ပရိသတ်တွေကို ကြံ့ခိုင်မှုနဲ့ပတ်သက်ပြီး ဝန်ခံပြောဆိုမှုတွေ ပြုလုပ်ခဲ့တဲ့ ဆာလီဘာ
ဝီလီယံ ဆာလီဘာက ၂၀၂၃-၂၀၂၄ ရာသီကို အားကောင်းတဲ့ပုံစံနဲ့ စတင်နိုင်ခဲ့ပေမယ့်လည်း မကြာသေးမီက အင်တာဗျူးမှာ ကြံ့ခိုင်မှုအခြေအနေက အပြည့်အဝ မရသေးဘူးလို့ ပြောကြားခဲ့ပါတယ်။
အာဆင်နယ်နောက်ခံကစားသမားဟာ ပြီးခဲ့တဲ့နှစ်ကုန်မှာ ရာသီနောက်ဆုံးပိုင်းကို လွဲချော်စေခဲ့တဲ့ ဒဏ်ရာရရှိခဲ့တာဖြစ်ပေမယ့်လည်း ယခုနွေရာသီမှာ ရာသီကြို ခရီးစဉ်အတွက် လူစာရင်းထဲကို အချိန်မီ ပြန်လာနိုင်ခဲ့တာဖြစ်ပါတယ်။ နော်တင်ဟမ်ဖောရက်စ်ကို ၂-၁ နဲ့ အနိုင်ရရှိခဲ့တဲ့ပွဲစဉ်အပြီးမှာ ဆာလီဘာက လက်ရှိအချိန်မှာ ၁၀၀ ရာခိုင်နှုန်း ကြံ့ခိုင်မှု မရှိသေးပေမယ့် ဒဏ်ရာကနေ ပြန်လည်သက်သာလာဖို့ အရာအားလုံး ပေးခဲ့တယ်လို့ ဝန်ခံ ပြောဆိုခဲ့တာဖြစ်ပါတယ်။
“ကျွန်တော် တကယ်ကို ပျော်ရွှင်မိပါတယ်။ ကျွန်တော် အခုအချိန်မှာ ၁၀၀ ရာခိုင်နှုန်း ကြံ့ခိုင်မှုမပြည့်ဝသေးဘူး။ ဒါပေမယ့် ကျွန်တော် ပြန်လာနိုင်ဖို့ အရာအားလုံးပေးခဲ့တယ်။ ဘာလို့လဲဆိုတော့ ကျွန်တော် ဒဏ်ရာရခဲ့တာကြောင့် မကစားခဲ့ရတာ အချိန်တော်တော်လေး ကြာခဲ့ပြီမို့လို့ပါ။ ကျွန်တော် အသင်းနဲ့ ပြန်ကစားခွင့်ရတာ အရမ်းပျော်တယ်။ အသင်းနဲ့ ဝန်ထမ်းတွေက ကျွန်တော့်ကို ပိုကောင်းမွန်လာအောင်နဲ့ ကျွန်တော့်ရဲ့ အကောင်းဆုံးပုံစံပြန်ရအောင် ကူညီပေးခဲ့တယ်။ ကျွန်တော်တို့ ပရိသတ်တွေရှေ့မှာကစားရတာ အမြဲတမ်း ပိုပြီးကောင်းမွန်လာပါတယ်။ ခင်ဗျား ဖိအားတွေကို မခံစားရဘူး။ ခင်ဗျား ဘာနာကျင်မှုမှ မခံစားရဘူး။ အဲဒါက ကောင်းပါတယ်။”
စနေနေ့က အမ်းမရိတ်စ်မှာ နော်တင်ဟမ် ဖောရက်စ်ကို အနိုင်ရခဲ့တဲ့ပွဲစဉ်နဲ့ပတ်သက်ပြီးလည်း ဆာလီဘာက “နိုင်ပွဲနဲ့ ရာသီကို စတင်ရတာက တကယ်ကိုကောင်းပါတယ်။ ပထမဆုံးပွဲကို အနိုင်ရဖို့က ဘယ်တုန်းကမှ မလွယ်ကူပါဘူး။ ကျွန်တော်တို့ ကောင်းမွန်တဲ့ပွဲတစ်ပွဲ ကစားနိုင်ခဲ့တယ်။ ကံဆိုးစွာနဲ့ပဲ ကျွန်တော်တို့ နောက်ဆုံး ၁၀ မိနစ်မှာ ချေပဂိုး ပေးခဲ့ရတယ်။ ဒါပေမယ့် အဲဒါက အဆင်ပြေပါတယ်။ ကျွန်တော်တို့ လေ့လာသင်ယူပြီး လာမယ့်ပွဲအတွက် တိုးတက်အောင် လုပ်သွားမှာပါ။ အဲဒီနိုင်ပွဲက ကျွန်တော်တို့ ရာသီကို ကောင်းကောင်းစတင်နိုင်အောင် ယုံကြည်မှုပေးတယ်။ ကျွန်တော်တို့ ပြီးခဲ့တဲ့ရာသီကိုလည်း ကောင်းကောင်း စတင်နိုင်ခဲ့တယ်ဆိုတာကို သိပါတယ်။ အဲဒီတော့ ကျွန်တော်တို့ ဒုတိယပွဲ၊ တတိယပွဲ၊ စတုတ္ထပွဲတွေကိုလည်း နိုင်ပွဲဆက်ယူသွားချင်ပါတယ်။”လို့ ပြောကြားခဲ့ပါတယ်။
Arsenal Myanmar
Ref: Internet
- Posted In:
- Players' Talk
- Team News