အသင်းဟောင်းကို ခြောက်လှန့်ခဲ့တဲ့ ရိုက်ရဲ့အစွမ်းနဲ့ ပြိုင်ဘက်တွေကို ခြောက်ခြားစေခဲ့တဲ့ပွဲက ပြန်ပြောရမယ့်အချက်များ
အာဆင်နယ်ဟာ လန်ဒန်ကွင်းမှာ ပထမပိုင်းအတွင်း ၄ ဂိုးအထိ သွင်းယူခဲ့ပြီး ဝက်စ်ဟမ်းကို ၆-၀ နဲ့ အနိုင်ရရှိခဲ့ပြီးနောက် အမှတ်ပေးဇယားထိပ်ဆုံးက လီဗာပူးလ်နဲ့ ၂ မှတ်အကွာကနေ လိုက်လံဖိအားပေးနိုင်ခဲ့ပါတယ်။
အာဆင်နယ်ဟာ ဆာလီဘာရဲ့ သွင်းဂိုးနဲ့ စဖွင့်ခဲ့ပြီး ဆာကာ၊ ဂါဘရီယဲလ်၊ ထရော့ဆာ့ဒ်နဲ့ ဒီကလန် ရိုက်တို့ရဲ့ သွင်းဂိုးတွေနဲ့ အပြတ်အသတ် အနိုင်ယူနိုင်ခဲ့တာဖြစ်ပြီး ဒီပွဲကနေ ပြန်ပြောရမယ့်အချက် ၅ ချက်ရှိခဲ့ပါတယ်။
တည်ကန်ဘော စပယ်ရှယ်လစ်များ
အာတီတာရဲ့ တည်ကန်ဘောနည်းပြ နီကိုးလတ်စ် ဂျိုဗာကို ခေါ်ယူဖို့ ဆုံးဖြတ်ချက်ဟာ အမ်းမရိတ်စ်ကို ရောက်လာပြီးကတည်းက အမှန်ကန်ဆုံးဆုံးဖြတ်ချက်ဖြစ်ခဲ့ပြီး ဂန်းနားတွေဟာ တည်ကန်ဘောတွေမှာ အကြောက်ရဆုံးအသင်းဖြစ်လာခဲ့ပါတယ်။ ဝက်စ်ဟမ်းနဲ့ပွဲမှာ ဂန်းနားတွေဟာ တည်ကန်ဘောကနေ ၁၇ ဂိုးအထိ ပြည့်မြောက်စေမယ့် သွင်းဂိုးတွေကိုကို သွင်းယူနိုင်ခဲ့ပြီး ပထမဆုံးဂိုးအနေနဲ့ ဒီကလန်ရိုက်ရဲ့ ထောင့်ကန်ဘော ကန်တင်ပေးပို့မှုကို ဆာလီဘာက ခေါင်းတိုက်သွင်းယူခဲ့ပြီးနောက် ဒီကလန် ရိုက်ရဲ့ အလွတ်တည်ကန်ဘောကနေ ကန်တင်ပေးလိုက်တဲ့ ဘောလုံးကို ဂါဘရီယဲလ်က ခေါင်းတိုက်ပြီး တည်ကန်ဘောကနေ ဂိုးထပ်မံသွင်းယူသွားခဲ့တာဖြစ်ပါတယ်။
ဒီကလန် ရိုက်ရဲ့ ထူးခြားတဲ့အိမ်ပြန်ခရီး
ဝက်စ်ဟမ်းကို လန်ဒန်ပြိုင်ဘက် အာဆင်နယ်အတွက် စွန့်ခွာဖို့ ဆုံးဖြတ်ခဲ့ချိန်မှာ ဒီကလန် ရိုက်ဟာ ဝက်စ်ဟမ်းပရိသတ်တွေကြားမှာ အမြင်ကွဲလွဲမှုတွေ ဖြစ်စေလိမ့်မယ်ဆိုတာကို သတိပြုမိခဲ့ပါတယ်။ ဒါပေမယ့်လည်း အိမ်ပြန်ခရီးမှာတော့ အောင်မြင်မှုတွေ ရယူဖို့ အိပ်မက်ခဲ့မှာဖြစ်ပြီး နိုဝင်ဘာလတုန်းက ကာရာဘောင်းဖလားမှာ ၃-၁ နဲ့ ရှုံးခဲ့တဲ့ပွဲတုန်းက လူစားဝင်ကစားပေးခဲ့ချိင်္နမှာ မျက်နှာပန်းမလှခဲ့တာဖြစ်ပါတယ်။ ဒီတစ်ကြိမ်မှာတော့ ဒီကလန် ရိုက်ဟာ အကောင်းဆုံးအိမ်ပြန်ခရီးကို ပိုင်ဆိုင်ခဲ့ပြီး အာဆင်နယ်အတွက် ဂိုးဖန်တီးမှု ၂ ကြိမ်အပြင် ကိုယ်တိုင်သွင်းဂိုး တစ်ဂိုးပါ သွင်းယူနိုင်ခဲ့တာဖြစ်ပါတယ်။
ဆက်လက်တောက်ပနေတဲ့ ဆာကာ
လက်ရှိအချိန်အထိ ဆာကာဟာ ပရီးမီးယားလိဂ်ရဲ့အကောင်းဆုံးတောင်ပံကစားသမားတွေထဲက တစ်ဦးဆိုတာ ဘယ်သူမှ ငြင်းနိုင်မှာမဟုတ်ဘဲ လက်ရှိမှာတော့ အင်္ဂလန်ကြယ်ပွင့်ဟာ ဟေးအမ်းအကယ်ဒမီထွက်ထဲမှာ အကောင်းဆုံးလားဆိုတာကို ဆွေးနွေးမှုတွေရှိနေပါပြီ။ ဘယ်လိုပဲပြောပြော ဆာကာဟာ အသင်းက အလိုအပ်ဆုံးအချိန်တွေမှာ ပေါ်ထွက်လာတတ်သူဖြစ်ပြီး ပြီးခဲ့တဲ့ရာသီမှာ အိပ်မက်ဆိုးမက်ခဲ့ရပေမယ့်လည်း ပထမပိုင်းမှာ ပင်နယ်တီကို တာဝန်ယူကန်သွင်းခဲ့ပါတယ်။ ဆာကာရဲ့ ဒုတိယမြောက်သွင်းဂိုးကတော့ ဘယ်ဂိုးသမားမှ တားဆီးနိုင်မယ့် သွင်းဂိုးမဟုတ်တဲ့ ဂိုးဖြစ်ခဲ့ပါတယ်။
၂၀၂၄ မှာ ကံဆိုးနေဆဲဖြစ်တဲ့ ဝက်စ်ဟမ်း
အာဆင်နယ်ကို ဂိုးပြတ်ရှုံးနိမ့်ခဲ့မှုကြောင့် ဝက်စ်ဟမ်းဟာ ၂၀၂၄ ခုနှစ်အတွင်း ကစားခဲ့တဲ့ ပြိုင်ပွဲစုံမှာ နိုင်ပွဲ တစ်ပွဲမှ မရသေးဘူးဆိုတဲ့အဓိပ္ပာယ်ဖြစ်ပြီး ဒေးဗစ် မိုရက်စ်အတွက်တော့ ဖိအားတွေ ပိုပြီး မြင့်တက်လာခဲ့ပြီဖြစ်ပါတယ်။ ဝက်စ်ဟမ်းနည်းပြဟာ ပြီးခဲ့တဲ့ရက်သတ္တပတ်တွေမှာ ပြစ်တင်ဝေဖန်မှုတွေ ခံခဲ့ရပြီး ရာသီကုန်မှာ လမ်းခွဲတာက နှစ်ဦးနှစ်ဖက်အတွက် အကောင်းဆုံးဖြစ်လိမ့်မယ်လို့ ပြောဆိုမှုတွေတောင် ရှိလာနေတာဖြစ်ပါတယ်။ ဒီရလဒ်ဟာ အဲဒီထင်မြင်ချက်ကို ကိုင်ဆွဲထားတဲ့သူတွေအတွက် ပိုလို့တောင် စိတ်ပိုင်းဖြတ်သွားနိုင်စေခဲ့ပြီး ဝက်စ်ဟမ်းဟာ ဆိုးရွားတဲ့နှစ်သစ်ကို ဆက်လက်ရင်ဆိုင်နေရဆဲဖြစ်ပါတယ်။
ဆုဖလားပြိုင်ပွဲအတွက် အရေးကြီးခဲ့တဲ့နိုင်ပွဲ
မန်စီးတီးနဲ့ လီဗာပူးလ်ပရိသတ်တွေက ဒီရာသီမှာ သူတို့ ၂ သင်းပဲ ဆုဖလားအတွက် ပြန်လည်ယှဉ်ပြိုင်ရလိမ့်မယ်လို့ ထင်မြင်ခဲ့ကြမယ်ဆိုရင်တော့ မှားသွားခဲ့ပြီဆိုတာ သေချာပါတယ်။ ပြီးခဲ့တဲ့ရာသီတုန်းက ဂန်းနားတွေရဲ့ ဆုဖလား စိန်ခေါ်မှုဟာ ကြက်ကန်းဆန်အိုးတိုးတာမျိုးမဟုတ်ဘူးဆိုတာကို အာတီတာရဲ့အသင်းက ဒီရာသီမှာ ဆက်လက် သက်သေပြသနေပြီး ဝက်စ်ဟမ်းအိမ်ကွင်းမှာတောင် ဂိုးပြတ်နိုင်ပွဲရယူနိုင်ခဲ့တာက ဇယားထိပ်ဆုံးက ၂ သင်းအတွက် ခေါင်းကိုက်စရာဖြစ်လာခဲ့ပြီ ဖြစ်ပါတယ်။ ခရစ္စမတ်နဲ့ နှစ်သစ်ကူးကာလတွေမှာ ရုန်းကန်ခဲ့ရတဲ့ အာဆင်နယ်ဟာ လက်ရှိမှာတော့ နှစ်သစ်ကူးပြီးကတည်းက ပရီးမီးယားလိဂ် ၄ ပွဲဆက်နိုင်ပွဲရရှိခဲ့ပြီဖြစ်ပြီး ဒီခြေစွမ်းအတိုင်း ရာသီကုန်ထိ ဆက်ထိန်းထားနိုင်မယ်ဆိုရင် ဆယ်စုနှစ် ၂ ခုကြာ စောင့်ဆိုင်းနေခဲ့ရတဲ့ အမှတ်ပေးဖလားကို ကိုင်မြှောက်နိုင်ဖို့ အကောင်းဆုံးအခွင့်အရေးရှိလာတော့မှာ ဖြစ်ပါတယ်။
Arsenal Myanmar
Ref: Internet
ZAWGYI: အာဆင္နယ္ဟာ လန္ဒန္ကြင္းမွာ ပထမပိုင္းအတြင္း ၄ ဂိုးအထိ သြင္းယူခဲ့ၿပီး ဝက္စ္ဟမ္းကို ၆-၀ နဲ႔ အႏိုင္ရရွိခဲ့ၿပီးေနာက္ အမွတ္ေပးဇယားထိပ္ဆုံးက လီဗာပူးလ္နဲ႔ ၂ မွတ္အကြာကေန လိုက္လံဖိအားေပးႏိုင္ခဲ့ပါတယ္။
အာဆင္နယ္ဟာ ဆာလီဘာရဲ႕ သြင္းဂိုးနဲ႔ စဖြင့္ခဲ့ၿပီး ဆာကာ၊ ဂါဘရီယဲလ္၊ ထေရာ့ဆာ့ဒ္နဲ႔ ဒီကလန္ ႐ိုက္တို႔ရဲ႕ သြင္းဂိုးေတြနဲ႔ အျပတ္အသတ္ အႏိုင္ယူႏိုင္ခဲ့တာျဖစ္ၿပီး ဒီပြဲကေန ျပန္ေျပာရမယ့္အခ်က္ ၅ ခ်က္ရွိခဲ့ပါတယ္။
တည္ကန္ေဘာ စပယ္ရွယ္လစ္မ်ား
အာတီတာရဲ႕ တည္ကန္ေဘာနည္းျပ နီကိုးလတ္စ္ ဂ်ိဳဗာကို ေခၚယူဖို႔ ဆုံးျဖတ္ခ်က္ဟာ အမ္းမရိတ္စ္ကို ေရာက္လာၿပီးကတည္းက အမွန္ကန္ဆုံးဆုံးျဖတ္ခ်က္ျဖစ္ခဲ့ၿပီး ဂန္းနားေတြဟာ တည္ကန္ေဘာေတြမွာ အေၾကာက္ရဆုံးအသင္းျဖစ္လာခဲ့ပါတယ္။ ဝက္စ္ဟမ္းနဲ႔ပြဲမွာ ဂန္းနားေတြဟာ တည္ကန္ေဘာကေန ၁၇ ဂိုးအထိ ျပည့္ေျမာက္ေစမယ့္ သြင္းဂိုးေတြကိုကို သြင္းယူႏိုင္ခဲ့ၿပီး ပထမဆုံးဂိုးအေနနဲ႔ ဒီကလန္႐ိုက္ရဲ႕ ေထာင့္ကန္ေဘာ ကန္တင္ေပးပို႔မႈကို ဆာလီဘာက ေခါင္းတိုက္သြင္းယူခဲ့ၿပီးေနာက္ ဒီကလန္ ႐ိုက္ရဲ႕ အလြတ္တည္ကန္ေဘာကေန ကန္တင္ေပးလိုက္တဲ့ ေဘာလုံးကို ဂါဘရီယဲလ္က ေခါင္းတိုက္ၿပီး တည္ကန္ေဘာကေန ဂိုးထပ္မံသြင္းယူသြားခဲ့တာျဖစ္ပါတယ္။
ဒီကလန္ ႐ိုက္ရဲ႕ ထူးျခားတဲ့အိမ္ျပန္ခရီး
ဝက္စ္ဟမ္းကို လန္ဒန္ၿပိဳင္ဘက္ အာဆင္နယ္အတြက္ စြန႔္ခြာဖို႔ ဆုံးျဖတ္ခဲ့ခ်ိန္မွာ ဒီကလန္ ႐ိုက္ဟာ ဝက္စ္ဟမ္းပရိသတ္ေတြၾကားမွာ အျမင္ကြဲလြဲမႈေတြ ျဖစ္ေစလိမ့္မယ္ဆိုတာကို သတိျပဳမိခဲ့ပါတယ္။ ဒါေပမယ့္လည္း အိမ္ျပန္ခရီးမွာေတာ့ ေအာင္ျမင္မႈေတြ ရယူဖို႔ အိပ္မက္ခဲ့မွာျဖစ္ၿပီး ႏိုဝင္ဘာလတုန္းက ကာရာေဘာင္းဖလားမွာ ၃-၁ နဲ႔ ရႈံးခဲ့တဲ့ပြဲတုန္းက လူစားဝင္ကစားေပးခဲ့ခ်ိနၤမွာ မ်က္ႏွာပန္းမလွခဲ့တာျဖစ္ပါတယ္။ ဒီတစ္ႀကိမ္မွာေတာ့ ဒီကလန္ ႐ိုက္ဟာ အေကာင္းဆုံးအိမ္ျပန္ခရီးကို ပိုင္ဆိုင္ခဲ့ၿပီး အာဆင္နယ္အတြက္ ဂိုးဖန္တီးမႈ ၂ ႀကိမ္အျပင္ ကိုယ္တိုင္သြင္းဂိုး တစ္ဂိုးပါ သြင္းယူႏိုင္ခဲ့တာျဖစ္ပါတယ္။
ဆက္လက္ေတာက္ပေနတဲ့ ဆာကာ
လက္ရွိအခ်ိန္အထိ ဆာကာဟာ ပရီးမီးယားလိဂ္ရဲ႕အေကာင္းဆုံးေတာင္ပံကစားသမားေတြထဲက တစ္ဦးဆိုတာ ဘယ္သူမွ ျငင္းႏိုင္မွာမဟုတ္ဘဲ လက္ရွိမွာေတာ့ အဂၤလန္ၾကယ္ပြင့္ဟာ ေဟးအမ္းအကယ္ဒမီထြက္ထဲမွာ အေကာင္းဆုံးလားဆိုတာကို ေဆြးေႏြးမႈေတြရွိေနပါၿပီ။ ဘယ္လိုပဲေျပာေျပာ ဆာကာဟာ အသင္းက အလိုအပ္ဆုံးအခ်ိန္ေတြမွာ ေပၚထြက္လာတတ္သူျဖစ္ၿပီး ၿပီးခဲ့တဲ့ရာသီမွာ အိပ္မက္ဆိုးမက္ခဲ့ရေပမယ့္လည္း ပထမပိုင္းမွာ ပင္နယ္တီကို တာဝန္ယူကန္သြင္းခဲ့ပါတယ္။ ဆာကာရဲ႕ ဒုတိယေျမာက္သြင္းဂိုးကေတာ့ ဘယ္ဂိုးသမားမွ တားဆီးႏိုင္မယ့္ သြင္းဂိုးမဟုတ္တဲ့ ဂိုးျဖစ္ခဲ့ပါတယ္။
၂၀၂၄ မွာ ကံဆိုးေနဆဲျဖစ္တဲ့ ဝက္စ္ဟမ္း
အာဆင္နယ္ကို ဂိုးျပတ္ရႈံးနိမ့္ခဲ့မႈေၾကာင့္ ဝက္စ္ဟမ္းဟာ ၂၀၂၄ ခုႏွစ္အတြင္း ကစားခဲ့တဲ့ ၿပိဳင္ပြဲစုံမွာ ႏိုင္ပြဲ တစ္ပြဲမွ မရေသးဘူးဆိုတဲ့အဓိပၸာယ္ျဖစ္ၿပီး ေဒးဗစ္ မိုရက္စ္အတြက္ေတာ့ ဖိအားေတြ ပိုၿပီး ျမင့္တက္လာခဲ့ၿပီျဖစ္ပါတယ္။ ဝက္စ္ဟမ္းနည္းျပဟာ ၿပီးခဲ့တဲ့ရက္သတၱပတ္ေတြမွာ ျပစ္တင္ေဝဖန္မႈေတြ ခံခဲ့ရၿပီး ရာသီကုန္မွာ လမ္းခြဲတာက ႏွစ္ဦးႏွစ္ဖက္အတြက္ အေကာင္းဆုံးျဖစ္လိမ့္မယ္လို႔ ေျပာဆိုမႈေတြေတာင္ ရွိလာေနတာျဖစ္ပါတယ္။ ဒီရလဒ္ဟာ အဲဒီထင္ျမင္ခ်က္ကို ကိုင္ဆြဲထားတဲ့သူေတြအတြက္ ပိုလို႔ေတာင္ စိတ္ပိုင္းျဖတ္သြားႏိုင္ေစခဲ့ၿပီး ဝက္စ္ဟမ္းဟာ ဆိုး႐ြားတဲ့ႏွစ္သစ္ကို ဆက္လက္ရင္ဆိုင္ေနရဆဲျဖစ္ပါတယ္။
ဆုဖလားၿပိဳင္ပြဲအတြက္ အေရးႀကီးခဲ့တဲ့ႏိုင္ပြဲ
မန္စီးတီးနဲ႔ လီဗာပူးလ္ပရိသတ္ေတြက ဒီရာသီမွာ သူတို႔ ၂ သင္းပဲ ဆုဖလားအတြက္ ျပန္လည္ယွဥ္ၿပိဳင္ရလိမ့္မယ္လို႔ ထင္ျမင္ခဲ့ၾကမယ္ဆိုရင္ေတာ့ မွားသြားခဲ့ၿပီဆိုတာ ေသခ်ာပါတယ္။ ၿပီးခဲ့တဲ့ရာသီတုန္းက ဂန္းနားေတြရဲ႕ ဆုဖလား စိန္ေခၚမႈဟာ ၾကက္ကန္းဆန္အိုးတိုးတာမ်ိဳးမဟုတ္ဘူးဆိုတာကို အာတီတာရဲ႕အသင္းက ဒီရာသီမွာ ဆက္လက္ သက္ေသျပသေနၿပီး ဝက္စ္ဟမ္းအိမ္ကြင္းမွာေတာင္ ဂိုးျပတ္ႏိုင္ပြဲရယူႏိုင္ခဲ့တာက ဇယားထိပ္ဆုံးက ၂ သင္းအတြက္ ေခါင္းကိုက္စရာျဖစ္လာခဲ့ၿပီ ျဖစ္ပါတယ္။ ခရစၥမတ္နဲ႔ ႏွစ္သစ္ကူးကာလေတြမွာ ႐ုန္းကန္ခဲ့ရတဲ့ အာဆင္နယ္ဟာ လက္ရွိမွာေတာ့ ႏွစ္သစ္ကူးၿပီးကတည္းက ပရီးမီးယားလိဂ္ ၄ ပြဲဆက္ႏိုင္ပြဲရရွိခဲ့ၿပီျဖစ္ၿပီး ဒီေျခစြမ္းအတိုင္း ရာသီကုန္ထိ ဆက္ထိန္းထားႏိုင္မယ္ဆိုရင္ ဆယ္စုႏွစ္ ၂ ခုၾကာ ေစာင့္ဆိုင္းေနခဲ့ရတဲ့ အမွတ္ေပးဖလားကို ကိုင္ေျမႇာက္ႏိုင္ဖို႔ အေကာင္းဆုံးအခြင့္အေရးရွိလာေတာ့မွာ ျဖစ္ပါတယ္။
Arsenal Myanmar
Ref: Internet
- Posted In:
- Post Match Review