၆ ပွဲဆက်နိုင်ပွဲနဲ့ ချန်ပီယံလောင်းတွေလို့ ကြွေးကြော်ခဲ့တဲ့ ဂန်းနားတွေရဲ့နိုင်ပွဲက ပြန်ပြောရမယ့်အချက်များ 1024 504 coyg

၆ ပွဲဆက်နိုင်ပွဲနဲ့ ချန်ပီယံလောင်းတွေလို့ ကြွေးကြော်ခဲ့တဲ့ ဂန်းနားတွေရဲ့နိုင်ပွဲက ပြန်ပြောရမယ့်အချက်များ

အာဆင်နယ်ဟာ စနေနေ့ညက အမ်းမရိတ်စ်မှာ ၄-၁ နိုင်ပွဲနဲ့အတူ ဆုဖလားမျှော်လင့်ချက်ကို ဆက်လက် အသက်သွင်းနိုင်ခဲ့ပြီး နယူးကာဆယ်ကို သက်တောင့်သက်သာ အနိုင်ရယူနိုင်ခဲ့ပါတယ်။

ပထဝီမြေမျက်နှာသွင်ပြင်အရရော အမှတ်ပေးဇယား ရပ်တည်မှုပါ အတိုင်းအတာတစ်ခုအထိ ကွာဟချက်ရှိနေပေမယ့်လည်း ဒီနှစ်သင်းကြား ပွဲစဉ်တွေဟာ ပြီးခဲ့တဲ့တွေ့ဆုံမှုတွေမှာ ယှဉ်ပြိုင်မှု ပြင်းထန်ခဲ့ကြတာစြဖ်ပါတယ်။

၂၀၂၃ ခုနှစ် ဇန်နဝါရီလတုန်းက ပွဲမှာဆို နည်းပြအဖွဲ့ဝင်တွေကြား အငြင်းပွားမှုတွေ ဖြစ်ခဲ့ပြီး နိုဝင်ဘာလ တွေ့ဆုံမှုတုန်းက အန်သိုနီ ဂေါ်ဒွန်ရဲ့ အနိုင်ဂိုးဟာ အရုပ်ဆိုးအကျည်းတန်မှုလို့ ပြောခဲ့တဲ့အတွက် အာတီတာတစ်ယောက် အက်ဖ်အေရဲ့ ကြားနာစစ်ဆေးခြင်းကို ခံခဲ့ရပါတယ်။

ဒီတစ်ကြိမ်မှာတော့ အာဆင်နယ်ပရိသတ်တွေဟာ ပွဲမတိုင်ခင်ကတည်းက ၅ ပွဲဆက်ပရီးမီးယားလိဂ်နိုင်ပွဲစံချိန်ကြောင့် ရင်ကော့ခေါင်းမော့နေခဲ့ပြီး ပွဲအစောပိုင်းမှာ နယူးကာဆယ်က အချိန်ဖြုန်းတီးမှုကြောင့် လှောင်ပြောင်ခံခဲ့ရပါတယ်။ ဒါပေမယ့်လည်း အဲဒီလှောင်ပြောင်သံတွေဟာ ဆဗင် ဘော့တ်မန်းက ကိုယ့်ဂိုးကိုယ်သွင်းမိခဲ့ပြီးနောက် အားပေးသံတွေအဖြစ် ပြောင်းလဲသွားခဲ့ပြီး အိမ်ရှင်တွေက ဦးဆောင်ဂိုး ရရှိသွားခဲ့တာဖြစ်ပါတယ်။

နောက်ထပ် ၆ မိနစ်အကြာမှာ ဟာဗတ်ဇ်က ပင်နယ်တီဧရိယာထဲမှာ မာတီနယ်လီရဲ့ ပေးပို့မှုကို လွတ်လွတ်ကျွတ်ကျွတ် ပိတ်သွင်းယူသွားခဲ့ပြီး ဒုတိယပိုင်းမှာ ဆာကာနဲ့ ခီဗီယောတို့က နောက်ထပ် ဦးဆောင်ဂိုးတွေ သွင်းယူသွားခဲ့တာဖြစ်ပါတယ်။ နယူးကာဆယ်အတွက် နှစ်သိမ့်ချေပဂိုးကိုတော့ အာဆင်နယ်ကြယ်ပွင့်ဟောင်း ဂျိုး ဝီလော့ခ်က ခေါင်းတိုက်သွင်းယူပေးသွားခဲ့ပြီး ဒီပွဲစဉ်ကနေ မှတ်မှတ်ရရ ပြန်ပြောရမယ့်အချက် ၈ ချက်ရှိခဲ့ပါတယ်။

၁။ တည်ကန်ဘောကနေ ဂိုးထပ်ရခဲ့ပြန်တဲ့ အာဆင်နယ်

အခုဆိုရင် အာဆင်နယ်တို့ တည်ကန်ဘော၊ ထောင့်ကန်ဘော ကန်ပြီဆိုရင် ပြိုင်ဘက်အသင်းတွေက ပင်နယ်တီပေးရသလောက်ကို ကြောက်နေကြလောက်ပါပြီ။ ဂန်းနားတွေဟာ ဘောသေအနေအထားမှာဆိုရင် အံ့အားသင့်စရာတွေ အလုပ်ပြနိုင်ဆုံးအသင်းဖြစ်နေပြီး ထောင့်ကန်ဘော ကန်တဲ့နေရာမှာလည်း ထူးခြားခဲ့တာ သိသာထင်ရှားခဲ့ပါတယ်။ ဆာကာရဲ့ ဖြတ်တင်ပေးပို့မှုကို ဂါဘရီယဲလ်က နယူးကာဆယ်နောက်ခံလူတွေထက် ကျော်အောင် ခုန်ပြီး ခေါင်းတိုက်သွင်းယူခဲ့တာကို ကားရီးယပ်စ် ကာကွယ်နိုင်ခဲ့ပေမယ့် ဆဗင် ဘော့တ်မန်းနဲ့ ထိပြီး ဂိုးထဲ ပြန်ဝင်သွားခဲ့တာဖြစ်ပါတယ်။ ဘရာဇီးလ်နောက်ခံလူဟာ ပရီးမီးယားလိဂ်ကို ရောက်လာကတည်းက ဂိုးသွင်းအများဆုံး နောက်ခံလူဖြစ်ခဲ့ပေမယ့် ဒီတစ်ကြိမ်မှာတော့ ဂိုးမရခဲ့ဘဲ အုန်းဂိုးဖြစ်သွားခဲ့တာပါ။ အာဆင်နယ်ဟာ ဒီသွင်းဂိုးကြောင့် ဒီရာသီမှာ တည်ကန်ဘောကနေ ၁၈ ကြိမ်အထိ ဂိုးရရှိခဲ့ပြီဖြစ်ပြီး ပရီးမီးယားလိဂ်မှာ တည်ကန်ဘောဂိုးအများဆုံးအသင်းအဖြစ် ရပ်တည်နေပါတယ်။ ဒါပေမယ့်လည်း ဂန်းနားတွေရဲ့ တည်ကန်ဘောကနေ သွင်းဂိုးတွေက ဒီမှာတင် မပြီးဆုံးသေးဘဲ ၁၉ ဂိုးမြောက်ဂိုးကို ဒုတိယပိုင်းမှာ ခီဗီယောက ဒီကလန် ရိုက်ရဲ့ ထောင့်ကန်ဘောကန်တင်ပေးပို့မှုကို ခေါင်းတိုက်သွင်းယူပေးခဲ့ပြန်တာဖြစ်ပါတယ်။

၂။ နောက်ထပ်တစ်ကြိမ် ဂိုးသွင်းနိုင်ခဲ့တဲ့ ဟာဗတ်ဇ်

ပြီးခဲ့တဲ့ရက်သတ္တပတ်အလယ်မှာ ထရော့ဆာ့ဒ်ရဲ့ စိတ်ပျက်စရာ စွမ်းဆောင်ရည်ကို မြင်တွေ့ခဲ့ရတဲ့ အာတီတာက ဒီပွဲမှာတော့ ဟာဗတ်ဇ်ကိုပဲ တိုက်စစ်ကို ဦးဆောင်ခွင့် ပြန်ပေးဖို့ ရွေးချယ်ခဲ့ပါတယ်။ အာတီတာရဲ့ ဆုံးဖြတ်ချက်က မှန်ကန်လားဆိုတာ အချိန်အကြာကြီး မစောင့်လိုက်ရဘဲ မြင်တွေ့ခဲ့ရပြီး ဟာဗတ်ဇ်က ပထမပိုင်း ၂၄ မိနစ်မှာပဲ မာတီနယ်လီရဲ့ ပေးပို့မှုကို အဆုံးသတ်ပြီး ပြသခဲ့ပါတယ်။ ဂျာမန်ကြယ်ပွင့်ဟာ ချဲလ်ဆီးအတွက် မကစားပေးမီတုန်းက လေဗာကူဆင်မှာ ပြသခဲ့တဲ့ အဆုံးသတ်မှုမျိုးကို မြင်တွေ့ခဲ့ရတာဖြစ်ပြီး နယူးကာဆယ်နောက်ခံလူတွေအနေနဲ့ ကိုင် ဟာဗတ်ဇ် ဘယ်နေရာကနေ ပင်နယ်တီဧရိယာထဲ ရောက်လာမှန်းတောင် သိလိုက်ပုံမပေါ်ပါဘူး။ ဟာဗတ်ဇ်ဟာ ဒုတိယပိုင်းအစမှာ နောက်ထပ် ဦးဆောင်ဂိုး သွင်းယူဖို့ အခွင့်အရေးရခဲ့ပေမယ့်လည်း ဂိုးတိုင်ဘေးကို ဝိုက်ထွက်သွားခဲ့တာဖြစ်ပါတယ်။

၃။ ရင်သပ်ရှုမောဖွယ်ကောင်းခဲ့တဲ့ ဆာကာ

ပြီးခဲ့တဲ့ရာသီကုန်လောက်တုန်းက အီယန် ရိုက်က အာတီတာအနေနဲ့ ဆာကာကို အရမ်းအားကိုးလွန်းတယ်လို့ ပြောဆိုခဲ့ပြီး ဗုဒ္ဓဟူးနေ့က ပေါ်တိုကို ရှုံးခဲ့တဲ့ပွဲမတိုင်ခင်မှာလည်း နောက်ထပ် ဂန်းနားဂန္တဝင်ဖြစ်တဲ့ ဂီလ်ဘာတို ဆေးလ်ဗားကလည်း အင်္ဂလန်ကြယ်ပွင့် ပွဲပမ်းနေတာကို စမြင်နေရပြီလို့ သတိပေးခဲ့ပါတယ်။ အင်္ဂလန်တောင်ပံကစားသမားဟာ အခုဆိုရင် အာဆင်နယ် ဒီရာသီကစားခဲ့တဲ့ ၂၆ ပွဲမှာ ၂၅ ပွဲအထိ ပါဝင်ကစားပေးခဲ့ပြီဖြစ်ပြီး ချန်ပီယံလိဂ်မှာလည်း ပွဲတိုင်း ပါဝင်ကစားပေးထားတာဖြစ်ပါတယ်။ ဆာကာဟာ အသက် ၂၂ နှစ်အရွယ်သာရှိသေးပေမယ့်လည်း အရွယ်နဲ့မလိုက်အောင် ပွဲတွေအများကြီးကစားထားရပြီး အပတ်တိုင်းကို ခြေစွမ်းပြသနေတာဖြစ်ပါတယ်။ ဝက်စ်ဟမ်းနဲ့ပွဲမှာ ၂ ဂိုး၊ ဘန်လေနဲ့ပွဲမှာ ၂ ဂိုး သွင်းယူနိုင်ခဲ့ပြီးနောက် ပေါ်တိုနဲ့ပွဲမှာ တိတ်ဆိတ်နေခဲ့ပြီး စနေနေ့ညက နယူးကာဆယ်နဲ့ပွဲမှာတော့ တောက်ပတဲ့စွမ်းဆောင်ရည်နဲ့ ပုံမှန်လုပ်ပြနေကျအတိုင်းပဲ တုံ့ပြန်ခဲ့တာပါ။ ပထမပိုင်းမှာ ဆာကာဟာ အံ့အားသင့်ဖွယ် တစ်ကိုယ်တော် သွင်းဂိုးကို သွင်းယူနိုင်ဖို့ နီးစပ်ခဲ့ပေမယ့်လည်း ကားရီးယပ်စ်ရဲ့ သေသပ်တဲ့ ကာကွယ်မှုကြောင့် ငြင်းပယ်ခံခဲ့ရတာဖြစ်ပါတယ်။ ဒါပေမယ့်လည်း ဒုတိယပိုင်းမှာတော့ ဆာကာရဲ့ ညာတောင်ပံကနေ အတွင်းကို ချိုးဝင်ပြီး ဘယ်ခြေနဲ့ လျှပ်တပြက် ကန်လိုက်တဲ့ဘောလုံးက ဂိုးဘယ်ဖက်အောက်ထောင့်ထဲကို ဝင်သွားတာ မြန်လွန်းတာကြောင့် ကားရီးယပ်စ်လည်း ရပ်ကြည့်နေရုံသာ တတ်နိုင်ခဲ့ပါတယ်။ ဖေဘီယံ ရှားက ဘောလုံးလမ်းကြောင်းပေါ်မှာ ရှိနေတာကြောင့် ဖျက်ထုတ်ဖို့ ကြိုးစားခဲ့ပေမယ့်လည်း ဆာကာရဲ့ ကန်ချက်က ကစ်ပျောက်ကြီးဖြစ်နေလို့ လေကိုသာ ကန်မိခဲ့တာပါ။ အသက် ၂၂ နှစ်အရွယ်ကစားသမားဟာ အခုဆိုရင် နောက်ဆုံး ၅ ပွဲမှာ ၇ ဂိုးအထိ သွင်းထားနိုင်ခဲ့ပါပြီ။

၄။ ပေါ်တိုလို ရမလား သွေးတိုးစမ်းကြည့်ခဲ့တဲ့ နယူးကာဆယ်

အက်ဒီဟောင်းကတော့ အာဆင်နယ်ကို စိတ်ပျက်စေခဲ့တဲ့ ပေါ်တိုကစားတာကို သေချာပေါက် စောင့်ကြည့်ခဲ့မှာဖြစ်ပြီး စနေနေ့မှာလည်း အဲဒီလိုပဲ လိုက်လုပ်ဖို့ ကြိုးစားခဲ့ပါတယ်။ နယူးကာဆယ်ဟာ အာဆင်နယ်ရဲ့ အရှိန်အဟုန်ကို ဖြတ်တောက်ပစ်ဖို့ ကြိုးစားခဲ့ပြီး ဘောသေဖြစ်သွားတဲ့ ဂိုးလွန်ဘော၊ လက်ပစ်ဘောအခြေအနေတွေမှာ အချိန်မသိမသာခိုးဖို့ လုပ်ခဲ့ပါတယ်။ စက္ကန့် ၆၀ အတွင်းမှာပဲ အာတီတာဟာ နယူးကာဆယ်ရဲ့ ရုပ်ပေါက်နေမှုကြောင့် စတုတ္ထဒိုင် အန်သိုနီ တေလာကို စောဒကတက်ခဲ့ပြီး ၅ မိနစ်မှာ ကွင်းလယ်ဒိုင် ပေါလ် တီယာနီက လက်ပစ်ဘောမြှောက်ရင်း လေဖြတ်ချင်သလိုလုပ်ပြနေတဲ့ လီဗရာမန်တိုကို မြန်မြန်မြှောက်ဖို့ သတိပေးခဲ့ပါတယ်။ နောက်တန်းတွေ၊ ကွင်းလယ်က လူတွေ အချိန်ဆွဲမရတာကြောင့် တစ်ဖန် အလှည့်ကျသူက ဂိုးသမား ကားရီးယပ်စ်ဖြစ်ခဲ့ပြီး ဂိုးလွန်ဘောတိုင်းကို အချိန်ဆွဲကန်ခဲ့ပါတယ်။ အာတီတာအနေနဲ့ ၁၃ မိနစ်ပြည့်ပြီးနောက် ထရစ်ပီယာက အားနေ လဲကျပြီး ဒဏ်ရာရသလို လုပ်နေတာကြောင့် တော်တော်လေး တင်းသွားခဲ့ပြီး တာဝန်ရှိသူတွေကို စက္ကန့်တိုင်းကို နာကျင်အချိန်ပိုအဖြစ် ထည့်မှတ်ဖို့ လျင်လျင်မြန်မြန်ပဲ သတိပေးခဲ့ပါတယ်။ ဘရူနို ဂီမာရေးစ်ကလည်း သိပ်မကြာခင်မှာ အဲဒီအချိုးအတိုင်း ဆက်ချိုးခဲ့ပေမယ့် ပြီးခဲ့တဲ့ပေါ်တိုနဲ့ပွဲစဉ်ကနဲ့ မတူတာက ဂန်းနားတွေကို ရပ်တန့်လို့မရတာပဲဖြစ်ပါတယ်။

၅။ ဟာပေါက်ယိုပေါက်တွေနဲ့ နယူးကာဆယ် ခံစစ်

ထိပ်ဆုံး ၁၀ သင်းထဲမှာ နယူးကာဆယ်နောက်တန်းလောက် ဂိုးပေးထားရတဲ့ နောက်တန်းမရှိတော့ဘဲ ဒီရာသီမှာ ၄၅ ဂိုးအထိ ပေးထားရတာပါ။ အာဆင်နယ်ဟာ နိုဝင်ဘာတုန်းက စိန့်ဂျိမ်းစ်ပါ့ခ်မှာ သရေကျခဲ့ပေမယ့်လည်း ဒီတစ်ကြိမ်မှာတော့ ဂိုးတွေ အများကြီး သွင်းယူသွားနိုင်ခဲ့တာပါ။ ဒီပွဲမတိုင်ခင် နောက်ဆုံးလိဂ် ၂ ပွဲမှာ ဂန်းနားတွေဟာ ၁၁ ဂိုးအထိ သွင်းယူနိုင်ခဲ့ပြီး ပေးဂိုးလုံးဝမရှိခဲ့တာပါ။ နယူးကာဆယ်က ဂိုးပေးရသလို ဂိုးလည်း ပြန်သွင်းနိုင်တဲ့ အသင်းဖြစ်တာကြောင့် တစ်ဂိုးတော့ ရအောင် ပြန်ထည့်သွားပါတယ်။ ဒီပွဲမှာ နယူးကာဆယ်တို့ ပထမဂိုးမှာ ကံဆိုးခဲ့ပြီး ကျန်တဲ့ ၃ ဂိုးကတော့ ခံစစ်ပိုင်း ညံ့ဖျင်းမှုပါ။ စတုတ္ထမြောက်ဂိုးမှာ ကားရီးယပ်စ် ပုတ်ထုတ်နိုင်ခဲ့သင့်ပေမယ့်လည်း ကယောင်ခြောက်ခြားဖြစ်နေကျထုံးစံအတိုင်းပဲ ဂိုးပေးခဲ့ရတာပါ။

၆။ ဇယားထိပ်ဆုံး ၂ သင်းကို ဖိအားဆက်ပေးနိုင်ခဲ့တဲ့ အာဆင်နယ်

လီဗာပူးလ်နဲ့ မန်စီးတီးတို့က နိုင်ပွဲတွေ ဆက်ယူနေတာကြောင့် အာဆင်နယ်လည်း အမှားမခံဘဲ နိုင်ပွဲ လိုက်လံရယူခဲ့ရပြီး အခုဆိုရင် ဇယားထိပ်က ကလော့ပ်ရဲ့အသင်းနဲ့ ၂ မှတ်အကွာ၊ ဒုတိယနေရာက ဂွါဒီယိုလာရဲ့အသင်းနဲ့ ၁ မှတ်အကွာမှာ ရပ်တည်နိုင်ခဲ့ပါတယ်။ ဂွါဒီယိုလာရဲ့အသင်းအနေနဲ့ လည်ကုပ်ပေါ်မှာ မြောက်လန်ဒန်သားတွေ ရှူထုတ်လိုက်တဲ့ လေကိုတောင် ခံစားနေရမှာဖြစ်ပြီး ဂန်းနားတွေဟာ ပြီးခဲ့တဲ့ရာသီ ဆုဖလားပြိုင်ပွဲခြေချော်မှုအတွင်းမှာတောင် အိမ်ကွင်းမှာ ရမှတ်တွေ လျော့ကျလေ့သိပ်မရှိခဲ့တာဖြစ်ပါတယ်။ ဒါပေမယ့်လည်း နယူးကာဆယ်က ၂၀၂၃ ခုနှစ် ဇန်နဝါရီလတုန်းက အမ်းမရိတ်စ်မှာ ဂိုးမရှိသရေရအောင် ကစားနိုင်ခဲ့ပြီးနောက် မြောက်လန်ဒန်ကနေ ရမှတ်ခွဲယူသွားနိုင်တဲ့ အသင်းအနည်းငယ်ထဲက တစ်သင်းဖြစ်ခဲ့ပါတယ်။ ဒီတစ်ကြိမ်မှာတော့ ပေါ်တိုမှာ ရှုံးလာလို့ တင်းနေတဲ့ ဂန်းနားတွေရဲ့ အမျက်ဒေါသသင့်ခဲ့ရပြီး ဒီဂိုးရလဒ်က ဆင်ပျံကြီးတို့ရဲ့ ခြေအမှန်လို့တောင် ဆိုရမှာဖြစ်ပါတယ်။

၇။ မြောက်လန်ဒန်သားတွေရဲ့ ရွှေထမင်း

ဒီကလန် ရိုက်ဟာ နယူးကာဆယ်နဲ့ပွဲမှာ နောက်ထပ်တစ်ကြိမ် ကွင်းလယ်ဗိုလ်ချုပ်ဖြစ်ခဲ့ပြီး ဘောလုံးပေးပို့ရာမှာ တိကျမှု ၉၄ ရာခိုင်နှုန်းအပြင် ခီဗီယောရဲ့ ဂိုးကိုပါ ဖန်တီးပေးနိုင်ခဲ့ပါတယ်။ အင်္ဂလန်ကွင်းလယ်ကြယ်ပွင့်ဟာ အဓိကကျတဲ့ ပေးပို့မှု ၄ ကြိမ်၊ ဖြတ်တင်ပေးပို့မှု ၃ ကြိမ်နဲ့ အဝေးဘောကန်တင်ပေးပို့မှု ၃ ကြိမ်ပြုလုပ်နိုင်ခဲ့ပါတယ်။ ဒီကလန် ရိုက်ထက် ၂၀၂၄ ခုနှစ်အတွင်း ပရီးမီးယားလိဂ်မှာ ဘယ်ကစားသမားကမှ ဂိုးဖန်တီးမှု ပိုမို ပြုလုပ်ထားနိုင်ခြင်းမရှိဘဲ အခုဆိုရင် ထောင့်ကန်ဘောကနေ ဂိုးဖန်တီးမှု ၄ ကြိမ်အထိ ပြုလုပ်ထားနိုင်ခဲ့ပြီဖြစ်ပါတယ်။ ဒီကလန် ရိုက်ဟာ ကွင်းလယ်ခံစစ်ကစားသမားဖြစ်တာကြောင့် တိုက်စစ်ကို လုံလောက်တဲ့ ကူညီဖြန့်ဝေမှုမျိုး လုပ်နိုင်ပါ့မလားဆိုတဲ့ မေးခွန်းတွေကို ဒီကိန်းဂဏန်းတွေနဲ့ အကောင်းဆုံးအဖြေပေးလိုက်တာဖြစ်ပြီး အခုဆိုရင် ဝက်စ်ဟမ်းကနေ ပြောင်းလာပြီးနောက် ဂန်းနားတွေအတွက် ဂိုးပါဝင်ပတ်သက်မှု ၁၀ ကြိမ်( ၄ ဂိုးသွင်း၊ ၆ ကြိမ်ဖန်တီး)အထိ ပြုလုပ်ထားနိုင်ခဲ့ပါပြီ။ ဒီကိန်းဂဏန်းက ဝက်စ်ဟမ်းမှာ ကစားခဲ့တဲ့ ဘယ်လိုရာသီမျိုးထက်မဆို ပိုမို များပြားတဲ့ ပမာဏလည်း ဖြစ်ပါတယ်။

၈။ ပေါ်တိုနဲ့ပွဲမှာ ပေးမကစားခိုင်းလို့ အာတီတာကို နောင်တရစေခဲ့တဲ့ ကိုရွှေဂျော်

ဂျော်ဂျင်ညိုဟာ နယူးကာဆယ်နဲ့ပွဲမှာ အာဆင်နယ်ရဲ့ အကောင်းဆုံးကစားသမားတွေထဲက တစ်ဦးဖြစ်ခဲ့ပြီး ပထမပိုင်းမှာ ကစားခဲ့တဲ့ ကောင်းမွန်တဲ့စွမ်းဆောင်ရည်မျိုးကို ပရိသတ်တွေ တစ်ရာသီလုံး မြင်တွေ့ချင်နေကြမှာ သေချာပါတယ်။ တစ်ပွဲလုံး ကွင်းလယ်ကနေ နယူးကာဆယ်ကို တိကျသေချာတဲ့ ပေးပို့မှုတွေနဲ့ ဖရိုဖရဲဖြစ်စေခဲ့ပြီး ပေါ်တိုကို ရှုံးနိမ့်ခဲ့တဲ့ပွဲမှာ ဂျော်ဂျင်ညိုကို ပွဲထွက်ခွင့်မပေးမိလို့ အာတီတာတစ်ယောက် ကိုယ့်ပါးကိုယ်ရိုက်မိခဲ့မှာပါ။

Arsenal Myanmar

Ref: Internet

ZAWGYI: အာဆင္နယ္ဟာ စေနေန႔ညက အမ္းမရိတ္စ္မွာ ၄-၁ ႏိုင္ပြဲနဲ႔အတူ ဆုဖလားေမွ်ာ္လင့္ခ်က္ကို ဆက္လက္ အသက္သြင္းႏိုင္ခဲ့ၿပီး နယူးကာဆယ္ကို သက္ေတာင့္သက္သာ အႏိုင္ရယူႏိုင္ခဲ့ပါတယ္။

ပထဝီေျမမ်က္ႏွာသြင္ျပင္အရေရာ အမွတ္ေပးဇယား ရပ္တည္မႈပါ အတိုင္းအတာတစ္ခုအထိ ကြာဟခ်က္ရွိေနေပမယ့္လည္း ဒီႏွစ္သင္းၾကား ပြဲစဥ္ေတြဟာ ၿပီးခဲ့တဲ့ေတြ႕ဆုံမႈေတြမွာ ယွဥ္ၿပိဳင္မႈ ျပင္းထန္ခဲ့ၾကတာျစဖ္ပါတယ္။

၂၀၂၃ ခုႏွစ္ ဇန္နဝါရီလတုန္းက ပြဲမွာဆို နည္းျပအဖြဲ႕ဝင္ေတြၾကား အျငင္းပြားမႈေတြ ျဖစ္ခဲ့ၿပီး ႏိုဝင္ဘာလ ေတြ႕ဆုံမႈတုန္းက အန္သိုနီ ေဂၚဒြန္ရဲ႕ အႏိုင္ဂိုးဟာ အ႐ုပ္ဆိုးအက်ည္းတန္မႈလို႔ ေျပာခဲ့တဲ့အတြက္ အာတီတာတစ္ေယာက္ အက္ဖ္ေအရဲ႕ ၾကားနာစစ္ေဆးျခင္းကို ခံခဲ့ရပါတယ္။

ဒီတစ္ႀကိမ္မွာေတာ့ အာဆင္နယ္ပရိသတ္ေတြဟာ ပြဲမတိုင္ခင္ကတည္းက ၅ ပြဲဆက္ပရီးမီးယားလိဂ္ႏိုင္ပြဲစံခ်ိန္ေၾကာင့္ ရင္ေကာ့ေခါင္းေမာ့ေနခဲ့ၿပီး ပြဲအေစာပိုင္းမွာ နယူးကာဆယ္က အခ်ိန္ျဖဳန္းတီးမႈေၾကာင့္ ေလွာင္ေျပာင္ခံခဲ့ရပါတယ္။ ဒါေပမယ့္လည္း အဲဒီေလွာင္ေျပာင္သံေတြဟာ ဆဗင္ ေဘာ့တ္မန္းက ကိုယ့္ဂိုးကိုယ္သြင္းမိခဲ့ၿပီးေနာက္ အားေပးသံေတြအျဖစ္ ေျပာင္းလဲသြားခဲ့ၿပီး အိမ္ရွင္ေတြက ဦးေဆာင္ဂိုး ရရွိသြားခဲ့တာျဖစ္ပါတယ္။

ေနာက္ထပ္ ၆ မိနစ္အၾကာမွာ ဟာဗတ္ဇ္က ပင္နယ္တီဧရိယာထဲမွာ မာတီနယ္လီရဲ႕ ေပးပို႔မႈကို လြတ္လြတ္ကြၽတ္ကြၽတ္ ပိတ္သြင္းယူသြားခဲ့ၿပီး ဒုတိယပိုင္းမွာ ဆာကာနဲ႔ ခီဗီေယာတို႔က ေနာက္ထပ္ ဦးေဆာင္ဂိုးေတြ သြင္းယူသြားခဲ့တာျဖစ္ပါတယ္။ နယူးကာဆယ္အတြက္ ႏွစ္သိမ့္ေခ်ပဂိုးကိုေတာ့ အာဆင္နယ္ၾကယ္ပြင့္ေဟာင္း ဂ်ိဳး ဝီေလာ့ခ္က ေခါင္းတိုက္သြင္းယူေပးသြားခဲ့ၿပီး ဒီပြဲစဥ္ကေန မွတ္မွတ္ရရ ျပန္ေျပာရမယ့္အခ်က္ ၈ ခ်က္ရွိခဲ့ပါတယ္။

၁။ တည္ကန္ေဘာကေန ဂိုးထပ္ရခဲ့ျပန္တဲ့ အာဆင္နယ္

အခုဆိုရင္ အာဆင္နယ္တို႔ တည္ကန္ေဘာ၊ ေထာင့္ကန္ေဘာ ကန္ၿပီဆိုရင္ ၿပိဳင္ဘက္အသင္းေတြက ပင္နယ္တီေပးရသေလာက္ကို ေၾကာက္ေနၾကေလာက္ပါၿပီ။ ဂန္းနားေတြဟာ ေဘာေသအေနအထားမွာဆိုရင္ အံ့အားသင့္စရာေတြ အလုပ္ျပႏိုင္ဆုံးအသင္းျဖစ္ေနၿပီး ေထာင့္ကန္ေဘာ ကန္တဲ့ေနရာမွာလည္း ထူးျခားခဲ့တာ သိသာထင္ရွားခဲ့ပါတယ္။ ဆာကာရဲ႕ ျဖတ္တင္ေပးပို႔မႈကို ဂါဘရီယဲလ္က နယူးကာဆယ္ေနာက္ခံလူေတြထက္ ေက်ာ္ေအာင္ ခုန္ၿပီး ေခါင္းတိုက္သြင္းယူခဲ့တာကို ကားရီးယပ္စ္ ကာကြယ္ႏိုင္ခဲ့ေပမယ့္ ဆဗင္ ေဘာ့တ္မန္းနဲ႔ ထိၿပီး ဂိုးထဲ ျပန္ဝင္သြားခဲ့တာျဖစ္ပါတယ္။ ဘရာဇီးလ္ေနာက္ခံလူဟာ ပရီးမီးယားလိဂ္ကို ေရာက္လာကတည္းက ဂိုးသြင္းအမ်ားဆုံး ေနာက္ခံလူျဖစ္ခဲ့ေပမယ့္ ဒီတစ္ႀကိမ္မွာေတာ့ ဂိုးမရခဲ့ဘဲ အုန္းဂိုးျဖစ္သြားခဲ့တာပါ။ အာဆင္နယ္ဟာ ဒီသြင္းဂိုးေၾကာင့္ ဒီရာသီမွာ တည္ကန္ေဘာကေန ၁၈ ႀကိမ္အထိ ဂိုးရရွိခဲ့ၿပီျဖစ္ၿပီး ပရီးမီးယားလိဂ္မွာ တည္ကန္ေဘာဂိုးအမ်ားဆုံးအသင္းအျဖစ္ ရပ္တည္ေနပါတယ္။ ဒါေပမယ့္လည္း ဂန္းနားေတြရဲ႕ တည္ကန္ေဘာကေန သြင္းဂိုးေတြက ဒီမွာတင္ မၿပီးဆုံးေသးဘဲ ၁၉ ဂိုးေျမာက္ဂိုးကို ဒုတိယပိုင္းမွာ ခီဗီေယာက ဒီကလန္ ႐ိုက္ရဲ႕ ေထာင့္ကန္ေဘာကန္တင္ေပးပို႔မႈကို ေခါင္းတိုက္သြင္းယူေပးခဲ့ျပန္တာျဖစ္ပါတယ္။

၂။ ေနာက္ထပ္တစ္ႀကိမ္ ဂိုးသြင္းႏိုင္ခဲ့တဲ့ ဟာဗတ္ဇ္

ၿပီးခဲ့တဲ့ရက္သတၱပတ္အလယ္မွာ ထေရာ့ဆာ့ဒ္ရဲ႕ စိတ္ပ်က္စရာ စြမ္းေဆာင္ရည္ကို ျမင္ေတြ႕ခဲ့ရတဲ့ အာတီတာက ဒီပြဲမွာေတာ့ ဟာဗတ္ဇ္ကိုပဲ တိုက္စစ္ကို ဦးေဆာင္ခြင့္ ျပန္ေပးဖို႔ ေ႐ြးခ်ယ္ခဲ့ပါတယ္။ အာတီတာရဲ႕ ဆုံးျဖတ္ခ်က္က မွန္ကန္လားဆိုတာ အခ်ိန္အၾကာႀကီး မေစာင့္လိုက္ရဘဲ ျမင္ေတြ႕ခဲ့ရၿပီး ဟာဗတ္ဇ္က ပထမပိုင္း ၂၄ မိနစ္မွာပဲ မာတီနယ္လီရဲ႕ ေပးပို႔မႈကို အဆုံးသတ္ၿပီး ျပသခဲ့ပါတယ္။ ဂ်ာမန္ၾကယ္ပြင့္ဟာ ခ်ဲလ္ဆီးအတြက္ မကစားေပးမီတုန္းက ေလဗာကူဆင္မွာ ျပသခဲ့တဲ့ အဆုံးသတ္မႈမ်ိဳးကို ျမင္ေတြ႕ခဲ့ရတာျဖစ္ၿပီး နယူးကာဆယ္ေနာက္ခံလူေတြအေနနဲ႔ ကိုင္ ဟာဗတ္ဇ္ ဘယ္ေနရာကေန ပင္နယ္တီဧရိယာထဲ ေရာက္လာမွန္းေတာင္ သိလိုက္ပုံမေပၚပါဘူး။ ဟာဗတ္ဇ္ဟာ ဒုတိယပိုင္းအစမွာ ေနာက္ထပ္ ဦးေဆာင္ဂိုး သြင္းယူဖို႔ အခြင့္အေရးရခဲ့ေပမယ့္လည္း ဂိုးတိုင္ေဘးကို ဝိုက္ထြက္သြားခဲ့တာျဖစ္ပါတယ္။

၃။ ရင္သပ္ရႈေမာဖြယ္ေကာင္းခဲ့တဲ့ ဆာကာ

ၿပီးခဲ့တဲ့ရာသီကုန္ေလာက္တုန္းက အီယန္ ႐ိုက္က အာတီတာအေနနဲ႔ ဆာကာကို အရမ္းအားကိုးလြန္းတယ္လို႔ ေျပာဆိုခဲ့ၿပီး ဗုဒၶဟူးေန႔က ေပၚတိုကို ရႈံးခဲ့တဲ့ပြဲမတိုင္ခင္မွာလည္း ေနာက္ထပ္ ဂန္းနားဂႏၲဝင္ျဖစ္တဲ့ ဂီလ္ဘာတို ေဆးလ္ဗားကလည္း အဂၤလန္ၾကယ္ပြင့္ ပြဲပမ္းေနတာကို စျမင္ေနရၿပီလို႔ သတိေပးခဲ့ပါတယ္။ အဂၤလန္ေတာင္ပံကစားသမားဟာ အခုဆိုရင္ အာဆင္နယ္ ဒီရာသီကစားခဲ့တဲ့ ၂၆ ပြဲမွာ ၂၅ ပြဲအထိ ပါဝင္ကစားေပးခဲ့ၿပီျဖစ္ၿပီး ခ်န္ပီယံလိဂ္မွာလည္း ပြဲတိုင္း ပါဝင္ကစားေပးထားတာျဖစ္ပါတယ္။ ဆာကာဟာ အသက္ ၂၂ ႏွစ္အ႐ြယ္သာရွိေသးေပမယ့္လည္း အ႐ြယ္နဲ႔မလိုက္ေအာင္ ပြဲေတြအမ်ားႀကီးကစားထားရၿပီး အပတ္တိုင္းကို ေျခစြမ္းျပသေနတာျဖစ္ပါတယ္။ ဝက္စ္ဟမ္းနဲ႔ပြဲမွာ ၂ ဂိုး၊ ဘန္ေလနဲ႔ပြဲမွာ ၂ ဂိုး သြင္းယူႏိုင္ခဲ့ၿပီးေနာက္ ေပၚတိုနဲ႔ပြဲမွာ တိတ္ဆိတ္ေနခဲ့ၿပီး စေနေန႔ညက နယူးကာဆယ္နဲ႔ပြဲမွာေတာ့ ေတာက္ပတဲ့စြမ္းေဆာင္ရည္နဲ႔ ပုံမွန္လုပ္ျပေနက်အတိုင္းပဲ တုံ႔ျပန္ခဲ့တာပါ။ ပထမပိုင္းမွာ ဆာကာဟာ အံ့အားသင့္ဖြယ္ တစ္ကိုယ္ေတာ္ သြင္းဂိုးကို သြင္းယူႏိုင္ဖို႔ နီးစပ္ခဲ့ေပမယ့္လည္း ကားရီးယပ္စ္ရဲ႕ ေသသပ္တဲ့ ကာကြယ္မႈေၾကာင့္ ျငင္းပယ္ခံခဲ့ရတာျဖစ္ပါတယ္။ ဒါေပမယ့္လည္း ဒုတိယပိုင္းမွာေတာ့ ဆာကာရဲ႕ ညာေတာင္ပံကေန အတြင္းကို ခ်ိဳးဝင္ၿပီး ဘယ္ေျခနဲ႔ လွ်ပ္တျပက္ ကန္လိုက္တဲ့ေဘာလုံးက ဂိုးဘယ္ဖက္ေအာက္ေထာင့္ထဲကို ဝင္သြားတာ ျမန္လြန္းတာေၾကာင့္ ကားရီးယပ္စ္လည္း ရပ္ၾကည့္ေန႐ုံသာ တတ္ႏိုင္ခဲ့ပါတယ္။ ေဖဘီယံ ရွားက ေဘာလုံးလမ္းေၾကာင္းေပၚမွာ ရွိေနတာေၾကာင့္ ဖ်က္ထုတ္ဖို႔ ႀကိဳးစားခဲ့ေပမယ့္လည္း ဆာကာရဲ႕ ကန္ခ်က္က ကစ္ေပ်ာက္ႀကီးျဖစ္ေနလို႔ ေလကိုသာ ကန္မိခဲ့တာပါ။ အသက္ ၂၂ ႏွစ္အ႐ြယ္ကစားသမားဟာ အခုဆိုရင္ ေနာက္ဆုံး ၅ ပြဲမွာ ၇ ဂိုးအထိ သြင္းထားႏိုင္ခဲ့ပါၿပီ။

၄။ ေပၚတိုလို ရမလား ေသြးတိုးစမ္းၾကည့္ခဲ့တဲ့ နယူးကာဆယ္

အက္ဒီေဟာင္းကေတာ့ အာဆင္နယ္ကို စိတ္ပ်က္ေစခဲ့တဲ့ ေပၚတိုကစားတာကို ေသခ်ာေပါက္ ေစာင့္ၾကည့္ခဲ့မွာျဖစ္ၿပီး စေနေန႔မွာလည္း အဲဒီလိုပဲ လိုက္လုပ္ဖို႔ ႀကိဳးစားခဲ့ပါတယ္။ နယူးကာဆယ္ဟာ အာဆင္နယ္ရဲ႕ အရွိန္အဟုန္ကို ျဖတ္ေတာက္ပစ္ဖို႔ ႀကိဳးစားခဲ့ၿပီး ေဘာေသျဖစ္သြားတဲ့ ဂိုးလြန္ေဘာ၊ လက္ပစ္ေဘာအေျခအေနေတြမွာ အခ်ိန္မသိမသာခိုးဖို႔ လုပ္ခဲ့ပါတယ္။ စကၠန႔္ ၆၀ အတြင္းမွာပဲ အာတီတာဟာ နယူးကာဆယ္ရဲ႕ ႐ုပ္ေပါက္ေနမႈေၾကာင့္ စတုတၳဒိုင္ အန္သိုနီ ေတလာကို ေစာဒကတက္ခဲ့ၿပီး ၅ မိနစ္မွာ ကြင္းလယ္ဒိုင္ ေပါလ္ တီယာနီက လက္ပစ္ေဘာေျမႇာက္ရင္း ေလျဖတ္ခ်င္သလိုလုပ္ျပေနတဲ့ လီဗရာမန္တိုကို ျမန္ျမန္ေျမႇာက္ဖို႔ သတိေပးခဲ့ပါတယ္။ ေနာက္တန္းေတြ၊ ကြင္းလယ္က လူေတြ အခ်ိန္ဆြဲမရတာေၾကာင့္ တစ္ဖန္ အလွည့္က်သူက ဂိုးသမား ကားရီးယပ္စ္ျဖစ္ခဲ့ၿပီး ဂိုးလြန္ေဘာတိုင္းကို အခ်ိန္ဆြဲကန္ခဲ့ပါတယ္။ အာတီတာအေနနဲ႔ ၁၃ မိနစ္ျပည့္ၿပီးေနာက္ ထရစ္ပီယာက အားေန လဲက်ၿပီး ဒဏ္ရာရသလို လုပ္ေနတာေၾကာင့္ ေတာ္ေတာ္ေလး တင္းသြားခဲ့ၿပီး တာဝန္ရွိသူေတြကို စကၠန႔္တိုင္းကို နာက်င္အခ်ိန္ပိုအျဖစ္ ထည့္မွတ္ဖို႔ လ်င္လ်င္ျမန္ျမန္ပဲ သတိေပးခဲ့ပါတယ္။ ဘ႐ူႏို ဂီမာေရးစ္ကလည္း သိပ္မၾကာခင္မွာ အဲဒီအခ်ိဳးအတိုင္း ဆက္ခ်ိဳးခဲ့ေပမယ့္ ၿပီးခဲ့တဲ့ေပၚတိုနဲ႔ပြဲစဥ္ကနဲ႔ မတူတာက ဂန္းနားေတြကို ရပ္တန႔္လို႔မရတာပဲျဖစ္ပါတယ္။

၅။ ဟာေပါက္ယိုေပါက္ေတြနဲ႔ နယူးကာဆယ္ ခံစစ္

ထိပ္ဆုံး ၁၀ သင္းထဲမွာ နယူးကာဆယ္ေနာက္တန္းေလာက္ ဂိုးေပးထားရတဲ့ ေနာက္တန္းမရွိေတာ့ဘဲ ဒီရာသီမွာ ၄၅ ဂိုးအထိ ေပးထားရတာပါ။ အာဆင္နယ္ဟာ ႏိုဝင္ဘာတုန္းက စိန႔္ဂ်ိမ္းစ္ပါ့ခ္မွာ သေရက်ခဲ့ေပမယ့္လည္း ဒီတစ္ႀကိမ္မွာေတာ့ ဂိုးေတြ အမ်ားႀကီး သြင္းယူသြားႏိုင္ခဲ့တာပါ။ ဒီပြဲမတိုင္ခင္ ေနာက္ဆုံးလိဂ္ ၂ ပြဲမွာ ဂန္းနားေတြဟာ ၁၁ ဂိုးအထိ သြင္းယူႏိုင္ခဲ့ၿပီး ေပးဂိုးလုံးဝမရွိခဲ့တာပါ။ နယူးကာဆယ္က ဂိုးေပးရသလို ဂိုးလည္း ျပန္သြင္းႏိုင္တဲ့ အသင္းျဖစ္တာေၾကာင့္ တစ္ဂိုးေတာ့ ရေအာင္ ျပန္ထည့္သြားပါတယ္။ ဒီပြဲမွာ နယူးကာဆယ္တို႔ ပထမဂိုးမွာ ကံဆိုးခဲ့ၿပီး က်န္တဲ့ ၃ ဂိုးကေတာ့ ခံစစ္ပိုင္း ညံ့ဖ်င္းမႈပါ။ စတုတၳေျမာက္ဂိုးမွာ ကားရီးယပ္စ္ ပုတ္ထုတ္ႏိုင္ခဲ့သင့္ေပမယ့္လည္း ကေယာင္ေျခာက္ျခားျဖစ္ေနက်ထုံးစံအတိုင္းပဲ ဂိုးေပးခဲ့ရတာပါ။

၆။ ဇယားထိပ္ဆုံး ၂ သင္းကို ဖိအားဆက္ေပးႏိုင္ခဲ့တဲ့ အာဆင္နယ္

လီဗာပူးလ္နဲ႔ မန္စီးတီးတို႔က ႏိုင္ပြဲေတြ ဆက္ယူေနတာေၾကာင့္ အာဆင္နယ္လည္း အမွားမခံဘဲ ႏိုင္ပြဲ လိုက္လံရယူခဲ့ရၿပီး အခုဆိုရင္ ဇယားထိပ္က ကေလာ့ပ္ရဲ႕အသင္းနဲ႔ ၂ မွတ္အကြာ၊ ဒုတိယေနရာက ဂြါဒီယိုလာရဲ႕အသင္းနဲ႔ ၁ မွတ္အကြာမွာ ရပ္တည္ႏိုင္ခဲ့ပါတယ္။ ဂြါဒီယိုလာရဲ႕အသင္းအေနနဲ႔ လည္ကုပ္ေပၚမွာ ေျမာက္လန္ဒန္သားေတြ ရႉထုတ္လိုက္တဲ့ ေလကိုေတာင္ ခံစားေနရမွာျဖစ္ၿပီး ဂန္းနားေတြဟာ ၿပီးခဲ့တဲ့ရာသီ ဆုဖလားၿပိဳင္ပြဲေျခေခ်ာ္မႈအတြင္းမွာေတာင္ အိမ္ကြင္းမွာ ရမွတ္ေတြ ေလ်ာ့က်ေလ့သိပ္မရွိခဲ့တာျဖစ္ပါတယ္။ ဒါေပမယ့္လည္း နယူးကာဆယ္က ၂၀၂၃ ခုႏွစ္ ဇန္နဝါရီလတုန္းက အမ္းမရိတ္စ္မွာ ဂိုးမရွိသေရရေအာင္ ကစားႏိုင္ခဲ့ၿပီးေနာက္ ေျမာက္လန္ဒန္ကေန ရမွတ္ခြဲယူသြားႏိုင္တဲ့ အသင္းအနည္းငယ္ထဲက တစ္သင္းျဖစ္ခဲ့ပါတယ္။ ဒီတစ္ႀကိမ္မွာေတာ့ ေပၚတိုမွာ ရႈံးလာလို႔ တင္းေနတဲ့ ဂန္းနားေတြရဲ႕ အမ်က္ေဒါသသင့္ခဲ့ရၿပီး ဒီဂိုးရလဒ္က ဆင္ပ်ံႀကီးတို႔ရဲ႕ ေျခအမွန္လို႔ေတာင္ ဆိုရမွာျဖစ္ပါတယ္။

၇။ ေျမာက္လန္ဒန္သားေတြရဲ႕ ေ႐ႊထမင္း

ဒီကလန္ ႐ိုက္ဟာ နယူးကာဆယ္နဲ႔ပြဲမွာ ေနာက္ထပ္တစ္ႀကိမ္ ကြင္းလယ္ဗိုလ္ခ်ဳပ္ျဖစ္ခဲ့ၿပီး ေဘာလုံးေပးပို႔ရာမွာ တိက်မႈ ၉၄ ရာခိုင္ႏႈန္းအျပင္ ခီဗီေယာရဲ႕ ဂိုးကိုပါ ဖန္တီးေပးႏိုင္ခဲ့ပါတယ္။ အဂၤလန္ကြင္းလယ္ၾကယ္ပြင့္ဟာ အဓိကက်တဲ့ ေပးပို႔မႈ ၄ ႀကိမ္၊ ျဖတ္တင္ေပးပို႔မႈ ၃ ႀကိမ္နဲ႔ အေဝးေဘာကန္တင္ေပးပို႔မႈ ၃ ႀကိမ္ျပဳလုပ္ႏိုင္ခဲ့ပါတယ္။ ဒီကလန္ ႐ိုက္ထက္ ၂၀၂၄ ခုႏွစ္အတြင္း ပရီးမီးယားလိဂ္မွာ ဘယ္ကစားသမားကမွ ဂိုးဖန္တီးမႈ ပိုမို ျပဳလုပ္ထားႏိုင္ျခင္းမရွိဘဲ အခုဆိုရင္ ေထာင့္ကန္ေဘာကေန ဂိုးဖန္တီးမႈ ၄ ႀကိမ္အထိ ျပဳလုပ္ထားႏိုင္ခဲ့ၿပီျဖစ္ပါတယ္။ ဒီကလန္ ႐ိုက္ဟာ ကြင္းလယ္ခံစစ္ကစားသမားျဖစ္တာေၾကာင့္ တိုက္စစ္ကို လုံေလာက္တဲ့ ကူညီျဖန႔္ေဝမႈမ်ိဳး လုပ္ႏိုင္ပါ့မလားဆိုတဲ့ ေမးခြန္းေတြကို ဒီကိန္းဂဏန္းေတြနဲ႔ အေကာင္းဆုံးအေျဖေပးလိုက္တာျဖစ္ၿပီး အခုဆိုရင္ ဝက္စ္ဟမ္းကေန ေျပာင္းလာၿပီးေနာက္ ဂန္းနားေတြအတြက္ ဂိုးပါဝင္ပတ္သက္မႈ ၁၀ ႀကိမ္( ၄ ဂိုးသြင္း၊ ၆ ႀကိမ္ဖန္တီး)အထိ ျပဳလုပ္ထားႏိုင္ခဲ့ပါၿပီ။ ဒီကိန္းဂဏန္းက ဝက္စ္ဟမ္းမွာ ကစားခဲ့တဲ့ ဘယ္လိုရာသီမ်ိဳးထက္မဆို ပိုမို မ်ားျပားတဲ့ ပမာဏလည္း ျဖစ္ပါတယ္။

၈။ ေပၚတိုနဲ႔ပြဲမွာ ေပးမကစားခိုင္းလို႔ အာတီတာကို ေနာင္တရေစခဲ့တဲ့ ကိုေ႐ႊေဂ်ာ္

ေဂ်ာ္ဂ်င္ညိဳဟာ နယူးကာဆယ္နဲ႔ပြဲမွာ အာဆင္နယ္ရဲ႕ အေကာင္းဆုံးကစားသမားေတြထဲက တစ္ဦးျဖစ္ခဲ့ၿပီး ပထမပိုင္းမွာ ကစားခဲ့တဲ့ ေကာင္းမြန္တဲ့စြမ္းေဆာင္ရည္မ်ိဳးကို ပရိသတ္ေတြ တစ္ရာသီလုံး ျမင္ေတြ႕ခ်င္ေနၾကမွာ ေသခ်ာပါတယ္။ တစ္ပြဲလုံး ကြင္းလယ္ကေန နယူးကာဆယ္ကို တိက်ေသခ်ာတဲ့ ေပးပို႔မႈေတြနဲ႔ ဖ႐ိုဖရဲျဖစ္ေစခဲ့ၿပီး ေပၚတိုကို ရႈံးနိမ့္ခဲ့တဲ့ပြဲမွာ ေဂ်ာ္ဂ်င္ညိဳကို ပြဲထြက္ခြင့္မေပးမိလို႔ အာတီတာတစ္ေယာက္ ကိုယ့္ပါးကိုယ္႐ိုက္မိခဲ့မွာပါ။

Arsenal Myanmar

Ref: Internet