အစ်တီဟတ်က စံချိန်ဆိုးကို အဆုံးသတ်နိုင်ခဲ့ပေမယ့် ဇယားထိပ်နေရာကို စွန့်လွှတ်ခဲ့ရတဲ့ပွဲက ပြန်ပြောရမယ့်အချက်များ
အာဆင်နယ်ဟာ ပရီးမီးယားလိဂ်မှာ မန်စီးတီးကို ရှုံးပွဲဆက်နေမှုကို အဆုံးသတ်နိုင်ခဲ့ပေမယ့်လည်း ဇယားထိပ်ပြန်တက်နိုင်ဖို့ လိုအပ်တဲ့ နိုင်ပွဲကို မရယူနိုင်ခဲ့ပါဘူး။
ဂန်းနားတွေဟာ အစ်တီဟတ်ကို ၈ ပွဲဆက်နိုင်ပွဲနဲ့ လာရောက်ယှဉ်ပြိုင်ခဲ့တာဖြစ်ပေမယ့် ပြီးခဲ့တဲ့ ၇ ပွဲဆက်တိုက် အိမ်ကွင်းမှာ အနိုင်ယူခဲ့တဲ့ ပြိုင်ဘက်တွေကို အလဲမထိုးနိုင်ခဲ့တာကြောင့် မန်စီးတီးရဲ့ အိမ်ကွင်းရှုံးပွဲမရှိစံချိန်ဟာ ပြိုင်ပွဲစုံ ၃၉ ပွဲအထိ တိုးမြှင့်နိုင်ခဲ့တာဖြစ်ပါတယ်။
ပျင်းစရာကောင်းတဲ့ ပထမပိုင်းမှာ နေသန် အကီက အကောင်းဆုံးအခွင့်အရေးရခဲ့ပေမယ့် ထောင့်ကန်ဘောကနေ အနီးကပ်ခေါင်းတိုက်ချက်ကို အားပါပါ အဆုံးမသတ်နိုင်ခဲ့ဘဲ ဂန်းနားတွေဘက်မှာလည်း ဂျေးဇု ဘာဖြစ်ချင်နေမှန်းမသိဘဲ ဂိုးရှေ့မှာ ဂယောင်ခြောက်ခြားဖြစ်နေခဲ့ပြီး ဒီပွဲကနေ ပြန်ပြောစရာအချက် ၅ ချက်ရှိနေခဲ့ပါတယ်။
ဘောလုံးပွဲလား၊ ချက်စ်ထိုးပွဲလား
မန်စီးတီးနဲ့ အာဆင်နယ်တို့ပွဲကို ပျင်းစရာကောင်းတယ်ဆိုတဲ့စကားထက် ပိုကောင်းအောင် ဘယ်လိုစကားလုံး သုံးနှုန်းရမလဲလို့ စဉ်းစားလိုက်တဲ့ ချက်စ်ထိုးပွဲတစ်ပွဲလို့ တွေးမိပါတယ်။ အာတီတာနဲ့ ဂွါဒီယိုလာတို့ဟာ တစ်ယောက်နဲ့တစ်ယောက် ဘယ်အကွက်ရွှေ့မလဲဆိုတာ သိနေကြတဲ့ ချက်စ်ထိုးသမား ၂ ယောက်လိုဖြစ်နေတာကြောင့် ပွဲက ထင်ထားတာထက်ကို ပိုပျင်းစရာကောင်းခဲ့ပါတယ်။ အဆုံးအဖြတ်ပေးနိုင်တဲ့ ပွဲကြီးပွဲကောင်းဖြစ်တာကြောင့် သတိကြီးကြီးထား ကစားသွားကြမယ်ဆိုတာ အားလုံးမျှော်လင့်ထားပေမယ့် အန္တရာယ်ရှိတဲ့ ဘောလုံးပေးပို့မှုမျိုးမလုပ်ကြဘဲ မိဘတွေအိမ်ထဲ ပြန်ဝင်တဲ့ အမူးသမားတစ်ယောက်လို သတိကြီးကြီးနဲ့ ကစားနေကြတာကတော့ ပရိသတ်တွေအတွက် ပျင်းစရာကောင်းလွန်းခဲ့ပါတယ်။
ဟာလန်း ဘယ်မှာလဲ
ပွဲက စိတ်လှုပ်ရှားစရာမကောင်းတာလည်း မပြောပါနဲ့။ ပရီးမီးယားလိဂ်မှာ ခံစစ်မှတ်တမ်းအကောင်းဆုံးအသင်းဖြစ်နေရတဲ့အကြောင်းအရင်းကို ဂန်းနားတို့က ပြသခဲ့ပြီး ဂါဘရီယဲလ်နဲ့ ဆာလီဘာတို့ရဲ့ မာကျောတဲ့ခံစစ်ကို ဂန္တဝင်ဆည်းဆာကေနဲ့ မောင်ဟာလန်းတယောက် ဘယ်လို ဖောက်ထွက်ရမလဲ မသိအောင် ဖြစ်ခဲ့ပါတယ်။ ဟာလန်းက ဘောလုံးကိုင်ကစားတတ်တဲ့သူမျိုးမဟုတ်ဘဲ အလစ်အငိုက်မှာ ဝင်ဝင်ကန်တတ်တဲ့သူမျိုးလို့ လူသိများပြီး ဒီပွဲမှာတော့ ပင်နယ်တီဧရိယာထဲ ဘောလုံးဝင်လာတာနဲ့ ဂန်းနားဗဟိုခံစစ်အတွဲက ရှင်းထုတ်ရင် ရှင်းထုတ်၊ ဒါမှမဟုတ်ရင် ဘန် ဝှိုက်နဲ့ ခီဗီယောတို့က ခေါင်းတိုက်ရှင်းထုတ်နေလို့ ဘာလုပ်လို့ ဘာကိုင်ရမှန်းမသိဖြစ်နေခဲ့တာပါ။
အဝါကတ်တွေ အိမ်မှာ ကျန်ခဲ့တဲ့ တေလာ
တကမ္ဘာလုံးက စိတ်ဝင်တစား စောင့်ကြည့်နေတဲ့ပွဲမှာ အိတ်ထဲက အဝါကတ်ကို လက်လွတ်စပယ် ထုတ်ပြရဲတဲ့ ဒိုင်မရှိတာ မဆန်းပါဘူး။ အန်သိုနီ တေလာက ဒီပွဲကို အကောင်းဆုံး ထိန်းသွားခဲ့တာလို့ ချီးကျူးမယ်ဆိုရင်လည်း မမှားဘဲ ရွေးချယ်စရာ မရှိတော့မှသာ အဝါကတ်ပြဖို့ ဆုံးဖြတ်ထားပုံပေါ်ပြီး ပွဲကို မရပ်တန့်စေဘဲ ဆက်လက်စီးဆင်းစေခဲ့ပါတယ်။ တေလာဟာ အဝါကတ်ဆိုလို့ စောဒကတက်ခဲ့တဲ့ ဂျေးဇုနဲ့ အချိန်ဖြုန်းတဲ့ ရာယာတို့ကိုသာ ပြသခဲ့ပြီး ကျန်တဲ့အချိန်တွေမှာ အဝါကတ် အိမ်မှာ မေ့ကျန်ခဲ့သလားထင်ရအောင် ပွဲကို သတိကြီးကြီးနဲ့ကို ထိန်းသွားခဲ့ပါတယ်။
အစွမ်းမပြနိုင်ခဲ့တဲ့ လူစားဝင်ကစားသမားတွေ
ပွဲကစားချိန် ၁ နာရီလောက်ရှိလာတော့ ဂွါဒီယိုလာက စိတ်လှုပ်ရှားစရာအကောင်းဆုံး တိုက်စစ်ကစားသမားတွေဖြစ်တဲ့ ရှက်ကီဘဲ ဂရီးလစ်ရှ်နဲ့ မနိုင် ရင်ဝဆောင့်ကန်တတ်တဲ့ ဒိုကုတို့ကို ပွဲထုတ်လာခဲ့ပါတယ်။ အာတီတာကလည်း တိုမိယဆုနဲ့ ပါတေးတို့ကို ဟျောင့်တွေလာဦးဆိုပြီး လက်ချာပေးပြီး တုံ့ပြန်ခဲ့ပါတယ်။ ဒီပွဲမှာ နှစ်ဖက်စလုံးက တန်ပြန်တိုက်စစ်တွေ ခွင့်ပြုရမှာကို သေမလောက် ကြောက်နေခဲ့ပြီး တန်ပြန်တိုက်စစ်ကြောင့် စိတ်လှုပ်ရှားစရာသိပ်မရှိခဲ့ပါဘူး။ ထရော့ဆာ့ဒ်နဲ့ မာတီနယ်လီတို့ဟာ အာဆင်နယ်ရဲ့ လက်နက်ပုန်းဖြစ်ခဲ့တာဖြစ်ပြီး ဘယ်လ်ဂျီယမ်ကြယ်ပွင့်ရဲ့ ကန်ချက်ကို မန်စီးတီး ဒုတိယပွဲထွက်ဂိုးသမား အော်တေဂါ အခက်အခဲမရှိ ကာကွယ်နိုင်ခဲ့ပါတယ်။
ဒိုင်စားတဲ့ လီဗာပူးလ်
လီဗာပူးလ်ကတော့ တနင်္ဂနွေနေ့ အစောပိုင်းမှာ ကိုယ်လုပ်စရာရှိတာကို သေချာလုပ်နိုင်ခဲ့ပြီး အန်းဖီးမှာ ဘရိုက်တန်ကို နောက်ကနေ ဂိုးတွေလိုက်သွင်းပြီး ၂-၁ နဲ့ အနိုင် ၃ မှတ်အပြည့် ရယူနိုင်ခဲ့ပါတယ်။ တကယ်လို့ လီဗာပူးလ်ရော အာဆင်နယ်နဲ့ စီးတီးတို့ပါ သရေကျခဲ့ရင် ဆုဖလားပြိုင်ပွဲက ပိုကြည့်ကောင်းခဲ့မှာဖြစ်ပေမယ့်လည်း တိုက်စစ်မဖွင့်ရဲတဲ့ ဆရာတပည့် ၂ ယောက်ရဲ့ ပျင်းစရာ သရေပွဲကြောင့် လီဗာပူးလ်တို့ ဒိုင်စားသွားခဲ့တာဖြစ်ပါတယ်။
Arsenal Myanmar
Ref: Internet
ZAWGYI:
အာဆင္နယ္ဟာ ပရီးမီးယားလိဂ္မွာ မန္စီးတီးကို ရႈံးပြဲဆက္ေနမႈကို အဆုံးသတ္ႏိုင္ခဲ့ေပမယ့္လည္း ဇယားထိပ္ျပန္တက္ႏိုင္ဖို႔ လိုအပ္တဲ့ ႏိုင္ပြဲကို မရယူႏိုင္ခဲ့ပါဘူး။
ဂန္းနားေတြဟာ အစ္တီဟတ္ကို ၈ ပြဲဆက္ႏိုင္ပြဲနဲ႔ လာေရာက္ယွဥ္ၿပိဳင္ခဲ့တာျဖစ္ေပမယ့္ ၿပီးခဲ့တဲ့ ၇ ပြဲဆက္တိုက္ အိမ္ကြင္းမွာ အႏိုင္ယူခဲ့တဲ့ ၿပိဳင္ဘက္ေတြကို အလဲမထိုးႏိုင္ခဲ့တာေၾကာင့္ မန္စီးတီးရဲ႕ အိမ္ကြင္းရႈံးပြဲမရွိစံခ်ိန္ဟာ ၿပိဳင္ပြဲစုံ ၃၉ ပြဲအထိ တိုးျမႇင့္ႏိုင္ခဲ့တာျဖစ္ပါတယ္။
ပ်င္းစရာေကာင္းတဲ့ ပထမပိုင္းမွာ ေနသန္ အကီက အေကာင္းဆုံးအခြင့္အေရးရခဲ့ေပမယ့္ ေထာင့္ကန္ေဘာကေန အနီးကပ္ေခါင္းတိုက္ခ်က္ကို အားပါပါ အဆုံးမသတ္ႏိုင္ခဲ့ဘဲ ဂန္းနားေတြဘက္မွာလည္း ေဂ်းဇု ဘာျဖစ္ခ်င္ေနမွန္းမသိဘဲ ဂိုးေရွ႕မွာ ဂေယာင္ေျခာက္ျခားျဖစ္ေနခဲ့ၿပီး ဒီပြဲကေန ျပန္ေျပာစရာအခ်က္ ၅ ခ်က္ရွိေနခဲ့ပါတယ္။
ေဘာလုံးပြဲလား၊ ခ်က္စ္ထိုးပြဲလား
မန္စီးတီးနဲ႔ အာဆင္နယ္တို႔ပြဲကို ပ်င္းစရာေကာင္းတယ္ဆိုတဲ့စကားထက္ ပိုေကာင္းေအာင္ ဘယ္လိုစကားလုံး သုံးႏႈန္းရမလဲလို႔ စဥ္းစားလိုက္တဲ့ ခ်က္စ္ထိုးပြဲတစ္ပြဲလို႔ ေတြးမိပါတယ္။ အာတီတာနဲ႔ ဂြါဒီယိုလာတို႔ဟာ တစ္ေယာက္နဲ႔တစ္ေယာက္ ဘယ္အကြက္ေ႐ႊ႕မလဲဆိုတာ သိေနၾကတဲ့ ခ်က္စ္ထိုးသမား ၂ ေယာက္လိုျဖစ္ေနတာေၾကာင့္ ပြဲက ထင္ထားတာထက္ကို ပိုပ်င္းစရာေကာင္းခဲ့ပါတယ္။ အဆုံးအျဖတ္ေပးႏိုင္တဲ့ ပြဲႀကီးပြဲေကာင္းျဖစ္တာေၾကာင့္ သတိႀကီးႀကီးထား ကစားသြားၾကမယ္ဆိုတာ အားလုံးေမွ်ာ္လင့္ထားေပမယ့္ အႏၲရာယ္ရွိတဲ့ ေဘာလုံးေပးပို႔မႈမ်ိဳးမလုပ္ၾကဘဲ မိဘေတြအိမ္ထဲ ျပန္ဝင္တဲ့ အမူးသမားတစ္ေယာက္လို သတိႀကီးႀကီးနဲ႔ ကစားေနၾကတာကေတာ့ ပရိသတ္ေတြအတြက္ ပ်င္းစရာေကာင္းလြန္းခဲ့ပါတယ္။
ဟာလန္း ဘယ္မွာလဲ
ပြဲက စိတ္လႈပ္ရွားစရာမေကာင္းတာလည္း မေျပာပါနဲ႔။ ပရီးမီးယားလိဂ္မွာ ခံစစ္မွတ္တမ္းအေကာင္းဆုံးအသင္းျဖစ္ေနရတဲ့အေၾကာင္းအရင္းကို ဂန္းနားတို႔က ျပသခဲ့ၿပီး ဂါဘရီယဲလ္နဲ႔ ဆာလီဘာတို႔ရဲ႕ မာေက်ာတဲ့ခံစစ္ကို ဂႏၲဝင္ဆည္းဆာေကနဲ႔ ေမာင္ဟာလန္းတေယာက္ ဘယ္လို ေဖာက္ထြက္ရမလဲ မသိေအာင္ ျဖစ္ခဲ့ပါတယ္။ ဟာလန္းက ေဘာလုံးကိုင္ကစားတတ္တဲ့သူမ်ိဳးမဟုတ္ဘဲ အလစ္အငိုက္မွာ ဝင္ဝင္ကန္တတ္တဲ့သူမ်ိဳးလို႔ လူသိမ်ားၿပီး ဒီပြဲမွာေတာ့ ပင္နယ္တီဧရိယာထဲ ေဘာလုံးဝင္လာတာနဲ႔ ဂန္းနားဗဟိုခံစစ္အတြဲက ရွင္းထုတ္ရင္ ရွင္းထုတ္၊ ဒါမွမဟုတ္ရင္ ဘန္ ဝႈိက္နဲ႔ ခီဗီေယာတို႔က ေခါင္းတိုက္ရွင္းထုတ္ေနလို႔ ဘာလုပ္လို႔ ဘာကိုင္ရမွန္းမသိျဖစ္ေနခဲ့တာပါ။
အဝါကတ္ေတြ အိမ္မွာ က်န္ခဲ့တဲ့ ေတလာ
တကမာၻလုံးက စိတ္ဝင္တစား ေစာင့္ၾကည့္ေနတဲ့ပြဲမွာ အိတ္ထဲက အဝါကတ္ကို လက္လြတ္စပယ္ ထုတ္ျပရဲတဲ့ ဒိုင္မရွိတာ မဆန္းပါဘူး။ အန္သိုနီ ေတလာက ဒီပြဲကို အေကာင္းဆုံး ထိန္းသြားခဲ့တာလို႔ ခ်ီးက်ဴးမယ္ဆိုရင္လည္း မမွားဘဲ ေ႐ြးခ်ယ္စရာ မရွိေတာ့မွသာ အဝါကတ္ျပဖို႔ ဆုံးျဖတ္ထားပုံေပၚၿပီး ပြဲကို မရပ္တန႔္ေစဘဲ ဆက္လက္စီးဆင္းေစခဲ့ပါတယ္။ ေတလာဟာ အဝါကတ္ဆိုလို႔ ေစာဒကတက္ခဲ့တဲ့ ေဂ်းဇုနဲ႔ အခ်ိန္ျဖဳန္းတဲ့ ရာယာတို႔ကိုသာ ျပသခဲ့ၿပီး က်န္တဲ့အခ်ိန္ေတြမွာ အဝါကတ္ အိမ္မွာ ေမ့က်န္ခဲ့သလားထင္ရေအာင္ ပြဲကို သတိႀကီးႀကီးနဲ႔ကို ထိန္းသြားခဲ့ပါတယ္။
အစြမ္းမျပႏိုင္ခဲ့တဲ့ လူစားဝင္ကစားသမားေတြ
ပြဲကစားခ်ိန္ ၁ နာရီေလာက္ရွိလာေတာ့ ဂြါဒီယိုလာက စိတ္လႈပ္ရွားစရာအေကာင္းဆုံး တိုက္စစ္ကစားသမားေတြျဖစ္တဲ့ ရွက္ကီဘဲ ဂရီးလစ္ရွ္နဲ႔ မႏိုင္ ရင္ဝေဆာင့္ကန္တတ္တဲ့ ဒိုကုတို႔ကို ပြဲထုတ္လာခဲ့ပါတယ္။ အာတီတာကလည္း တိုမိယဆုနဲ႔ ပါေတးတို႔ကို ေဟ်ာင့္ေတြလာဦးဆိုၿပီး လက္ခ်ာေပးၿပီး တုံ႔ျပန္ခဲ့ပါတယ္။ ဒီပြဲမွာ ႏွစ္ဖက္စလုံးက တန္ျပန္တိုက္စစ္ေတြ ခြင့္ျပဳရမွာကို ေသမေလာက္ ေၾကာက္ေနခဲ့ၿပီး တန္ျပန္တိုက္စစ္ေၾကာင့္ စိတ္လႈပ္ရွားစရာသိပ္မရွိခဲ့ပါဘူး။ ထေရာ့ဆာ့ဒ္နဲ႔ မာတီနယ္လီတို႔ဟာ အာဆင္နယ္ရဲ႕ လက္နက္ပုန္းျဖစ္ခဲ့တာျဖစ္ၿပီး ဘယ္လ္ဂ်ီယမ္ၾကယ္ပြင့္ရဲ႕ ကန္ခ်က္ကို မန္စီးတီး ဒုတိယပြဲထြက္ဂိုးသမား ေအာ္ေတဂါ အခက္အခဲမရွိ ကာကြယ္ႏိုင္ခဲ့ပါတယ္။
ဒိုင္စားတဲ့ လီဗာပူးလ္
လီဗာပူးလ္ကေတာ့ တနဂၤေႏြေန႔ အေစာပိုင္းမွာ ကိုယ္လုပ္စရာရွိတာကို ေသခ်ာလုပ္ႏိုင္ခဲ့ၿပီး အန္းဖီးမွာ ဘ႐ိုက္တန္ကို ေနာက္ကေန ဂိုးေတြလိုက္သြင္းၿပီး ၂-၁ နဲ႔ အႏိုင္ ၃ မွတ္အျပည့္ ရယူႏိုင္ခဲ့ပါတယ္။ တကယ္လို႔ လီဗာပူးလ္ေရာ အာဆင္နယ္နဲ႔ စီးတီးတို႔ပါ သေရက်ခဲ့ရင္ ဆုဖလားၿပိဳင္ပြဲက ပိုၾကည့္ေကာင္းခဲ့မွာျဖစ္ေပမယ့္လည္း တိုက္စစ္မဖြင့္ရဲတဲ့ ဆရာတပည့္ ၂ ေယာက္ရဲ႕ ပ်င္းစရာ သေရပြဲေၾကာင့္ လီဗာပူးလ္တို႔ ဒိုင္စားသြားခဲ့တာျဖစ္ပါတယ္။
Arsenal Myanmar
Ref: Internet
- Posted In:
- Post Match Review