အုန်းဂိုးသွင်းတဲ့ မက်ဂွိုင်းယားနဲ့ပတ်သက်ပြီး တိတ်ဆိတ်မှုကို ဖြိုခွင်းလိုက်တဲ့ ရမ်းစ်ဒေးလ် 720 405 coyg

အုန်းဂိုးသွင်းတဲ့ မက်ဂွိုင်းယားနဲ့ပတ်သက်ပြီး တိတ်ဆိတ်မှုကို ဖြိုခွင်းလိုက်တဲ့ ရမ်းစ်ဒေးလ်

အာဆင်နယ်ဂိုးသမား အာရွန် ရမ်းစ်ဒေးလ်ဟာ အင်္ဂါနေ့ညနေက စကော့တလန်ကို ၃-၁ နဲ့ အနိုင်ရခဲ့တဲ့ပွဲစဉ်အတွင်း ကိုယ့်ဂိုးကိုယ်သွင်းမိခဲ့တဲ့ ဟယ်ရီ မက်ဂွိုင်းယားကို အင်္ဂလန်ရဲ့အကောင်းဆုံးနောက်ခံကစားသမားတွေထဲက တစ်ဦးအဖြစ် ရှိနေဆဲဖြစ်တယ်လို့ ကာကွယ်ပြောဆိုခဲ့ပါတယ်။

ဂါးရတ် ဆောက်ဂိတ်ရဲ့အသင်းဟာ ဟမ့်ပ်ဒန်ပါ့ခ်မှာ ဖီးလ် ဖိုဒန်၊ ဂျုဒ် ဘယ်လင်ဟမ်နဲ့ ဟယ်ရီ ကိန်းတို့ရဲ့ သွင်းဂိုးတွေကြောင့် အနိုင်ရရှိခဲ့တာဖြစ်ပြီး ၆၇ မိနစ်မှာ မာ့စ် ဂေးဟီရဲ့ နေရာမှာ လူစားဝင်လာတဲ့ မက်ဂွိုင်းယားက ရောဘတ်ဆန်ရဲ့ ဖြတ်ပေးပို့မှုကို ကာကွယ်ပိတ်ဆို့ရာမှာ ကိုယ့်ဂိုးကိုယ်သွင်းမိခဲ့တာဖြစ်ပါတယ်။

မန်ချက်စတာယူနိုက်တက်အသင်းခေါင်းဆောင်ဟောင်းဟာ ကလပ်အသင်းအဆင့်မှာ ပွဲကစားချိန် မရှိခဲ့မှုကြောင့် ဆောက်ဂိတ်ရဲ့လူစာရင်းကနေ ထုတ်ပယ်ခဲ့ဖို့ တောင်းဆိုခြင်းခံခဲ့ရပေမယ့်လည်း ရမ်းစ်ဒေးလ်က မက်ဂွိုင်းယားဟာ အင်္ဂလန်ရဲ့ ခံစစ်မှာ အကောင်းဆုံးရွေးချယ်စရာတွေထဲက တစ်ခုအဖြစ် ရှိနေဆဲဖြစ်တယ်လို့ ယုံကြည်နေတာဖြစ်ပါတယ်။

“ကျွန်တော် သူ့ကို ကိုယ်ချင်းစာပေးနိုင်ပါတယ်။ ဘာလို့လဲဆိုတော့ ကျွန်တော်လည်း ပရီးမီးယားလိဂ်ကနေ ၂ ကြိမ် တန်းဆင်းခဲ့ရပြီး ရှင်သန်နိုင်အောင် တိုက်ပွဲဝင်ခဲ့ရဖူးလို့ပါ။ ခင်ဗျားက ပရိသတ်တွေ၊ ဘောလုံးဝေဖန်သုံးသပ်သူရဲ့ မျက်စိဒေါက်ထောက်ကြည့်ခံနေရတဲ့အချိန်မှာ အရာအားလုံးက အသေးစိတ်ကအစ လိုက်ပြီး အထောက်ခံနေရမှာပဲ။ သူသာ အပတ်တိုင်း ကစားနေရရင် ဒီလောက်အသံတွေ ထွက်လာမှာမဟုတ်ပါဘူး။ သူ ကိုယ့်ဂိုးကိုယ်သွင်းခဲ့တာလည်း မေ့မေ့ပျောက်ပျောက်ဖြစ်သွားပါလိမ့်မယ်။ သူက မှန်ကန်တဲ့အရာကို လုပ်ဖို့ ကြိုးစားနေခဲ့တာဖြစ်ပြီး ဘောလုံးကို ရှင်းထုတ်ဖို့ ကြိုးစားခဲ့တာပါ။ ကံဆိုးစွာနဲ့ပဲ ဘောလုံးက ဂိုးပေါက်ထဲကို ဝင်သွားခဲ့တာပါ။ဒါပေမယ့် အဲဒီအချိန်မှာ သူ့ရဲ့ အခြေအနေကြောင့် လူတွေက ပြောအားပိုရှိခဲ့ကြပြီး သူ မကစားသင့်ဘူး။ သူ ဒီမှာမရှိသင့်ဘူးလို့ ပြောခဲ့ကြတာပါ”

“မက်ဂွိုင်းယားက ပြီးခဲ့တဲ့နှစ်အနည်းငယ်အတွင်း အင်္ဂလန်နဲ့အတူ ကျွန်တော်တို့ မြင်တွေ့ခဲ့သမျှထဲမှာ အကောင်းဆုံးနောက်ခံကစားသမားတွေထဲက တစ်ဦးပါ။ စိတ်ပိုင်းဆိုင်ရာအရမ်းအားကောင်းတယ်။ သူ့နားမှာ အရမ်းကောင်းတဲ့အစုအဖွဲ့ရှိပြီး သူ့မိသားစုလည်း ရှိတယ်။ သူ့ရဲ့အရည်အသွေးတွေကို သူ သိပါတယ်။ သူက တည်ကန်ဘောတွေမှာ အမြဲတမ်း ပင်နယ်တီဧရိယာထဲဆို ခြိမ်းခြောက်မှုဖြစ်ခဲ့ပြီး သူ ခံစစ်ကစားနိုင်တယ်ဆိုတာကိုလည်း သိပါတယ်။ သူက ခေါင်းဆောင်တစ်ယောက်ဆိုတာလည်း သိပါတယ်။ ကျွန်တော် သူနဲ့ ကစားရတာကို နှစ်သက်တယ်။ ဒီညကတော့ ကံမကောင်းတဲ့အရာတွေထဲက တစ်ခုအဖြစ်နဲ့ ဂိုးပေါက်ထဲကို ဝင်သွားခဲ့တယ်။ တခြားနေ့တွေမှာဆိုရင်တော့ ထောင့်ကန်ဘော ဒါမှမဟုတ် လက်ပစ်ဘောလောက်ပဲ ဖြစ်ပါလိမ့်မယ်။ ”လို့ ပြောကြားခဲ့ပါတယ်။

Arsenal Myanmar

Ref: Internet

ZAWGYI: အာဆင္နယ္ဂိုးသမား အာ႐ြန္ ရမ္းစ္ေဒးလ္ဟာ အဂၤါေန႔ညေနက စေကာ့တလန္ကို ၃-၁ နဲ႔ အႏိုင္ရခဲ့တဲ့ပြဲစဥ္အတြင္း ကိုယ့္ဂိုးကိုယ္သြင္းမိခဲ့တဲ့ ဟယ္ရီ မက္ဂြိဳင္းယားကို အဂၤလန္ရဲ႕အေကာင္းဆုံးေနာက္ခံကစားသမားေတြထဲက တစ္ဦးအျဖစ္ ရွိေနဆဲျဖစ္တယ္လို႔ ကာကြယ္ေျပာဆိုခဲ့ပါတယ္။

ဂါးရတ္ ေဆာက္ဂိတ္ရဲ႕အသင္းဟာ ဟမ့္ပ္ဒန္ပါ့ခ္မွာ ဖီးလ္ ဖိုဒန္၊ ဂ်ဳဒ္ ဘယ္လင္ဟမ္နဲ႔ ဟယ္ရီ ကိန္းတို႔ရဲ႕ သြင္းဂိုးေတြေၾကာင့္ အႏိုင္ရရွိခဲ့တာျဖစ္ၿပီး ၆၇ မိနစ္မွာ မာ့စ္ ေဂးဟီရဲ႕ ေနရာမွာ လူစားဝင္လာတဲ့ မက္ဂြိဳင္းယားက ေရာဘတ္ဆန္ရဲ႕ ျဖတ္ေပးပို႔မႈကို ကာကြယ္ပိတ္ဆို႔ရာမွာ ကိုယ့္ဂိုးကိုယ္သြင္းမိခဲ့တာျဖစ္ပါတယ္။

မန္ခ်က္စတာယူႏိုက္တက္အသင္းေခါင္းေဆာင္ေဟာင္းဟာ ကလပ္အသင္းအဆင့္မွာ ပြဲကစားခ်ိန္ မရွိခဲ့မႈေၾကာင့္ ေဆာက္ဂိတ္ရဲ႕လူစာရင္းကေန ထုတ္ပယ္ခဲ့ဖို႔ ေတာင္းဆိုျခင္းခံခဲ့ရေပမယ့္လည္း ရမ္းစ္ေဒးလ္က မက္ဂြိဳင္းယားဟာ အဂၤလန္ရဲ႕ ခံစစ္မွာ အေကာင္းဆုံးေ႐ြးခ်ယ္စရာေတြထဲက တစ္ခုအျဖစ္ ရွိေနဆဲျဖစ္တယ္လို႔ ယုံၾကည္ေနတာျဖစ္ပါတယ္။

“ကြၽန္ေတာ္ သူ႔ကို ကိုယ္ခ်င္းစာေပးႏိုင္ပါတယ္။ ဘာလို႔လဲဆိုေတာ့ ကြၽန္ေတာ္လည္း ပရီးမီးယားလိဂ္ကေန ၂ ႀကိမ္ တန္းဆင္းခဲ့ရၿပီး ရွင္သန္ႏိုင္ေအာင္ တိုက္ပြဲဝင္ခဲ့ရဖူးလို႔ပါ။ ခင္ဗ်ားက ပရိသတ္ေတြ၊ ေဘာလုံးေဝဖန္သုံးသပ္သူရဲ႕ မ်က္စိေဒါက္ေထာက္ၾကည့္ခံေနရတဲ့အခ်ိန္မွာ အရာအားလုံးက အေသးစိတ္ကအစ လိုက္ၿပီး အေထာက္ခံေနရမွာပဲ။ သူသာ အပတ္တိုင္း ကစားေနရရင္ ဒီေလာက္အသံေတြ ထြက္လာမွာမဟုတ္ပါဘူး။ သူ ကိုယ့္ဂိုးကိုယ္သြင္းခဲ့တာလည္း ေမ့ေမ့ေပ်ာက္ေပ်ာက္ျဖစ္သြားပါလိမ့္မယ္။ သူက မွန္ကန္တဲ့အရာကို လုပ္ဖို႔ ႀကိဳးစားေနခဲ့တာျဖစ္ၿပီး ေဘာလုံးကို ရွင္းထုတ္ဖို႔ ႀကိဳးစားခဲ့တာပါ။ ကံဆိုးစြာနဲ႔ပဲ ေဘာလုံးက ဂိုးေပါက္ထဲကို ဝင္သြားခဲ့တာပါ။ဒါေပမယ့္ အဲဒီအခ်ိန္မွာ သူ႔ရဲ႕ အေျခအေနေၾကာင့္ လူေတြက ေျပာအားပိုရွိခဲ့ၾကၿပီး သူ မကစားသင့္ဘူး။ သူ ဒီမွာမရွိသင့္ဘူးလို႔ ေျပာခဲ့ၾကတာပါ”

“မက္ဂြိဳင္းယားက ၿပီးခဲ့တဲ့ႏွစ္အနည္းငယ္အတြင္း အဂၤလန္နဲ႔အတူ ကြၽန္ေတာ္တို႔ ျမင္ေတြ႕ခဲ့သမွ်ထဲမွာ အေကာင္းဆုံးေနာက္ခံကစားသမားေတြထဲက တစ္ဦးပါ။ စိတ္ပိုင္းဆိုင္ရာအရမ္းအားေကာင္းတယ္။ သူ႔နားမွာ အရမ္းေကာင္းတဲ့အစုအဖြဲ႕ရွိၿပီး သူ႔မိသားစုလည္း ရွိတယ္။ သူ႔ရဲ႕အရည္အေသြးေတြကို သူ သိပါတယ္။ သူက တည္ကန္ေဘာေတြမွာ အၿမဲတမ္း ပင္နယ္တီဧရိယာထဲဆို ၿခိမ္းေျခာက္မႈျဖစ္ခဲ့ၿပီး သူ ခံစစ္ကစားႏိုင္တယ္ဆိုတာကိုလည္း သိပါတယ္။ သူက ေခါင္းေဆာင္တစ္ေယာက္ဆိုတာလည္း သိပါတယ္။ ကြၽန္ေတာ္ သူနဲ႔ ကစားရတာကို ႏွစ္သက္တယ္။ ဒီညကေတာ့ ကံမေကာင္းတဲ့အရာေတြထဲက တစ္ခုအျဖစ္နဲ႔ ဂိုးေပါက္ထဲကို ဝင္သြားခဲ့တယ္။ တျခားေန႔ေတြမွာဆိုရင္ေတာ့ ေထာင့္ကန္ေဘာ ဒါမွမဟုတ္ လက္ပစ္ေဘာေလာက္ပဲ ျဖစ္ပါလိမ့္မယ္။ ”လို႔ ေျပာၾကားခဲ့ပါတယ္။

Arsenal Myanmar

Ref: Internet