ဒီခြေနဲ့ ဖလားလိုချင်တာလားလို့ လိပ်ပုတွေကို မေးခဲ့တဲ့ အမ်းမရိတ်စ်နိုင်ပွဲက ပြန်ပြောစရာများ
တနင်္ဂနွေနေ့ညမှာ ကစားခဲ့တဲ့ အာဆင်နယ်နဲ့ လီဗာပူးလ်တို့ရဲ့ ပွဲစဉ်မှာ အိမ်ရှင် ဂန်းနားတွေက ၃-၁ နဲ့ နိုင်ပွဲရရှိခဲ့ပြီး ပရီးမီးယားလိဂ်ဖလားပြိုင်ပွဲက စိတ်ဝင်စားစရာပိုကောင်းလာခဲ့ပြီဖြစ်ပါတယ်။
မာတီနယ်လီက ဗန်ဒိုက်ရဲ့ ဆိုးရွားတဲ့ အမှားကို အခွင့်ကောင်းယူပြီး အာဆင်နယ်အတွက် အရေးပါတဲ့ အနိုင်ဂိုးကို သွင်းယူပေးခဲ့တာဖြစ်ပြီး လူစားဝင်ကစားသမားဖြစ်တဲ့ ထရော့ဆာ့ဒ်က ပွဲပြီးဆုံးခါနီးမှာ နောက်ထပ် အနိုင်ဂိုးကို သွင်းယူပေးခဲ့တာဖြစ်ပါတယ်။
ဆုဖလားမျှော်လင့်ချက်အတွက် အားတက်စရာဖြစ်ခဲ့တဲ့ အာဆင်နယ်
ဘောလုံးဝေဖန်သုံးသပ်သူအချို့က ဒီပွဲက အာဆင်နယ်တို့အတွက် မဖြစ်မနေ အနိုင်ကစားရမယ့်ပွဲလို့ သတိပေးခဲ့ကြပြီး လီဗာပူးလ်ဟာ ဒီပွဲမတိုင်ခင် အမှတ်ပေးဇယားထိပ်ဆုံးမှာ ၅ မှတ်ဖြတ်ထားနိုင်ခဲ့ပေမယ့် အခုတော့ ၂ မှတ်သာ ဖြတ်ထားနိုင်တော့တာဖြစ်ပါတယ်။ ဒါကြောင့် ဂန်းနားတွေဟာ ဆုဖလားပြိုင်ပွဲမှာ ကောင်းကောင်း ပါဝင်နိုင်ခဲ့ပြီဖြစ်ပြီး တကယ်လို့သာ ရှုံးခဲ့ရင် ဆုဖလားပြိုင်ပွဲကနေ ထွက်ရသလောက် အခြေအနေဖြစ်သွားခဲ့မှာဖြစ်ပါတယ်။ အာတီတာရဲ့အသင်းဟာ ရာသီဒုတိယပိုင်းအတွက် ဇန်နဝါရီမှာ လူမခေါ်နိုင်ခဲ့ပေမယ့်လည်း ရှိတဲ့လူနဲ့ အရှိန်အဟုန်အပြည့် ကစားနိုင်ခဲ့ပြီး ဆုဖလားပြိုင်ပွဲအတွက် အားတက်စရာ နိုင်ပွဲကို ရယူနိုင်ခဲ့တာဖြစ်ပါတယ်။
ဟာဗတ်ဇ်ကို အရဲစွန့်သုံးခဲ့မှုကနေ အမြတ်ထွက်ခဲ့တဲ့ အာတီတာ
ဂါဘရီယဲလ် ဂျေးဇု ဒူးဒဏ်ရာကြောင့် မပါနိုင်တာကြောင့် အာတီတာက ဟာဗတ်ဇ်ကို တိုက်စစ်မှာ အံ့အားသင့်ဖွယ် ပွဲထုတ်ခဲ့ပြီး အန်ကီးတီးယားလို အထောင်တိုက်စစ်မှူးစစ်စစ်ကိုတော့ အရန်ခုံကနေသာ ပွဲကြည့်ခိုင်းခဲ့တာဖြစ်ပါတယ်။ ဒါပေမယ့်လည်း အာတီတာရဲ့ အရဲစွန့်မှုက အလုပ်ဖြစ်ခဲ့ပြီး ဟာဗတ်ဇ်ရဲ့ ကန်ချက်ကို အယ်လစ်ဆန် ပုတ်ထုတ်ရာကနေ ပြန်ထွက်လာတဲ့ဘောလုံးကို ဆာကာက ပိတ်သွင်းပြီး အစောပိုင်း ဦးဆောင်ဂိုး ရရှိခဲ့တာဖြစ်ပါတယ်။ ဂျာမန်ကွင်းလယ်ကြယ်ပွင့်ဟာ လီဗာပူးလ်ခံစစ် ဟာကွက်တွေကို ပွင့်သွားစေနိုင်တဲ့ နေရာယူမှုတွေနဲ့ ဒုက္ခပေးနိုင်ခဲ့ပြီး မကြာခဏဆိုသလိုလည်း နောက်ထိ ဆင်းကစားခဲ့ပါတယ်။ ဟာဗတ်ဇ်ဟာ အသင်းဖော်တွေနဲ့အတူ ဖိအားပေးတဲ့အချိန်မှာ ကောင်းကောင်း ကစားနိုင်ခဲ့ပြီး လီဗာပူးလ်နောက်ခံလူတွေ အမှားလုပ်မိစေခဲ့ပါတယ်။ ဒီရာသီပွဲအများစုကို ကွင်းလယ်မှာ ကစားခဲ့ရပေမယ့်လည်း ဟာဗတ်ဇ်အတွက်ကတော့ အထောင်တိုက်စစ်မှူးနေရာက ပိုသင့်တော်တယ်ဆိုတာ ဒီပွဲမှာ မြင်သာခဲ့ပါတယ်။
ဂိုးမက်ဇ်ရဲ့ အိပ်မက်ဆိုး
ဂျိုး ဂိုးမက်ဇ်ဟာ ရောဘတ်ဆန်နဲ့ ဆီမီကတ်စ်တို့ မပါဝင်နိုင်တာကြောင့် အရေးပေါ်ဘယ်နောက်ခံလူအဖြစ် ကစားခဲ့ရပြီး အင်္ဂလန်နောက်ခံလူဟာ ပြီးခဲ့တဲ့ပွဲတွေမှာ တော်တော်လေး ကျစ်လစ်ခဲ့ပေမယ့် ဒီပွဲမှာတော့ အိပ်မက်ဆိုး မက်ခဲ့ရပါတယ်။ ဆာကာဟာ လီဗာပူးလ်နောက်ခံတောင်ပံကစားသမားတွေနဲ့ ရင်ဆိုင်ရာမှာ အသာစီးရယူနိုင်ခဲ့ပြီး ဂိုးမက်ဇ်ဟာ ဟာဗတ်ဇ်က ဂန်းနားတို့ရဲ့ သွင်းဂိုးအတွက် တိုက်စစ်ဆင်ချိန်မှာ တဟုန်ထိုး ပြေးဝင်ခဲ့တာကြောင့် အတွင်းဘက်ကို ဝင်ကစားခဲ့ရတာကြောင့် ဆာကာက ပြန်လျှံလာတဲ့ဘောလုံးကို လွတ်လွတ်ကျွတ်ကျွတ် ကန်သွင်းနိုင်ခဲ့တာပါ။ ပွဲကစားချိန် ၂၄ မိနစ်မှာ ဟာဗတ်ဇ်ကို မလိုအပ်ဘဲ လူချခဲ့လို့ အဝါကတ်ထိခဲ့တာက ဒီပွဲမှာ ဂိုးမက်ဇ်အနေနဲ့ ဘယ်လောက်အထိ ပျားတုပ်နေလဲဆိုတာ သိသာသွားခဲ့ပါတယ်။
ကွင်းလယ် ၂ ခုရဲ့ အားပြိုင်မှု
အာဆင်နယ်ဟာ ကျဉ်းမြောင်းတဲ့ဂိုးရလဒ်နဲ့ အနိုင်ရခဲ့ပေမယ့်လည်း အလွန်အားကောင်းတဲ့ ကစားပုံကို ပြသနိုင်ခဲ့ပြီး ကွင်းလယ်တိုက်ပွဲက ဘယ်လောက်အထိ အရေးပါလဲဆိုတာကို ပြသနိုင်ခဲ့တာဖြစ်ပါတယ်။ ဂန်းနားတွေဟာ လုံးဝကို လီဗာပူးလ်ကွင်းဘက်ခြမ်းမှာပဲ ကစားနေခဲ့ပြီး အဲဒီလို ကစားနိုင်အောင် ဒီကလန် ရိုက်နဲ့ အော်ဒီဂွါဒ်တို့က လီဗာပူးလ်ကွင်းလယ်ကို ခါးပြတ်နေအောင် လုပ်ထားခဲ့တာဖြစ်ပါတယ်။ ရိုက်နဲ့ အော်ဒီဂွါဒ်တို့ကို ကွင်းထဲက နေရာတိုင်းမှာ မြင်တွေ့ခဲ့ရပြီး အင်္ဂလန်ကွင်းလယ်လူက အသင်းခံစစ်အတွက် အပို အကာအကွယ်တစ်ခုဖြစ်ခဲ့ချိန်မှာ အသင်းခေါင်းဆောင် နော်ဝေကွင်းလယ်လူက တိုက်စစ်မှာ အဓိက ပဲ့ကိုင်ခဲ့တာဖြစ်ပါတယ်။ ဆန့်ကျင်ဘက်အနေနဲ့ လီဗာပူးလ်ကွင်းလယ်ကစားသမားတွေကတော့ ပျောက်နေခဲ့ပြီး ကာတစ် ဂျုံးစ်၊ မက္ကယ်လစ္စတာနဲ့ ဂရာဗင်ဘာ့ချ်တို့အားလုံး ပွဲအပေါ်မှာ အကျိုးသက်ရောက်မှု ပြသနိုင်ဖို့ ရုန်းကန်နေခဲ့ရတာဖြစ်ပါတယ်။ လီဗာပူးလ်ကွင်းလယ်ကြယ်ပွင့် ၃ ဦးကြောင့်လည်း ခံစစ်က ပွင့်သွားခဲ့တာဖြစ်ပြီး မာတီနယ်လီနဲ့ ဆာကာတို့ကတော့ လုပ်ချင်တိုင်း လုပ်ခွင့်ရခဲ့ကြတာဖြစ်ပါတယ်။
အချောင်ဂိုးရခဲ့တဲ့ လီဗာပူးလ်
အာဆင်နယ်ဟာ ပထမပိုင်း ပွဲကစားချိန် ပြီးဆုံးခါနီးအထိ ကောင်းကောင်း ကစားနိုင်ခဲ့ပေမယ့်လည်း ပွဲကစားချိန်ပြည့်ခါနီးမှာ စိတ်ပျက်စရာ ချေပဂိုးကို ခွင့်ပြုခဲ့ရပါတယ်။ ဂန်းနားနောက်ခံလူတွေကြားမှာ စိတ်ရှုပ်ထွေးစေခဲ့တဲ့ အဝေးဘောပေးပို့မှုကနေ ရရှိခဲ့တဲ့ ဘောလုံးကို လူးဝစ္စ ဒီယက်ဇ် ကန်ဖို့လုပ်နေတာကို ဆာလီဘာက ကာကွယ်ခဲ့ပေမယ့်လည်း လီဗာပူးလ်တိုက်စစ်မှူးက လဲကျချိန်မှာ ခြေဖျားနဲ့ မမီမကမ်း လှမ်းထိုးလိုက်တဲ့ ဘောလုံးကို ဂါဘရီယဲလ်က ခလုတ်တိုက်မိခဲ့တာကြောင့် လိမ့်ကာလိမ့်ကာနဲ့ ဂိုးထဲ ဝင်သွားခဲ့တာဖြစ်ပါတယ်။
ကယ်တင်ရှင် မာတီနယ်လီ
လီဗာပူးလ်ဟာ ဂါဘရီယဲလ်ရဲ့ ကိုယ့်ဂိုးကိုယ်သွင်းမိခဲ့တဲ့ဂိုးကြောင့် ပြိုင်ပွဲထဲ ပြန်လည်ရောက်ရှိလာခဲ့ပြီး အချိန်မရွေး ဘာမဆိုဖြစ်သွားနိုင်တဲ့အချိန်မှာ မာတီနယ်လီရဲ့ သွင်းဂိုးက အရေးကြီးတဲ့ သွင်းဂိုးဖြစ်ခဲ့ပါတယ်။ ဘရာဇီးလ်တိုက်စစ်မှူးဟာ ဗန်ဒိုက်နဲ့ အယ်လစ်ဆန်တို့ကြား နားလည်မှု လွဲမှားမှုကို အခွင့်ကောင်း ယူပြီး ဂိုးပေါက်အလွတ်ထဲကို ကန်သွင်းယူသွားခဲ့တာ ဖြစ်ပါတယ်။ မာတီနယ်လီရဲ့ သွင်းဂိုးကြောင့် အာဆင်နယ်ဟာ လက်ရှိမှာ အမှတ်ပေးဇယားထိပ်ဆုံးက လီဗာပူးလ်နဲ့ ၂ မှတ်သာ ကွာဟတော့ပြီး ဆုဖလားမျှော်လင့်ချက်လည်း ပိုမိုအသက်ဝင်လာခဲ့ပါပြီ။
Arsenal Myanmar
Ref: Internet
ZAWGYI: တနဂၤေႏြေန႔ညမွာ ကစားခဲ့တဲ့ အာဆင္နယ္နဲ႔ လီဗာပူးလ္တို႔ရဲ႕ ပြဲစဥ္မွာ အိမ္ရွင္ ဂန္းနားေတြက ၃-၁ နဲ႔ ႏိုင္ပြဲရရွိခဲ့ၿပီး ပရီးမီးယားလိဂ္ဖလားၿပိဳင္ပြဲက စိတ္ဝင္စားစရာပိုေကာင္းလာခဲ့ၿပီျဖစ္ပါတယ္။
မာတီနယ္လီက ဗန္ဒိုက္ရဲ႕ ဆိုး႐ြားတဲ့ အမွားကို အခြင့္ေကာင္းယူၿပီး အာဆင္နယ္အတြက္ အေရးပါတဲ့ အႏိုင္ဂိုးကို သြင္းယူေပးခဲ့တာျဖစ္ၿပီး လူစားဝင္ကစားသမားျဖစ္တဲ့ ထေရာ့ဆာ့ဒ္က ပြဲၿပီးဆုံးခါနီးမွာ ေနာက္ထပ္ အႏိုင္ဂိုးကို သြင္းယူေပးခဲ့တာျဖစ္ပါတယ္။
ဆုဖလားေမွ်ာ္လင့္ခ်က္အတြက္ အားတက္စရာျဖစ္ခဲ့တဲ့ အာဆင္နယ္
ေဘာလုံးေဝဖန္သုံးသပ္သူအခ်ိဳ႕က ဒီပြဲက အာဆင္နယ္တို႔အတြက္ မျဖစ္မေန အႏိုင္ကစားရမယ့္ပြဲလို႔ သတိေပးခဲ့ၾကၿပီး လီဗာပူးလ္ဟာ ဒီပြဲမတိုင္ခင္ အမွတ္ေပးဇယားထိပ္ဆုံးမွာ ၅ မွတ္ျဖတ္ထားႏိုင္ခဲ့ေပမယ့္ အခုေတာ့ ၂ မွတ္သာ ျဖတ္ထားႏိုင္ေတာ့တာျဖစ္ပါတယ္။ ဒါေၾကာင့္ ဂန္းနားေတြဟာ ဆုဖလားၿပိဳင္ပြဲမွာ ေကာင္းေကာင္း ပါဝင္ႏိုင္ခဲ့ၿပီျဖစ္ၿပီး တကယ္လို႔သာ ရႈံးခဲ့ရင္ ဆုဖလားၿပိဳင္ပြဲကေန ထြက္ရသေလာက္ အေျခအေနျဖစ္သြားခဲ့မွာျဖစ္ပါတယ္။ အာတီတာရဲ႕အသင္းဟာ ရာသီဒုတိယပိုင္းအတြက္ ဇန္နဝါရီမွာ လူမေခၚႏိုင္ခဲ့ေပမယ့္လည္း ရွိတဲ့လူနဲ႔ အရွိန္အဟုန္အျပည့္ ကစားႏိုင္ခဲ့ၿပီး ဆုဖလားၿပိဳင္ပြဲအတြက္ အားတက္စရာ ႏိုင္ပြဲကို ရယူႏိုင္ခဲ့တာျဖစ္ပါတယ္။
ဟာဗတ္ဇ္ကို အရဲစြန႔္သုံးခဲ့မႈကေန အျမတ္ထြက္ခဲ့တဲ့ အာတီတာ
ဂါဘရီယဲလ္ ေဂ်းဇု ဒူးဒဏ္ရာေၾကာင့္ မပါႏိုင္တာေၾကာင့္ အာတီတာက ဟာဗတ္ဇ္ကို တိုက္စစ္မွာ အံ့အားသင့္ဖြယ္ ပြဲထုတ္ခဲ့ၿပီး အန္ကီးတီးယားလို အေထာင္တိုက္စစ္မႉးစစ္စစ္ကိုေတာ့ အရန္ခုံကေနသာ ပြဲၾကည့္ခိုင္းခဲ့တာျဖစ္ပါတယ္။ ဒါေပမယ့္လည္း အာတီတာရဲ႕ အရဲစြန႔္မႈက အလုပ္ျဖစ္ခဲ့ၿပီး ဟာဗတ္ဇ္ရဲ႕ ကန္ခ်က္ကို အယ္လစ္ဆန္ ပုတ္ထုတ္ရာကေန ျပန္ထြက္လာတဲ့ေဘာလုံးကို ဆာကာက ပိတ္သြင္းၿပီး အေစာပိုင္း ဦးေဆာင္ဂိုး ရရွိခဲ့တာျဖစ္ပါတယ္။ ဂ်ာမန္ကြင္းလယ္ၾကယ္ပြင့္ဟာ လီဗာပူးလ္ခံစစ္ ဟာကြက္ေတြကို ပြင့္သြားေစႏိုင္တဲ့ ေနရာယူမႈေတြနဲ႔ ဒုကၡေပးႏိုင္ခဲ့ၿပီး မၾကာခဏဆိုသလိုလည္း ေနာက္ထိ ဆင္းကစားခဲ့ပါတယ္။ ဟာဗတ္ဇ္ဟာ အသင္းေဖာ္ေတြနဲ႔အတူ ဖိအားေပးတဲ့အခ်ိန္မွာ ေကာင္းေကာင္း ကစားႏိုင္ခဲ့ၿပီး လီဗာပူးလ္ေနာက္ခံလူေတြ အမွားလုပ္မိေစခဲ့ပါတယ္။ ဒီရာသီပြဲအမ်ားစုကို ကြင္းလယ္မွာ ကစားခဲ့ရေပမယ့္လည္း ဟာဗတ္ဇ္အတြက္ကေတာ့ အေထာင္တိုက္စစ္မႉးေနရာက ပိုသင့္ေတာ္တယ္ဆိုတာ ဒီပြဲမွာ ျမင္သာခဲ့ပါတယ္။
ဂိုးမက္ဇ္ရဲ႕ အိပ္မက္ဆိုး
ဂ်ိဳး ဂိုးမက္ဇ္ဟာ ေရာဘတ္ဆန္နဲ႔ ဆီမီကတ္စ္တို႔ မပါဝင္ႏိုင္တာေၾကာင့္ အေရးေပၚဘယ္ေနာက္ခံလူအျဖစ္ ကစားခဲ့ရၿပီး အဂၤလန္ေနာက္ခံလူဟာ ၿပီးခဲ့တဲ့ပြဲေတြမွာ ေတာ္ေတာ္ေလး က်စ္လစ္ခဲ့ေပမယ့္ ဒီပြဲမွာေတာ့ အိပ္မက္ဆိုး မက္ခဲ့ရပါတယ္။ ဆာကာဟာ လီဗာပူးလ္ေနာက္ခံေတာင္ပံကစားသမားေတြနဲ႔ ရင္ဆိုင္ရာမွာ အသာစီးရယူႏိုင္ခဲ့ၿပီး ဂိုးမက္ဇ္ဟာ ဟာဗတ္ဇ္က ဂန္းနားတို႔ရဲ႕ သြင္းဂိုးအတြက္ တိုက္စစ္ဆင္ခ်ိန္မွာ တဟုန္ထိုး ေျပးဝင္ခဲ့တာေၾကာင့္ အတြင္းဘက္ကို ဝင္ကစားခဲ့ရတာေၾကာင့္ ဆာကာက ျပန္လွ်ံလာတဲ့ေဘာလုံးကို လြတ္လြတ္ကြၽတ္ကြၽတ္ ကန္သြင္းႏိုင္ခဲ့တာပါ။ ပြဲကစားခ်ိန္ ၂၄ မိနစ္မွာ ဟာဗတ္ဇ္ကို မလိုအပ္ဘဲ လူခ်ခဲ့လို႔ အဝါကတ္ထိခဲ့တာက ဒီပြဲမွာ ဂိုးမက္ဇ္အေနနဲ႔ ဘယ္ေလာက္အထိ ပ်ားတုပ္ေနလဲဆိုတာ သိသာသြားခဲ့ပါတယ္။
ကြင္းလယ္ ၂ ခုရဲ႕ အားၿပိဳင္မႈ
အာဆင္နယ္ဟာ က်ဥ္းေျမာင္းတဲ့ဂိုးရလဒ္နဲ႔ အႏိုင္ရခဲ့ေပမယ့္လည္း အလြန္အားေကာင္းတဲ့ ကစားပုံကို ျပသႏိုင္ခဲ့ၿပီး ကြင္းလယ္တိုက္ပြဲက ဘယ္ေလာက္အထိ အေရးပါလဲဆိုတာကို ျပသႏိုင္ခဲ့တာျဖစ္ပါတယ္။ ဂန္းနားေတြဟာ လုံးဝကို လီဗာပူးလ္ကြင္းဘက္ျခမ္းမွာပဲ ကစားေနခဲ့ၿပီး အဲဒီလို ကစားႏိုင္ေအာင္ ဒီကလန္ ႐ိုက္နဲ႔ ေအာ္ဒီဂြါဒ္တို႔က လီဗာပူးလ္ကြင္းလယ္ကို ခါးျပတ္ေနေအာင္ လုပ္ထားခဲ့တာျဖစ္ပါတယ္။ ႐ိုက္နဲ႔ ေအာ္ဒီဂြါဒ္တို႔ကို ကြင္းထဲက ေနရာတိုင္းမွာ ျမင္ေတြ႕ခဲ့ရၿပီး အဂၤလန္ကြင္းလယ္လူက အသင္းခံစစ္အတြက္ အပို အကာအကြယ္တစ္ခုျဖစ္ခဲ့ခ်ိန္မွာ အသင္းေခါင္းေဆာင္ ေနာ္ေဝကြင္းလယ္လူက တိုက္စစ္မွာ အဓိက ပဲ့ကိုင္ခဲ့တာျဖစ္ပါတယ္။ ဆန႔္က်င္ဘက္အေနနဲ႔ လီဗာပူးလ္ကြင္းလယ္ကစားသမားေတြကေတာ့ ေပ်ာက္ေနခဲ့ၿပီး ကာတစ္ ဂ်ဳံးစ္၊ မကၠယ္လစၥတာနဲ႔ ဂရာဗင္ဘာ့ခ်္တို႔အားလုံး ပြဲအေပၚမွာ အက်ိဳးသက္ေရာက္မႈ ျပသႏိုင္ဖို႔ ႐ုန္းကန္ေနခဲ့ရတာျဖစ္ပါတယ္။ လီဗာပူးလ္ကြင္းလယ္ၾကယ္ပြင့္ ၃ ဦးေၾကာင့္လည္း ခံစစ္က ပြင့္သြားခဲ့တာျဖစ္ၿပီး မာတီနယ္လီနဲ႔ ဆာကာတို႔ကေတာ့ လုပ္ခ်င္တိုင္း လုပ္ခြင့္ရခဲ့ၾကတာျဖစ္ပါတယ္။
အေခ်ာင္ဂိုးရခဲ့တဲ့ လီဗာပူးလ္
အာဆင္နယ္ဟာ ပထမပိုင္း ပြဲကစားခ်ိန္ ၿပီးဆုံးခါနီးအထိ ေကာင္းေကာင္း ကစားႏိုင္ခဲ့ေပမယ့္လည္း ပြဲကစားခ်ိန္ျပည့္ခါနီးမွာ စိတ္ပ်က္စရာ ေခ်ပဂိုးကို ခြင့္ျပဳခဲ့ရပါတယ္။ ဂန္းနားေနာက္ခံလူေတြၾကားမွာ စိတ္ရႈပ္ေထြးေစခဲ့တဲ့ အေဝးေဘာေပးပို႔မႈကေန ရရွိခဲ့တဲ့ ေဘာလုံးကို လူးဝစၥ ဒီယက္ဇ္ ကန္ဖို႔လုပ္ေနတာကို ဆာလီဘာက ကာကြယ္ခဲ့ေပမယ့္လည္း လီဗာပူးလ္တိုက္စစ္မႉးက လဲက်ခ်ိန္မွာ ေျခဖ်ားနဲ႔ မမီမကမ္း လွမ္းထိုးလိုက္တဲ့ ေဘာလုံးကို ဂါဘရီယဲလ္က ခလုတ္တိုက္မိခဲ့တာေၾကာင့္ လိမ့္ကာလိမ့္ကာနဲ႔ ဂိုးထဲ ဝင္သြားခဲ့တာျဖစ္ပါတယ္။
ကယ္တင္ရွင္ မာတီနယ္လီ
လီဗာပူးလ္ဟာ ဂါဘရီယဲလ္ရဲ႕ ကိုယ့္ဂိုးကိုယ္သြင္းမိခဲ့တဲ့ဂိုးေၾကာင့္ ၿပိဳင္ပြဲထဲ ျပန္လည္ေရာက္ရွိလာခဲ့ၿပီး အခ်ိန္မေ႐ြး ဘာမဆိုျဖစ္သြားႏိုင္တဲ့အခ်ိန္မွာ မာတီနယ္လီရဲ႕ သြင္းဂိုးက အေရးႀကီးတဲ့ သြင္းဂိုးျဖစ္ခဲ့ပါတယ္။ ဘရာဇီးလ္တိုက္စစ္မႉးဟာ ဗန္ဒိုက္နဲ႔ အယ္လစ္ဆန္တို႔ၾကား နားလည္မႈ လြဲမွားမႈကို အခြင့္ေကာင္း ယူၿပီး ဂိုးေပါက္အလြတ္ထဲကို ကန္သြင္းယူသြားခဲ့တာ ျဖစ္ပါတယ္။ မာတီနယ္လီရဲ႕ သြင္းဂိုးေၾကာင့္ အာဆင္နယ္ဟာ လက္ရွိမွာ အမွတ္ေပးဇယားထိပ္ဆုံးက လီဗာပူးလ္နဲ႔ ၂ မွတ္သာ ကြာဟေတာ့ၿပီး ဆုဖလားေမွ်ာ္လင့္ခ်က္လည္း ပိုမိုအသက္ဝင္လာခဲ့ပါၿပီ။
Arsenal Myanmar
Ref: Internet
- Posted In:
- Post Match Review