စူပါရာယာကြောင့် ကွာတားတက်နိုင်ခဲ့တဲ့ ပွဲစဉ်က မှတ်မှတ်ရရ ပြန်ပြောရမယ့်အချက်များ
အာဆင်နယ်ဟာ ပေါ်တိုကို ပင်နယ်တီ အဆုံးအဖြတ်မှာ အနိုင်ရခဲ့ပြီးနောက် ၂၀၁၀ ခုနှစ်နောက်ပိုင်း ပထမဆုံးအကြိမ် ချန်ပီယံလိဂ်ကွာတားဖိုင်နယ်အဆင့်ကို ပြန်လည်တက်လှမ်းနိုင်ခဲ့ပြီဖြစ်ပါတယ်။
ဂန်းနားတွေဟာ ပထမအကျော့က ၁-၀ ရလဒ်ကို ချေဖျက်ဖို့ လိုအပ်တယ်ဆိုတာကို သိနေခဲ့ပြီး ထရော့ဆာ့ဒ်ပ ပထမပိုင်းမှာ ဦးဆောင်ဂိုး သွင်းယူပြီး ချေဖျက်ပေးခဲ့တာ ဖြစ်ပါတယ်။ ပေါ်တိုက ဘာမှမလုပ်နိုင်ခဲ့ပေမယ့်လည်း ပထမအကျော့က ဦးဆောင်နိုင်မှုကို ကာကွယ်ဖို့ ခံစစ်မှာ ကျောက်ချပိတ်ဆို့ခဲ့ပေမယ့်လည်း ဘယ်လ်ဂျီယမ်ကြယ်ပွင့်ကို မရပ်တန့်နိုင်ခဲ့တာကြောင့် ဂိုးပေးခဲ့ရတာပါ။
မာတင် အော်ဒီဂွါဒ်ရဲ့ ရင်သပ်ရှုမာဖွယ်ဂိုးဖန်တီးမှုကို ထရော့ဆာ့ဒ်က သေသေသပ်သပ် အဆုံးသတ်ခဲ့ပြီး အင်္ဂလန်ကို နောက်ဆုံးလာရောက်ကစားခဲ့တဲ့ ၉ ပွဲစလုံးမှာ ၁ ဂိုးသာ သွင်းယူနိုင်ခဲ့တဲ့ ပေါ်တိုဟာ ဒီပွဲမှာတော့ တစ်ဂိုးမှ မသွင်းနိုင်တာကြောင့် အချိန်ပိုနဲ့ ပင်နယ်တီအထိ ဆက်သွားခဲ့ရပါတယ်။
ပင်နယ်တီမှာ အာဆင်နယ်ဂိုးသမား ဒေးဗစ် ရာယာက ဝမ်ဒဲလ်နဲ့ ပထမအကျော့က အနိုင်ဂိုးသွင်းရှင် ဂယ်လီနိုရဲ့ ကန်ချက်ကို ကာကွယ်နိုင်ခဲ့တာကြောင့် ဂန်းနားတို့ ဥရောပအိပ်မက် ဆက်မက်နိုင်ခဲ့ပြီး ဒီပွဲက မှတ်မှတ်ရရ ပြန်ပြောစရာအချက် ၅ ချက်ရှိပါတယ်။
သူရဲကောင်း ရာယာ
အမ်းမရိတ်စ်က ချန်ပီယံလိဂ်ညဟာ အနိမ့်အမြင့်အတက်အကျတွေနဲ့ ရင်ခုန်စရာကောင်းခဲ့ပြီး အာဆင်နယ်က တစ်ဂိုးသွင်းယူသွားချိန်မှာ နောက်ထပ် မိနစ် ၈၀ လောက် ဂိုးမရနိုင်တော့ဘူးဆိုတာကို ယုံကြည်ခဲ့တဲ့သူက အနည်းငယ်သာ ရှိခဲ့မှာပါ။ အာဆင်နယ်အတွက် ကွာတားဖိုင်နယ်ကို တက်ရောက်နိုင်ဖို့အတွက် ၁၂ ကိုက်အကွာကနေ အဆုံးအဖြတ် ခံယူခဲ့ရပြီး ဒီလိုအချိန်မှာ ခေါင်းငိုက်စိုက်ကျရမယ့် ကစားသမား ၁၁ ဦးက အမြဲတမ်း ရှိနေခဲ့ပါတယ်။ ပထမဆုံး ဝမ်ဒဲလ်ရဲ့ ပင်နယ်တီကို ရာယာ ပုတ်ထုတ်ကာကွယ်နိုင်လိုက်ချိန်မှာ ပေါ်တိုကြယ်ပွင့်အနေနဲ့ အမ်းမရိတ်စ်ကွင်းထဲကနေ အငွေ့ပျံပျောက်ကွယ်သွားချင်ခဲ့မှာဖြစ်ပြီး သိပ်မကြာခင်မှာပဲ ဂယ်လီနိုက နောက်ထပ်တစ်ကြိမ် ပင်နယ်တီ လွဲချော်သွားခဲ့ချိန်မှာတော့ ရာယာက အားပါးတရအောင်ပွဲခံခဲ့ပါတယ်။ စပိန်ဂိုးသမားဟာ အာဆင်နယ်မှာ ကစားသမားဘဝကို နှေးကွေးစွာစတင်ခဲ့ရပေမယ့်လည်း အရေးကြီးတဲ့အခိုက်အတန့်မှာ အသင်းအတွက် သူရဲကောင်းအဖြစ် ထွက်ပေါ်လာပေးခဲ့ပါတယ်။
ထရော့ဆာ့ဒ်ရဲ့ အချိန်ကိုက် ပြေးဝင်ပိတ်သွင်းမှု
ပေါ်တိုသာ ပထမပိုင်းအပြီးမှာ ဂိုးမရှိသရေနဲ့ ပွဲပြီးဆုံးအောင် ကစားနိုင်ခဲ့မယ်ဆိုရင် ပွဲအဖြေက တစ်မျိုးဖြစ်ရင် ဖြစ်ခဲ့မှာဖြစ်ပြီး ဧည့်သည်တွေက ပထမအကျော့က ရလဒ်အတိုင်းထိန်းသိမ်းဖို့ ရေကုန်ရေခမ်း ကြိုးပမ်းနေခဲ့တာဖြစ်ပါတယ်။ အမ်းမရိတ်စ်က လွန်ဆွဲမှုဟာ ပထမပိုင်းပြီးဆုံးခါနီးမှာ မြင့်တက်လာခဲ့ပြီး ပရိသတ်အုပ်ကြီးကလည်း အာဆင်နယ်ကို တစ်ချက်လေးမှ မနားရအောင် အထောက်အကူပေးခဲ့ပါတယ်။ ရလဒ်အနေနဲ့ ထရော့ဆာ့ဒ်ရဲ့ ၄၁ မိနစ်မှာ ဂိုးကန်သွင်းယူချိန်ထက် ပိုကောင်းတဲ့အချိန်မရှိနိုင်တော့ဘဲ ဘယ်လ်ဂျီယမ်ကြယ်ပွင့်ဟာ မြောက်လန်ဒန်မှာ အိမ်ရှင်တွေအတွက် ပထမအကျော့ရလဒ်ကို ချေဖျက်ဖို့လိုအပ်တဲ့ဂိုးကို သွင်းယူပေးခဲ့တာဖြစ်ပါတယ်။ ဒီဂိုးကြောင့် ပထမပိုင်းအပြီး အဝတ်လဲခန်းထဲက အသင်းသားတွေအပေါ် အာတီတာရဲ့ မိန့်ခွန်းဟာ ဒုတိယပိုင်းမှာ နောက်တဆင့်တက်ဖို့ နောက်ထပ် တစ်ဂိုးသွင်းယူဖို့ လိုအပ်တယ်ဆိုတာလောက်ပဲ ပြောဖို့ ဖြစ်လာစေခဲ့ပေမယ့်လည်း နောက်ဆုံးမှာတော့ ပင်နယ်တီအဆုံးအဖြတ်ခံယူဖို့ လိုအပ်ခဲ့တာဖြစ်ပါတယ်။
အော်ဒီဂွါဒ်ရဲ့ ကမ္ဘာ့အပြင်ဘက်က ဂိုးဖန်တီးမှု
ထရော့ဆာ့ဒ်ဟာ သွင်းဂိုးအတွက် ချီးကျူးမှုတွေ ခံခဲ့ရပေမယ့်လည်း ဒီရာသီ ချန်ပီယံလိဂ်က ဂိုးဖန်တီးမှုအနည်းငယ်သာ လူတွေရဲ့ အာရုံစိုက်မှုကို ရယူနိုင်ခဲ့တာဖြစ်ပါတယ်။ အော်ဒီဂွါဒ်က ရင်သပ်ရှုမောဖွယ်ကစားပုံအချို့ ပြုလုပ်ခဲ့ပြီးနောက် အသင်းဖော်အတွက် လှလှပပ ဖန်တီးပေးခဲ့တာဖြစ်ပြီး ဒီလိုဖန်တီးမှုမျိုးနဲ့တင် ဘယ်လိုပွဲမျိုးကိုမဆို အနိုင်ရဖို့ လုံလောက်ပါတယ်။ နော်ဝေကြယ်ပွင့်ဟာ အလယ်ကနေ ဘောလုံးကို ရယူပြီးနောက် ထရော့ဆာ့ဒ်နဲ့ ဝမ်းတူးရိုက်ခဲ့ပါတယ်။ ထရော့ဆာ့ဒ်က ပြန်ပေးလိုက်တဲ့ဘောလုံးကို ပေါ်တိုကစားသမားကို လှည့်ထွက်ပြီးနောက် နောက်ခံလူ ၃ ဦးကြားက လှလှပပ ထိုးပေးခဲ့တာဖြစ်ပါတယ်။
အကောင်းဆုံး အရှုံးသမားဖြစ်ခဲ့တဲ့ ပေါ်တို
ပေါ်တိုဟာ ပရီးမီးယားလိဂ်အမှတ်ပေးဇယားဦးဆောင်သူတွေဆီကို ၁-၀ အနိုင်ရလဒ်နဲ့ လာရောက်ယှဉ်ပြိုင်ခဲ့တာဖြစ်လို့ သတိကြီးကြီးနဲ့ ချဉ်းကပ်ခဲ့ပြီး ခံစစ်ပိုင်းမှာ ကျစ်ကျစ်လစ်လစ်နဲ့ ပိတ်ဆို့ကစားရင်း ပွဲကို ပြောင်းလဲနိုင်မယ့်အခိုက်အတန့်ကို စောင့်ဆိုင်းခဲ့ရမယ့်အစား ဆန့်ကျင်ဘက်တွေးခဲ့ပါတယ်။ ပေါ်တိုဟာ အဖွင့် ၁၀ မိနစ်မှာ ဘောလုံးပိုင်ဆိုင်မှုအသာစီးရယူပြီး အာဆင်နယ်ကွင်းဘက်ခြမ်းထိတက်ပြီး ဖိအားပေးကစားခဲ့လို့ ဂန်းနားတွေက ပင်နယ်တီဧရိယာထဲကနေ တိုက်စစ်ကို စတင်ခဲ့ရပါတယ်။ ပေါ်တိုဟာ အာဆင်နယ်က ထရော့ဆာ့ဒ်ရဲ့ ဂိုးကြောင့် အဖွင့်ဂိုး ရသွားခဲ့ပေမယ့်လည်း ပွဲအစီအစဥ်ကို မပြောင်းလဲခဲ့ဘဲ တိုက်စစ်ဆင်ချင်တဲ့ ရည်မှန်းချက်ကို ပြသခဲ့ပြီး ဂိုးကန်သွင်းမှုတွေ ပြုလုပ်နိုင်ခဲ့ပါတယ်။ အမ်းမရိတ်စ်မှာ ပေါ်တိုရဲ့ အပြုသဘောဆောင်တဲ့ ချဉ်းကပ်မှုကို အနည်းငယ်လောက်ကသာ စောဒကတက်နိုင်ခဲ့ပါလိမ့်မယ်။
၁၆ သင်းရှုံးထွက် ကျိန်စာ
အာဆင်နယ်ရဲ့ ချန်ပီယံလိဂ်မှတ်တမ်းတွေကို ပြန်ကြည့်မယ်ဆိုရင် ၇ နှစ်ဆက်တိုက် ၁၆ သင်းရှုံးထွက်အဆင့်ကနေပဲ လှည့်ပြန်ခဲ့ရတာကို တွေ့ရမှာပါ။ အာဆင်နယ်ဟာ ချန်ပီယံလိဂ် ဒီအဆင့်မှာ ၅ ပွဲဆက်တိုက် အိမ်ကွင်းရှုံးပွဲစံချိန်ကို အဆုံးသတ်ဖို့လိုအပ်ခဲ့ပြီး ၂၀၁၃ ကနေ ၂၀၁၇ ခုနှစ်အထိ ဘိုင်ယန်မြူးနစ်က မြောက်လန်ဒန်မှာ ၃ ပွဲအထိ နိုင်ပွဲရရှိခဲ့တာဖြစ်ပါတယ်။ နောက်ဆုံးကစားခဲ့တဲ့ပွဲမှာ ၅-၁ နဲ့ ဂိုးပြတ်အနိုင်ယူခဲ့တာဖြစ်ပြီး မိုနာကိုနဲ့ ဘာစီလိုနာတို့ကလည်း နိုင်ပွဲ ရရှိခဲ့ကြတာဖြစ်ပါတယ်။ အာဆင်နယ်က ပေါ်တိုကို ကျော်ဖြတ်ပြီး ဥရောပမျှော်လင့်ချက်ကို အသက်ဆက်နိုင်ဖို့ ဒီစံချိန်ဆိုးကို အဆုံးသတ်ဖို့ လိုအပ်တယ်ဆိုတာကို သိနေခဲ့ပြီး အာတီတာရဲ့အသင်းဟာ ချန်ပီယံလိဂ်ဖလားကို မထင်မှတ်ဘဲ ရသွားနိုင်တဲ့အသင်းတွေထဲက တစ်သင်းဖြစ်နေတာပါ။ ဂန်းနားတွေဟာ အဲဒီအတိုင်းပဲ လုပ်နိုင်ခဲ့ပြီး ငယ်ရွယ်တဲ့အသင်းဟာ သူတို့ရဲ့ အစွမ်းအစတွေနဲ့ စိန်ခေါ်မှုတွေကို ဆက်လက် တုံ့ပြန်ပြနိုင်ခဲ့ပြီး ဒီနိုင်ပွဲဟာ ဒီရာသီ ဆုဖလားမျှော်လင့်ချက်ကို ဆက်လက်ထိန်းသိမ်းနိုင်ခဲ့တဲ့ နောက်ထပ်အခိုက်အတန့်တစ်ခုဖြစ်ခဲ့ပါတယ်။
Arsenal Myanmar
Ref: Internet
ZAWGYI: အာဆင္နယ္ဟာ ေပၚတိုကို ပင္နယ္တီ အဆုံးအျဖတ္မွာ အႏိုင္ရခဲ့ၿပီးေနာက္ ၂၀၁၀ ခုႏွစ္ေနာက္ပိုင္း ပထမဆုံးအႀကိမ္ ခ်န္ပီယံလိဂ္ကြာတားဖိုင္နယ္အဆင့္ကို ျပန္လည္တက္လွမ္းႏိုင္ခဲ့ၿပီျဖစ္ပါတယ္။
ဂန္းနားေတြဟာ ပထမအေက်ာ့က ၁-၀ ရလဒ္ကို ေခ်ဖ်က္ဖို႔ လိုအပ္တယ္ဆိုတာကို သိေနခဲ့ၿပီး ထေရာ့ဆာ့ဒ္ပ ပထမပိုင္းမွာ ဦးေဆာင္ဂိုး သြင္းယူၿပီး ေခ်ဖ်က္ေပးခဲ့တာ ျဖစ္ပါတယ္။ ေပၚတိုက ဘာမွမလုပ္ႏိုင္ခဲ့ေပမယ့္လည္း ပထမအေက်ာ့က ဦးေဆာင္ႏိုင္မႈကို ကာကြယ္ဖို႔ ခံစစ္မွာ ေက်ာက္ခ်ပိတ္ဆို႔ခဲ့ေပမယ့္လည္း ဘယ္လ္ဂ်ီယမ္ၾကယ္ပြင့္ကို မရပ္တန႔္ႏိုင္ခဲ့တာေၾကာင့္ ဂိုးေပးခဲ့ရတာပါ။
မာတင္ ေအာ္ဒီဂြါဒ္ရဲ႕ ရင္သပ္ရႈမာဖြယ္ဂိုးဖန္တီးမႈကို ထေရာ့ဆာ့ဒ္က ေသေသသပ္သပ္ အဆုံးသတ္ခဲ့ၿပီး အဂၤလန္ကို ေနာက္ဆုံးလာေရာက္ကစားခဲ့တဲ့ ၉ ပြဲစလုံးမွာ ၁ ဂိုးသာ သြင္းယူႏိုင္ခဲ့တဲ့ ေပၚတိုဟာ ဒီပြဲမွာေတာ့ တစ္ဂိုးမွ မသြင္းႏိုင္တာေၾကာင့္ အခ်ိန္ပိုနဲ႔ ပင္နယ္တီအထိ ဆက္သြားခဲ့ရပါတယ္။
ပင္နယ္တီမွာ အာဆင္နယ္ဂိုးသမား ေဒးဗစ္ ရာယာက ဝမ္ဒဲလ္နဲ႔ ပထမအေက်ာ့က အႏိုင္ဂိုးသြင္းရွင္ ဂယ္လီႏိုရဲ႕ ကန္ခ်က္ကို ကာကြယ္ႏိုင္ခဲ့တာေၾကာင့္ ဂန္းနားတို႔ ဥေရာပအိပ္မက္ ဆက္မက္ႏိုင္ခဲ့ၿပီး ဒီပြဲက မွတ္မွတ္ရရ ျပန္ေျပာစရာအခ်က္ ၅ ခ်က္ရွိပါတယ္။
သူရဲေကာင္း ရာယာ
အမ္းမရိတ္စ္က ခ်န္ပီယံလိဂ္ညဟာ အနိမ့္အျမင့္အတက္အက်ေတြနဲ႔ ရင္ခုန္စရာေကာင္းခဲ့ၿပီး အာဆင္နယ္က တစ္ဂိုးသြင္းယူသြားခ်ိန္မွာ ေနာက္ထပ္ မိနစ္ ၈၀ ေလာက္ ဂိုးမရႏိုင္ေတာ့ဘူးဆိုတာကို ယုံၾကည္ခဲ့တဲ့သူက အနည္းငယ္သာ ရွိခဲ့မွာပါ။ အာဆင္နယ္အတြက္ ကြာတားဖိုင္နယ္ကို တက္ေရာက္ႏိုင္ဖို႔အတြက္ ၁၂ ကိုက္အကြာကေန အဆုံးအျဖတ္ ခံယူခဲ့ရၿပီး ဒီလိုအခ်ိန္မွာ ေခါင္းငိုက္စိုက္က်ရမယ့္ ကစားသမား ၁၁ ဦးက အၿမဲတမ္း ရွိေနခဲ့ပါတယ္။ ပထမဆုံး ဝမ္ဒဲလ္ရဲ႕ ပင္နယ္တီကို ရာယာ ပုတ္ထုတ္ကာကြယ္ႏိုင္လိုက္ခ်ိန္မွာ ေပၚတိုၾကယ္ပြင့္အေနနဲ႔ အမ္းမရိတ္စ္ကြင္းထဲကေန အေငြ႕ပ်ံေပ်ာက္ကြယ္သြားခ်င္ခဲ့မွာျဖစ္ၿပီး သိပ္မၾကာခင္မွာပဲ ဂယ္လီႏိုက ေနာက္ထပ္တစ္ႀကိမ္ ပင္နယ္တီ လြဲေခ်ာ္သြားခဲ့ခ်ိန္မွာေတာ့ ရာယာက အားပါးတရေအာင္ပြဲခံခဲ့ပါတယ္။ စပိန္ဂိုးသမားဟာ အာဆင္နယ္မွာ ကစားသမားဘဝကို ေႏွးေကြးစြာစတင္ခဲ့ရေပမယ့္လည္း အေရးႀကီးတဲ့အခိုက္အတန႔္မွာ အသင္းအတြက္ သူရဲေကာင္းအျဖစ္ ထြက္ေပၚလာေပးခဲ့ပါတယ္။
ထေရာ့ဆာ့ဒ္ရဲ႕ အခ်ိန္ကိုက္ ေျပးဝင္ပိတ္သြင္းမႈ
ေပၚတိုသာ ပထမပိုင္းအၿပီးမွာ ဂိုးမရွိသေရနဲ႔ ပြဲၿပီးဆုံးေအာင္ ကစားႏိုင္ခဲ့မယ္ဆိုရင္ ပြဲအေျဖက တစ္မ်ိဳးျဖစ္ရင္ ျဖစ္ခဲ့မွာျဖစ္ၿပီး ဧည့္သည္ေတြက ပထမအေက်ာ့က ရလဒ္အတိုင္းထိန္းသိမ္းဖို႔ ေရကုန္ေရခမ္း ႀကိဳးပမ္းေနခဲ့တာျဖစ္ပါတယ္။ အမ္းမရိတ္စ္က လြန္ဆြဲမႈဟာ ပထမပိုင္းၿပီးဆုံးခါနီးမွာ ျမင့္တက္လာခဲ့ၿပီး ပရိသတ္အုပ္ႀကီးကလည္း အာဆင္နယ္ကို တစ္ခ်က္ေလးမွ မနားရေအာင္ အေထာက္အကူေပးခဲ့ပါတယ္။ ရလဒ္အေနနဲ႔ ထေရာ့ဆာ့ဒ္ရဲ႕ ၄၁ မိနစ္မွာ ဂိုးကန္သြင္းယူခ်ိန္ထက္ ပိုေကာင္းတဲ့အခ်ိန္မရွိႏိုင္ေတာ့ဘဲ ဘယ္လ္ဂ်ီယမ္ၾကယ္ပြင့္ဟာ ေျမာက္လန္ဒန္မွာ အိမ္ရွင္ေတြအတြက္ ပထမအေက်ာ့ရလဒ္ကို ေခ်ဖ်က္ဖို႔လိုအပ္တဲ့ဂိုးကို သြင္းယူေပးခဲ့တာျဖစ္ပါတယ္။ ဒီဂိုးေၾကာင့္ ပထမပိုင္းအၿပီး အဝတ္လဲခန္းထဲက အသင္းသားေတြအေပၚ အာတီတာရဲ႕ မိန႔္ခြန္းဟာ ဒုတိယပိုင္းမွာ ေနာက္တဆင့္တက္ဖို႔ ေနာက္ထပ္ တစ္ဂိုးသြင္းယူဖို႔ လိုအပ္တယ္ဆိုတာေလာက္ပဲ ေျပာဖို႔ ျဖစ္လာေစခဲ့ေပမယ့္လည္း ေနာက္ဆုံးမွာေတာ့ ပင္နယ္တီအဆုံးအျဖတ္ခံယူဖို႔ လိုအပ္ခဲ့တာျဖစ္ပါတယ္။
ေအာ္ဒီဂြါဒ္ရဲ႕ ကမာၻ႔အျပင္ဘက္က ဂိုးဖန္တီးမႈ
ထေရာ့ဆာ့ဒ္ဟာ သြင္းဂိုးအတြက္ ခ်ီးက်ဴးမႈေတြ ခံခဲ့ရေပမယ့္လည္း ဒီရာသီ ခ်န္ပီယံလိဂ္က ဂိုးဖန္တီးမႈအနည္းငယ္သာ လူေတြရဲ႕ အာ႐ုံစိုက္မႈကို ရယူႏိုင္ခဲ့တာျဖစ္ပါတယ္။ ေအာ္ဒီဂြါဒ္က ရင္သပ္ရႈေမာဖြယ္ကစားပုံအခ်ိဳ႕ ျပဳလုပ္ခဲ့ၿပီးေနာက္ အသင္းေဖာ္အတြက္ လွလွပပ ဖန္တီးေပးခဲ့တာျဖစ္ၿပီး ဒီလိုဖန္တီးမႈမ်ိဳးနဲ႔တင္ ဘယ္လိုပြဲမ်ိဳးကိုမဆို အႏိုင္ရဖို႔ လုံေလာက္ပါတယ္။ ေနာ္ေဝၾကယ္ပြင့္ဟာ အလယ္ကေန ေဘာလုံးကို ရယူၿပီးေနာက္ ထေရာ့ဆာ့ဒ္နဲ႔ ဝမ္းတူး႐ိုက္ခဲ့ပါတယ္။ ထေရာ့ဆာ့ဒ္က ျပန္ေပးလိုက္တဲ့ေဘာလုံးကို ေပၚတိုကစားသမားကို လွည့္ထြက္ၿပီးေနာက္ ေနာက္ခံလူ ၃ ဦးၾကားက လွလွပပ ထိုးေပးခဲ့တာျဖစ္ပါတယ္။
အေကာင္းဆုံး အရႈံးသမားျဖစ္ခဲ့တဲ့ ေပၚတို
ေပၚတိုဟာ ပရီးမီးယားလိဂ္အမွတ္ေပးဇယားဦးေဆာင္သူေတြဆီကို ၁-၀ အႏိုင္ရလဒ္နဲ႔ လာေရာက္ယွဥ္ၿပိဳင္ခဲ့တာျဖစ္လို႔ သတိႀကီးႀကီးနဲ႔ ခ်ဥ္းကပ္ခဲ့ၿပီး ခံစစ္ပိုင္းမွာ က်စ္က်စ္လစ္လစ္နဲ႔ ပိတ္ဆို႔ကစားရင္း ပြဲကို ေျပာင္းလဲႏိုင္မယ့္အခိုက္အတန႔္ကို ေစာင့္ဆိုင္းခဲ့ရမယ့္အစား ဆန႔္က်င္ဘက္ေတြးခဲ့ပါတယ္။ ေပၚတိုဟာ အဖြင့္ ၁၀ မိနစ္မွာ ေဘာလုံးပိုင္ဆိုင္မႈအသာစီးရယူၿပီး အာဆင္နယ္ကြင္းဘက္ျခမ္းထိတက္ၿပီး ဖိအားေပးကစားခဲ့လို႔ ဂန္းနားေတြက ပင္နယ္တီဧရိယာထဲကေန တိုက္စစ္ကို စတင္ခဲ့ရပါတယ္။ ေပၚတိုဟာ အာဆင္နယ္က ထေရာ့ဆာ့ဒ္ရဲ႕ ဂိုးေၾကာင့္ အဖြင့္ဂိုး ရသြားခဲ့ေပမယ့္လည္း ပြဲအစီအစဥ္ကို မေျပာင္းလဲခဲ့ဘဲ တိုက္စစ္ဆင္ခ်င္တဲ့ ရည္မွန္းခ်က္ကို ျပသခဲ့ၿပီး ဂိုးကန္သြင္းမႈေတြ ျပဳလုပ္ႏိုင္ခဲ့ပါတယ္။ အမ္းမရိတ္စ္မွာ ေပၚတိုရဲ႕ အျပဳသေဘာေဆာင္တဲ့ ခ်ဥ္းကပ္မႈကို အနည္းငယ္ေလာက္ကသာ ေစာဒကတက္ႏိုင္ခဲ့ပါလိမ့္မယ္။
၁၆ သင္းရႈံးထြက္ က်ိန္စာ
အာဆင္နယ္ရဲ႕ ခ်န္ပီယံလိဂ္မွတ္တမ္းေတြကို ျပန္ၾကည့္မယ္ဆိုရင္ ၇ ႏွစ္ဆက္တိုက္ ၁၆ သင္းရႈံးထြက္အဆင့္ကေနပဲ လွည့္ျပန္ခဲ့ရတာကို ေတြ႕ရမွာပါ။ အာဆင္နယ္ဟာ ခ်န္ပီယံလိဂ္ ဒီအဆင့္မွာ ၅ ပြဲဆက္တိုက္ အိမ္ကြင္းရႈံးပြဲစံခ်ိန္ကို အဆုံးသတ္ဖို႔လိုအပ္ခဲ့ၿပီး ၂၀၁၃ ကေန ၂၀၁၇ ခုႏွစ္အထိ ဘိုင္ယန္ျမဴးနစ္က ေျမာက္လန္ဒန္မွာ ၃ ပြဲအထိ ႏိုင္ပြဲရရွိခဲ့တာျဖစ္ပါတယ္။ ေနာက္ဆုံးကစားခဲ့တဲ့ပြဲမွာ ၅-၁ နဲ႔ ဂိုးျပတ္အႏိုင္ယူခဲ့တာျဖစ္ၿပီး မိုနာကိုနဲ႔ ဘာစီလိုနာတို႔ကလည္း ႏိုင္ပြဲ ရရွိခဲ့ၾကတာျဖစ္ပါတယ္။ အာဆင္နယ္က ေပၚတိုကို ေက်ာ္ျဖတ္ၿပီး ဥေရာပေမွ်ာ္လင့္ခ်က္ကို အသက္ဆက္ႏိုင္ဖို႔ ဒီစံခ်ိန္ဆိုးကို အဆုံးသတ္ဖို႔ လိုအပ္တယ္ဆိုတာကို သိေနခဲ့ၿပီး အာတီတာရဲ႕အသင္းဟာ ခ်န္ပီယံလိဂ္ဖလားကို မထင္မွတ္ဘဲ ရသြားႏိုင္တဲ့အသင္းေတြထဲက တစ္သင္းျဖစ္ေနတာပါ။ ဂန္းနားေတြဟာ အဲဒီအတိုင္းပဲ လုပ္ႏိုင္ခဲ့ၿပီး ငယ္႐ြယ္တဲ့အသင္းဟာ သူတို႔ရဲ႕ အစြမ္းအစေတြနဲ႔ စိန္ေခၚမႈေတြကို ဆက္လက္ တုံ႔ျပန္ျပႏိုင္ခဲ့ၿပီး ဒီႏိုင္ပြဲဟာ ဒီရာသီ ဆုဖလားေမွ်ာ္လင့္ခ်က္ကို ဆက္လက္ထိန္းသိမ္းႏိုင္ခဲ့တဲ့ ေနာက္ထပ္အခိုက္အတန႔္တစ္ခုျဖစ္ခဲ့ပါတယ္။
Arsenal Myanmar
Ref: Internet
- Posted In:
- Post Match Review