကာက္က်ေစခဲ့တဲ့ သြင္းဂိုးကို မသြင္းယူခင္မွာ ဝုလ္ဗ္စ္ေနာက္တန္းကို တရစပ္ၿခိမ္းေျခာက္ခဲ့ၿပီး အသင္းေခါင္းေဆာင္ မာတင္ ေအာ္ဒီဂြါဒ္က ေနာက္ထပ္ ၇ မိနစ္အၾကာမွာ ဂန္းနားေတြအတြက္ ေနာက္ထပ္ဦးေဆာင္ဂိုးကို သြင္းယူသြားခဲ့တာျဖစ္ပါတယ္။
ဝုလ္ဗ္စ္အတြက္ မားသီးယပ္စ္ ကြန္ညာက ၈၆ မိနစ္မွာ ေနာက္က်ေခ်ပဂိုး သြင္းယူခဲ့ေပမယ့္လည္း ဂန္းနားေတြက ေနာက္ထပ္ အိမ္ကြင္းႏိုင္ပြဲရယူႏိုင္ခဲ့တာေၾကာင့္ လက္ရွိမွာ တနဂၤေႏြေန႔ ေတာ့တင္ဟမ္ေဟာ့စပါးနဲ႔ ကစားရမယ့္ မန္စီးတီးထက္ ၄ မွတ္အသာနဲ႔ အမွတ္ေပးဇယားထိပ္ဆုံးမွာ ယာယီဦးေဆာင္ႏိုင္ခဲ့ၿပီျဖစ္ပါတယ္။
၁။ အာဆင္ဝင္းဂါးရဲ႕ အသင္းပုံစံကို ျပန္ျမင္ခဲ့ရတဲ့ သြင္းဂိုး
အာတီတာဟာ လြန္ခဲ့တဲ့ ၄ ႏွစ္က အာဆင္နယ္နည္းျပရာထူးကို လက္ခံခဲ့ၿပီးကတည္းက ပိုမိုဆိုး႐ြားတဲ့ရက္သတၱပတ္ေတြကို ရင္ဆိုင္ခဲ့ရေကာင္း ရင္ဆိုင္ခဲ့ရႏိုင္ပါတယ္။ အာစီ လြန္းစ္ကို ခ်န္ပီယံလိဂ္မွာ ၆-၀ နဲ႔ အႏိုင္ရခဲ့တဲ့ပြဲစဥ္ကို ၾကည့္ရႈခဲ့ၿပီးေနာက္ ရက္ပိုင္းအၾကာမွာ အာတီတာဟာ ပိတ္ဆို႔ထားတဲ့ ခံစစ္ကို ထိုးေဖာက္ၿပီး ဂိုးသြင္းယူခဲ့တဲ့ အသင္းရဲ႕ ေကာင္းမြန္တဲ့ တိုက္စစ္ကစားပုံကို ထပ္မံျမင္ေတြ႕ခဲ့ရပါတယ္။ ပထမဆုံးဂိုးအတြက္ ဆာကာရဲ႕ တစ္ဦးခ်င္း တိုက္စစ္စတင္မႈက အထင္ႀကီးစရာေကာင္းခဲ့တယ္ဆိုရင္ ေအာ္ဒီဂြါဒ္ရဲ႕ သြင္းဂိုးအတြက္ ခ်ဥ္းကပ္ပုံက ထူးျခားခဲ့ပါတယ္။ ေဘာလုံးကို ညာေတာင္ပံကေန ဘယ္ေတာင္ပံကို ေျပာင္းကစားခဲ့ၿပီးေနာက္ ဇင္ခ်န္ကို ခ်ိဳးေပးလိုက္တဲ့ေဘာလုံးကို ေအာ္ဒီဂြါဒ္က အဆုံးသတ္ခဲ့တာ ျဖစ္ပါတယ္။ ပထမပိုင္းဟာ အာဆင္နယ္ဝင္းဂါးလက္ေအာက္မွာ ဆုဖလားေတြ ရယူေနက် အရင္ေခတ္ေဟာင္း အာဆင္နယ္ကို ျပန္ျမင္ရသလို ခံစားခဲ့ရၿပီး ဝုလ္ဗ္စ္အေနနဲ႔ ဒီႏွစ္မွာ ဒီလိုအသင္းကို မေက်ာ္ျဖတ္ႏိုင္ခဲ့တဲ့ ေနာက္ဆုံးအသင္းမဟုတ္ႏိုင္ပါဘူး။
၂။ ေနာက္ထပ္တစ္ႀကိမ္ ေတာက္ပခဲ့ျပန္တဲ့ ဆာကာ
ၿပီးခဲ့တဲ့ ၁၈ လအတြင္းအတြင္း တိုးတက္လာတဲ့ ေျခစြမ္းေၾကာင့္ ဆာကာဟာ စေနေန႔ညေနရဲ႕ ပြဲအရွိန္ကို သတ္မွတ္ေပးခဲ့သူျဖစ္ခဲ့တာ အံ့အားသင့္စရာမဟုတ္ေတာ့ပါဘူး။ အဂၤလန္ေတာင္ပံကစားသမားဟာ ပင္နယ္တီဧရိယာထဲမွာ အလြန္ေကာင္းမြန္တဲ့ ထိုးေဖာက္မႈေတြ ျပဳလုပ္ႏိုင္ခဲ့ေပမယ့္လည္း ေ႐ြ႕လ်ားမႈ စတင္ဖို႔အတြက္ ဝုလ္ဗစ္ေနာက္ခံလူ ၂ ဦးကို ေက်ာ္ျဖတ္ျပခဲ့တဲ့ပုံစံကေတာ့ တုန္လႈပ္စရာေကာင္းခဲ့ပါတယ္။ အာဆင္နယ္ၾကယ္ပြင့္ဟာ ဒီရာသီမွာ ဒဏ္ရာျပႆနာေတြနဲ႔ ရင္ဆိုင္ခဲ့ရေပမယ့္လည္း ႀကံ့ခိုင္မႈအျပည့္အဝ ျပန္လည္ရရွိေနပုံေပၚၿပီး ဝုလ္ဗ္စ္နဲ႔ပြဲမွာ အေကာင္းဆုံးပုံစံနဲ႔ ဧည့္သည္ေတြရဲ႕ ခံစစ္ကို ညႇင္းပန္းႏွိပ္စက္ရာမွာ ဥေသွ်ာင္ျဖစ္ခဲ့ပါတယ္။ ဆာကာရဲ႕ လ်င္ျမန္တဲ့ ျမန္ႏႈန္းဟာ ဟူဂို ေဗြႏိုနဲ႔ တိုတီ ဂိုးမက္စ္တို႔ကို အိပ္မက္ဆိုးျဖစ္ေစခဲ့ၿပီး ဂါဘရီယဲလ္ မာတီနယ္လီအတြက္ ေပးပို႔ခဲ့ခ်ိန္မွာ ဂိုးဖန္တီးမႈ ရရွိလုနီးပါး ျဖစ္ခဲ့တာျဖစ္ပါတယ္။ ဆာကာဟာ က်ိန္းေသေပါက္ အေကာင္းဆုံးပုံစံကို ျပန္လည္ရရွိေနၿပီဆိုတာ သံသယျဖစ္စရာမရွိဘဲ မန္စီးတီးအတြက္ေတာ့ သတင္းဆိုးျဖစ္လာၿပီျဖစ္ပါတယ္။
၃။ဝုလ္ဗစ္အတြက္ ေမ့ထားခ်င္စရာေကာင္းတဲ့ ပထမပိုင္း
ဂယ္ရီ အိုေနးလ္ဟာ ဝုလ္ဗ္စ္နည္းျပအျဖစ္ တာဝန္ယူကိုင္တြယ္ခဲ့တဲ့အခ်ိန္ကတည္းက ေကာင္းမြန္တဲ့အလုပ္ကို လုပ္ႏိုင္ခဲ့ေပမယ့္လည္း စေနေန႔ညပြဲဟာ ဝံပုေလြအတြက္ ဘက္ေပါင္းစုံက ဆိုး႐ြားတဲ့ပြဲတစ္ပြဲျဖစ္ခဲ့ပါတယ္။ ဒီပြဲသာ လက္ေဝွ႔ပြဲဆိုရင္ အာဆင္နယ္က ဧည့္သည္ေတြကို ေစာေစာစီးစီး ဒိုင္ပြဲရပ္အလဲထိုးႏိုင္ခဲ့တဲ့ပြဲလို႔ ဆိုရမွာျဖစ္ၿပီး ဧည့္သည္ေတြဟာ ပထမပိုင္းအၿပီးမွာ ကစားပုံေကာင္းမြန္ခဲ့ေပမယ့္လည္း အိမ္ရွင္ေတြကို ပြဲၿပီးခါနီး ကြန္ညာရဲ႕ေခ်ပဂိုးမတိုင္ခင္ ထိေရာက္တဲ့ၿခိမ္းေျခာက္မႈ မျပဳလုပ္ႏိုင္ခဲ့တာျဖစ္ပါတယ္။ ပထမပိုင္းအလယ္ေလာက္မွာ ဂ်ိဳေဆး ဆား ေနာက္ေက်ာဒဏ္ရာ ရရွိသြားတဲ့ ျမင္ကြင္းက အိုေနးလ္အတြက္ စိတ္မသက္သာစရာျဖစ္ခဲ့ၿပီး ဝုလ္ဗ္စ္အေနနဲ႔ ပိုမိုေကာင္းမြန္တဲ့ ေန႔ရက္ေတြရဖို႔ ဆက္လက္ႀကိဳးပမ္းသြားမွာျဖစ္ေပမယ့္လည္း စေနေန႔ညေနက ေမ့ပစ္ခ်င္စရာညေနျဖစ္ခဲ့မွာ ေသခ်ာပါတယ္။
၄။ ေနာက္ထပ္ေပးဂိုးမရွိပြဲစဥ္ကို မရယူႏိုင္ခဲ့တဲ့ ရာယာ
ၿပီးခဲ့တဲ့အပတ္မွာ မိခင္ကလပ္ ဘရန႔္တ္ဖို႔ဒ္ကို အႏိုင္ရခဲ့တဲ့ပြဲမွာ အရန္ခုံကေန ၾကည့္ရႈခဲ့ရတဲ့ ရာယာဟာ လြန္းစ္ကို အႏိုင္ရခဲ့တဲ့ ပြဲမွာ ပြဲထြက္ဂိုးသမားအျဖစ္ ျပန္လည္ပါဝင္ကစားေပးခဲ့ၿပီးေနာက္ ဝုလ္ဗ္စ္နဲ႔ပြဲမွာလည္း ပြဲထြက္ဂိုးသမားေနရာကို ဆက္လက္ထိန္းသိမ္းနိင္ခဲ့ပါတယ္။ အာဆင္နယ္မွာ အဓိကပြဲထြက္ဂိုးသမားျဖစ္လာခဲ့တဲ့ ရာယာဟာ ဝုလ္ဗ္စ္နဲ႔ပြဲမွာ အသင္းေဖာ္ေတြရဲ႕အလုပ္ကို ကူညီေပးႏိုင္ခဲ့ၿပီး ၈၆ မိနစ္မတိုင္ခင္အထိ စီစဥ္ထားတဲ့အတိုင္း ျဖစ္ခဲ့တာျဖစ္ပါတယ္။ အသင္းအတြက္ အကူအညီ အမ်ားႀကီးမျဖစ္ခဲ့ရင္ေတာင္မွ ၂ ပြဲဆက္ ကလင္းရွစ္တ္ရခဲ့ရင္ေတာင္မွ စပိန္ဂိုးသမားရဲ႕ ယုံၾကည္မႈအတြက္ အမ်ားႀကီး အကူအညီျဖစ္ေစခဲ့မွာ ျဖစ္ေပမယ့္ ကြန္ညာရဲ႕ ေနာက္က်ေခ်ပဂိုးကို ခြင့္ျပဳခဲ့ရတာျဖစ္ပါတယ္။
၅။ ဂိုးေတြနဲ႔ ျပန္လာႏိုင္ခဲ့ၿပီျဖစ္တဲ့ ကြန္ညာ
မားသီးယပ္စ္ ကြန္ညာဟာ ဇန္နဝါရီမွာ ဝုလ္ဗ္စ္ကို စံခ်ိန္တင္ကစားသမားေခၚယူမႈအျဖစ္ ေရာက္လာကတည္းက သြင္းဂိုးေတြအတြက္ ႐ုန္းကန္ခဲ့ရၿပီး မိုလီနာကြင္းက လူေတြကို ေမးလိုက္ရင္ ဘရာဇီးလ္ၾကယ္ပြင့္ဟာ ကြင္းတြင္းကြင္းျပင္မွာ အေရးအပါဆုံးကစားသမားလို႔ ေျပာၾကမွာျဖစ္ပါတယ္။ နည္းစနစ္ပိုင္း အလြန္ထက္ျမက္သလို ေက်ာနံပါတ္ ၉ အျဖစ္ ကစားရတာက ပုံမွန္ကစားေနက်မဟုတ္ေပမယ့္လည္း ဒီရာသီမွာ အလုပ္ႀကိဳးစားၿပီး အေထာင္တိုက္စစ္မႉးဆီကေန အိုေနးလ္လိုခ်င္တဲ့အရာကို ေပးခဲ့တာျဖစ္ပါတယ္။ ကြန္ညာရဲ႕ ကိုယ္ရည္ကိုယ္ေသြးနဲ႔ ဘာသာစကားကြၽမ္းက်င္မႈက အဝတ္လဲခန္းထဲမွာ သဟဇာတျဖစ္မႈအတြက္အေရးႀကီးခဲ့ေပမယ့္လည္း အာဆင္နယ္ဘက္ကို သြင္းယူခဲ့တဲ့ သြင္းဂိုးက ကြန္ညာဟာ အေကာင္းဆုံးပုံစံရရွိေနၿပီဆိုတာကို ျပသခဲ့တဲ့ လကၡဏာျဖစ္ပါတယ္။ တနလၤာေန႔ညက ဖူလ္ဟမ္ကို ရႈံးနိမ့္ခဲ့တဲ့ပြဲက ေခါင္းတိုက္သြင္းဂိုးအၿပီး ကိုက္ ၂၀ အကြာကေန ဘယ္ေျခနဲ႔ အဆုံးသတ္ခဲ့မႈက ဧည့္သည္ေတြအတြက္ ေမွ်ာ္လင့္ခ်က္ ေပးႏိုင္ခဲ့တာျဖစ္ပါတယ္။။ အိမ္ကြင္းပြဲ ၂ ပြဲ ကစားဖို႔ ရွိေနတာေၾကာင့္ ဝုလ္ဗ္စ္က ရမွတ္ေတြ ရယူႏိုင္ဖို႔ ေမွ်ာ္လင့္ေနမွာျဖစ္ၿပီး ကြန္ညာရဲ႕ ေကာင္းမြန္တဲ့ေျခစြမ္းက အကူအညီေပးႏိုင္မွာျဖစ္ပါတယ္။
၆။ စီးတီးကို ဦးေဆာင္ႏိုင္ခဲ့တဲ့ အာဆင္နယ္
မန္ခ်က္စတာစီးတီးက ၿပီးခဲ့တဲ့ႏွစ္ ဆုဖလားၿပိဳင္ပြဲမွာ ေက်ာ္တက္ႏိုင္ခဲ့ၿပီးေနာက္ အာဆင္နယ္ဟာ ဒီရာသီမွာ ပိုမိုေကာင္းမြန္တဲ့အသင္းတသင္းျဖစ္လာဖို႔ စိတ္ပိုင္းျဖတ္ခဲ့ၿပီး မၾကာေသးမီက ပြဲစဥ္ေတြမွာ ျပသခဲ့တဲ့ ေျခစြမ္းေတြအရ ဂြါဒီယိုလာရဲ႕အသင္းဟာ ရင္ဆိုင္ဖို႔ မလြယ္တဲ့အသင္းဆိုတာ သက္ေသျဖစ္ခဲ့ပါတယ္။ အာဆင္နယ္ဟာ အခုကေန ေမလအထိ ဝုလ္ဗ္စ္နဲ႔ပြဲစဥ္ကထက္ ပိုမိုခက္ခဲတဲ့ စမ္းသပ္မႈေတြ ရင္ဆိုင္ရမွာျဖစ္ေပမယ့္လည္း မန္စီးတီးကို ရႏိုင္သေလာက္ အမွတ္ျဖတ္ထားႏိုင္ဖို႔ ႀကိဳးပမ္းသြားဖို႔ကသာ အေရးႀကီးတာျဖစ္ပါတယ္။ အဲဒီလိုသာ မဟုတ္ရင္ေတာ့ အာဆင္နယ္ဟာ ၿပီးခဲ့တဲ့ႏွစ္က ဆုဖလားၿပိဳင္ပြဲမွာ လြဲေခ်ာ္ခဲ့တာေၾကာင့္ အသည္းကြဲခဲ့တဲ့အတိုင္း ထပ္မံႀကဳံေတြ႕ရႏိုင္ပါတယ္။ ဂန္းနားေတြဟာ ဒီပြဲစဥ္မွာ အႏိုင္ရခဲ့တဲ့အတြက္ တနဂၤေႏြေန႔မွာ စပါးစ္နဲ႔ ကစားရမယ့္ မန္စီးတီးကို ၄ မွတ္အထိ ျဖတ္ထားႏိုင္ခဲ့ၿပီျဖစ္ၿပီး ဂြါဒီယိုလာရဲ႕အသင္းဟာ လာမယ့္ႏွစ္အစမွာ ကလပ္ကမာၻ႔ဖလားၿပိဳင္ပြဲမွာ ဝင္ေရာက္ယွဥ္ၿပိဳင္ရမွာကလည္း ဂန္းနားေတြအတြက္ အခြင့္အေရးေကာင္းတစ္ခုျဖစ္လာမွာျဖစ္ပါတယ္။ အာဆင္နယ္အေနနဲ႔ မေမွ်ာ္လင့္ေကာင္းတဲ့အရာအျဖစ္ တနဂၤေႏြေန႔မွာ ခါးသီးၿပိဳင္ဘက္ ေတာ့တင္ဟမ္ေဟာ့စပါးက မန္စီးတီးကို အႏိုင္ယူႏိုင္ပါေစလို႔ ဆုေတာင္းေပးရမလိုျဖစ္ေနၿပီး ဂြါဒီယိုလာရဲ႕အသင္းသာ ရမွတ္ေလ်ာ့က်ခဲ့မယ္ဆိုရင္ ဒီဇင္ဘာ ပြဲၾကပ္ကာလအတြင္း ဂန္းနားေတြကို ျပန္ေက်ာ္တက္ႏိုင္ဖို႔ဆိုတာ ေတာ္ေတာ္ေလးခက္ခဲမွာျဖစ္ပါတယ္။
၇။ ႏိုင္ပြဲကို ခါးသီးေစခဲ့တဲ့ တိုမိယဆုရဲ႕ ဒဏ္ရာ
တိုမိယဆုရဲ႕ အာဆင္နယ္အတြက္ ျပန္လည္ရွင္သန္လာမႈဟာ အထင္ႀကီးစရာေကာင္းမြန္ခဲ့ၿပီး ဂ်ပန္ေနာက္ခံလူဟာ အာဆင္နယ္ပြဲထြက္လူစာရင္းမွာ ေနရာအခိုင္အမာ ရရွိခဲ့တာျဖစ္ပါတယ္။ ဆာကာရဲ႕ အေစာပိုင္းအဖြင့္ဂိုးမွာ ဂိုးဖန္တီးေပးခဲ့ၿပီး အိမ္ကြင္းပရိသတ္ေတြေရွ႕မွာ ေနာက္ထပ္တစ္ႀကိမ္ အေပါင္းလကၡဏာေဆာင္တဲ့ေျခစြမ္းကို ျပသႏိုင္ခဲ့ၿပီးေနာက္ တိုမိယဆုဟာ ဒဏ္ရာရခဲ့တာေၾကာင့္ ဘန္ ဝႈိက္နဲ႔ လူစားလဲခံခဲ့ရၿပီး ၿပီးခဲ့တဲ့ပြဲေတြမွာ ခ်န္လွပ္ခဲ့လို႔မရခဲ့တဲ့ ဂ်ပန္ေနာက္ခံလူအတြက္ေတာ့ ရင္နာစရာျဖစ္ခဲ့ပါတယ္။
Arsenal Myanmar
Ref: Internet
- Posted In:
- Post Match Review