အငြင်းပွားဖွယ်ဒိုင်ဆုံးဖြတ်ချက်နဲ့ ဗီလာကို ရှုံးနိမ့်ခဲ့တဲ့ပွဲက ပြန်ပြောရမယ့်အချက်များ
အက်စတန် ဗီလာဟာ စနေနေ့ညက ဗီလာပ့ါခ်မှာ အာဆင်နယ်ကို ၁-၀ နဲ့ အနိုင်ရရှိခဲ့ပြီး ပရီးမီးယားလိဂ်အမှတ်ပေးဖလား ပြိုင်ပွဲထဲကို ဝင်ရောက်နိုင်ခဲ့ပြီဖြစ်ပါတယ်။
ဂျွန် မက်ဂင်းရဲ့ ၇ မိနစ်မှာ သွင်းယူခဲ့တဲ့ သွင်းဂိုးက အနိုင်အရှုံးကို အဆုံးအဖြတ်ပေးနိုင်ခဲ့ပြီး အက်စတန် ဗီလာ ပရိသတ်တွေ အိပ်မက်တောင် မမက်ရဲခဲ့တဲ့ နိုင်ပွဲမျိုးတွေကို ဆက်တိုက် ရယူနိုင်ခဲ့တာဖြစ်ပါတယ်။
ဂန်းနားတွေအတွက်တော့ ဒီရာသီ ၃ ပွဲမြောက် ရှုံးပွဲဖြစ်လာခဲ့တာဖြစ်ပြီး ကွင်းဘေးစည်းနားမှာ အာတီတာ ရှိမနေနိုင်ခဲ့တာကလည်း အခြေအနေတွေကို ပိုမိုဆိုးရွားစေခဲ့တာဖြစ်နိုင်ပါတယ်။ အာဆင်နယ်အသင်းခေါင်းဆောင် အော်ဒီဂွါဒ် အပိုင်အခွင့်အရေး ၂ ကြိမ်လွဲချော်ခဲ့ပေမယ့် အမှန်အတိုင်း ပြောရရင် ဒုတိယပိုင်းမှာ ဂန်းနားတွေအနေနဲ့ ဗီလာရဲ့ ခံစစ်ကို ထိုးဖောက်ဖို့ ရုန်းကန်ခဲ့ရတာဖြစ်ပါတယ်။
အာဆင်နယ်အတွက် ကိုင် ဟာဗတ်ဇ်က နောက်ကျ ချေပဂိုးကို သွင်းယူပေးခဲ့ပေမယ့်လည်း လက်ထိဘောဖြစ်ခဲ့တယ်ဆိုပြီး ငြင်းပယ်ခဲ့တာဖြစ်ပြီး ဒီပွဲကနေ မှတ်မှတ်ရရ ပြန်ပြောစရာအချက်တွေ ရှိနေခဲ့ပါတယ်။
၁။ ဂိုးသမား ၃ ဦး ဇာတ်လမ်း
အာတီတာဟာ မလိုအပ်ဘဲ ရာယာကို အရဲစွန့်ထည့်သုံးပြီး လောင်းကစားဆန်ဆန် အသုံးပြုနေပုံပေါ်ပြီး စနေနေ့ည ပြိုင်ဘက်အသင်း ဂိုးပေါက်က ဂိုးသမားကတော့ အာဆင်နယ်ပရိသတ်တွေရဲ့ စိတ်ထဲမှာ ပျောက်ပျက်သွားမယ့်သူမဟုတ်တာဖြစ်ပါတယ်။ မာတီနက်ဇ်ဟာ ပထမပိုင်းမှာ အော်ဒီဂွါဒ်ရဲ့ အပိုင်ဂိုးသွင်းယူမှုကို အလွန်ကောင်းမွန်တဲ့ လက်စွမ်းနဲ့ ကာကွယ်နိုင်ခဲ့ပြီး ၃၈ မိနစ်မှာ ထုံးစံအတိုင်း အချိန်ဖြုန်းတီးခဲ့သေးတာဖြစ်ပါတယ်။ အသက် ၃၁ နှစ်အရွယ် ဂိုးသမားဟာ အာဆင်နယ်မှာ ၈ နှစ်ကြာ ကစားခဲ့ပြီးနောက် ၂၀၂၀ မှာ အသင်းကနေ ထွက်ခွာခဲ့တာဖြစ်ပြီး မြောက်လန်ဒန်ကလပ်သာ အာဂျင်တီးနားဂိုးသမားကို ယုံကြည်မှုပိုပေးခဲ့ပြီး အခု ဖြစ်နေတဲ့ အာဆင်နယ်ရဲ့ ကျောနံပါတ် ၁ က ဘယ်သူဖြစ်သင့်လဲဆိုတဲ့ ပြဿနာမျိုးတွေလည်း ဖြစ်လာမှာမဟုတ်ပါဘူး။
၂။ အဆုံးသတ်ပိုင်း တိုးတက်အောင်လုပ်ရဦးမယ့် အော်ဒီဂွါဒ်
မာတင် အော်ဒီဂွါဒ်ဟာ အာတီတာလက်အောက်မှာ အဓိကကျတဲ့ စွမ်းဆောင်ရည်ပြသနိုင်တဲ့ ကစားသမားဖြစ်လာသူဖြစ်ပြီး ယခုရာသီမှာ ၄ ဂိုးအထိ သွင်းယူထားပြီးဖြစ်ပေမယ့် ထိပ်တန်း ကွင်းလယ်ကစားသမားအဖြစ် တိုးတက်လာချင်တယ်ဆိုရင် အဆုံးသတ်စွမ်းရည်ကို ဒီထက် တိုးတက်အောင်လုပ်ရမှာပါ။ မာတီနက်ဇ်က ပထမပိုင်းမှာ အလွန်ကောင်းမွန်တဲ့ ကာကွယ်မှု ပြုလုပ်ခဲ့တယ်ဆိုပေမယ့်လည်း အမှန်တော့ အော်ဒီဂွါဒ်ရဲ့ အဆုံးသတ်က ကောင်းသင့်သလောက် မကောင်းမွန်ခဲ့တာဖြစ်ပါတယ်။ ပထမပိုင်းအပြီးမှာ အော်ဒီဂွါဒ်ဟာ နောက်ထပ် အပိုင်ဂိုးကန်သွင်းခွင့် ရခဲ့ပေမယ့်လည်း ဘေးကို ဝိုက်ထွက်သွားခဲ့တာဖြစ်ပြီး ဒီလို အရေးကြီးတဲ့အချိန်မှာ အခွင့်အရေးတွေ လွဲချော်ခဲ့တာက အရမ်းဆိုးရွားခဲ့တယ်ဆိုတာ သက်သေဖြစ်ခဲ့ပါတယ်။
၃။ အခြေအနေမှန်ကို မြင်ရတော့မယ့် အာတီတာ
ဘရန့်တ်ဖို့ဒ်နဲ့ပွဲက နောက်ကျ အနိုင်ဂိုး၊ ဝုလ်ဗ်စ်နဲ့ပွဲက စိတ်လှုပ်ရှားစရာ နောက်ဆုံးမိနစ်တွေ၊ လူတန်နဲ့ ပြီးခဲ့တဲ့ရက်သတ္တပတ်အလယ်က နာကျင်အချိန်ပိုသွင်းဂိုးတွေက ချန်ပီယံဖြစ်ဖို့အတွက် လုပ်ပြဖို့ လိုအပ်တဲ့အရာတွေဖြစ်ပါတယ်။ ဒါပေမယ့်လည်း ဒီလိုအဆင့်အတန်းမျိုးမှာ ဒီတိုင်း ဆက်ကစားနေရင် ရမှတ်တွေ အချိန်မရွေးလျော့ကျနိုင်တယ်ဆိုတာကိုလည်း စဉ်းစားရမှာဖြစ်ပြီး စနေနေ့ညမှာ အာတီတာရဲ့အသင်းဟာ အမြဲတမ်း ပြန်မလာနိုင်ဘူးဆိုတာကို သက်သေပြသခဲ့တာဖြစ်ပါတယ်။ စပိန်လူမျိုးနည်းပြဟာ ဗီလာပါ့ခ်နဲ့အဝေးမှာ ပွဲကို ကြည့်ရှုခဲ့ရပြီး ဂန်းနားတွေအနေနဲ့ သူတို့လိုချင်တဲ့ ခြေစွမ်းပိုင်း တည်ငြိမ်မှုအဆင့်အတန်းကို ရောက်ရှိချင်တယ်ဆိုရင် ပွဲကို ထိန်းချုပ်နိုင်စွမ်းရှိမှ ဖြစ်မှာပါ။
၄။ အဆိုးတွေထဲက အကောင်းဖြစ်ခဲ့တဲ့ ဆာလီဘာ
အာဆင်နယ်နောက်ခံလူ ဝီလီယံ ဆာလီဘာဟာ အသင်းက ရလဒ်ကောင်း မရယူနိုင်ခဲ့ပေမယ့်လည်း ဂန်းနားတွေရဲ့ ခံစစ်မှာ အထင်ကြီးဖွယ်ကောင်းတဲ့ စွမ်းဆောင်ရည် ပြသနိုင်ခဲ့ပြီး တစ်ဦးချင်းရင်ဆိုင်တိုက်ပွဲ ၈ ကြိမ်မှာ ၆ ကြိမ်အနိုင်ရ၊ ဖျက်ထုတ်မှု ၄ ကြိမ်၊ ရှင်းထုတ်မှု ၂ ကြိမ်ပြုလုပ်နိုင်ခဲ့သလို ဂိုးပေါက်ကန်သွင်းမှုတောင် တစ်ကြိမ်ပြုလုပ်နိုင်ခဲ့တာဖြစ်ပါတယ်။
၅။ အကျိုးသက်ရောက်မှု မပြသနိုင်ခဲ့တဲ့ မာတီနယ်လီ
အာဆင်နယ်တိုက်စစ်မှူး မာတီနယ်လီဟာ တိုက်စစ်မှာ အသင်းအတွက် အကျိုးသက်ရောက်မှု ပြသနိုင်ခြင်းမရှိခဲ့ဘဲ ဆိုးရွားတဲ့ ပွဲတစ်ပွဲကို ရင်ဆိုင်ခဲ့ရပါတယ်။ ဘရာဇီးလ်ကြယ်ပွင့်ဟာ ပထမပိုင်းမှာ ဂိုးသွင်းယူဖို့ ကြီးမားတဲ့ အခွင့်အရေးတစ်ကြိမ် ရရှိခဲ့ပေမယ့်လည်း လွဲချော်ခဲ့ပြီး တစ်ဦးချင်း ရင်ဆိုင်တိုက်ပွဲမှာလည်း ၈ ကြိမ်မှာ ၁ ကြိမ်သာ အနိုင်ရတဲ့အထိ ခြေစွမ်းပိုင်း ဆိုးရွားနေခဲ့ပါတယ်။
၆။ ရုပ်ပေါက်လွန်းတဲ့ ဒိုင်လူကြီး
အက်စတန်ဗီလာကို ရှုံးနိမ့်ခဲ့တာဟာ ကွင်းလယ်ဒိုင် ဂျားရတ် ဂီးလတ်ရဲ့ ရှင်းလင်းပြီး သိသာတဲ့ အမှားအယွင်း ၂ ခုကြောင့်ဆိုတာ ဘယ်လိုမှ ငြင်းလို့မရတဲ့ကိစ္စဖြစ်ပြီး အာဆင်နယ်ရဲ့ ဂိုးရရှိမယ့် အခွင့်အရေး ၂ ကြိမ်စလုံးကို VAR နဲ့ ငြင်းပယ်ခဲ့တာဖြစ်ပါတယ်။ ကိုင် ဟာဗတ်ဇ်ဟာ ပွဲကစားချိန် နှောင်းပိုင်းမှာ အာဆင်နယ်အတွက် နောက်ကျ ချေပဂိုး သွင်းယူနိုင်ခဲ့ပြီလို့ထင်မြင်ခဲ့ပေမယ်ာ့လည်း ဒိုင်လူကြီးက VAR နဲ့ အချိန်အတော်ကြာ စစ်ဆေးခဲ့ပြီးနောက် လက်ထိဘောဖြစ်ခဲ့တယ်ဆိုပြီး ငြင်းပယ်ခဲ့တာဖြစ်ပါတယ်။ ဒုတိယပိုင်းအစောပိုင်းမှာလည်း ပင်နယ်တီ ဧရိယာထဲမှာ ဒေါက်ဂလပ်စ် လူးဝစ်ဇ်က ဂါဘရီယဲလ် ဂျေးဇုရဲ့ ခြေသလုံးကို ကန်ခဲ့ပေမယ့်လည်း ဂီးလတ်က မသိချင်ယောင်ဆောင်နေပြီး VAR ပြန်ကြည့်ခိုင်းတော့လည်း VAR ကလည်း အလိုတူ အလိုပါဖြစ်ခဲ့တာကြောင့် အာဆင်နယ်တို့ ပင်နယ်တီ မရခဲ့တာဖြစ်ပါတယ်။
Arsenal Myanmar
Ref: Internet
ZAWGYI: အက္စတန္ ဗီလာဟာ စေနေန႔ညက ဗီလာပ့ါခ္မွာ အာဆင္နယ္ကို ၁-၀ နဲ႔ အႏိုင္ရရွိခဲ့ၿပီး ပရီးမီးယားလိဂ္အမွတ္ေပးဖလား ၿပိဳင္ပြဲထဲကို ဝင္ေရာက္ႏိုင္ခဲ့ၿပီျဖစ္ပါတယ္။
ဂြၽန္ မက္ဂင္းရဲ႕ ၇ မိနစ္မွာ သြင္းယူခဲ့တဲ့ သြင္းဂိုးက အႏိုင္အရႈံးကို အဆုံးအျဖတ္ေပးႏိုင္ခဲ့ၿပီး အက္စတန္ ဗီလာ ပရိသတ္ေတြ အိပ္မက္ေတာင္ မမက္ရဲခဲ့တဲ့ ႏိုင္ပြဲမ်ိဳးေတြကို ဆက္တိုက္ ရယူႏိုင္ခဲ့တာျဖစ္ပါတယ္။
ဂန္းနားေတြအတြက္ေတာ့ ဒီရာသီ ၃ ပြဲေျမာက္ ရႈံးပြဲျဖစ္လာခဲ့တာျဖစ္ၿပီး ကြင္းေဘးစည္းနားမွာ အာတီတာ ရွိမေနႏိုင္ခဲ့တာကလည္း အေျခအေနေတြကို ပိုမိုဆိုး႐ြားေစခဲ့တာျဖစ္ႏိုင္ပါတယ္။ အာဆင္နယ္အသင္းေခါင္းေဆာင္ ေအာ္ဒီဂြါဒ္ အပိုင္အခြင့္အေရး ၂ ႀကိမ္လြဲေခ်ာ္ခဲ့ေပမယ့္ အမွန္အတိုင္း ေျပာရရင္ ဒုတိယပိုင္းမွာ ဂန္းနားေတြအေနနဲ႔ ဗီလာရဲ႕ ခံစစ္ကို ထိုးေဖာက္ဖို႔ ႐ုန္းကန္ခဲ့ရတာျဖစ္ပါတယ္။
အာဆင္နယ္အတြက္ ကိုင္ ဟာဗတ္ဇ္က ေနာက္က် ေခ်ပဂိုးကို သြင္းယူေပးခဲ့ေပမယ့္လည္း လက္ထိေဘာျဖစ္ခဲ့တယ္ဆိုၿပီး ျငင္းပယ္ခဲ့တာျဖစ္ၿပီး ဒီပြဲကေန မွတ္မွတ္ရရ ျပန္ေျပာစရာအခ်က္ေတြ ရွိေနခဲ့ပါတယ္။
၁။ ဂိုးသမား ၃ ဦး ဇာတ္လမ္း
အာတီတာဟာ မလိုအပ္ဘဲ ရာယာကို အရဲစြန႔္ထည့္သုံးၿပီး ေလာင္းကစားဆန္ဆန္ အသုံးျပဳေနပုံေပၚၿပီး စေနေန႔ည ၿပိဳင္ဘက္အသင္း ဂိုးေပါက္က ဂိုးသမားကေတာ့ အာဆင္နယ္ပရိသတ္ေတြရဲ႕ စိတ္ထဲမွာ ေပ်ာက္ပ်က္သြားမယ့္သူမဟုတ္တာျဖစ္ပါတယ္။ မာတီနက္ဇ္ဟာ ပထမပိုင္းမွာ ေအာ္ဒီဂြါဒ္ရဲ႕ အပိုင္ဂိုးသြင္းယူမႈကို အလြန္ေကာင္းမြန္တဲ့ လက္စြမ္းနဲ႔ ကာကြယ္ႏိုင္ခဲ့ၿပီး ၃၈ မိနစ္မွာ ထုံးစံအတိုင္း အခ်ိန္ျဖဳန္းတီးခဲ့ေသးတာျဖစ္ပါတယ္။ အသက္ ၃၁ ႏွစ္အ႐ြယ္ ဂိုးသမားဟာ အာဆင္နယ္မွာ ၈ ႏွစ္ၾကာ ကစားခဲ့ၿပီးေနာက္ ၂၀၂၀ မွာ အသင္းကေန ထြက္ခြာခဲ့တာျဖစ္ၿပီး ေျမာက္လန္ဒန္ကလပ္သာ အာဂ်င္တီးနားဂိုးသမားကို ယုံၾကည္မႈပိုေပးခဲ့ၿပီး အခု ျဖစ္ေနတဲ့ အာဆင္နယ္ရဲ႕ ေက်ာနံပါတ္ ၁ က ဘယ္သူျဖစ္သင့္လဲဆိုတဲ့ ျပႆနာမ်ိဳးေတြလည္း ျဖစ္လာမွာမဟုတ္ပါဘူး။
၂။ အဆုံးသတ္ပိုင္း တိုးတက္ေအာင္လုပ္ရဦးမယ့္ ေအာ္ဒီဂြါဒ္
မာတင္ ေအာ္ဒီဂြါဒ္ဟာ အာတီတာလက္ေအာက္မွာ အဓိကက်တဲ့ စြမ္းေဆာင္ရည္ျပသႏိုင္တဲ့ ကစားသမားျဖစ္လာသူျဖစ္ၿပီး ယခုရာသီမွာ ၄ ဂိုးအထိ သြင္းယူထားၿပီးျဖစ္ေပမယ့္ ထိပ္တန္း ကြင္းလယ္ကစားသမားအျဖစ္ တိုးတက္လာခ်င္တယ္ဆိုရင္ အဆုံးသတ္စြမ္းရည္ကို ဒီထက္ တိုးတက္ေအာင္လုပ္ရမွာပါ။ မာတီနက္ဇ္က ပထမပိုင္းမွာ အလြန္ေကာင္းမြန္တဲ့ ကာကြယ္မႈ ျပဳလုပ္ခဲ့တယ္ဆိုေပမယ့္လည္း အမွန္ေတာ့ ေအာ္ဒီဂြါဒ္ရဲ႕ အဆုံးသတ္က ေကာင္းသင့္သေလာက္ မေကာင္းမြန္ခဲ့တာျဖစ္ပါတယ္။ ပထမပိုင္းအၿပီးမွာ ေအာ္ဒီဂြါဒ္ဟာ ေနာက္ထပ္ အပိုင္ဂိုးကန္သြင္းခြင့္ ရခဲ့ေပမယ့္လည္း ေဘးကို ဝိုက္ထြက္သြားခဲ့တာျဖစ္ၿပီး ဒီလို အေရးႀကီးတဲ့အခ်ိန္မွာ အခြင့္အေရးေတြ လြဲေခ်ာ္ခဲ့တာက အရမ္းဆိုး႐ြားခဲ့တယ္ဆိုတာ သက္ေသျဖစ္ခဲ့ပါတယ္။
၃။ အေျခအေနမွန္ကို ျမင္ရေတာ့မယ့္ အာတီတာ
ဘရန႔္တ္ဖို႔ဒ္နဲ႔ပြဲက ေနာက္က် အႏိုင္ဂိုး၊ ဝုလ္ဗ္စ္နဲ႔ပြဲက စိတ္လႈပ္ရွားစရာ ေနာက္ဆုံးမိနစ္ေတြ၊ လူတန္နဲ႔ ၿပီးခဲ့တဲ့ရက္သတၱပတ္အလယ္က နာက်င္အခ်ိန္ပိုသြင္းဂိုးေတြက ခ်န္ပီယံျဖစ္ဖို႔အတြက္ လုပ္ျပဖို႔ လိုအပ္တဲ့အရာေတြျဖစ္ပါတယ္။ ဒါေပမယ့္လည္း ဒီလိုအဆင့္အတန္းမ်ိဳးမွာ ဒီတိုင္း ဆက္ကစားေနရင္ ရမွတ္ေတြ အခ်ိန္မေ႐ြးေလ်ာ့က်ႏိုင္တယ္ဆိုတာကိုလည္း စဥ္းစားရမွာျဖစ္ၿပီး စေနေန႔ညမွာ အာတီတာရဲ႕အသင္းဟာ အၿမဲတမ္း ျပန္မလာႏိုင္ဘူးဆိုတာကို သက္ေသျပသခဲ့တာျဖစ္ပါတယ္။ စပိန္လူမ်ိဳးနည္းျပဟာ ဗီလာပါ့ခ္နဲ႔အေဝးမွာ ပြဲကို ၾကည့္ရႈခဲ့ရၿပီး ဂန္းနားေတြအေနနဲ႔ သူတို႔လိုခ်င္တဲ့ ေျခစြမ္းပိုင္း တည္ၿငိမ္မႈအဆင့္အတန္းကို ေရာက္ရွိခ်င္တယ္ဆိုရင္ ပြဲကို ထိန္းခ်ဳပ္ႏိုင္စြမ္းရွိမွ ျဖစ္မွာပါ။
၄။ အဆိုးေတြထဲက အေကာင္းျဖစ္ခဲ့တဲ့ ဆာလီဘာ
အာဆင္နယ္ေနာက္ခံလူ ဝီလီယံ ဆာလီဘာဟာ အသင္းက ရလဒ္ေကာင္း မရယူႏိုင္ခဲ့ေပမယ့္လည္း ဂန္းနားေတြရဲ႕ ခံစစ္မွာ အထင္ႀကီးဖြယ္ေကာင္းတဲ့ စြမ္းေဆာင္ရည္ ျပသႏိုင္ခဲ့ၿပီး တစ္ဦးခ်င္းရင္ဆိုင္တိုက္ပြဲ ၈ ႀကိမ္မွာ ၆ ႀကိမ္အႏိုင္ရ၊ ဖ်က္ထုတ္မႈ ၄ ႀကိမ္၊ ရွင္းထုတ္မႈ ၂ ႀကိမ္ျပဳလုပ္ႏိုင္ခဲ့သလို ဂိုးေပါက္ကန္သြင္းမႈေတာင္ တစ္ႀကိမ္ျပဳလုပ္ႏိုင္ခဲ့တာျဖစ္ပါတယ္။
၅။ အက်ိဳးသက္ေရာက္မႈ မျပသႏိုင္ခဲ့တဲ့ မာတီနယ္လီ
အာဆင္နယ္တိုက္စစ္မႉး မာတီနယ္လီဟာ တိုက္စစ္မွာ အသင္းအတြက္ အက်ိဳးသက္ေရာက္မႈ ျပသႏိုင္ျခင္းမရွိခဲ့ဘဲ ဆိုး႐ြားတဲ့ ပြဲတစ္ပြဲကို ရင္ဆိုင္ခဲ့ရပါတယ္။ ဘရာဇီးလ္ၾကယ္ပြင့္ဟာ ပထမပိုင္းမွာ ဂိုးသြင္းယူဖို႔ ႀကီးမားတဲ့ အခြင့္အေရးတစ္ႀကိမ္ ရရွိခဲ့ေပမယ့္လည္း လြဲေခ်ာ္ခဲ့ၿပီး တစ္ဦးခ်င္း ရင္ဆိုင္တိုက္ပြဲမွာလည္း ၈ ႀကိမ္မွာ ၁ ႀကိမ္သာ အႏိုင္ရတဲ့အထိ ေျခစြမ္းပိုင္း ဆိုး႐ြားေနခဲ့ပါတယ္။
၆။ ႐ုပ္ေပါက္လြန္းတဲ့ ဒိုင္လူႀကီး
အက္စတန္ဗီလာကို ရႈံးနိမ့္ခဲ့တာဟာ ကြင္းလယ္ဒိုင္ ဂ်ားရတ္ ဂီးလတ္ရဲ႕ ရွင္းလင္းၿပီး သိသာတဲ့ အမွားအယြင္း ၂ ခုေၾကာင့္ဆိုတာ ဘယ္လိုမွ ျငင္းလို႔မရတဲ့ကိစၥျဖစ္ၿပီး အာဆင္နယ္ရဲ႕ ဂိုးရရွိမယ့္ အခြင့္အေရး ၂ ႀကိမ္စလုံးကို VAR နဲ႔ ျငင္းပယ္ခဲ့တာျဖစ္ပါတယ္။ ကိုင္ ဟာဗတ္ဇ္ဟာ ပြဲကစားခ်ိန္ ေႏွာင္းပိုင္းမွာ အာဆင္နယ္အတြက္ ေနာက္က် ေခ်ပဂိုး သြင္းယူႏိုင္ခဲ့ၿပီလို႔ထင္ျမင္ခဲ့ေပမယ္ာ့လည္း ဒိုင္လူႀကီးက VAR နဲ႔ အခ်ိန္အေတာ္ၾကာ စစ္ေဆးခဲ့ၿပီးေနာက္ လက္ထိေဘာျဖစ္ခဲ့တယ္ဆိုၿပီး ျငင္းပယ္ခဲ့တာျဖစ္ပါတယ္။ ဒုတိယပိုင္းအေစာပိုင္းမွာလည္း ပင္နယ္တီ ဧရိယာထဲမွာ ေဒါက္ဂလပ္စ္ လူးဝစ္ဇ္က ဂါဘရီယဲလ္ ေဂ်းဇုရဲ႕ ေျခသလုံးကို ကန္ခဲ့ေပမယ့္လည္း ဂီးလတ္က မသိခ်င္ေယာင္ေဆာင္ေနၿပီး VAR ျပန္ၾကည့္ခိုင္းေတာ့လည္း VAR ကလည္း အလိုတူ အလိုပါျဖစ္ခဲ့တာေၾကာင့္ အာဆင္နယ္တို႔ ပင္နယ္တီ မရခဲ့တာျဖစ္ပါတယ္။
Arsenal Myanmar
Ref: Internet
- Posted In:
- Post Match Review