ဟာဗတ်ဇ်ကယ်တင်ခဲ့တဲ့ နိုင်ပွဲကနေ မှတ်မှတ်ရရ ပြန်ပြောရမယ့်အချက် ၅ ချက် 636 382 coyg

ဟာဗတ်ဇ်ကယ်တင်ခဲ့တဲ့ နိုင်ပွဲကနေ မှတ်မှတ်ရရ ပြန်ပြောရမယ့်အချက် ၅ ချက်

ကိုင် ဟာဗတ်ဇ်ရဲ့ နောက်ကျ ခေါင်းတိုက်သွင်းဂိုးကြောင့် အာတီတာရဲ့အသင်းဟာ ဘရန့်တ်ဖို့ဒ်ကို သည်းထိတ်ရင်ဖိုနိုင်ပွဲရခဲ့ပြီး အမှတ်ပေးဇယားထိပ်ဆုံးကို ယာယီတက်လှမ်းနိုင်ခဲ့ပြီ ဖြစ်ပါတယ်။

ဒီကလန် ရိုက်ရဲ့ ခေါင်းတိုက်သွင်းဂိုးကြောင့် ဂန်းနားတွေဟာ ဘရန့်တ်ဖို့ဒ်ကို အမ်းမရိတ်စ်မှာ ဦးဆောင်နိုင်ခဲ့ပေမယ့်လည်း အာရွန် ရမ်းစ်ဒေးလ်ရဲ့ ဆိုးရွားတဲ့ အမှားကြောင့် ယိုအန်း ဝစ်ဆာက ပထမပိုင်းနာကျင်အချိန်ပိုမှာ ချေပဂိုး သွင်းယူသွားနိုင်ခဲ့တာဖြစ်ပါတယ်။

ဂန်းနားတွေဟာ ဒုတိယပိုင်းမှာ တိုက်စစ်အပြင်းအထန်ဆင်ခဲ့ပြီး ဘန် ဝှိုက်ရဲ့ ဖြတ်တင်ပေးပို့မှုကနေ ကိုင် ဟာဗတ်ဇ် အနိုင်ဂိုးကို သွင်းယူသွားနိုင်မှ သက်ပြင်းချနိုင်ခဲ့ကြတာဖြစ်ပြီး ဒီပွဲက ပြန်ပြောစရာ အချက် ၅ ချက်ရှိခဲ့ပါတယ်။

ဇယားထိပ်တက်လှမ်းနိုင်ခဲ့တဲ့ ဂန်းနားများ

ဒီအပတ်ပွဲစဉ်တွေဟာ ဆုဖလားပြိုင်ပွဲကို ပုံဖော်နိုင်တဲ့ပွဲစဉ်တွေဖြစ်ပြီး ဂန်းနားတွေဟာ တနင်္ဂနွေနေ့ မန်စီးတီးနဲ့ လီဗာပူးလ်တို့ပွဲမတိုင်ခင် ဇယားထိပ်ဆုံးမှာ ယာယီရပ်တည်နိုင်မယ်လို့ အားလုံးက မျှော်လင့်ထားခဲ့ကြတာဖြစ်ပါတယ်။ ဂန်းနားတွေဟာအားလုံး မျှော်လင့်ထားတဲ့အတိုင်း ဇယားထိပ်ကို တက်လှမ်းနိုင်ခဲ့ပေမယ့်လည်း ရင်ထိတ်စရာ ပုံစံနဲ့ အနိုင်ရခဲ့တာဖြစ်ပြီး ဂန်းနားတွေဟာ မတ်လ ၃၁ ရက်နေ့မတိုင်ခင်အထိ ပရီးမီးယားလိဂ်ပွဲ ကစားရဦးမှာမဟုတ်ပါဘူး။ ဒီပွဲဟာ အာတီတာရဲ့အသင်း ဒီရာသီဗိုလ်စွဲနိုင်မယ်လို့ မျှော်လင့်ထားတဲ့ ပရိသတ်တွေအတွက်တော့ စိုးရိမ်စရာစွမ်းဆောင်ရည်ဖြစ်ခဲ့ပေမယ့် ဇယားထိပ်တက်လှမ်းနိုင်ခဲ့လို့ စိတ်သက်သာရာ ရခဲ့ကြမှာဖြစ်ပါတယ်။

ဂိုးပေါက်တွေ့ခဲ့ပြန်တဲ့ ဒီကလန် ရိုက်

ဒီကလန် ရိုက်ဟာ ဂိုးသွင်းကောင်းတဲ့ အထောင်တိုက်စစ်မှူးတစ်ယောက်ရဲ့ ယုံကြည်မှုမျိုးနဲ့ အဖွင့်ဂိုးကို ခေါင်းတိုက်သွင်းယူခဲ့ပြီး အခုဆိုရင် အင်္ဂလန်ကြယ်ပွင့်က ဒီရာသီ ပရီးမီးယားလိဂ်မှာ သွင်းဂိုး ၁၁ ဂိုး(သွင်းဂိုး ၆ ဂိုး၊ ဂိုးဖန်တီးမှု ၅ ကြိမ်)ပါဝင်ပတ်သက်ထားနိုင်ခဲ့ပြီးဖြစ်ပါတယ်။ ဝက်စ်ဟမ်းမှာ ကစားခဲ့တဲ့ ၆ ရာသီအတွင်း ခံစစ်ကို ပိုအာရုံစိုက်ရတဲ့ ဒီကလန် ရိုက်ဟာ သွင်းဂိုး ၁၀ ဂိုးနဲ့ ဂိုးဖန်တီးမှု ၉ ံကိမ်သာ ပြုလုပ်နိုင်ခဲ့တာဖြစ်ပါတယ်။ အာဆင်နယ်မှာတော့ လွတ်လွတ်လပ်လပ် ပိုကစားခွင့်ရနေတာကြောင့် တိုက်စစ်ပိုင်း အကျိုးသက်ရောက်မှုက သိသိသာသာ မြင့်တက်လာတာဖြစ်ပါတယ်။

အံ့ဖွယ် ဝှိုက်

ဟာဗတ်ဇ်နဲ့ ဒီကလန် ရိုက်စ်တို့ဟာ အလွန်ကောင်းမွန်တဲ့ အဆုံးသတ်ကို ပြုလုပ်ပြခဲ့ပေမယ့်လည်း နှစ်ဦးစလုံးကို ဘန် ဝှိုက်ကပဲ ဖန်တီးပေးခဲ့တယ်ဆိုတာကိုတော့ မေ့ထားလို့မရပါဘူး။ ဘန် ဝှိုက်ဟာ ပြီးခဲ့တဲ့ရက်သတ္တပတ်တွေကတည်းက ထူးခြားကောင်းမွန်တဲ့ခြေစွမ်းပြသခဲ့တာဖြစ်ပြီး အခုဆိုရင် ဒီလနှောင်းပိုင်း ဘရာဇီးလ်၊ ဘယ်လ်ဂျီယမ်တို့နဲ့ကစားမယ့် အင်္ဂလန်လူစာရင်းထဲ ပါဝင်ဖို့ လုံလောက်တဲ့စွမ်းဆောင်ရည်ပြသထားနိင်ခဲ့ပြီးပါပြီ။ ဆောက်ဂိတ်က ဘန် ဝှိုက်ကို မခေါ်တာက ဘောလုံးနဲ့ပတ်သက်ပြီး အကြောင်းအရင်းတွေကြောင့်သာဖြစ်တယ်လို့ ပြောဆိုခဲ့ပြီး ဗဟိုခံစစ်ကစားသမားက ညာနောက်ခံမှာ ကစားနေတယ်လို့ မှတ်ချက်ချခဲ့တာဖြစ်ပါတယ်။ ဒါပေမယ့် ဒါက အပြုသဘောဆောင်တဲ့မှတ်ချက်လို့ မြင်ပေးလို့ရပြီး အခုလာမယ့် နိုင်ငံတကာပွဲစဉ်အားလပ်ရက်အတွက်သာ အင်္ဂလန်လူစာရင်းထဲ ခေါ်ယူခြင်းမခံရဘူးဆိုရင် လက်ရှိ နည်းပြလက်အောက်မှာ ဘယ်တော့မှ ခေါ်ယူခြင်းမခံရတော့မှာလည်း ဖြစ်ကောင်း ဖြစ်နိုင်ပါတယ်။

ရမ်းစ်ဒေးလ်ရဲ့ နောင်တ

နိုဝင်ဘာလနောက်ပိုင်း ပထမဆုံးအကြိမ် ပွဲထွက်ကစားခွင့်ပြန်ရခဲ့တဲ့ ရမ်းစ်ဒေးလ်ရဲ့ လက်စွမ်းထက်မြက်မှုအပေါ်မှာ ပရိသတ်တွေ သံသယရှိခဲ့တဲ့အတိုင်းပဲ အင်္ဂလန်ဂိုးသမားက ဆိုးဆိုးရွားရွား အမှားလုပ်ခဲ့တာဖြစ်ပါတယ်။ ရမ်းစ်ဒေးလ်ဟာ ယိုအန်း ဝစ်ဆာ အနားကပ်လာချိန်မှာ ဘောလုံးကို ရှင်းထုတ်လိုက်ရုံပဲ ရှိပေမယ့် တွန့်ဆုတ်နေခဲ့တာကြောင့် ဘရန့်တ်ဖို့ဒ်တိုက်စစ်မှူးက ပိတ်ဆို့နိုင်ခဲ့ပြီး လမ်းကြောင်းပြောင်းပြီး ဂိုးထဲဝင်သွားခဲ့တာဖြစ်ပါတယ်။ ပထမပိုင်းအပြီးမှာ အာဆင်နယ် ဂိုးနည်းပြ အီနာကီ ကာနာက အရန်ခုံတန်းကနေ လျင်လျင်မြန်မြန်ထလာပြီး ကွင်းထဲမှာ ရမ်းစ်ဒေးလ်နဲ့ စကားပြောခဲ့ပါတယ်။ အသင်းဖော်တွေကလည်း ရမ်းစ်ဒေးလ်ကို ဝိုင်းအားပေးပေမယ့် အင်္ဂလန်ဂိုးသမားဟာ မမှားသင့်တဲ့အမှားကို လုပ်ခဲ့မိတာကြောင့် စိတ်ပျက်လက်ပျက်ဖြစ်နေဆဲဖြစ်ပါတယ်။ ဒုတိယပိုင်းမှာ အမှားအတွက် ပြန်လည် လက်စွမ်းပြ ပေးဆပ်ခဲ့ပြီး တိုနီရဲ့ လျှပ်တပြက် အငိုက်ကန်ချက်ကို လျင်လျင်မြန်မြန် ကာကွယ်နိုင်ခဲ့ပြီး နေသန် ကောလင်းစ်ရဲ့ အပိုင်ခေါင်းတိုက်ချက်ကိုလည်း ရပ်တန့်နိုင်ခဲ့ပါတယ်။

တိုနီရဲ့ လူတွေ့စစ်ဆေးမှု

ဒီပွဲဟာ လာမယ့်နွေရာသီမှာ အာဆင်နယ်ကို ပြောင်းဖို့ သတင်းထွက်နေတဲ့ တိုနီအတွက် လူတွေ့စစ်ဆေးမှုလို့ဆိုရမှာဖြစ်ပေမယ့်လည်း ၅၅ မိနစ်က ဂိုးကန်သွင်းချက်မတိုင်ခင်အထိ ဘရန့်တ်ဖို့ဒ်တိုက်စစ်မှူးဟာ ဂန်းနားတွေကို မခြိမ်းခြောက်နိုင်ခဲ့တာဖြစ်ပါတယ်။ တိုနီဟာ ပထမပိုင်းမှာ ဆာလီဘာနဲ့ ရုပ်ပိုင်းဆိုင်ရာတိုက်ပွဲဝင်ခဲ့ရာမှာ မယှဉ်နိုင်ခဲ့ဘဲ မြက်ခင်းပြင်ပေါ်မှာပဲ လဲကျနေခဲ့တာကို အာတီတာအပါအဝင် ပရိသတ်တွေလည်း သတိပြုမိခဲ့ကြပါတယ်။

Arsenal Myanmar

Ref: Internet

ZAWGYI: ကိုင္ ဟာဗတ္ဇ္ရဲ႕ ေနာက္က် ေခါင္းတိုက္သြင္းဂိုးေၾကာင့္ အာတီတာရဲ႕အသင္းဟာ ဘရန႔္တ္ဖို႔ဒ္ကို သည္းထိတ္ရင္ဖိုႏိုင္ပြဲရခဲ့ၿပီး အမွတ္ေပးဇယားထိပ္ဆုံးကို ယာယီတက္လွမ္းႏိုင္ခဲ့ၿပီ ျဖစ္ပါတယ္။

ဒီကလန္ ႐ိုက္ရဲ႕ ေခါင္းတိုက္သြင္းဂိုးေၾကာင့္ ဂန္းနားေတြဟာ ဘရန႔္တ္ဖို႔ဒ္ကို အမ္းမရိတ္စ္မွာ ဦးေဆာင္ႏိုင္ခဲ့ေပမယ့္လည္း အာ႐ြန္ ရမ္းစ္ေဒးလ္ရဲ႕ ဆိုး႐ြားတဲ့ အမွားေၾကာင့္ ယိုအန္း ဝစ္ဆာက ပထမပိုင္းနာက်င္အခ်ိန္ပိုမွာ ေခ်ပဂိုး သြင္းယူသြားႏိုင္ခဲ့တာျဖစ္ပါတယ္။

ဂန္းနားေတြဟာ ဒုတိယပိုင္းမွာ တိုက္စစ္အျပင္းအထန္ဆင္ခဲ့ၿပီး ဘန္ ဝႈိက္ရဲ႕ ျဖတ္တင္ေပးပို႔မႈကေန ကိုင္ ဟာဗတ္ဇ္ အႏိုင္ဂိုးကို သြင္းယူသြားႏိုင္မွ သက္ျပင္းခ်ႏိုင္ခဲ့ၾကတာျဖစ္ၿပီး ဒီပြဲက ျပန္ေျပာစရာ အခ်က္ ၅ ခ်က္ရွိခဲ့ပါတယ္။

ဇယားထိပ္တက္လွမ္းႏိုင္ခဲ့တဲ့ ဂန္းနားမ်ား

ဒီအပတ္ပြဲစဥ္ေတြဟာ ဆုဖလားၿပိဳင္ပြဲကို ပုံေဖာ္ႏိုင္တဲ့ပြဲစဥ္ေတြျဖစ္ၿပီး ဂန္းနားေတြဟာ တနဂၤေႏြေန႔ မန္စီးတီးနဲ႔ လီဗာပူးလ္တို႔ပြဲမတိုင္ခင္ ဇယားထိပ္ဆုံးမွာ ယာယီရပ္တည္ႏိုင္မယ္လို႔ အားလုံးက ေမွ်ာ္လင့္ထားခဲ့ၾကတာျဖစ္ပါတယ္။ ဂန္းနားေတြဟာအားလုံး ေမွ်ာ္လင့္ထားတဲ့အတိုင္း ဇယားထိပ္ကို တက္လွမ္းႏိုင္ခဲ့ေပမယ့္လည္း ရင္ထိတ္စရာ ပုံစံနဲ႔ အႏိုင္ရခဲ့တာျဖစ္ၿပီး ဂန္းနားေတြဟာ မတ္လ ၃၁ ရက္ေန႔မတိုင္ခင္အထိ ပရီးမီးယားလိဂ္ပြဲ ကစားရဦးမွာမဟုတ္ပါဘူး။ ဒီပြဲဟာ အာတီတာရဲ႕အသင္း ဒီရာသီဗိုလ္စြဲႏိုင္မယ္လို႔ ေမွ်ာ္လင့္ထားတဲ့ ပရိသတ္ေတြအတြက္ေတာ့ စိုးရိမ္စရာစြမ္းေဆာင္ရည္ျဖစ္ခဲ့ေပမယ့္ ဇယားထိပ္တက္လွမ္းႏိုင္ခဲ့လို႔ စိတ္သက္သာရာ ရခဲ့ၾကမွာျဖစ္ပါတယ္။

ဂိုးေပါက္ေတြ႕ခဲ့ျပန္တဲ့ ဒီကလန္ ႐ိုက္

ဒီကလန္ ႐ိုက္ဟာ ဂိုးသြင္းေကာင္းတဲ့ အေထာင္တိုက္စစ္မႉးတစ္ေယာက္ရဲ႕ ယုံၾကည္မႈမ်ိဳးနဲ႔ အဖြင့္ဂိုးကို ေခါင္းတိုက္သြင္းယူခဲ့ၿပီး အခုဆိုရင္ အဂၤလန္ၾကယ္ပြင့္က ဒီရာသီ ပရီးမီးယားလိဂ္မွာ သြင္းဂိုး ၁၁ ဂိုး(သြင္းဂိုး ၆ ဂိုး၊ ဂိုးဖန္တီးမႈ ၅ ႀကိမ္)ပါဝင္ပတ္သက္ထားႏိုင္ခဲ့ၿပီးျဖစ္ပါတယ္။ ဝက္စ္ဟမ္းမွာ ကစားခဲ့တဲ့ ၆ ရာသီအတြင္း ခံစစ္ကို ပိုအာ႐ုံစိုက္ရတဲ့ ဒီကလန္ ႐ိုက္ဟာ သြင္းဂိုး ၁၀ ဂိုးနဲ႔ ဂိုးဖန္တီးမႈ ၉ ံကိမ္သာ ျပဳလုပ္ႏိုင္ခဲ့တာျဖစ္ပါတယ္။ အာဆင္နယ္မွာေတာ့ လြတ္လြတ္လပ္လပ္ ပိုကစားခြင့္ရေနတာေၾကာင့္ တိုက္စစ္ပိုင္း အက်ိဳးသက္ေရာက္မႈက သိသိသာသာ ျမင့္တက္လာတာျဖစ္ပါတယ္။

အံ့ဖြယ္ ဝႈိက္

ဟာဗတ္ဇ္နဲ႔ ဒီကလန္ ႐ိုက္စ္တို႔ဟာ အလြန္ေကာင္းမြန္တဲ့ အဆုံးသတ္ကို ျပဳလုပ္ျပခဲ့ေပမယ့္လည္း ႏွစ္ဦးစလုံးကို ဘန္ ဝႈိက္ကပဲ ဖန္တီးေပးခဲ့တယ္ဆိုတာကိုေတာ့ ေမ့ထားလို႔မရပါဘူး။ ဘန္ ဝႈိက္ဟာ ၿပီးခဲ့တဲ့ရက္သတၱပတ္ေတြကတည္းက ထူးျခားေကာင္းမြန္တဲ့ေျခစြမ္းျပသခဲ့တာျဖစ္ၿပီး အခုဆိုရင္ ဒီလေႏွာင္းပိုင္း ဘရာဇီးလ္၊ ဘယ္လ္ဂ်ီယမ္တို႔နဲ႔ကစားမယ့္ အဂၤလန္လူစာရင္းထဲ ပါဝင္ဖို႔ လုံေလာက္တဲ့စြမ္းေဆာင္ရည္ျပသထားနိင္ခဲ့ၿပီးပါၿပီ။ ေဆာက္ဂိတ္က ဘန္ ဝႈိက္ကို မေခၚတာက ေဘာလုံးနဲ႔ပတ္သက္ၿပီး အေၾကာင္းအရင္းေတြေၾကာင့္သာျဖစ္တယ္လို႔ ေျပာဆိုခဲ့ၿပီး ဗဟိုခံစစ္ကစားသမားက ညာေနာက္ခံမွာ ကစားေနတယ္လို႔ မွတ္ခ်က္ခ်ခဲ့တာျဖစ္ပါတယ္။ ဒါေပမယ့္ ဒါက အျပဳသေဘာေဆာင္တဲ့မွတ္ခ်က္လို႔ ျမင္ေပးလို႔ရၿပီး အခုလာမယ့္ ႏိုင္ငံတကာပြဲစဥ္အားလပ္ရက္အတြက္သာ အဂၤလန္လူစာရင္းထဲ ေခၚယူျခင္းမခံရဘူးဆိုရင္ လက္ရွိ နည္းျပလက္ေအာက္မွာ ဘယ္ေတာ့မွ ေခၚယူျခင္းမခံရေတာ့မွာလည္း ျဖစ္ေကာင္း ျဖစ္ႏိုင္ပါတယ္။

ရမ္းစ္ေဒးလ္ရဲ႕ ေနာင္တ

ႏိုဝင္ဘာလေနာက္ပိုင္း ပထမဆုံးအႀကိမ္ ပြဲထြက္ကစားခြင့္ျပန္ရခဲ့တဲ့ ရမ္းစ္ေဒးလ္ရဲ႕ လက္စြမ္းထက္ျမက္မႈအေပၚမွာ ပရိသတ္ေတြ သံသယရွိခဲ့တဲ့အတိုင္းပဲ အဂၤလန္ဂိုးသမားက ဆိုးဆိုး႐ြား႐ြား အမွားလုပ္ခဲ့တာျဖစ္ပါတယ္။ ရမ္းစ္ေဒးလ္ဟာ ယိုအန္း ဝစ္ဆာ အနားကပ္လာခ်ိန္မွာ ေဘာလုံးကို ရွင္းထုတ္လိုက္႐ုံပဲ ရွိေပမယ့္ တြန႔္ဆုတ္ေနခဲ့တာေၾကာင့္ ဘရန႔္တ္ဖို႔ဒ္တိုက္စစ္မႉးက ပိတ္ဆို႔ႏိုင္ခဲ့ၿပီး လမ္းေၾကာင္းေျပာင္းၿပီး ဂိုးထဲဝင္သြားခဲ့တာျဖစ္ပါတယ္။ ပထမပိုင္းအၿပီးမွာ အာဆင္နယ္ ဂိုးနည္းျပ အီနာကီ ကာနာက အရန္ခုံတန္းကေန လ်င္လ်င္ျမန္ျမန္ထလာၿပီး ကြင္းထဲမွာ ရမ္းစ္ေဒးလ္နဲ႔ စကားေျပာခဲ့ပါတယ္။ အသင္းေဖာ္ေတြကလည္း ရမ္းစ္ေဒးလ္ကို ဝိုင္းအားေပးေပမယ့္ အဂၤလန္ဂိုးသမားဟာ မမွားသင့္တဲ့အမွားကို လုပ္ခဲ့မိတာေၾကာင့္ စိတ္ပ်က္လက္ပ်က္ျဖစ္ေနဆဲျဖစ္ပါတယ္။ ဒုတိယပိုင္းမွာ အမွားအတြက္ ျပန္လည္ လက္စြမ္းျပ ေပးဆပ္ခဲ့ၿပီး တိုနီရဲ႕ လွ်ပ္တျပက္ အငိုက္ကန္ခ်က္ကို လ်င္လ်င္ျမန္ျမန္ ကာကြယ္ႏိုင္ခဲ့ၿပီး ေနသန္ ေကာလင္းစ္ရဲ႕ အပိုင္ေခါင္းတိုက္ခ်က္ကိုလည္း ရပ္တန႔္ႏိုင္ခဲ့ပါတယ္။

တိုနီရဲ႕ လူေတြ႕စစ္ေဆးမႈ

ဒီပြဲဟာ လာမယ့္ေႏြရာသီမွာ အာဆင္နယ္ကို ေျပာင္းဖို႔ သတင္းထြက္ေနတဲ့ တိုနီအတြက္ လူေတြ႕စစ္ေဆးမႈလို႔ဆိုရမွာျဖစ္ေပမယ့္လည္း ၅၅ မိနစ္က ဂိုးကန္သြင္းခ်က္မတိုင္ခင္အထိ ဘရန႔္တ္ဖို႔ဒ္တိုက္စစ္မႉးဟာ ဂန္းနားေတြကို မၿခိမ္းေျခာက္ႏိုင္ခဲ့တာျဖစ္ပါတယ္။ တိုနီဟာ ပထမပိုင္းမွာ ဆာလီဘာနဲ႔ ႐ုပ္ပိုင္းဆိုင္ရာတိုက္ပြဲဝင္ခဲ့ရာမွာ မယွဥ္ႏိုင္ခဲ့ဘဲ ျမက္ခင္းျပင္ေပၚမွာပဲ လဲက်ေနခဲ့တာကို အာတီတာအပါအဝင္ ပရိသတ္ေတြလည္း သတိျပဳမိခဲ့ၾကပါတယ္။

Arsenal Myanmar

Ref: Internet