အခွင့်အရေးတွေ ဖြုန်းတီးမိလို့ အက်ဖ်အေကို နှုတ်ဆက်ခဲ့ရတဲ့ပွဲက ပြန်ပြောရမယ့်အချက်များ 1024 504 coyg

အခွင့်အရေးတွေ ဖြုန်းတီးမိလို့ အက်ဖ်အေကို နှုတ်ဆက်ခဲ့ရတဲ့ပွဲက ပြန်ပြောရမယ့်အချက်များ

အာဆင်နယ်ဟာ တနင်္ဂနွေနေ့ညက ယှဥှ်ပြိုင်ကစားခဲ့တဲ့ အက်ဖ်အေဖလား တတိယအဆင့်ပွဲစဉ်မှာ ခီဗီယောရဲ့ ကိုယ့်ဂိုးကိုယ် သွင်းခဲ့တဲ့ဂိုးနဲ့ လူးဝစ္စ ဒီယက်ဇ်ရဲ့ နောက်ကျ သွင်းဂိုးတို့ကြောင့် ၂-၀ နဲ့ ရှုံးနိမ့်ပြီး ပြိုင်ပွဲကနေ ထွက်ခွာခဲ့ရပြီ ဖြစ်ပါတယ်။

အာတီတာရော ယာဂန် ကလော့ပ်ပါ အားအကောင်းဆုံး လူစာရင်းကို ပွဲထုတ်ခဲ့ကြပြီး ဒီပွဲစဉ်မှာ အနိုင်လိုချင်ကြောင်းကို အထင်အရှားပြသခဲ့တာဖြစ်ပါတယ်။ ကိုင် ဟာဗတ်ဇ်နဲ့ ဘူကာယို ဆာကာတို့ဟာ ပထမဆုံး မိနစ် ၆၀ အတွင်းရခဲ့တဲ့ အာဆင်နယ်ရဲ့ အခွင့်အရေးအများစုကို ဖြုန်းတီးပစ်ခဲ့ကြတာဖြစ်ပါတယ်။

၁။ အနီရောင်တွေ မမြင်ရတဲ့နေ့

အာဆင်နယ်ရဲ့ ဓားနဲ့ အကြမ်းဖက်မှုကို ဆန့်ကျင်တဲ့ ကမ်ပိန်းကြောင့် အိမ်ရှင်ဂန်းနားတွေဟာ တစ်ကိုယ်လုံးအဖြူရောင်ဝတ်စုံကို ဝတ်ဆင်ခဲ့သလို လီဗာပူးလ်ကလည်း ခရမ်းရောင်ဝတ်စုံကို ဝတ်ဆင်ကစားခဲ့ပါတယ်။ အာဆင်နယ်ဟာ အသင်းသမိုင်းမှာ ပထမဆုံးအကြိမ် တစ်ကိုယ်လုံး အဖြူရောင်ဝတ်စုံကို ပထမဆုံးအကြိမ် ဝတ်ဆင်ကစားခဲ့တာဖြစ်ပြီး ပြီးခဲ့တဲ့နှစ်တွေတုန်းက နော်တင်ဟမ် ဖောရက်စ်၊ အောက်စ်ဖို့ဒ် ယူနိုက်တက်တို့နဲ့ပွဲတွေတုန်းက အဝေးကွင်းပွဲစဉ်တွေမှာသာ ဝတ်ဆင်ခဲ့ဖူးတာဖြစ်ပါတယ်။

၂။ အားအကောင်းဆုံးလူစာရင်းတွေထုတ်ခဲ့တဲ့ အာတီတာနဲ့ ကလော့ပ်

အာဆင်နယ်နဲ့ လီဗာပူးလ်တို့ အက်ဖ်အေဖလား တတိယအဆင့်မှာ အတူတူကျရောက်ခဲ့တဲ့အချိန်မှာ ပရိသတ်တွေကြား ပထမဆုံး စိတ်လှုပ်ရှားခဲ့ပေမယ့်လည်း ချက်ချင်းပဲ လူစာရင်း အလှည့်ကျပွဲထုတ်မှုတွေနဲ့ ကြည့်မကောင်းမှာ စိုးရိမ်ခဲ့ကြပါတယ်။ ဒါပေမယ့်လည်း အာတီတာရော ကလော့ပ်ပါ ပရိသတ်တွေကို အံ့အားသင့်စေခဲ့ပြီး ပြန်မကန်ရဘဲ စတုတ္ထအဆင့်ကို တန်းတက်နိုင်အောင် အားအကောင်းဆုံးလူစာရင်းကို ပွဲထုတ်ဖို့ ရွေးချယ်ခဲ့ကြတာဖြစ်ပါတယ်။အာဆင်နယ်ရဲ့ ကြီးမားတဲ့ အပြောင်းအလဲတစ်ခုက ဂိုးပေါက်မှာ အာရွန် ရမ်းစ်ဒေးလ် ပြန်ပါလာတာဖြစ်ပြီး လီဗာပူးလ်ဘက်မှာတော့ ဗန်ဒိုက် အနားပေးခံခဲ့ရတာဖြစ်ပါတယ်။ လီဗာပူးလ်ဟာ အာဖရိကဖလားနဲ့ အာရှဖလားတို့ကြောင့် ကြယ်ပွင့်ကစားသမားတွေဖြစ်တဲ့ မိုဟာမက် ဆာလားနဲ့ ဝါးတားရု အန်ဒိုတို့မပါဘဲ ကစားခဲ့ရတာဖြစ်ပါတယ်။

၃။ ခြေစွမ်းကောင်း ပြသနေမှု ရပ်တန့်ခဲ့တဲ့ ဟာဗတ်ဇ်

အာဆင်နယ်ဟာ ပထမပိုင်းမှာ လွှမ်းမိုးထားနိုင်ခဲ့ပြီး အာနိုးရဲ့ ကန်ချက်က ဂိုးဘားတန်းကို ထိမှန်သွားခဲ့တာတစ်ခုလောက်သာ ခွင့်ပြုခဲ့ရပေမယ့် ဒုတိယပိုင်းမှာတော့ ဘာမှ မလုပ်နိုင်ခဲ့တာဖြစ်ပါတယ်။ လီဗာပူးလ်ခံစစ်ရဲ့ အလွန်ကောင်းမွန်တဲ့ ဖိအားပေးမှုကြောင့် အခွင့်အရေးတွေ အများအပြား ရရှိခဲ့ပေမယ့်လည်း မာတင် အော်ဒီဂွါဒ်ရဲ့ကန်ချက် ဂိုးဘားတန်းထိခဲ့သလို ဘန် ဝှိုက်ကလည်း အယ်လစ်ဆန်နဲ့ လွတ်အောင် မကန်နိုင်ခဲ့တာဖြစ်ပါတယ်။ ဒါပေမယ့်လည်း ပထမပိုင်းအပြီး သုံးသပ်ချက်အများစုဟာ ကိုင် ဟာဗတ်ဇ်နဲ့ပတ်သက်ပြီး ပြောဆိုမှုတွေ ဖြစ်ခဲ့ပြီး ပထမပိုင်းအတွင်း ဂိုးပေါက်ကန်သွင်းဖို့ ကြိုးပမ်းမှု ၅ ကြိမ်စလုံး မအောင်မြင်ခဲ့တာဖြစ်ပါတယ်။ ဟာဗတ်ဇ်ဟာ ကိုယ်တိုင်ကန်သွင်းမယ့်အစား အသင်းဖော်ကို ပေးခဲ့သင့်တာ၊ ဂိုးကန်သွင်းမှု ပြုလုပ်ဖို့ နှေးကွေးလွန်းနေခဲ့တာ၊ အနီးကတ် ခေါင်းတိုက်ချက်နဲ့တောင် ဂိုးမသွင်းနိုင်ခဲ့တာ စသဖြင့် ဝေဖန်ပြစ်တင်မှုတွေ ခံခဲ့ရတာဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ဒီဇင်ဘာလမှာ ဂိုးတွေ ဆက်တိုက်ဆိုသလို သွင်းယူနိုင်ခဲ့တဲ့ ဟာဗတ်ဇ်ကို ပရီးမီးယားလိဂ်ဂန္တဝင် အလန် ရှီးယားက “ခင်ဗျား အဲဒီထိတွေ့မှုကို မလိုအပ်ပါဘူး။ ခင်ဗျား ဒီအဆင့်အတန်းမှာ အဲဒီလို ဘောလုံးကို မလိုအပ်ဘဲ နောက်ထပ် ထိတွေ့မှုတွေ ပြုလုပ်ဖို့ အချိန်ရမှာမဟုတ်ဘူး။ ခင်ဗျား အခွင့်အရေးရတာနဲ့ အရယူရမှာပဲ”လို့ အကြံပေးခဲ့ပါတယ်။

၄။ လီဗာပူးလ်ကို ဂိုးလှူခဲ့တဲ့ ခီဗီယော

ပွဲကစားချိန်ကုန်ဆုံးဖို့ ၁၅ မိနစ်သာ လိုတော့တဲ့အချိန်မှာ စီနီယာကစားသမား ၂ ဦးအထိ လူစားလဲလှယ်ခဲ့ပြီးဖြစ်တဲ့ ကလော့ပ်က ဟာဗီး အဲလီးယော့တ်နဲ့ ကာတစ် ဂျုံးစ်တို့နေရာမှာ ဆယ်ကျော်သက်ကြယ်ပွင့် ၂ ဦးဖြစ်တဲ့ ကော်နာ ဘရက်ဒ်လီနဲ့ ဘော်ဘီ ကလာ့ခ်တို့ကို လူစားလဲဖို့ ဆုံးဖြတ်ခဲ့ပါတယ်။ ဒီအပြောင်းအလဲတွေက ပထမဆုံးအနေနဲ့ ဂျိုတာရဲ့ခေါင်းတိုက်ချက်က ဂိုးဘားတန်းကို ထိမှန်ခဲ့ပြီး နူးညက်ဇ်က ဂိုးပေါက်လွဲချော်ခဲ့ပြီးနောက် လီဗာပူးလ်ရဲ့ ဒုတိယပိုင်း အကောင်းဆုံးကာလတွေကို ရရှိစေခဲ့ပါတယ်။ လီဗာပူးလ်ဟာ ဂိုးပေါက်ထဲကို ဝင်အောင် ကန်သွင်းနိုင်ခြင်းမရှိချိန်မှာ အာနိုးရဲ့ အလွတ်တည်ကန်ဘောဖြတ်တင်မှုကို ခီဗီယောက ကိုယ့်ဂိုးထဲကိုယ် ခေါင်းတိုက်သွင်းယူသွားခဲ့တာဖြစ်ပါတယ်။

၅။ နောက်ထပ်ဖလားတစ်လုံး လက်လွှတ်လိုက်ရတဲ့ အာတီတာ

အက်ဖ်အေဖလားဟာ ဒီနှစ်မှာ အာဆင်နယ်တို့ နောက်ထပ်တစ်ကြိမ် ရယူနိုင်တဲ့ တစ်လုံးတည်းသော ဆုဖလားအဖြစ် သတ်မှတ်ခံခဲ့ရပြီး လီဗာပူးလ်ကတော့ လာမယ့်ရက်ပိုင်းအတွင်း လိဂ်ဖလားဆီမီးဖိုင်နယ်အဖြစ် ဖူလ်ဟမ်နဲ့ ကစားသွားရဦးမှာဖြစ်ပါတယ်။ အခုတော့ အာတီတာနဲ့ ဂန်းနားတွေဟာ ချန်ပီယံလိဂ်နဲ့ ပရီးမီးယားလိဂ်ပြိုင်ပွဲတွေကိုပဲ အာရုံစိုက်သွားရတော့မှာဖြစ်ပေမယ့်လည်း ရှုံးပွဲကတော့ ၃ ပွဲဆက်ခဲ့ပြီဖြစ်ပါတယ်။

Arsenal Myanmar

Ref: Internet

ZAWGYI: အာဆင္နယ္ဟာ တနဂၤေႏြေန႔ညက ယွဥွ္ၿပိဳင္ကစားခဲ့တဲ့ အက္ဖ္ေအဖလား တတိယအဆင့္ပြဲစဥ္မွာ ခီဗီေယာရဲ႕ ကိုယ့္ဂိုးကိုယ္ သြင္းခဲ့တဲ့ဂိုးနဲ႔ လူးဝစၥ ဒီယက္ဇ္ရဲ႕ ေနာက္က် သြင္းဂိုးတို႔ေၾကာင့္ ၂-၀ နဲ႔ ရႈံးနိမ့္ၿပီး ၿပိဳင္ပြဲကေန ထြက္ခြာခဲ့ရၿပီ ျဖစ္ပါတယ္။

အာတီတာေရာ ယာဂန္ ကေလာ့ပ္ပါ အားအေကာင္းဆုံး လူစာရင္းကို ပြဲထုတ္ခဲ့ၾကၿပီး ဒီပြဲစဥ္မွာ အႏိုင္လိုခ်င္ေၾကာင္းကို အထင္အရွားျပသခဲ့တာျဖစ္ပါတယ္။ ကိုင္ ဟာဗတ္ဇ္နဲ႔ ဘူကာယို ဆာကာတို႔ဟာ ပထမဆုံး မိနစ္ ၆၀ အတြင္းရခဲ့တဲ့ အာဆင္နယ္ရဲ႕ အခြင့္အေရးအမ်ားစုကို ျဖဳန္းတီးပစ္ခဲ့ၾကတာျဖစ္ပါတယ္။

၁။ အနီေရာင္ေတြ မျမင္ရတဲ့ေန႔

အာဆင္နယ္ရဲ႕ ဓားနဲ႔ အၾကမ္းဖက္မႈကို ဆန႔္က်င္တဲ့ ကမ္ပိန္းေၾကာင့္ အိမ္ရွင္ဂန္းနားေတြဟာ တစ္ကိုယ္လုံးအျဖဴေရာင္ဝတ္စုံကို ဝတ္ဆင္ခဲ့သလို လီဗာပူးလ္ကလည္း ခရမ္းေရာင္ဝတ္စုံကို ဝတ္ဆင္ကစားခဲ့ပါတယ္။ အာဆင္နယ္ဟာ အသင္းသမိုင္းမွာ ပထမဆုံးအႀကိမ္ တစ္ကိုယ္လုံး အျဖဴေရာင္ဝတ္စုံကို ပထမဆုံးအႀကိမ္ ဝတ္ဆင္ကစားခဲ့တာျဖစ္ၿပီး ၿပီးခဲ့တဲ့ႏွစ္ေတြတုန္းက ေနာ္တင္ဟမ္ ေဖာရက္စ္၊ ေအာက္စ္ဖို႔ဒ္ ယူႏိုက္တက္တို႔နဲ႔ပြဲေတြတုန္းက အေဝးကြင္းပြဲစဥ္ေတြမွာသာ ဝတ္ဆင္ခဲ့ဖူးတာျဖစ္ပါတယ္။

၂။ အားအေကာင္းဆုံးလူစာရင္းေတြထုတ္ခဲ့တဲ့ အာတီတာနဲ႔ ကေလာ့ပ္

အာဆင္နယ္နဲ႔ လီဗာပူးလ္တို႔ အက္ဖ္ေအဖလား တတိယအဆင့္မွာ အတူတူက်ေရာက္ခဲ့တဲ့အခ်ိန္မွာ ပရိသတ္ေတြၾကား ပထမဆုံး စိတ္လႈပ္ရွားခဲ့ေပမယ့္လည္း ခ်က္ခ်င္းပဲ လူစာရင္း အလွည့္က်ပြဲထုတ္မႈေတြနဲ႔ ၾကည့္မေကာင္းမွာ စိုးရိမ္ခဲ့ၾကပါတယ္။ ဒါေပမယ့္လည္း အာတီတာေရာ ကေလာ့ပ္ပါ ပရိသတ္ေတြကို အံ့အားသင့္ေစခဲ့ၿပီး ျပန္မကန္ရဘဲ စတုတၳအဆင့္ကို တန္းတက္ႏိုင္ေအာင္ အားအေကာင္းဆုံးလူစာရင္းကို ပြဲထုတ္ဖို႔ ေ႐ြးခ်ယ္ခဲ့ၾကတာျဖစ္ပါတယ္။အာဆင္နယ္ရဲ႕ ႀကီးမားတဲ့ အေျပာင္းအလဲတစ္ခုက ဂိုးေပါက္မွာ အာ႐ြန္ ရမ္းစ္ေဒးလ္ ျပန္ပါလာတာျဖစ္ၿပီး လီဗာပူးလ္ဘက္မွာေတာ့ ဗန္ဒိုက္ အနားေပးခံခဲ့ရတာျဖစ္ပါတယ္။ လီဗာပူးလ္ဟာ အာဖရိကဖလားနဲ႔ အာရွဖလားတို႔ေၾကာင့္ ၾကယ္ပြင့္ကစားသမားေတြျဖစ္တဲ့ မိုဟာမက္ ဆာလားနဲ႔ ဝါးတား႐ု အန္ဒိုတို႔မပါဘဲ ကစားခဲ့ရတာျဖစ္ပါတယ္။

၃။ ေျခစြမ္းေကာင္း ျပသေနမႈ ရပ္တန႔္ခဲ့တဲ့ ဟာဗတ္ဇ္

အာဆင္နယ္ဟာ ပထမပိုင္းမွာ လႊမ္းမိုးထားႏိုင္ခဲ့ၿပီး အာႏိုးရဲ႕ ကန္ခ်က္က ဂိုးဘားတန္းကို ထိမွန္သြားခဲ့တာတစ္ခုေလာက္သာ ခြင့္ျပဳခဲ့ရေပမယ့္ ဒုတိယပိုင္းမွာေတာ့ ဘာမွ မလုပ္ႏိုင္ခဲ့တာျဖစ္ပါတယ္။ လီဗာပူးလ္ခံစစ္ရဲ႕ အလြန္ေကာင္းမြန္တဲ့ ဖိအားေပးမႈေၾကာင့္ အခြင့္အေရးေတြ အမ်ားအျပား ရရွိခဲ့ေပမယ့္လည္း မာတင္ ေအာ္ဒီဂြါဒ္ရဲ႕ကန္ခ်က္ ဂိုးဘားတန္းထိခဲ့သလို ဘန္ ဝႈိက္ကလည္း အယ္လစ္ဆန္နဲ႔ လြတ္ေအာင္ မကန္ႏိုင္ခဲ့တာျဖစ္ပါတယ္။ ဒါေပမယ့္လည္း ပထမပိုင္းအၿပီး သုံးသပ္ခ်က္အမ်ားစုဟာ ကိုင္ ဟာဗတ္ဇ္နဲ႔ပတ္သက္ၿပီး ေျပာဆိုမႈေတြ ျဖစ္ခဲ့ၿပီး ပထမပိုင္းအတြင္း ဂိုးေပါက္ကန္သြင္းဖို႔ ႀကိဳးပမ္းမႈ ၅ ႀကိမ္စလုံး မေအာင္ျမင္ခဲ့တာျဖစ္ပါတယ္။ ဟာဗတ္ဇ္ဟာ ကိုယ္တိုင္ကန္သြင္းမယ့္အစား အသင္းေဖာ္ကို ေပးခဲ့သင့္တာ၊ ဂိုးကန္သြင္းမႈ ျပဳလုပ္ဖို႔ ေႏွးေကြးလြန္းေနခဲ့တာ၊ အနီးကတ္ ေခါင္းတိုက္ခ်က္နဲ႔ေတာင္ ဂိုးမသြင္းႏိုင္ခဲ့တာ စသျဖင့္ ေဝဖန္ျပစ္တင္မႈေတြ ခံခဲ့ရတာျဖစ္ပါတယ္။ ၿပီးခဲ့တဲ့ ဒီဇင္ဘာလမွာ ဂိုးေတြ ဆက္တိုက္ဆိုသလို သြင္းယူႏိုင္ခဲ့တဲ့ ဟာဗတ္ဇ္ကို ပရီးမီးယားလိဂ္ဂႏၲဝင္ အလန္ ရွီးယားက “ခင္ဗ်ား အဲဒီထိေတြ႕မႈကို မလိုအပ္ပါဘူး။ ခင္ဗ်ား ဒီအဆင့္အတန္းမွာ အဲဒီလို ေဘာလုံးကို မလိုအပ္ဘဲ ေနာက္ထပ္ ထိေတြ႕မႈေတြ ျပဳလုပ္ဖို႔ အခ်ိန္ရမွာမဟုတ္ဘူး။ ခင္ဗ်ား အခြင့္အေရးရတာနဲ႔ အရယူရမွာပဲ”လို႔ အႀကံေပးခဲ့ပါတယ္။

၄။ လီဗာပူးလ္ကို ဂိုးလႉခဲ့တဲ့ ခီဗီေယာ

ပြဲကစားခ်ိန္ကုန္ဆုံးဖို႔ ၁၅ မိနစ္သာ လိုေတာ့တဲ့အခ်ိန္မွာ စီနီယာကစားသမား ၂ ဦးအထိ လူစားလဲလွယ္ခဲ့ၿပီးျဖစ္တဲ့ ကေလာ့ပ္က ဟာဗီး အဲလီးေယာ့တ္နဲ႔ ကာတစ္ ဂ်ဳံးစ္တို႔ေနရာမွာ ဆယ္ေက်ာ္သက္ၾကယ္ပြင့္ ၂ ဦးျဖစ္တဲ့ ေကာ္နာ ဘရက္ဒ္လီနဲ႔ ေဘာ္ဘီ ကလာ့ခ္တို႔ကို လူစားလဲဖို႔ ဆုံးျဖတ္ခဲ့ပါတယ္။ ဒီအေျပာင္းအလဲေတြက ပထမဆုံးအေနနဲ႔ ဂ်ိဳတာရဲ႕ေခါင္းတိုက္ခ်က္က ဂိုးဘားတန္းကို ထိမွန္ခဲ့ၿပီး ႏူးညက္ဇ္က ဂိုးေပါက္လြဲေခ်ာ္ခဲ့ၿပီးေနာက္ လီဗာပူးလ္ရဲ႕ ဒုတိယပိုင္း အေကာင္းဆုံးကာလေတြကို ရရွိေစခဲ့ပါတယ္။ လီဗာပူးလ္ဟာ ဂိုးေပါက္ထဲကို ဝင္ေအာင္ ကန္သြင္းႏိုင္ျခင္းမရွိခ်ိန္မွာ အာႏိုးရဲ႕ အလြတ္တည္ကန္ေဘာျဖတ္တင္မႈကို ခီဗီေယာက ကိုယ့္ဂိုးထဲကိုယ္ ေခါင္းတိုက္သြင္းယူသြားခဲ့တာျဖစ္ပါတယ္။

၅။ ေနာက္ထပ္ဖလားတစ္လုံး လက္လႊတ္လိုက္ရတဲ့ အာတီတာ

အက္ဖ္ေအဖလားဟာ ဒီႏွစ္မွာ အာဆင္နယ္တို႔ ေနာက္ထပ္တစ္ႀကိမ္ ရယူႏိုင္တဲ့ တစ္လုံးတည္းေသာ ဆုဖလားအျဖစ္ သတ္မွတ္ခံခဲ့ရၿပီး လီဗာပူးလ္ကေတာ့ လာမယ့္ရက္ပိုင္းအတြင္း လိဂ္ဖလားဆီမီးဖိုင္နယ္အျဖစ္ ဖူလ္ဟမ္နဲ႔ ကစားသြားရဦးမွာျဖစ္ပါတယ္။ အခုေတာ့ အာတီတာနဲ႔ ဂန္းနားေတြဟာ ခ်န္ပီယံလိဂ္နဲ႔ ပရီးမီးယားလိဂ္ၿပိဳင္ပြဲေတြကိုပဲ အာ႐ုံစိုက္သြားရေတာ့မွာျဖစ္ေပမယ့္လည္း ရႈံးပြဲကေတာ့ ၃ ပြဲဆက္ခဲ့ၿပီျဖစ္ပါတယ္။

Arsenal Myanmar

Ref: Internet