လန်ဒန်မှာ အသားကျအောင် ဘယ်လို လုပ်ခဲ့လဲဆိုတာ ရင်ဖွင့်ခဲ့တဲ့ ဗီယာရာ
ပေါ်တူဂီကွင်းလယ်ကြယ်ပွင့် ဖေဘီယို ဗီယာရာဟာ အမ်းမရိတ်စ်က အသင်းဖော်တွေ၊ စီမံခန့်ခွဲမှုတွေ၊ ပရိသတ်တွေနဲ့ အချိတ်အဆက်မိအောင် ပြုလုပ်ပြီး ကစားသမားဘဝကို ဘယ်လို အသားကျအောင် ပြုလုပ်ခဲ့လဲဆိုတာကို ထုတ်ဖော်ပြောကြားခဲ့ပါတယ်။
ဗီယာရာဟာ ပေါ်တိုအတွက် ၂၇ ပွဲ ပါဝင်ကစားပေးခဲ့ရာမှာ ဟက်ထရစ် ၂ ကြိမ်အပါအဝင် သွင်းဂိုး ၆ ဂိုးနဲ့ ဂိုးဖန်တီးမှု ၁၄ ကြိမ်အထိ ပြုလုပ်နိုင်ခဲ့ပြီး ၂၀၂၂ ခုနှစ် ဧပြီလအတွက် ပေါ်တူဂီလိဂ်ရဲ့ တစ်လတာအကောင်းဆုံးကွင်းလယ်ကစားသမားအဖြစ် သတ်မှတ်ခံခဲ့ရပါတယ်။
၂၀၁၉ ခုနှစ်မှာ ယူအီးအက်ဖ်အေ လူငယ်လိဂ်ဖလားကို အနိုင်ရခဲ့ပြီးကတည်းက ပေါ်တိုအသင်းထဲမှာ ပုံမှန်ပွဲထွက်ခွင့်ရကစားသမား ဖြစ်လာခဲ့ပြီး ၂၀၂၀-၂၀၂၁ ချန်ပီယံလိဂ်အုပ်စုအဆင့်မှာ ဂိုးသွင်းယူနိုင်ခဲ့တာ ဖြစ်ပါတယ်။
“ကျွန်တော့်အတွက်တော့ အဲဒါက အိပ်မက်တစ်ခုပါပဲ။ ဘာလို့လဲဆိုတော့ ကျွန်တော်က အမြဲတမ်း ထိပ်တန်းအဆင့်မှာ ရှိနေဖို့နဲ့ အသင်းအတွက် ကစားပေးဖို့ အိပ်မက်မက်ခဲ့လို့ပါ။ ကျွန်တော် အဲဒီမှာ အရမ်းပျော်ခဲ့တယ်။ ကျွန်တော် ဆုဖလားတွေ အနိုင်ရခဲ့ပြီး အဲဒီအတွက် အရမ်းကျေးဇူးတင်မိခဲ့ပါတယ်။ ကျွန်တော် ငယ်ငယ်တုန်းက အမြဲတမ်း ခရစ္စတီယာနို ရော်နယ်လ်ဒိုကစားတာကို ကြည့်ခဲ့တာ မှတ်မိတယ်။ ကျွန်တော်ပဲ မဟုတ်ပါဘူး။ ကမ္ဘာပေါ်က လူတွေအများကြီး ကြည့်ခဲ့ကြတာပါ။ သူက အမြဲတမ်း သူ အနိုင်ရခဲ့တဲ့အရာအားလုံးကို ရဖို့အတွက် ပြင်းပြင်းထန်ထန် အလုပ်လုပ်ခဲ့တာပါ။ သူက အားလုံးအတွက် စံနမူနာယူစရာပါ။”
ဗီယာရာက အာဆင်နယ်မှာ အရင်းနှီးဆုံး သူငယ်ချင်းဖြစ်တဲ့ ဂါဘရီယဲလ် မာတီနယ်လီကို ဘယ်လောက်အထိ ခင်မင်လဲဆိုတာကိုလည်း “သူက အရမ်းကောင်းတဲ့သူပါ။ ကျွန်တော် အင်တာဗျူးအချို့မှာ ပြောခဲ့တဲ့အတိုင်းပဲ သူ့ကို လူပုဂ္ဂိုလ်တစ်ယောက်အနေနဲ့ နှစ်သက်မိပါတယ်။ သူ့မှာ အရမ်းစိတ်ကောင်းစေတနာရှိပြီး အရမ်းနှိမ့်ချတတ်ပါတယ်။ ပထမဆုံးနေ့ကနေစပြီး ကျွန်တော်တို့မှာ အရမ်းကောင်းတဲ့ ဆက်နွယ်မှုရှိခဲ့ပြီး သူက တသက်လုံးအတွက် သူငယ်ချင်းဖြစ်နေမယ်ဆိုတာ သေချာပါတယ်”လို့ ပြောဆိုခဲ့ပါတယ်။
ပြီးခဲ့တဲ့ရာသီအစမတိုင်ခင် အမ်းမရိတ်စ်ကို ပြောင်းရွှေ့လာခဲ့တဲ့ ဖေဘီယိုက အသင်းဖော်တွေအားလုံးက ၎င်းကို အကောင်းဆုံးပုံစံနဲ့ ကစားနိုင်အောင် ဘယ်လို ကူညီပေးခဲ့ကြလဲဆိုတာကိုလည်း ပြောကြားခဲ့ပါတယ်။
“ပေါ်တူဂီစကားပြောတဲ့ကစားသမားတွေက အစပိုင်းမှာ ကျွန်တော့်အတွက် အရမ်းအရေးပါခဲ့ပါတယ်။ ဘာလို့လဲဆိုတော့ ဘာသာစကားက အရမ်းကို ကွာခြားလို့ပါ။ သူတို့တွေ ကျွန်တော့်ကို အများကြီး ကူညီပေးခဲ့ပါတယ်။ သူငယ်ချင်းအဖြစ်နဲ့ အားလုံးကို ကျွန်တော် ခင်ပါတယ်။ ကျွန်တော်တို့မှာ အရမ်းကောင်းတဲ့အစုအဖွဲ့၊ အရမ်းကောင်းတဲ့ စိတ်ဓာတ်ရှိပါတယ်။ ပထမဆုံးနေ့ကတည်းက အရမ်း ကြိုဆိုခံရတယ်လို့ ခံစားခဲ့ရပါတယ်။ ကျွန်တော့်မှာ ဒီမှာ သူငယ်ချင်းကောင်းအချို့လည်း ရှိပါတယ်။ တစ်ခါတလေ တစ်ယောက်တည်းဖြစ်နေတဲ့အချိန်ကျရင် မာတီနယ်လီနဲ့ ရှော့ပင်းထွက်တာ ဒါမှမဟုတ် လန်ဒန်ကို သွားတာမျိုးလုပ်ပြီး အချိန်ကုန်ဆုံးပါတယ်။ ကျွန်တော် သူ့ကို မိသားစုအနေနဲ့ မြင်ပါတယ်။ သူက ကျွန်တော့်သူငယ်ချင်းပါ။ ဒါပေမယ့် သူ့ကို ညီအစ်ကိုတစ်ယောက်လိုပဲ မြင်တယ်။ သူက ကျွန်တော့်အတွက် အရမ်းကောင်းတဲ့သူတစ်ယောက်ပါ။”
ဖေဘီယို ဗီယာရာအတွက် လန်ဒန်ကိုလ်နီကွင်းမှာ နေ့စဉ် တွေ့ကြုံနေရတဲ့သူတွေတင်မဟုတ်ဘဲ အာဆင်နယ်ပရိသတ်တွေကလည်း အမ်းမရိတ်စ်မှာ ကြိုဆိုခံရတယ်လို့ ခံစားရအောင် လုပ်ပေးခဲ့တာဖြစ်ပါတယ်။
ဗီယာရာဟာ ယခုရာသီအစောပိုင်း ဖူလ်ဟမ်နဲ့ပွဲမှာ အန်ကီးတီးယားအတွက် အလွန်လှပတဲ့ ပေးပို့မှုပြုလုပ်ခဲ့သလိုမျိုး မှော်ဆန်တဲ့ အခိုက်အတန့်တွေနဲ့ ပရိသတ်တွေကို ပျော်ရွှင်အောင် ပြန်လုပ်ပေးနိုင်ခဲ့တာဖြစ်ပါတယ်။
“အာဆင်နယ်နဲ့ ကျွန်တော် စာချုပ်ချုပ်ဆိုခဲ့တဲ့ အချိန်မှာ ကစားသမားတွေနဲ့ ဝန်ထမ်းတွေဆီ ကြားခဲ့ရတာကက အသင်းနဲ့ ပရိသတ်တွေကအရမ်းကို ရင်းနှီးကြတယ်တဲ့။ သူတို့တွေက ခင်ဗျားကို အားပေးဖို့ အမြဲတမ်း ရှိနေတယ်။ ပရိသတ်တွေဟာ ယေဘုယျအားဖြင့် ခင်ဗျားအတွက် ဆိုးရွားတဲ့အခိုက်အတန့်တွေမှာ လိုအပ်တယ်။ ဘာလို့လဲဆိုတော့ ဒီအားပေးမှုတွေက ကျွန်တော်တို့အသင်းကို ပိုပြီးကောင်းအောင် ပြုလုပ်ပေးလို့ပါ။ အားလုံးက တစ်ဖက်တည်းမှာ ရှိနေဖို့လိုပြီး တူညီတဲ့အသင်းအတွက် တွန်းအားပေးဖို့လိုတယ်။ ခင်ဗျားမှာ ဒါတွေအားလုံးရှိတဲ့အခါကျရင် အများကြီး ပိုကောင်းပါတယ်။ကျွန်တော်တို့ ဒီမှာ အရည်အသွေးတွေအများကြီးနဲ့ အသင်းကြီးတွေ အများကြီးရှိပါတယ်။ သူတို့နဲ့ ယှဉ်ပြိုင်နိုင်ဖို့က အရမ်းခက်ပါတယ်။ ခင်ဗျားဒီမှာ တစ်နှစ်၊ ၂နှစ်လောက်ရှိနေပြီး စကစားတာနဲ့ အရာအားလုံးကို နားလည်အောင် လေ့လာသင်ယူရင် အရာအားလုံးက ကောင်းမွန်လာပါလိမ့်မယ်။”လို့ ပြောကြားခဲ့ပါတယ်။
Arsenal Myanmar
Ref: Internet
ZAWGYI: ေပၚတူဂီကြင္းလယ္ၾကယ္ပြင့္ ေဖဘီယို ဗီယာရာဟာ အမ္းမရိတ္စ္က အသင္းေဖာ္ေတြ၊ စီမံခန႔္ခြဲမႈေတြ၊ ပရိသတ္ေတြနဲ႔ အခ်ိတ္အဆက္မိေအာင္ ျပဳလုပ္ၿပီး ကစားသမားဘဝကို ဘယ္လို အသားက်ေအာင္ ျပဳလုပ္ခဲ့လဲဆိုတာကို ထုတ္ေဖာ္ေျပာၾကားခဲ့ပါတယ္။
ဗီယာရာဟာ ေပၚတိုအတြက္ ၂၇ ပြဲ ပါဝင္ကစားေပးခဲ့ရာမွာ ဟက္ထရစ္ ၂ ႀကိမ္အပါအဝင္ သြင္းဂိုး ၆ ဂိုးနဲ႔ ဂိုးဖန္တီးမႈ ၁၄ ႀကိမ္အထိ ျပဳလုပ္ႏိုင္ခဲ့ၿပီး ၂၀၂၂ ခုႏွစ္ ဧၿပီလအတြက္ ေပၚတူဂီလိဂ္ရဲ႕ တစ္လတာအေကာင္းဆုံးကြင္းလယ္ကစားသမားအျဖစ္ သတ္မွတ္ခံခဲ့ရပါတယ္။
၂၀၁၉ ခုႏွစ္မွာ ယူအီးအက္ဖ္ေအ လူငယ္လိဂ္ဖလားကို အႏိုင္ရခဲ့ၿပီးကတည္းက ေပၚတိုအသင္းထဲမွာ ပုံမွန္ပြဲထြက္ခြင့္ရကစားသမား ျဖစ္လာခဲ့ၿပီး ၂၀၂၀-၂၀၂၁ ခ်န္ပီယံလိဂ္အုပ္စုအဆင့္မွာ ဂိုးသြင္းယူႏိုင္ခဲ့တာ ျဖစ္ပါတယ္။
“ကြၽန္ေတာ့္အတြက္ေတာ့ အဲဒါက အိပ္မက္တစ္ခုပါပဲ။ ဘာလို႔လဲဆိုေတာ့ ကြၽန္ေတာ္က အၿမဲတမ္း ထိပ္တန္းအဆင့္မွာ ရွိေနဖို႔နဲ႔ အသင္းအတြက္ ကစားေပးဖို႔ အိပ္မက္မက္ခဲ့လို႔ပါ။ ကြၽန္ေတာ္ အဲဒီမွာ အရမ္းေပ်ာ္ခဲ့တယ္။ ကြၽန္ေတာ္ ဆုဖလားေတြ အႏိုင္ရခဲ့ၿပီး အဲဒီအတြက္ အရမ္းေက်းဇူးတင္မိခဲ့ပါတယ္။ ကြၽန္ေတာ္ ငယ္ငယ္တုန္းက အၿမဲတမ္း ခရစၥတီယာႏို ေရာ္နယ္လ္ဒိုကစားတာကို ၾကည့္ခဲ့တာ မွတ္မိတယ္။ ကြၽန္ေတာ္ပဲ မဟုတ္ပါဘူး။ ကမာၻေပၚက လူေတြအမ်ားႀကီး ၾကည့္ခဲ့ၾကတာပါ။ သူက အၿမဲတမ္း သူ အႏိုင္ရခဲ့တဲ့အရာအားလုံးကို ရဖို႔အတြက္ ျပင္းျပင္းထန္ထန္ အလုပ္လုပ္ခဲ့တာပါ။ သူက အားလုံးအတြက္ စံနမူနာယူစရာပါ။”
ဗီယာရာက အာဆင္နယ္မွာ အရင္းႏွီးဆုံး သူငယ္ခ်င္းျဖစ္တဲ့ ဂါဘရီယဲလ္ မာတီနယ္လီကို ဘယ္ေလာက္အထိ ခင္မင္လဲဆိုတာကိုလည္း “သူက အရမ္းေကာင္းတဲ့သူပါ။ ကြၽန္ေတာ္ အင္တာဗ်ဴးအခ်ိဳ႕မွာ ေျပာခဲ့တဲ့အတိုင္းပဲ သူ႔ကို လူပုဂၢိဳလ္တစ္ေယာက္အေနနဲ႔ ႏွစ္သက္မိပါတယ္။ သူ႔မွာ အရမ္းစိတ္ေကာင္းေစတနာရွိၿပီး အရမ္းႏွိမ့္ခ်တတ္ပါတယ္။ ပထမဆုံးေန႔ကေနစၿပီး ကြၽန္ေတာ္တို႔မွာ အရမ္းေကာင္းတဲ့ ဆက္ႏြယ္မႈရွိခဲ့ၿပီး သူက တသက္လုံးအတြက္ သူငယ္ခ်င္းျဖစ္ေနမယ္ဆိုတာ ေသခ်ာပါတယ္”လို႔ ေျပာဆိုခဲ့ပါတယ္။
ၿပီးခဲ့တဲ့ရာသီအစမတိုင္ခင္ အမ္းမရိတ္စ္ကို ေျပာင္းေ႐ႊ႕လာခဲ့တဲ့ ေဖဘီယိုက အသင္းေဖာ္ေတြအားလုံးက ၎ကို အေကာင္းဆုံးပုံစံနဲ႔ ကစားႏိုင္ေအာင္ ဘယ္လို ကူညီေပးခဲ့ၾကလဲဆိုတာကိုလည္း ေျပာၾကားခဲ့ပါတယ္။
“ေပၚတူဂီစကားေျပာတဲ့ကစားသမားေတြက အစပိုင္းမွာ ကြၽန္ေတာ့္အတြက္ အရမ္းအေရးပါခဲ့ပါတယ္။ ဘာလို႔လဲဆိုေတာ့ ဘာသာစကားက အရမ္းကို ကြာျခားလို႔ပါ။ သူတို႔ေတြ ကြၽန္ေတာ့္ကို အမ်ားႀကီး ကူညီေပးခဲ့ပါတယ္။ သူငယ္ခ်င္းအျဖစ္နဲ႔ အားလုံးကို ကြၽန္ေတာ္ ခင္ပါတယ္။ ကြၽန္ေတာ္တို႔မွာ အရမ္းေကာင္းတဲ့အစုအဖြဲ႕၊ အရမ္းေကာင္းတဲ့ စိတ္ဓာတ္ရွိပါတယ္။ ပထမဆုံးေန႔ကတည္းက အရမ္း ႀကိဳဆိုခံရတယ္လို႔ ခံစားခဲ့ရပါတယ္။ ကြၽန္ေတာ့္မွာ ဒီမွာ သူငယ္ခ်င္းေကာင္းအခ်ိဳ႕လည္း ရွိပါတယ္။ တစ္ခါတေလ တစ္ေယာက္တည္းျဖစ္ေနတဲ့အခ်ိန္က်ရင္ မာတီနယ္လီနဲ႔ ေရွာ့ပင္းထြက္တာ ဒါမွမဟုတ္ လန္ဒန္ကို သြားတာမ်ိဳးလုပ္ၿပီး အခ်ိန္ကုန္ဆုံးပါတယ္။ ကြၽန္ေတာ္ သူ႔ကို မိသားစုအေနနဲ႔ ျမင္ပါတယ္။ သူက ကြၽန္ေတာ့္သူငယ္ခ်င္းပါ။ ဒါေပမယ့္ သူ႔ကို ညီအစ္ကိုတစ္ေယာက္လိုပဲ ျမင္တယ္။ သူက ကြၽန္ေတာ့္အတြက္ အရမ္းေကာင္းတဲ့သူတစ္ေယာက္ပါ။”
ေဖဘီယို ဗီယာရာအတြက္ လန္ဒန္ကိုလ္နီကြင္းမွာ ေန႔စဥ္ ေတြ႕ႀကဳံေနရတဲ့သူေတြတင္မဟုတ္ဘဲ အာဆင္နယ္ပရိသတ္ေတြကလည္း အမ္းမရိတ္စ္မွာ ႀကိဳဆိုခံရတယ္လို႔ ခံစားရေအာင္ လုပ္ေပးခဲ့တာျဖစ္ပါတယ္။
ဗီယာရာဟာ ယခုရာသီအေစာပိုင္း ဖူလ္ဟမ္နဲ႔ပြဲမွာ အန္ကီးတီးယားအတြက္ အလြန္လွပတဲ့ ေပးပို႔မႈျပဳလုပ္ခဲ့သလိုမ်ိဳး ေမွာ္ဆန္တဲ့ အခိုက္အတန႔္ေတြနဲ႔ ပရိသတ္ေတြကို ေပ်ာ္႐ႊင္ေအာင္ ျပန္လုပ္ေပးႏိုင္ခဲ့တာျဖစ္ပါတယ္။
“အာဆင္နယ္နဲ႔ ကြၽန္ေတာ္ စာခ်ဳပ္ခ်ဳပ္ဆိုခဲ့တဲ့ အခ်ိန္မွာ ကစားသမားေတြနဲ႔ ဝန္ထမ္းေတြဆီ ၾကားခဲ့ရတာကက အသင္းနဲ႔ ပရိသတ္ေတြကအရမ္းကို ရင္းႏွီးၾကတယ္တဲ့။ သူတို႔ေတြက ခင္ဗ်ားကို အားေပးဖို႔ အၿမဲတမ္း ရွိေနတယ္။ ပရိသတ္ေတြဟာ ေယဘုယ်အားျဖင့္ ခင္ဗ်ားအတြက္ ဆိုး႐ြားတဲ့အခိုက္အတန႔္ေတြမွာ လိုအပ္တယ္။ ဘာလို႔လဲဆိုေတာ့ ဒီအားေပးမႈေတြက ကြၽန္ေတာ္တို႔အသင္းကို ပိုၿပီးေကာင္းေအာင္ ျပဳလုပ္ေပးလို႔ပါ။ အားလုံးက တစ္ဖက္တည္းမွာ ရွိေနဖို႔လိုၿပီး တူညီတဲ့အသင္းအတြက္ တြန္းအားေပးဖို႔လိုတယ္။ ခင္ဗ်ားမွာ ဒါေတြအားလုံးရွိတဲ့အခါက်ရင္ အမ်ားႀကီး ပိုေကာင္းပါတယ္။ကြၽန္ေတာ္တို႔ ဒီမွာ အရည္အေသြးေတြအမ်ားႀကီးနဲ႔ အသင္းႀကီးေတြ အမ်ားႀကီးရွိပါတယ္။ သူတို႔နဲ႔ ယွဥ္ၿပိဳင္ႏိုင္ဖို႔က အရမ္းခက္ပါတယ္။ ခင္ဗ်ားဒီမွာ တစ္ႏွစ္၊ ၂ႏွစ္ေလာက္ရွိေနၿပီး စကစားတာနဲ႔ အရာအားလုံးကို နားလည္ေအာင္ ေလ့လာသင္ယူရင္ အရာအားလုံးက ေကာင္းမြန္လာပါလိမ့္မယ္။”လို႔ ေျပာၾကားခဲ့ပါတယ္။
Arsenal Myanmar
Ref: Internet
- Posted In:
- Players' Talk