ဂွတ်ဒီဆင်ပါ့ခ် ကျိန်စာဆိုးကို ချေဖျက်ပြီး အနိုင် ၃ မှတ်နဲ့အိမ်ပြန်ခဲ့တဲ့ ဂန်းနားများ 1024 504 coyg

ဂွတ်ဒီဆင်ပါ့ခ် ကျိန်စာဆိုးကို ချေဖျက်ပြီး အနိုင် ၃ မှတ်နဲ့အိမ်ပြန်ခဲ့တဲ့ ဂန်းနားများ

ယနေ့ည ၁၀ နာရီမှာ ကစားခဲ့တဲ့ အဲဗာတန်နဲ့ ပွဲစဉ်မှာ အာဆင်နယ်က ၁-၀ နဲ့ အနိုင်ရရှိသွားခဲ့ပြီး အာတီတာလက်ထက် ဂွတ်ဒီဆင်ပါ့ခ်မှာ နိုင်ပွဲမရရှိဖူးတဲ့ ကျိန်စာဆိုးကို ချေဖျက်နိုင်ခဲ့ပြီ ဖြစ်ပါတယ်။

ဂန်းနားတွေဟာ ပထမပိုင်းမှာ မာတီနယ်လီရဲ့ သွင်းဂိုးကို VAR က ငြင်းပယ်ခဲ့တာကြောင့် နစ်နာခဲ့ရပြီး အဲဒီထက်ပိုဆိုးသွားတာကတော့ ဘရာဇီးလ်ကြယ်ပွင့်က ဒဏ်ရာရရှိသွားခဲ့တာ ဖြစ်ပါတယ်။ မာတီနယ်လီရဲ့နေရာမှာ လီအန်ဒရို ထရော့ဆာ့ဒ်က လူစားဝင်ကစားပေးခဲ့ပြီး ဒုတိယပိုင်း ၆၉ မိနစ်မှာ ဘူကာယို ဆာကာရဲ့ ဖန်တီးပေးပို့မှုကနေတဆင့် တစ်လုံးတည်းသော အနိုင်ဂိုးကို သွင်းယူပေးသွားခဲ့တာဖြစ်ပါတယ်။

၁။ VAR ကြောင့် စိတ်ရှုပ်ထွေးခဲ့ရတဲ့ အာဆင်နယ်နဲ့ နဗီး

မာတီနယ်လီရဲ့ အဖွင့်ဂိုးကို ခွင့်ပြုဖို့ ငြင်းဆန်ခဲ့ပြီးနောက် ဂွတ်ဒီဆင်ပါ့ခ်မှာ စိတ်ရှုပ်ထွေးခဲ့သူတွေ ရှိခဲ့ပြီး အဲဒီထဲမှာ ပွဲကြေညာသူ ဂယ်ရီ နဗီးလည်း အပါအဝင်ဖြစ်ခဲ့ပါတယ်။ ဘီတိုက ဂါဘရီယဲလ်ရဲ့ပေးပို့မှုကို ပိတ်ဆို့ဖို့ ကြိုးပမ်းခဲ့ပြီးနောက် ဂိုးရခဲ့တာဖြစ်ပြီး ဘောလုံးက လူထိလမ်းကြောင်းပြောင်းပြီး အန်ကီးတီးယားဆီရောက်ခဲ့ပြီးနောက် ဖေဘီယို ဗီယာရာက မာတီနယ်လီကို မျှောထိုးပေးခဲ့တာဖြစ်ပါတယ်။ ဘရာဇီးလ်ကြယ်ပွင့်ရဲ့ အဆုံးသတ်က အလွန်ကောင်းမွန်ခဲ့ပြီး တိုက်စစ်စတင်ချိန်မှာ အန်ကီးတီးယားက လူကျွံနေခဲ့တယ်လို့ ဆုံးဖြတ်ခဲ့တာကြောင့် အောင်ပွဲခံနေမှုတွေက ရပ်တန့်ခဲ့ရတာဖြစ်ပါတယ်။ မန်ချက်စတာယူနိုက်တက်ဂန္တဝင် ဂယ်ရီ နဗီးက VAR က ဘာကြောင့် လူကျွံဘောပေးခဲ့ရလဲဆိုတာ နားမလည်နိုင်ဖြစ်ခဲ့ရပြီး မှန်းဆချက်မျိုးလို့ ပြောရမယ်လို့ ပြောဆိုခဲ့တာဖြစ်ပါတယ်။

၂။ မစမ်းသပ်ရသေးတဲ့ အာတီတာရဲ့ ရာယာကို ခေါ်ယူမှု

အဲဗာတန်နဲ့ပွဲမကန်ခင်မှာ အာတီတာက ပွဲထွက်လူစာရင်း ရွေးချယ်မှုနဲ့ပတ်သက်ပြီး ပရိသတ်တွေကို ပြောစရာပေးခဲ့ပြီး နွေရာသီကစားသမားခေါ်ယူမှုဖြစ်တဲ့ ရာယာက ရမ်းစ်ဒေးလ်ရဲ့ နေရာမှာ ပါဝင်လာခဲ့တာ ဖြစ်ပါတယ်။ အာတီတာက အဲဒီအပြောင်းအလဲဟာ ပွဲဆက်မများမီ အလှည့်ကျ မူဝဒါရဲ့တစိတ်တပိုင်းဖြစ်တယ်လို့ ရှင်းလင်းခဲ့ပြီး စပိန်ဂိုးသမားဟာ ဂွတ်ဒီဆင်ပါ့ခ်မှာ ဘာမှများများစားစား လက်စွမ်းပြဖို့ မလိုခဲ့တာကြောင့် အာတီတာရဲ့ အပြောင်းအလဲဟာ မှန်ကန်တဲ့ အပြောင်းအလဲလားဆိုတာကို ဆက်စောင့်ကြည့်ရမှာ ဖြစ်ပါတယ်။ ရမ်းစ်ဒေးလ်အတွက်တော့ အနည်းငယ်စိတ်ပျက်စရာဖြစ်ခဲ့နိုင်ပြီး ပစ်ဖို့ဒ်က အဲဗာတန်အတွက် လက်စွမ်းပြသနေချိန်မှာ အရန်ခုံထိုင်နေရတာက အင်္ဂလန်လက်ရွေးစင်ဂိုးသမားနေရာအတွက် အင်ပရက်ရှင် ဒေါင်းတယ်လို့ ခံစားရနိုင်ပါတယ်။

၃။ Super Sub လေး ထရော့ဆာ့ဒ်

ဂွတ်ဒီဆင်ပါ့ခ်မှာ အာဆင်နယ်ဟာ အိမ်ရှင်တွေရဲ့ ခံစစ်ကို ဖြိုခွဲနိုင်ဖို့ ရုန်းကန်ခဲ့ရပြီး မာတီနယ်လီရဲ့ ခွင့်ပြုခြင်းမခံခဲ့ရတဲ့ဂိုးနဲ့ အစောပိုင်းမှာ အော်ဒီဂွါဒ်ရဲ့ အပိုင်ကန်သွင်းမှုကို ပစ်ဖို့ဒ် ကာကွယ်ခဲ့တဲ့အလုံးက လွဲရင် ဘာမှ မလုပ်နိုင်ခဲ့တာဖြစ်ပါတယ်။ ထရော့ဆာ့ဒ်က ပထမပိုင်း အလယ်လောက်မှာ မာတီနယ်လီရဲ့နေရာမှာ လူစားဝင်ကစားပေးခဲ့ပြီး ဒုတိယပိုင်းပွဲကစားချိန် မိနစ် ၂၀ ကျော်သာ ကျန်တော့ချိန်မှာ အလွန်ကောင်းမွန်တဲ့ ရွေ့လျားမှုနဲ့အတူ ဂိုးသွင်းယူပေးခဲ့တာဖြစ်ပါတယ်။ ဒီသွင်းဂိုးဟာ ထရော့ဆာ့ဒ်အတွက် အမ်းမရိတ်စ်ကို ပြောင်းရွှေ့ပြီးကတည်းက တတိယမြောက်သွင်းဂိုး ဖြစ်ခဲ့ပြီး ဒီသွင်းဂိုး ၃ ဂိုးစလုံးဟာ လူစားဝင်ကစားသမားအဖြစ်နဲ့ ဝင်ကစားပြီးတော့ သွင်းယူပေးခဲ့တာဖြစ်ပါတယ်။

၄။ ဂွတ်ဒီဆင်ပါ့ခ် ကျိန်စာဆိုး ပျက်ပြယ်သွားခဲ့တဲ့ အာဆင်နယ်

တနင်္ဂနွေနေ့ညနေနိုင်ပွဲဟာ အာဆင်နယ်အတွက် စိတ်ကျေနပ်စရာဖြစ်ခဲ့မယ်ဆိုတာ သံသယဖြစ်စရာမရှိဘဲ ဂွတ်ဒီဆင်ပါ့ခ်ဟာ အာတီတာရဲ့ မျက်နှာပေါ်က အပြုံးတွေကို ပျောက်ကွယ်စေခဲ့တဲ့နေရာဖြစ်ပါတယ်။ အာဆင်နယ်ဟာ ပြီးခဲ့တဲ့ရာသီ ဂွတ်ဒီဆင်ပါ့ခ်မှာ ရှုံးနိမ့်ခဲ့မှုကလည်း ပရီးမီးယားလိဂ်ဖလားကို ရာသီကုန်ခါနီးမှာ လက်လွှတ်ခဲ့ရတဲ့အကြောင်းအရင်းတွေထဲက တစ်ခုဖြစ်ခဲ့တာဖြစ်ပြီး ဂန်းနားတွေဟာ ၂၀၁၇ ခုနှစ်နောက်ပိုင်းကတည်းက မာဆေးဆိုဒ်မှာ အနိုင်မရတော့တာဖြစ်ပါတယ်။

၅။ နောက်ဆုံးမှာ ပြန်ပါလာတဲ့ ကယ်လ်ဗတ်-လူဝင်

အဲဗာတန်ဟာ ပွဲကစားချိန်အများစုကို လွှမ်းမိုးထားခဲ့တဲ့ ဂန်းနားတွေကို မတုံ့ပြန်နိုင်ခဲ့တဲ့အတွက် စိတ်ပျက်ခဲ့မှာဖြစ်ပါတယ်။ ပါးရိုးဒဏ်ရာရပြီးနောက် မျက်နှာဖုံးတပ်ခဲ့ရတဲ့ ဒေါမနစ် ကယ်လ်ဗတ်-လူဝင် ပြန်လည်ကစားပေးနိုင်ခဲ့ပေမယ့်လည်း အဲဗာတန်အနေနဲ့ လုပ်ဆောင်ရမယ့်အရာတွေ ရှိနေသေးတာဖြစ်ပြီး ခံစစ်ပိုင်းက တော်တော်လေး ထိခိုက်လွယ်နေပုံပေါ်ခဲ့ပါတယ်။ အဲဗာတန်ရဲ့ တိုက်စစ်ကောင်းမွန်မှုက ရာသီကုန်မှာ ၎င်းတို့ကို ပရီးမီးယားလိဂ်မှာ ဆက်ရှိနေစေဖို့ အဓိကသော့ချက်ဖြစ်လာမှာဖြစ်ပြီး ကယ်လ်ဗတ်-လူဝင်က အဲဗာတန်တိုက်စစ်ကို ပိုမိုတိုးတက်စေမှာဖြစ်ပါတယ်။ ရှောင်ဒိုက်ချ်ရော ကယ်လ်ဗတ်-လူဝင်ပါ အခုအချိန်မှာ ကြံ့ခိုင်မှုပြည့်ဝနေချင်မှာဖြစ်ပြီး ဘီတိုကလည်း အဲဗာတန်အတွက် တန်ဖိုးရှိတဲ့ရွေးချယ်စရာတစ်ခုဖြစ်ပုံပေါ်ပါတယ်။

Arsenal Myanmar

Ref: Internet

ZAWGYI: ယေန႔ည ၁၀ နာရီမွာ ကစားခဲ့တဲ့ အဲဗာတန္နဲ႔ ပြဲစဥ္မွာ အာဆင္နယ္က ၁-၀ နဲ႔ အႏိုင္ရရွိသြားခဲ့ၿပီး အာတီတာလက္ထက္ ဂြတ္ဒီဆင္ပါ့ခ္မွာ ႏိုင္ပြဲမရရွိဖူးတဲ့ က်ိန္စာဆိုးကို ေခ်ဖ်က္ႏိုင္ခဲ့ၿပီ ျဖစ္ပါတယ္။

ဂန္းနားေတြဟာ ပထမပိုင္းမွာ မာတီနယ္လီရဲ႕ သြင္းဂိုးကို VAR က ျငင္းပယ္ခဲ့တာေၾကာင့္ နစ္နာခဲ့ရၿပီး အဲဒီထက္ပိုဆိုးသြားတာကေတာ့ ဘရာဇီးလ္ၾကယ္ပြင့္က ဒဏ္ရာရရွိသြားခဲ့တာ ျဖစ္ပါတယ္။ မာတီနယ္လီရဲ႕ေနရာမွာ လီအန္ဒ႐ို ထေရာ့ဆာ့ဒ္က လူစားဝင္ကစားေပးခဲ့ၿပီး ဒုတိယပိုင္း ၆၉ မိနစ္မွာ ဘူကာယို ဆာကာရဲ႕ ဖန္တီးေပးပို႔မႈကေနတဆင့္ တစ္လုံးတည္းေသာ အႏိုင္ဂိုးကို သြင္းယူေပးသြားခဲ့တာျဖစ္ပါတယ္။

၁။ VAR ေၾကာင့္ စိတ္ရႈပ္ေထြးခဲ့ရတဲ့ အာဆင္နယ္နဲ႔ နဗီး

မာတီနယ္လီရဲ႕ အဖြင့္ဂိုးကို ခြင့္ျပဳဖို႔ ျငင္းဆန္ခဲ့ၿပီးေနာက္ ဂြတ္ဒီဆင္ပါ့ခ္မွာ စိတ္ရႈပ္ေထြးခဲ့သူေတြ ရွိခဲ့ၿပီး အဲဒီထဲမွာ ပြဲေၾကညာသူ ဂယ္ရီ နဗီးလည္း အပါအဝင္ျဖစ္ခဲ့ပါတယ္။ ဘီတိုက ဂါဘရီယဲလ္ရဲ႕ေပးပို႔မႈကို ပိတ္ဆို႔ဖို႔ ႀကိဳးပမ္းခဲ့ၿပီးေနာက္ ဂိုးရခဲ့တာျဖစ္ၿပီး ေဘာလုံးက လူထိလမ္းေၾကာင္းေျပာင္းၿပီး အန္ကီးတီးယားဆီေရာက္ခဲ့ၿပီးေနာက္ ေဖဘီယို ဗီယာရာက မာတီနယ္လီကို ေမွ်ာထိုးေပးခဲ့တာျဖစ္ပါတယ္။ ဘရာဇီးလ္ၾကယ္ပြင့္ရဲ႕ အဆုံးသတ္က အလြန္ေကာင္းမြန္ခဲ့ၿပီး တိုက္စစ္စတင္ခ်ိန္မွာ အန္ကီးတီးယားက လူကြၽံေနခဲ့တယ္လို႔ ဆုံးျဖတ္ခဲ့တာေၾကာင့္ ေအာင္ပြဲခံေနမႈေတြက ရပ္တန႔္ခဲ့ရတာျဖစ္ပါတယ္။ မန္ခ်က္စတာယူႏိုက္တက္ဂႏၲဝင္ ဂယ္ရီ နဗီးက VAR က ဘာေၾကာင့္ လူကြၽံေဘာေပးခဲ့ရလဲဆိုတာ နားမလည္ႏိုင္ျဖစ္ခဲ့ရၿပီး မွန္းဆခ်က္မ်ိဳးလို႔ ေျပာရမယ္လို႔ ေျပာဆိုခဲ့တာျဖစ္ပါတယ္။

၂။ မစမ္းသပ္ရေသးတဲ့ အာတီတာရဲ႕ ရာယာကို ေခၚယူမႈ

အဲဗာတန္နဲ႔ပြဲမကန္ခင္မွာ အာတီတာက ပြဲထြက္လူစာရင္း ေ႐ြးခ်ယ္မႈနဲ႔ပတ္သက္ၿပီး ပရိသတ္ေတြကို ေျပာစရာေပးခဲ့ၿပီး ေႏြရာသီကစားသမားေခၚယူမႈျဖစ္တဲ့ ရာယာက ရမ္းစ္ေဒးလ္ရဲ႕ ေနရာမွာ ပါဝင္လာခဲ့တာ ျဖစ္ပါတယ္။ အာတီတာက အဲဒီအေျပာင္းအလဲဟာ ပြဲဆက္မမ်ားမီ အလွည့္က် မူဝဒါရဲ႕တစိတ္တပိုင္းျဖစ္တယ္လို႔ ရွင္းလင္းခဲ့ၿပီး စပိန္ဂိုးသမားဟာ ဂြတ္ဒီဆင္ပါ့ခ္မွာ ဘာမွမ်ားမ်ားစားစား လက္စြမ္းျပဖို႔ မလိုခဲ့တာေၾကာင့္ အာတီတာရဲ႕ အေျပာင္းအလဲဟာ မွန္ကန္တဲ့ အေျပာင္းအလဲလားဆိုတာကို ဆက္ေစာင့္ၾကည့္ရမွာ ျဖစ္ပါတယ္။ ရမ္းစ္ေဒးလ္အတြက္ေတာ့ အနည္းငယ္စိတ္ပ်က္စရာျဖစ္ခဲ့ႏိုင္ၿပီး ပစ္ဖို႔ဒ္က အဲဗာတန္အတြက္ လက္စြမ္းျပသေနခ်ိန္မွာ အရန္ခုံထိုင္ေနရတာက အဂၤလန္လက္ေ႐ြးစင္ဂိုးသမားေနရာအတြက္ အင္ပရက္ရွင္ ေဒါင္းတယ္လို႔ ခံစားရႏိုင္ပါတယ္။

၃။ Super Sub ေလး ထေရာ့ဆာ့ဒ္

ဂြတ္ဒီဆင္ပါ့ခ္မွာ အာဆင္နယ္ဟာ အိမ္ရွင္ေတြရဲ႕ ခံစစ္ကို ၿဖိဳခြဲႏိုင္ဖို႔ ႐ုန္းကန္ခဲ့ရၿပီး မာတီနယ္လီရဲ႕ ခြင့္ျပဳျခင္းမခံခဲ့ရတဲ့ဂိုးနဲ႔ အေစာပိုင္းမွာ ေအာ္ဒီဂြါဒ္ရဲ႕ အပိုင္ကန္သြင္းမႈကို ပစ္ဖို႔ဒ္ ကာကြယ္ခဲ့တဲ့အလုံးက လြဲရင္ ဘာမွ မလုပ္ႏိုင္ခဲ့တာျဖစ္ပါတယ္။ ထေရာ့ဆာ့ဒ္က ပထမပိုင္း အလယ္ေလာက္မွာ မာတီနယ္လီရဲ႕ေနရာမွာ လူစားဝင္ကစားေပးခဲ့ၿပီး ဒုတိယပိုင္းပြဲကစားခ်ိန္ မိနစ္ ၂၀ ေက်ာ္သာ က်န္ေတာ့ခ်ိန္မွာ အလြန္ေကာင္းမြန္တဲ့ ေ႐ြ႕လ်ားမႈနဲ႔အတူ ဂိုးသြင္းယူေပးခဲ့တာျဖစ္ပါတယ္။ ဒီသြင္းဂိုးဟာ ထေရာ့ဆာ့ဒ္အတြက္ အမ္းမရိတ္စ္ကို ေျပာင္းေ႐ႊ႕ၿပီးကတည္းက တတိယေျမာက္သြင္းဂိုး ျဖစ္ခဲ့ၿပီး ဒီသြင္းဂိုး ၃ ဂိုးစလုံးဟာ လူစားဝင္ကစားသမားအျဖစ္နဲ႔ ဝင္ကစားၿပီးေတာ့ သြင္းယူေပးခဲ့တာျဖစ္ပါတယ္။

၄။ ဂြတ္ဒီဆင္ပါ့ခ္ က်ိန္စာဆိုး ပ်က္ျပယ္သြားခဲ့တဲ့ အာဆင္နယ္

တနဂၤေႏြေန႔ညေနႏိုင္ပြဲဟာ အာဆင္နယ္အတြက္ စိတ္ေက်နပ္စရာျဖစ္ခဲ့မယ္ဆိုတာ သံသယျဖစ္စရာမရွိဘဲ ဂြတ္ဒီဆင္ပါ့ခ္ဟာ အာတီတာရဲ႕ မ်က္ႏွာေပၚက အၿပဳံးေတြကို ေပ်ာက္ကြယ္ေစခဲ့တဲ့ေနရာျဖစ္ပါတယ္။ အာဆင္နယ္ဟာ ၿပီးခဲ့တဲ့ရာသီ ဂြတ္ဒီဆင္ပါ့ခ္မွာ ရႈံးနိမ့္ခဲ့မႈကလည္း ပရီးမီးယားလိဂ္ဖလားကို ရာသီကုန္ခါနီးမွာ လက္လႊတ္ခဲ့ရတဲ့အေၾကာင္းအရင္းေတြထဲက တစ္ခုျဖစ္ခဲ့တာျဖစ္ၿပီး ဂန္းနားေတြဟာ ၂၀၁၇ ခုႏွစ္ေနာက္ပိုင္းကတည္းက မာေဆးဆိုဒ္မွာ အႏိုင္မရေတာ့တာျဖစ္ပါတယ္။

၅။ ေနာက္ဆုံးမွာ ျပန္ပါလာတဲ့ ကယ္လ္ဗတ္-လူဝင္

အဲဗာတန္ဟာ ပြဲကစားခ်ိန္အမ်ားစုကို လႊမ္းမိုးထားခဲ့တဲ့ ဂန္းနားေတြကို မတုံ႔ျပန္ႏိုင္ခဲ့တဲ့အတြက္ စိတ္ပ်က္ခဲ့မွာျဖစ္ပါတယ္။ ပါး႐ိုးဒဏ္ရာရၿပီးေနာက္ မ်က္ႏွာဖုံးတပ္ခဲ့ရတဲ့ ေဒါမနစ္ ကယ္လ္ဗတ္-လူဝင္ ျပန္လည္ကစားေပးႏိုင္ခဲ့ေပမယ့္လည္း အဲဗာတန္အေနနဲ႔ လုပ္ေဆာင္ရမယ့္အရာေတြ ရွိေနေသးတာျဖစ္ၿပီး ခံစစ္ပိုင္းက ေတာ္ေတာ္ေလး ထိခိုက္လြယ္ေနပုံေပၚခဲ့ပါတယ္။ အဲဗာတန္ရဲ႕ တိုက္စစ္ေကာင္းမြန္မႈက ရာသီကုန္မွာ ၎တို႔ကို ပရီးမီးယားလိဂ္မွာ ဆက္ရွိေနေစဖို႔ အဓိကေသာ့ခ်က္ျဖစ္လာမွာျဖစ္ၿပီး ကယ္လ္ဗတ္-လူဝင္က အဲဗာတန္တိုက္စစ္ကို ပိုမိုတိုးတက္ေစမွာျဖစ္ပါတယ္။ ေရွာင္ဒိုက္ခ်္ေရာ ကယ္လ္ဗတ္-လူဝင္ပါ အခုအခ်ိန္မွာ ႀကံ့ခိုင္မႈျပည့္ဝေနခ်င္မွာျဖစ္ၿပီး ဘီတိုကလည္း အဲဗာတန္အတြက္ တန္ဖိုးရွိတဲ့ေ႐ြးခ်ယ္စရာတစ္ခုျဖစ္ပုံေပၚပါတယ္။

Arsenal Myanmar

Ref: Internet