ယူကရိန်းနဲ့ပွဲအပြီးမှာ မက်ဆီနဲ့ နှိုင်းယှဉ်ခံခဲ့ရတဲ့ ဘူကာယို ဆာကာ 644 361 coyg

ယူကရိန်းနဲ့ပွဲအပြီးမှာ မက်ဆီနဲ့ နှိုင်းယှဉ်ခံခဲ့ရတဲ့ ဘူကာယို ဆာကာ

အင်္ဂလန်ဂန္တဝင်တောင်ပံကစားသမား ဂျိုး ကိုးက စနေနေ့ညနေက ယူကရိန်းနဲ့ ကစားခဲ့တဲ့ ယူရို ၂၀၂၄ ခြေစစ်ပွဲမှာ တစ်ဖက် ၁ ဂိုးစီ သရေကျခဲ့ပြီးနောက် အင်္ဂလန်ကြယ်ပွင့် ဘူကာယို ဆာကာကို လီယွန်နယ် မက်ဆီနဲ့ နှိုင်းယှဉ်ခဲ့ပါတယ်။

ဆာကာဟာ အင်္ဂလန်က ရလဒ်ကောင်း မပိုင်ဆိုင်ခဲ့ပေမယ့်လည်း နောက်ထပ်တစ်ကြိမ် အထင်ကြီးဖွယ်စွမ်းဆောင်ရည်ကောင်း ပြသနိုင်ခဲ့တာဖြစ်ပြီး အနိုင်ဂိုး သွင်းယူနိုင်ဖို့ နီးစပ်ခဲ့ပေမယ့်လည်း ဂိုးတိုင်ထိသွားခဲ့တာဖြစ်ပါတယ်။

အသက် ၂၂ နှစ်အရွယ် တောင်ပံကစားသမားဟာ ၂၀၂၃ ခုနှစ် ဘလွန်ဒေါဆုအတွက် ဆန်ခါတင် ၃၀ ဦးစာရင်းထဲမှာ ပါဝင်ခဲ့ပြီး ဂျေမီ ကာရေဂါက အာဆင်နယ်ကြယ်ပွင့်ဟာ ကမ္ဘာပေါ်က အကောင်းဆုံးကစားသမားတွေထဲက တစ်ဦးဖြစ်တယ်လို့ ပြောကြားခဲ့တာဖြစ်ပါတယ်။

ဂျိုး ကိုးက ဆာကာကို နောက်ထပ် ချီးကျူးမှုအနည်းငယ် ပြုလုပ်ခဲ့ပြီး ဂန်းနားကြယ်ပွင့်ကို တသက်တာအကောင်းဆုံးဘောလုံးသမားတွေထဲက တစ်ဦးအဖြစ် ကျယ်ကျယ်ပြန့်ပြန့် ယူဆခြင်းခံထားရတဲ့ အာဂျင်တီးနားဂန္တဝင် လီယွန်နယ် မက်ဆီနဲ့ နှိုင်းယှဉ်ခဲ့တာဖြစ်ပါတယ်။

“ခင်ဗျား ဆာကာကို ခုခံလို့မရနိုင်ဘူး။ ဘာလို့လဲဆိုတော့ သူက လီယွန်နယ် မက်ဆီလိုမျိုး အရည်အချင်းတွေ ရှိနေလို့ပါ။ အဲဒီတော့ ခံစစ်ကစားသမားတစ်ယောက်က သူ့ကို ရပ်တန့်နိုင်ပေမယ့် သူ ဘောလုံးကို ပြန်ယူမှာပဲ။ သူက ဘောလုံးကို အားပါတဲ့ ကန်ချက်နဲ့ ကန်သွင်းနိုင်တဲ့ အရည်အချင်းလည်း ရှိပါသေးတယ်။ အဲဒီလို လုပ်နိုင်တဲ့ကစားသမားအနည်းငယ်ပဲ ရှိပါတယ်။ မို ဆာလားက အဲဒီလို လုပ်နိုင်တယ်။ လီယွန်နယ် မက်ဆီက အဲဒီလို လုပ်နိုင်တယ်။ ဘူကာယို ဆာကာကလည်း အဲဒါကို လုပ်နိုင်တယ်။ သူ အဲဒီနေရာမှာ ရောက်နေတဲ့အခါမှာ အဆုံးသတ်ကောင်းမွန်တယ်။ ”လို့ ပြောကြားခဲ့တာဖြစ်ပါတယ်။

ဘူကာယို ဆာကာဟာ ၂၀၂၃-၂၀၂၄ ရာသီ ပထမဆုံး ၅ ပွဲမှာ သွင်းဂိုး ၂ ဂိုးနဲ့ ဂိုးဖန်တီးမှု ၂ ကြိမ် ပြုလုပ်ထားသူဖြစ်ပြီး ပြီးခဲ့တဲ့ရာသီ ပရီးမီးယားလိဂ်ဖလား စိန်ခေါ်နိုင်ခဲ့တဲ့ အာဆင်နယ်အတွက် ၂၀၁၆-၂၀၁၇ ရာသီတုန်းက အလက်ဆစ် ဆန်းချက်ဇ်နောက်ပိုင်း သွင်းဂိုးနဲ့ ဂိုးဖန်တီးမှု ကိန်းဂဏန်း ၂ လုံးအထိ ရောက်ရှိခဲ့တဲ့ ပထမဆုံးကစားသမားလည်း ဖြစ်ခဲ့တာဖြစ်ပါတယ်။

ယူကရိန်းနဲ့ပွဲအပြီးမှာ ဆာကာက ၎င်းရဲ့ အဓိကအာရုံစိုက်ထားတဲ့အရာနဲ့ ရည်မှန်းချက်တွေအကြောင်းကို ထုတ်ဖော်ပြောဆိုခဲ့ပြီး ကိုယ်နဲ့ နီးစပ်တဲ့လူတွေရဲ့ ထင်မြင်ချက်တွေအပေါ်မှာ တန်ဖိုးထားတယ်လို့ ပြောကြားခဲ့တာဖြစ်ပါတယ်။

“ကျွန်တော့်ရည်မှန်းချက်က ဘောလုံးကစားဖို့ဖြစ်ပြီး ဒါက ဘောလုံးစကတည်းက ကျွန်တော့်ရဲ့ အဓိကအာရုံစိုက်ခဲ့တဲ့အရာပါ။ ဒါပေမယ့် ကျွန်တော့်မိဘတွေက အဲဒါက ကျိန်းသေပေါက် အလုပ်ဖြစ်နိုင်မှာမဟုတ်ဘူးဆိုတာနဲ့ ကျွန်တော် အရာအားလုံးမှာ ဆုတ်သာတက်သာရှိအောင် လုပ်ဖို့ လိုအပ်တယ်ဆိုတာ ရှင်းလင်းအောင် လုပ်ပေးခဲ့ပါတယ်။ အဲဒါကြောင့် ကျွန်တော် စာအရမ်းကြိုးစားခဲ့တယ်။ ကျွန်တော်က စီးပွားရေးအကြောင်း သင်ယူရတာကို အမြဲတမ်း စိတ်ဝင်စားခဲ့ပြီး ဒါက GCSEs ထဲမှာ ကျွန်တော် အကောင်းဆုံးလုပ်နိုင်ခဲ့တဲ့ ဘာသာရပ်တစ်ခုပါ။ အဲဒီတော့ ကျွန်တော့် အစီအစဉ်က စီးပွားရေးတစ်ခုခု စလုပ်ဖို့ ဖြစ်ခဲ့ပါတယ်။ ဘာစီးပွားရေးလဲတော့ အတိအကျ မသိပါဘူး။ ကျွန်တော့်အတွက်တော့ ခင်ဗျား ဘယ်သူ့ ထင်မြင်ချက်တွေကို တန်ဖိုးထားဖို့ ရွေးချယ်လဲဆိုတာ အရေးကြီးပါတယ်။ အားလုံးမှာ ထင်မြင်ချက်တွေရှိကြပြီး လူမှုကွန်ရက်ပေါ်မှာ အဲဒါကို ထုတ်ဖော်ပြသခွင့် ရှိပါတယ်။ ခင်ဗျား အမြဲတမ်းတော့ အဲဒါတွေကို ရှောင်လွှဲနိုင်မှာမဟုတ်ပါဘူး။ ခင်ဗျား တစ်ခါမှ မတွေ့ဖူး မဆုံဖူးတဲ့သူတွေရဲ့ ထင်မြင်ချက်တွေကို တန်ဖိုးထားဖို့ ရွေးချယ်လိုက်ရင်တော့ ခင်ဗျားကိုယ် ခင်ဗျား နာကျင်အောင် လုပ်တာပါပဲ။ ကျွန်တော် အရင်တုန်းက အမှားတွေ လုပ်ခဲ့မိတယ်။ အားလုံးလည်း တစ်ချိန်ချိန်တုန်းက အမှားလုပ်ခဲ့ဖူးတယ်လို့ ထင်ပါတယ်။ ခင်ဗျားအတွက် တကယ် အရေးပါတဲ့ သူတွေရဲ့ ထင်မြင်ချက်အပေါ်မှာပဲ အာရုံစိုက်ဖို့ ကြိုးစားပါ။ ခင်ဗျားနဲ့ နီးကပ်တဲ့ သူငယ်ချင်းတွေ၊ မိသားစု၊ ဆရာတွေဆီကနေ ထင်မြင်ချက်ကိုပဲ အာရုံစိုက်ဖို့ ကြိုးစားပါ”လို့ ပြောကြားခဲ့ပါတယ်။

Arsenal Myanmar

Ref: Internet

ZAWGYI: အဂၤလန္ဂႏၲဝင္ေတာင္ပံကစားသမား ဂ်ိဳး ကိုးက စေနေန႔ညေနက ယူကရိန္းနဲ႔ ကစားခဲ့တဲ့ ယူ႐ို ၂၀၂၄ ေျခစစ္ပြဲမွာ တစ္ဖက္ ၁ ဂိုးစီ သေရက်ခဲ့ၿပီးေနာက္ အဂၤလန္ၾကယ္ပြင့္ ဘူကာယို ဆာကာကို လီယြန္နယ္ မက္ဆီနဲ႔ ႏႈိင္းယွဥ္ခဲ့ပါတယ္။

ဆာကာဟာ အဂၤလန္က ရလဒ္ေကာင္း မပိုင္ဆိုင္ခဲ့ေပမယ့္လည္း ေနာက္ထပ္တစ္ႀကိမ္ အထင္ႀကီးဖြယ္စြမ္းေဆာင္ရည္ေကာင္း ျပသႏိုင္ခဲ့တာျဖစ္ၿပီး အႏိုင္ဂိုး သြင္းယူႏိုင္ဖို႔ နီးစပ္ခဲ့ေပမယ့္လည္း ဂိုးတိုင္ထိသြားခဲ့တာျဖစ္ပါတယ္။

အသက္ ၂၂ ႏွစ္အ႐ြယ္ ေတာင္ပံကစားသမားဟာ ၂၀၂၃ ခုႏွစ္ ဘလြန္ေဒါဆုအတြက္ ဆန္ခါတင္ ၃၀ ဦးစာရင္းထဲမွာ ပါဝင္ခဲ့ၿပီး ေဂ်မီ ကာေရဂါက အာဆင္နယ္ၾကယ္ပြင့္ဟာ ကမာၻေပၚက အေကာင္းဆုံးကစားသမားေတြထဲက တစ္ဦးျဖစ္တယ္လို႔ ေျပာၾကားခဲ့တာျဖစ္ပါတယ္။

ဂ်ိဳး ကိုးက ဆာကာကို ေနာက္ထပ္ ခ်ီးက်ဴးမႈအနည္းငယ္ ျပဳလုပ္ခဲ့ၿပီး ဂန္းနားၾကယ္ပြင့္ကို တသက္တာအေကာင္းဆုံးေဘာလုံးသမားေတြထဲက တစ္ဦးအျဖစ္ က်ယ္က်ယ္ျပန႔္ျပန႔္ ယူဆျခင္းခံထားရတဲ့ အာဂ်င္တီးနားဂႏၲဝင္ လီယြန္နယ္ မက္ဆီနဲ႔ ႏႈိင္းယွဥ္ခဲ့တာျဖစ္ပါတယ္။

“ခင္ဗ်ား ဆာကာကို ခုခံလို႔မရႏိုင္ဘူး။ ဘာလို႔လဲဆိုေတာ့ သူက လီယြန္နယ္ မက္ဆီလိုမ်ိဳး အရည္အခ်င္းေတြ ရွိေနလို႔ပါ။ အဲဒီေတာ့ ခံစစ္ကစားသမားတစ္ေယာက္က သူ႔ကို ရပ္တန႔္ႏိုင္ေပမယ့္ သူ ေဘာလုံးကို ျပန္ယူမွာပဲ။ သူက ေဘာလုံးကို အားပါတဲ့ ကန္ခ်က္နဲ႔ ကန္သြင္းႏိုင္တဲ့ အရည္အခ်င္းလည္း ရွိပါေသးတယ္။ အဲဒီလို လုပ္ႏိုင္တဲ့ကစားသမားအနည္းငယ္ပဲ ရွိပါတယ္။ မို ဆာလားက အဲဒီလို လုပ္ႏိုင္တယ္။ လီယြန္နယ္ မက္ဆီက အဲဒီလို လုပ္ႏိုင္တယ္။ ဘူကာယို ဆာကာကလည္း အဲဒါကို လုပ္ႏိုင္တယ္။ သူ အဲဒီေနရာမွာ ေရာက္ေနတဲ့အခါမွာ အဆုံးသတ္ေကာင္းမြန္တယ္။ ”လို႔ ေျပာၾကားခဲ့တာျဖစ္ပါတယ္။

ဘူကာယို ဆာကာဟာ ၂၀၂၃-၂၀၂၄ ရာသီ ပထမဆုံး ၅ ပြဲမွာ သြင္းဂိုး ၂ ဂိုးနဲ႔ ဂိုးဖန္တီးမႈ ၂ ႀကိမ္ ျပဳလုပ္ထားသူျဖစ္ၿပီး ၿပီးခဲ့တဲ့ရာသီ ပရီးမီးယားလိဂ္ဖလား စိန္ေခၚႏိုင္ခဲ့တဲ့ အာဆင္နယ္အတြက္ ၂၀၁၆-၂၀၁၇ ရာသီတုန္းက အလက္ဆစ္ ဆန္းခ်က္ဇ္ေနာက္ပိုင္း သြင္းဂိုးနဲ႔ ဂိုးဖန္တီးမႈ ကိန္းဂဏန္း ၂ လုံးအထိ ေရာက္ရွိခဲ့တဲ့ ပထမဆုံးကစားသမားလည္း ျဖစ္ခဲ့တာျဖစ္ပါတယ္။

ယူကရိန္းနဲ႔ပြဲအၿပီးမွာ ဆာကာက ၎ရဲ႕ အဓိကအာ႐ုံစိုက္ထားတဲ့အရာနဲ႔ ရည္မွန္းခ်က္ေတြအေၾကာင္းကို ထုတ္ေဖာ္ေျပာဆိုခဲ့ၿပီး ကိုယ္နဲ႔ နီးစပ္တဲ့လူေတြရဲ႕ ထင္ျမင္ခ်က္ေတြအေပၚမွာ တန္ဖိုးထားတယ္လို႔ ေျပာၾကားခဲ့တာျဖစ္ပါတယ္။

“ကြၽန္ေတာ့္ရည္မွန္းခ်က္က ေဘာလုံးကစားဖို႔ျဖစ္ၿပီး ဒါက ေဘာလုံးစကတည္းက ကြၽန္ေတာ့္ရဲ႕ အဓိကအာ႐ုံစိုက္ခဲ့တဲ့အရာပါ။ ဒါေပမယ့္ ကြၽန္ေတာ့္မိဘေတြက အဲဒါက က်ိန္းေသေပါက္ အလုပ္ျဖစ္ႏိုင္မွာမဟုတ္ဘူးဆိုတာနဲ႔ ကြၽန္ေတာ္ အရာအားလုံးမွာ ဆုတ္သာတက္သာရွိေအာင္ လုပ္ဖို႔ လိုအပ္တယ္ဆိုတာ ရွင္းလင္းေအာင္ လုပ္ေပးခဲ့ပါတယ္။ အဲဒါေၾကာင့္ ကြၽန္ေတာ္ စာအရမ္းႀကိဳးစားခဲ့တယ္။ ကြၽန္ေတာ္က စီးပြားေရးအေၾကာင္း သင္ယူရတာကို အၿမဲတမ္း စိတ္ဝင္စားခဲ့ၿပီး ဒါက GCSEs ထဲမွာ ကြၽန္ေတာ္ အေကာင္းဆုံးလုပ္ႏိုင္ခဲ့တဲ့ ဘာသာရပ္တစ္ခုပါ။ အဲဒီေတာ့ ကြၽန္ေတာ့္ အစီအစဥ္က စီးပြားေရးတစ္ခုခု စလုပ္ဖို႔ ျဖစ္ခဲ့ပါတယ္။ ဘာစီးပြားေရးလဲေတာ့ အတိအက် မသိပါဘူး။ ကြၽန္ေတာ့္အတြက္ေတာ့ ခင္ဗ်ား ဘယ္သူ႔ ထင္ျမင္ခ်က္ေတြကို တန္ဖိုးထားဖို႔ ေ႐ြးခ်ယ္လဲဆိုတာ အေရးႀကီးပါတယ္။ အားလုံးမွာ ထင္ျမင္ခ်က္ေတြရွိၾကၿပီး လူမႈကြန္ရက္ေပၚမွာ အဲဒါကို ထုတ္ေဖာ္ျပသခြင့္ ရွိပါတယ္။ ခင္ဗ်ား အၿမဲတမ္းေတာ့ အဲဒါေတြကို ေရွာင္လႊဲႏိုင္မွာမဟုတ္ပါဘူး။ ခင္ဗ်ား တစ္ခါမွ မေတြ႕ဖူး မဆုံဖူးတဲ့သူေတြရဲ႕ ထင္ျမင္ခ်က္ေတြကို တန္ဖိုးထားဖို႔ ေ႐ြးခ်ယ္လိုက္ရင္ေတာ့ ခင္ဗ်ားကိုယ္ ခင္ဗ်ား နာက်င္ေအာင္ လုပ္တာပါပဲ။ ကြၽန္ေတာ္ အရင္တုန္းက အမွားေတြ လုပ္ခဲ့မိတယ္။ အားလုံးလည္း တစ္ခ်ိန္ခ်ိန္တုန္းက အမွားလုပ္ခဲ့ဖူးတယ္လို႔ ထင္ပါတယ္။ ခင္ဗ်ားအတြက္ တကယ္ အေရးပါတဲ့ သူေတြရဲ႕ ထင္ျမင္ခ်က္အေပၚမွာပဲ အာ႐ုံစိုက္ဖို႔ ႀကိဳးစားပါ။ ခင္ဗ်ားနဲ႔ နီးကပ္တဲ့ သူငယ္ခ်င္းေတြ၊ မိသားစု၊ ဆရာေတြဆီကေန ထင္ျမင္ခ်က္ကိုပဲ အာ႐ုံစိုက္ဖို႔ ႀကိဳးစားပါ”လို႔ ေျပာၾကားခဲ့ပါတယ္။

Arsenal Myanmar

Ref: Internet