ကိုင် ဟာဗတ်ဇ် ဂိုးစသွင်းပြီး ချယ်ရီတွေကို ခူးခြွေစားသုံးခဲ့တဲ့ပွဲက မှတ်မှတ်ရရ ပြန်ပြောစရာများ
အာဆင်နယ်ဟာ စနေနေ့ည ဘုန်းမောက်အိမ်ကွင်းကို သွားရောက်ယှဉ်ပြိုင်ခဲ့တဲ့ပွဲစဉ်မှာ ၄-၀ နဲ့ နိုင်ပွဲရယူနိုင်ခဲ့ပြီးနောက် ယခုရာသီ ရှုံးပွဲမရှိစံချိန်ကို တိုးမြှင့်နိုင်ခဲ့ပြီဖြစ်ပါတယ်။
ဆာကာက ပထမပိုင်း ၁၇ မိနစ်မှာပဲ ဂျေးဇုရဲ့ ဂိုးသွင်းယူမှု တိုင်ထိထွက်ခဲ့ပြီးနောက် လျှံထွက်လာတဲ့ ဘောလုံးကို ပိတ်သွင်းယူပြီး အဖွင့်ဂိုးကို သွင်းယူပေးခဲ့တာဖြစ်ပြီး မက်စ် အာရွန်စ်က ပထမပိုင်းပြီးခါနီးမှာ အန်ကီးတီးယားကို ပင်နယ်တီဧရိယာထဲမှာ လှဲချခဲ့ပြီး ဂန်းနားတွေကို နောက်ထပ်တစ်ကြိမ် ဦးဆောင်ဂိုး ရရှိမယ့်အခွင့်အရေးကို ပေးခဲ့တာဖြစ်ပါတယ်။
ပင်နယ်တီ ကန်သွင်းဖို့ တာဝန်ပေးခြင်းခံထားရတဲ့ မာတင် အော်ဒီဂွါဒ်က အမှားအယွင်းမရှိ ကန်သွင်းယူသွားခဲ့ပြီး ပြီးတဲ့နောက်မှာ ကိုင် ဟာဗတ်ဇ်က ပင်နယ်တီကနေပဲ နောက်ထပ် ဦးဆောင်ဂိုးကို သွင်းယူခဲ့ပြန်တာဖြစ်ပါတယ်။ အာဆင်နယ်အတွက် စတုတ္ထမြောက်ဦးဆောင်ဂိုးကို အလွတ်တည်ကန်ဘောကနေတဆင့် ခေါင်းတိုက်သွင်းယူပေးခဲ့တာဖြစ်ပြီး အာတီတာရဲ့အသင်းအတွက် ပြီးပြည့်စုံတဲ့ ညနေခင်းဖြစ်ခဲ့တာ ဖြစ်ပါတယ်။
၁။ နောက်ထပ်တစ်ကြိမ် ဂိုးသွင်းတဲ့ဆာကာ
ဆာကာဟာ ဗီတာလတီကွင်းမှာ နောက်ထပ်တစ်ကြိမ် အလွန်ကောင်းမွန်တဲ့ ပုံစံကောင်းကို ဆက်လက်ပြသခဲ့ပြီး အင်္ဂလန်တောင်ပံကြယ်ပွင့်ဟာ ဂန်းနားတွေအတွက် ဦးဆောင်ဂိုးရရှိအောင် နေရာမှန်ကို အချိန်မှန် ရောက်ရှိနေခဲ့တာဖြစ်ပါတယ်။ အော်ဒီဂွါဒ်ရဲ့ ဖြတ်တင်ပေးပို့မှုကို ဂျေးဇု ပိတ်သွင်းယူခဲ့ရာမှာ ဂိုးတိုင်ထိခဲ့ပြီးနောက် ပြန်ထွက်လာတဲ့ဘောလုံးကို ဆာကာက ဂိုးသမားမရှိတဲ့ ဂိုးပေါက်ထဲကို အလွယ်တကူပဲ ခေါင်းတိုက်သွင်းယူသွားခဲ့တာဖြစ်ပါတယ်။ ဆာကာဟာ လက်ရှိမှာတော့ ယခုရာသီ ပရီးမီးယားလိဂ် ၇ ပွဲမှာ ၄ ဂိုးအထိ သွင်းယူနိုင်ခဲ့ပြီဖြစ်ပြီး ဂန်းနားတွေဟာ ပွဲကစားချိန် ၁၅ မိနစ်သာ လိုတော့တဲ့အချိန်မှာ အင်္ဂလန်ကြယ်ပွင့် ကွင်းထဲကနေ ထွက်ခွာသွားချိန်မှာ စိုးရိမ်ခဲ့ပေမယ့်လည်း ဒဏ်ရာက အရမ်းမပြင်းထန်ဘူးလို့ ယူဆရပါတယ်။
၂။ တိကျတဲ့ ပင်နယ်တီ ကန်သွင်းမှု
ဆာကာဟာ ဂန်းနားတွေက ပထမပိုင်းပြီးဆုံးခါနီးမှာ ပင်နယ်တီ ရရှိခဲ့ချိန်မှာ ဒုတိယမြောက် ဦးဆောင်ဂိုး သွင်းယူနိုင်ဖို့ အလွန်ကောင်းတဲ့အခွင့်အရေးရခဲ့ပုံပေါ်ခဲ့ပြီး ဂန်းနားတောင်ပံကြယ်ပွင့်က ကနဦးမှာ ဘောလုံးကို ကောက်ယူခဲ့ပေမယ့်လည်း နောက်ဆုံးမှာတော့ အသင်းခေါင်းဆောင် မာတင် အော်ဒီဂွါဒ်ကို ကန်ခွင့်ပေးခဲ့တာဖြစ်ပါတယ်။ နော်ဝေကွင်းလယ်ကြယ်ပွင့်က တစ်ချက်လေးမှ တွန့်ဆုတ်မနေဘဲ နီတိုကို ဆန့်ကျင်ဘက်အရပ်ကို ပို့ခဲ့ပြီး ဂန်းနားတွေကို သက်တောင့်သက်သာနဲ့ ဦးဆောင်နိုင်စေမယ့် ဦးဆောင်ဂိုး သွင်းယူပေးခဲ့တာဖြစ်ပါတယ်။
၃။ နောက်ဆုံးမှာ ပထမဆုံးဂိုးသွင်းယူနိုင်ခဲ့ပြီဖြစ်တဲ့ ဟာဗတ်ဇ်
အော်ဒီဂွါဒ်ကို ရိုင်ယန် ခရစ္စတီးက ပြစ်ဒဏ်ကျူးလွန်ခဲ့တာကြောင့် နောက်ထပ်ပင်နယ်တီ ရရှိခဲ့ပြီးနောက် ဆာကာရော အော်ဒီဂွါဒ်ပါ မကန်သွင်းဘဲ စတမ်းဖို့ဒ် ဘရစ်ချ်ကနေ ပြောင်းရွှေ့လာပြီးကတည်းက ဂိုးပါဝင်ပတ်သက်မှု ပြုလုပ်နိုင်ဖို့ ရုန်းကန်နေရတဲ့ ဟာဗတ်ဇ်ကို ကန်ခွင့်ပေးခဲ့တာဖြစ်ပါတယ်။ ဂျာမန်ကြယ်ပွင့်ဟာ မြောက်လန်ဒန်ကို ပြောင်းလာပြီးကတည်းက စိတ်ပျက်ဖွယ် ခြေစွမ်းပြသခဲ့မှုကြောင့် ဝေဖန်ပြစ်တင်မှုတွေ အများအပြား ခံခဲ့ရသူဖြစ်ပြီး ပင်နယ်တီ ကန်ခွင့်ရရှိခဲ့တာဟာ အသင်းဖော်တွေကြားမှာ ဘယ်လောက်အထိ လူချစ်လူခင်ပေါများလဲဆိုတဲ့လက္ခဏာဖြစ်ပါတယ်။ အော်ဒီဂွါဒ်လိုပဲ ကိုင် ဟာဗတ်ဇ်လည်း နီတိုကို မှားယွင်းတဲ့ ဦးတည်ရာကို စေလွှတ်ခဲ့ပြီး အာဆင်နယ်အတွက် ပထမဆုံးသွင်းဂိုးကို ရရှိခဲ့တာဖြစ်ပါတယ်။
၄။ အာဆင်နယ်ရဲ့ စိုးရိမ်မှုကို သက်သာစေတဲ့ ရိုက်
ဘုန်းမောက်နဲ့ပွဲမတိုင်ခင်မှာ ဒီကလန် ရိုက်ရဲ့ ကြံ့ခိုင်မှုနဲ့ပတ်သက်ပြီး စိုးရိမ်မှုတွေ ရှိခဲ့ပြီး အာတီတာက အင်္ဂလန်ကွင်းလယ်လူဟာ စပါးစ်နဲ့ပွဲက ဒဏ်ရာကြောင့် လေ့ကျင့်ရေးမဆင်းနိုင်ခဲ့ဘူးလို့ ပွဲကြိုသတင်းစာရှင်းလင်းပွဲမှာ ပြောကြားခဲ့ပါတယ်။ ဒါပေမယ့်လည်း ပွဲမကန်ခင်မှာ ဒီကလန် ရိုက်ကို ပွဲနေ့လူစာရင်းထဲမှာ မြင်တွေ့ခဲ့ရတာက ပရိသတ်တွေအတွက် စိတ်သက်သာရာ ရစေခဲ့ပြီး နောက်ထပ်တစ်ကြိမ် အထင်ကြီးဖွယ်စွမ်းဆောင်ရည်နဲ့ ဂန်းနားတွေအတွက် ဘယ်လောက်အထိ အရေးပါလဲဆိုတာကို ပြသခဲ့တာဖြစ်ပါတယ်။ အာဆင်နယ်ရဲ့ လှုပ်ရှားမှု အများစုဟာ ဒီကလန် ရိုက်စီကနေ စီးဆင်းခဲ့တာဖြစ်ပြီး ဝက်စ်ဟမ်းအသင်းခေါင်းဆောင်ဟောင်းဟာ အာဆင်နယ်ခံစစ်ကိုလည်း ဖျက်ထုတ်မှု ၄ ကြိမ်၊ ကြားဝင်လုယူမှု၊ ပိတ်ဆို့မှု၊ ရှင်းထုတ်မှုတွေနဲ့ ကူညီပေးခဲ့တာဖြစ်ပါတယ်။ ပြီးခဲ့တဲ့အပတ်မှာ ဒဏ်ရာပြဿနာကြောင့် စိုးရိမ်ခဲ့ရပြီးနောက် ဒီနေ့ပွဲစဉ်က စွမ်းဆောင်ရည်ဟာ ဒီကလန် ရိုက်အနေနဲ့ ဂန်းနားတွေအတွက် ဘယ်လောက်အထိတောင် အရေးကြီးတဲ့ကစားသမားဖြစ်နေခဲ့ပြီးပြီလဲဆိုတာ မီးမောင်းထိုးပြခဲ့တာဖြစ်ပါတယ်။
၅။ နိုင်ပွဲရဖို့ စောင့်ရဦးမယ့် ဘုန်းမောက်
ဘုန်းမောက်ရဲ့ အန်ဒိုနီ အီရာအိုလာကို နည်းပြသစ်အဖြစ် ခန့်အပ်ခဲ့မှုက ကျယ်ကျယ်ပြန့်ပြန့် ချီးကျူးခံခဲ့ရပြီး စပိန်လူမျိုးနည်းပြဟာ ဗယ်လက်ကာနိုနဲ့အတူ အထင်ကြီးဖွယ် စွမ်းဆောင်ရည်ကို ပြသနိုင်ခဲ့တာဖြစ်ပါတယ်။ စနေနေ့ ဂန်းနားတွေနဲ့ပွဲစဉ်ဟာ အီရာအိုလာအတွက် ပထမဆုံး ပရီးမီးယားလိဂ်နိုင်ပွဲကို ရယူနိုင်ဖို့အတွက် အလွန်ကောင်းမွန်တဲ့အခွင့်အရေးအဖြစ် ရှိနေခဲ့တာဖြစ်ပြီး ပထမဆုံးမိနစ်အနည်းငယ်ကလွဲရင် ဒီပွဲစဉ်ဟာ ဘာယှဉ်ပြိုင်မှုမှ မရှိခဲ့တာဖြစ်ပါတယ်။ ဘုန်းမောက်ရဲ့ ရာသီကို အာဆင်နယ်လို အသင်းမျိုးကို ရှုံးနိမ့်မှုနဲ့ သတ်မှတ်လို့မရပေမယ့်လည်း ချယ်ရီတွေဟာ ဒီရာသီမှာ နိုင်ပွဲမရရှိသေးတာကြောင့် တန်းဆင်းဇုန်ထဲကို ရောက်ရှိနေပြီဖြစ်ပြီး အနှေးနဲ့အမြန် ဒီစောင့်ဆိုင်းနေရမှုကို အဆုံးသတ်ချင်နေမှာ ဖြစ်ပါတယ်။
Arsenal Myanmar
Ref: Internet
ZAWGYI: အာဆင္နယ္ဟာ စေနေန႔ည ဘုန္းေမာက္အိမ္ကြင္းကို သြားေရာက္ယွဥ္ၿပိဳင္ခဲ့တဲ့ပြဲစဥ္မွာ ၄-၀ နဲ႔ ႏိုင္ပြဲရယူႏိုင္ခဲ့ၿပီးေနာက္ ယခုရာသီ ရႈံးပြဲမရွိစံခ်ိန္ကို တိုးျမႇင့္ႏိုင္ခဲ့ၿပီျဖစ္ပါတယ္။
ဆာကာက ပထမပိုင္း ၁၇ မိနစ္မွာပဲ ေဂ်းဇုရဲ႕ ဂိုးသြင္းယူမႈ တိုင္ထိထြက္ခဲ့ၿပီးေနာက္ လွ်ံထြက္လာတဲ့ ေဘာလုံးကို ပိတ္သြင္းယူၿပီး အဖြင့္ဂိုးကို သြင္းယူေပးခဲ့တာျဖစ္ၿပီး မက္စ္ အာ႐ြန္စ္က ပထမပိုင္းၿပီးခါနီးမွာ အန္ကီးတီးယားကို ပင္နယ္တီဧရိယာထဲမွာ လွဲခ်ခဲ့ၿပီး ဂန္းနားေတြကို ေနာက္ထပ္တစ္ႀကိမ္ ဦးေဆာင္ဂိုး ရရွိမယ့္အခြင့္အေရးကို ေပးခဲ့တာျဖစ္ပါတယ္။
ပင္နယ္တီ ကန္သြင္းဖို႔ တာဝန္ေပးျခင္းခံထားရတဲ့ မာတင္ ေအာ္ဒီဂြါဒ္က အမွားအယြင္းမရွိ ကန္သြင္းယူသြားခဲ့ၿပီး ၿပီးတဲ့ေနာက္မွာ ကိုင္ ဟာဗတ္ဇ္က ပင္နယ္တီကေနပဲ ေနာက္ထပ္ ဦးေဆာင္ဂိုးကို သြင္းယူခဲ့ျပန္တာျဖစ္ပါတယ္။ အာဆင္နယ္အတြက္ စတုတၳေျမာက္ဦးေဆာင္ဂိုးကို အလြတ္တည္ကန္ေဘာကေနတဆင့္ ေခါင္းတိုက္သြင္းယူေပးခဲ့တာျဖစ္ၿပီး အာတီတာရဲ႕အသင္းအတြက္ ၿပီးျပည့္စုံတဲ့ ညေနခင္းျဖစ္ခဲ့တာ ျဖစ္ပါတယ္။
၁။ ေနာက္ထပ္တစ္ႀကိမ္ ဂိုးသြင္းတဲ့ဆာကာ
ဆာကာဟာ ဗီတာလတီကြင္းမွာ ေနာက္ထပ္တစ္ႀကိမ္ အလြန္ေကာင္းမြန္တဲ့ ပုံစံေကာင္းကို ဆက္လက္ျပသခဲ့ၿပီး အဂၤလန္ေတာင္ပံၾကယ္ပြင့္ဟာ ဂန္းနားေတြအတြက္ ဦးေဆာင္ဂိုးရရွိေအာင္ ေနရာမွန္ကို အခ်ိန္မွန္ ေရာက္ရွိေနခဲ့တာျဖစ္ပါတယ္။ ေအာ္ဒီဂြါဒ္ရဲ႕ ျဖတ္တင္ေပးပို႔မႈကို ေဂ်းဇု ပိတ္သြင္းယူခဲ့ရာမွာ ဂိုးတိုင္ထိခဲ့ၿပီးေနာက္ ျပန္ထြက္လာတဲ့ေဘာလုံးကို ဆာကာက ဂိုးသမားမရွိတဲ့ ဂိုးေပါက္ထဲကို အလြယ္တကူပဲ ေခါင္းတိုက္သြင္းယူသြားခဲ့တာျဖစ္ပါတယ္။ ဆာကာဟာ လက္ရွိမွာေတာ့ ယခုရာသီ ပရီးမီးယားလိဂ္ ၇ ပြဲမွာ ၄ ဂိုးအထိ သြင္းယူႏိုင္ခဲ့ၿပီျဖစ္ၿပီး ဂန္းနားေတြဟာ ပြဲကစားခ်ိန္ ၁၅ မိနစ္သာ လိုေတာ့တဲ့အခ်ိန္မွာ အဂၤလန္ၾကယ္ပြင့္ ကြင္းထဲကေန ထြက္ခြာသြားခ်ိန္မွာ စိုးရိမ္ခဲ့ေပမယ့္လည္း ဒဏ္ရာက အရမ္းမျပင္းထန္ဘူးလို႔ ယူဆရပါတယ္။
၂။ တိက်တဲ့ ပင္နယ္တီ ကန္သြင္းမႈ
ဆာကာဟာ ဂန္းနားေတြက ပထမပိုင္းၿပီးဆုံးခါနီးမွာ ပင္နယ္တီ ရရွိခဲ့ခ်ိန္မွာ ဒုတိယေျမာက္ ဦးေဆာင္ဂိုး သြင္းယူႏိုင္ဖို႔ အလြန္ေကာင္းတဲ့အခြင့္အေရးရခဲ့ပုံေပၚခဲ့ၿပီး ဂန္းနားေတာင္ပံၾကယ္ပြင့္က ကနဦးမွာ ေဘာလုံးကို ေကာက္ယူခဲ့ေပမယ့္လည္း ေနာက္ဆုံးမွာေတာ့ အသင္းေခါင္းေဆာင္ မာတင္ ေအာ္ဒီဂြါဒ္ကို ကန္ခြင့္ေပးခဲ့တာျဖစ္ပါတယ္။ ေနာ္ေဝကြင္းလယ္ၾကယ္ပြင့္က တစ္ခ်က္ေလးမွ တြန႔္ဆုတ္မေနဘဲ နီတိုကို ဆန႔္က်င္ဘက္အရပ္ကို ပို႔ခဲ့ၿပီး ဂန္းနားေတြကို သက္ေတာင့္သက္သာနဲ႔ ဦးေဆာင္ႏိုင္ေစမယ့္ ဦးေဆာင္ဂိုး သြင္းယူေပးခဲ့တာျဖစ္ပါတယ္။
၃။ ေနာက္ဆုံးမွာ ပထမဆုံးဂိုးသြင္းယူႏိုင္ခဲ့ၿပီျဖစ္တဲ့ ဟာဗတ္ဇ္
ေအာ္ဒီဂြါဒ္ကို ႐ိုင္ယန္ ခရစၥတီးက ျပစ္ဒဏ္က်ဴးလြန္ခဲ့တာေၾကာင့္ ေနာက္ထပ္ပင္နယ္တီ ရရွိခဲ့ၿပီးေနာက္ ဆာကာေရာ ေအာ္ဒီဂြါဒ္ပါ မကန္သြင္းဘဲ စတမ္းဖို႔ဒ္ ဘရစ္ခ်္ကေန ေျပာင္းေ႐ႊ႕လာၿပီးကတည္းက ဂိုးပါဝင္ပတ္သက္မႈ ျပဳလုပ္ႏိုင္ဖို႔ ႐ုန္းကန္ေနရတဲ့ ဟာဗတ္ဇ္ကို ကန္ခြင့္ေပးခဲ့တာျဖစ္ပါတယ္။ ဂ်ာမန္ၾကယ္ပြင့္ဟာ ေျမာက္လန္ဒန္ကို ေျပာင္းလာၿပီးကတည္းက စိတ္ပ်က္ဖြယ္ ေျခစြမ္းျပသခဲ့မႈေၾကာင့္ ေဝဖန္ျပစ္တင္မႈေတြ အမ်ားအျပား ခံခဲ့ရသူျဖစ္ၿပီး ပင္နယ္တီ ကန္ခြင့္ရရွိခဲ့တာဟာ အသင္းေဖာ္ေတြၾကားမွာ ဘယ္ေလာက္အထိ လူခ်စ္လူခင္ေပါမ်ားလဲဆိုတဲ့လကၡဏာျဖစ္ပါတယ္။ ေအာ္ဒီဂြါဒ္လိုပဲ ကိုင္ ဟာဗတ္ဇ္လည္း နီတိုကို မွားယြင္းတဲ့ ဦးတည္ရာကို ေစလႊတ္ခဲ့ၿပီး အာဆင္နယ္အတြက္ ပထမဆုံးသြင္းဂိုးကို ရရွိခဲ့တာျဖစ္ပါတယ္။
၄။ အာဆင္နယ္ရဲ႕ စိုးရိမ္မႈကို သက္သာေစတဲ့ ႐ိုက္
ဘုန္းေမာက္နဲ႔ပြဲမတိုင္ခင္မွာ ဒီကလန္ ႐ိုက္ရဲ႕ ႀကံ့ခိုင္မႈနဲ႔ပတ္သက္ၿပီး စိုးရိမ္မႈေတြ ရွိခဲ့ၿပီး အာတီတာက အဂၤလန္ကြင္းလယ္လူဟာ စပါးစ္နဲ႔ပြဲက ဒဏ္ရာေၾကာင့္ ေလ့က်င့္ေရးမဆင္းႏိုင္ခဲ့ဘူးလို႔ ပြဲႀကိဳသတင္းစာရွင္းလင္းပြဲမွာ ေျပာၾကားခဲ့ပါတယ္။ ဒါေပမယ့္လည္း ပြဲမကန္ခင္မွာ ဒီကလန္ ႐ိုက္ကို ပြဲေန႔လူစာရင္းထဲမွာ ျမင္ေတြ႕ခဲ့ရတာက ပရိသတ္ေတြအတြက္ စိတ္သက္သာရာ ရေစခဲ့ၿပီး ေနာက္ထပ္တစ္ႀကိမ္ အထင္ႀကီးဖြယ္စြမ္းေဆာင္ရည္နဲ႔ ဂန္းနားေတြအတြက္ ဘယ္ေလာက္အထိ အေရးပါလဲဆိုတာကို ျပသခဲ့တာျဖစ္ပါတယ္။ အာဆင္နယ္ရဲ႕ လႈပ္ရွားမႈ အမ်ားစုဟာ ဒီကလန္ ႐ိုက္စီကေန စီးဆင္းခဲ့တာျဖစ္ၿပီး ဝက္စ္ဟမ္းအသင္းေခါင္းေဆာင္ေဟာင္းဟာ အာဆင္နယ္ခံစစ္ကိုလည္း ဖ်က္ထုတ္မႈ ၄ ႀကိမ္၊ ၾကားဝင္လုယူမႈ၊ ပိတ္ဆို႔မႈ၊ ရွင္းထုတ္မႈေတြနဲ႔ ကူညီေပးခဲ့တာျဖစ္ပါတယ္။ ၿပီးခဲ့တဲ့အပတ္မွာ ဒဏ္ရာျပႆနာေၾကာင့္ စိုးရိမ္ခဲ့ရၿပီးေနာက္ ဒီေန႔ပြဲစဥ္က စြမ္းေဆာင္ရည္ဟာ ဒီကလန္ ႐ိုက္အေနနဲ႔ ဂန္းနားေတြအတြက္ ဘယ္ေလာက္အထိေတာင္ အေရးႀကီးတဲ့ကစားသမားျဖစ္ေနခဲ့ၿပီးၿပီလဲဆိုတာ မီးေမာင္းထိုးျပခဲ့တာျဖစ္ပါတယ္။
၅။ ႏိုင္ပြဲရဖို႔ ေစာင့္ရဦးမယ့္ ဘုန္းေမာက္
ဘုန္းေမာက္ရဲ႕ အန္ဒိုနီ အီရာအိုလာကို နည္းျပသစ္အျဖစ္ ခန႔္အပ္ခဲ့မႈက က်ယ္က်ယ္ျပန႔္ျပန႔္ ခ်ီးက်ဴးခံခဲ့ရၿပီး စပိန္လူမ်ိဳးနည္းျပဟာ ဗယ္လက္ကာႏိုနဲ႔အတူ အထင္ႀကီးဖြယ္ စြမ္းေဆာင္ရည္ကို ျပသႏိုင္ခဲ့တာျဖစ္ပါတယ္။ စေနေန႔ ဂန္းနားေတြနဲ႔ပြဲစဥ္ဟာ အီရာအိုလာအတြက္ ပထမဆုံး ပရီးမီးယားလိဂ္ႏိုင္ပြဲကို ရယူႏိုင္ဖို႔အတြက္ အလြန္ေကာင္းမြန္တဲ့အခြင့္အေရးအျဖစ္ ရွိေနခဲ့တာျဖစ္ၿပီး ပထမဆုံးမိနစ္အနည္းငယ္ကလြဲရင္ ဒီပြဲစဥ္ဟာ ဘာယွဥ္ၿပိဳင္မႈမွ မရွိခဲ့တာျဖစ္ပါတယ္။ ဘုန္းေမာက္ရဲ႕ ရာသီကို အာဆင္နယ္လို အသင္းမ်ိဳးကို ရႈံးနိမ့္မႈနဲ႔ သတ္မွတ္လို႔မရေပမယ့္လည္း ခ်ယ္ရီေတြဟာ ဒီရာသီမွာ ႏိုင္ပြဲမရရွိေသးတာေၾကာင့္ တန္းဆင္းဇုန္ထဲကို ေရာက္ရွိေနၿပီျဖစ္ၿပီး အေႏွးနဲ႔အျမန္ ဒီေစာင့္ဆိုင္းေနရမႈကို အဆုံးသတ္ခ်င္ေနမွာ ျဖစ္ပါတယ္။
Arsenal Myanmar
Ref: Internet
- Posted In:
- Post Match Review