ရလဒ်ပိုင်းထက်ပိုတဲ့ ခံပြင်းစရာတွေနဲ့အတူ ယူရိုပါလိဂ်ကို နှုတ်ဆက်ခဲ့ mgsaw

ရလဒ်ပိုင်းထက်ပိုတဲ့ ခံပြင်းစရာတွေနဲ့အတူ ယူရိုပါလိဂ်ကို နှုတ်ဆက်ခဲ့

ယူရိုပါလိဂ်ကို အာရုံစိုက်ထားကြောင်း ပြောထားသလိုပဲ နည်းပြ အာတေတာဟာ ကွာတားဖိုင်နယ်ကို ‌တက်ရောက်နိုင်ဖို့အတွက် တောင့်တင်းတယ်ဆိုတဲ့ လူစာရင်းမျိုးကို အသုံးပြုခဲ့တယ်။ တိုမီယဆု၊ ဂျော်ဂျင်ညို၊ ဗီအဲရာနဲ့ နယ်လ်ဆင်တို့ကလွဲလို့ အမာခံ ကစားသမားတွေနဲ့ ပွဲထွက်လာပြီး ဂျေးဇုကိုလည်း ကစားချိန် ပေးခဲ့ပါတယ်။ ဒါပေမယ့် ပထမအကျော့ကလိုပဲ လစ္စဘွန်းရဲ့ ကစားပုံကြောင့် အခက်တွေ့ခဲ့ရတဲ့ပွဲ ဖြစ်ခဲ့ပါတယ်။ အထူးသဖြင့် ပွဲအစ ပထမပိုင်း (၁၅)…

read more
နည်းပြအဖြစ်မှ ထုတ်ပယ်ခံရနိုင်တဲ့ အခြေအနေနဲ့ ကရွန်ကီတို့ ပံ့ပိုးမှုတွေအကြောင်း နည်းပြ အာတေတာ ဖွင့်ဟ mgsaw

နည်းပြအဖြစ်မှ ထုတ်ပယ်ခံရနိုင်တဲ့ အခြေအနေနဲ့ ကရွန်ကီတို့ ပံ့ပိုးမှုတွေအကြောင်း နည်းပြ အာတေတာ ဖွင့်ဟ

နည်းပြချုပ်အဖြစ် ပထမဆုံးအကြိမ် ဆောင်ရွက်ရမယ့်အချိန်မှာ ထိပ်တန်းကလပ်အသင်းတသင်းကို အကောင်းဆုံး ကိုယ်တွယ်နိုင်ဖို့ဆိုတာ လူငယ်နည်းပြတဦးအဖို့တော့ မလွယ်ကူပါဘူး။ စိန်ခေါ်မှုတွေက ကြမ်းတမ်းတယ်။ အတွေ့အကြုံနဲ့မလိုက်အောင် ဖြေရှင်းရမယ့် ပြဿနာတွေက အသင့်စောင့်ကြိုနေတယ်။ တခုခု လွဲချော်တာနဲ့ ကြုံတွေ့ရလာနိုင်တဲ့ ဝေဖန်မှုတွေ၊ ထိုးချမှုတွေ၊ စိတ်ပျက်စရာတွေကြားမှာ တော်ရုံမာကျောမှုလောက်နဲ့တော့ ရှေ့ဆက်နိုင်မှာ မဟုတ်ပါဘူး။ ဒါပေမယ့်လည်း နည်းပြ အာတေတာကတော့ လက်ရှိအချိန်မှာ ဒါကို ရအောင် လုပ်ပြခဲ့ပြီလို့…

read more
ပေါ်တူဂီမှာ ပထမဆုံးပွဲထွက်ကစားခဲ့တဲ့ ခီဗီယောအပေါ် အမြင်အပါအဝင် စပို့တင်းနဲ့ ပွဲမတိုင်မီ မနက်ခင်းမှာ အော်ဒီဂွါ့ဒ်ပြောခဲ့သမျှ admin

ပေါ်တူဂီမှာ ပထမဆုံးပွဲထွက်ကစားခဲ့တဲ့ ခီဗီယောအပေါ် အမြင်အပါအဝင် စပို့တင်းနဲ့ ပွဲမတိုင်မီ မနက်ခင်းမှာ အော်ဒီဂွါ့ဒ်ပြောခဲ့သမျှ

စပို့တင်းလစ္စဘွန်းအသင်းနဲ့ ၂ ဂိုးစီသရေကျခဲ့တဲ့ ပထမအကျော့ယူရိုပါလိဂ်ပွဲကို အဖျားရောဂါကြောင့် လွဲချော်ခဲ့ရတဲ့ အာဆင်နယ်အသင်းခေါင်းဆောင် အော်ဒီဂွါ့ဟာ ပထမအကျော့ပွဲ အမြင်နဲ့ အာဆင်နယ်အတွက် ပထမဆုံး ပွဲထွက်ကစားခဲ့တဲ့ ခီဗီယောအပေါ် သူ့သဘောထားအမြင်များကို သုံးသပ်ပြသွားပြီး ယနေ့ည ယူရိုပါလိဂ်ပွဲကို မည်သို့ အာရုံစူးစိုက်ထားသလဲဆိုတာ ယနေ့ မနက်ပြုလုပ်တဲ့ ပွဲကြိုအင်တာဗျူးမှာ ပြောသွားခဲ့ပါတယ်။ ပထမအကျော့ ၂ ဂိုးစီသရေကျတဲ့ပွဲ အပေါ်သုံးသပ်ချက် ကျွန်တော်တို့ ပုံမှန်လုပ်နေကြ…

read more
အမ်းမရိတ်စ်မှာ အနိုင်ကစားမယ်လို့ ကြုံးဝါးလိုက်တဲ့ စပို့တင်းကြယ်ပွင့်နဲ့နောက်ဆုံးရ ဂန်းနားသတင်းများ coyg

အမ်းမရိတ်စ်မှာ အနိုင်ကစားမယ်လို့ ကြုံးဝါးလိုက်တဲ့ စပို့တင်းကြယ်ပွင့်နဲ့နောက်ဆုံးရ ဂန်းနားသတင်းများ

-ပေါ်လင်ညိုဟာ ယနေ့ည အမ်းမရိတ်စ်မှာ ယူရိုပါလိဂ် ၁၆ သင်းရှုံးထွက် ဒုတိယအကျော့ပွဲစဉ်အဖြစ် အာဆင်နယ်နဲ့ ကစားရမယ့် ယူရိုပါလိဂ်ပွဲစဉ်မတိုင်ခင် ဂန်းနားတွေကို သတိပေးပြောဆိုမှုတွေ ပြုလုပ်သွားခဲ့ပါတယ်။ စပို့တင်းလစ္စဘွန်းကြယ်ပွင့်တိုက်စစ်မှူးဟာ ဂန်းနားတွေနဲ့ ကစားခဲ့တဲ့ ပထမအကျော့တုန်းက တဖက် ၂ ဂိုးစီ သရေကျခဲ့တဲ့ပွဲစဉ်အတွင်း ဂိုးသွင်းယူနိုင်ခဲ့သူဖြစ်ပြီး ပထမအကျော့ရလဒ်နဲ့ ၎င်းရဲ့ မကြာသေးမီ ခြေစွမ်းကောင်းနဲ့ပတ်သက်ပြီး ပြောဆိုခဲ့တာဖြစ်ပါတယ်။ “ကောင်းကောင်းကစားပြီး ဂိုးသွင်းယူနိုင်ဖို့က အရေးကြီးပါတယ်။…

read more
နာရီနဲ့အတူ အောင်ပွဲခံမှုနဲ့ (၅) ဆင့် စီမံကိန်း ခရီးပေါက်မှုအကြောင်း ပြောလာတဲ့ နည်းပြ အာတေတာ mgsaw

နာရီနဲ့အတူ အောင်ပွဲခံမှုနဲ့ (၅) ဆင့် စီမံကိန်း ခရီးပေါက်မှုအကြောင်း ပြောလာတဲ့ နည်းပြ အာတေတာ

ဖူလ်ဟမ်အသင်းကို အနိုင်ရခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲစဉ်အပြီးမှာ ဂန်းနားတွေဟာ အဝတ်လဲခန်းအတွင်းမှာ အာဆင်နယ်အသင်းရဲ့ အမ်းမရိတ်ကွင်းထဲ ချိတ်ဆွဲထားတဲ့ ပုံစံတူနာရီနဲ့အတူ အောင်ပွဲခံခဲ့ကြပါတယ်။ ဂန်းနားတွေဟာ အဆိုပါနိုင်ပွဲကြောင့် ဒုတိယနေရာက မန်စီးတီးအသင်းကို (၅) မှတ် ဆက်ဖြတ်ထားနိုင်ဆဲဖြစ်ပြီး အားလုံးရဲ့မျက်နှာပေါ်မှာ အပြုံးတွေ ဆက်လက်ဆင်မြန်းခဲ့ပါတယ်။ အဲဒီနောက်မှာ လက်တံတွေက (၂) နဲ့ (၁၁) နေရာမှာ ပြဆိုထားတဲ့ နာရီနဲ့ပတ်သက်လို့ နည်းပြ အာတေတာက…

read more
အစဉ်အလာအရသာမက ယူရိုပါလိဂ်ပါပစ်မှတ်ထားမယ့် အာတီတာကြောင့် အမ်းမရိတ်နိုင်ပွဲနဲ့ ကွာတားတယ်မယ့် ဂန်းနားများ admin

အစဉ်အလာအရသာမက ယူရိုပါလိဂ်ပါပစ်မှတ်ထားမယ့် အာတီတာကြောင့် အမ်းမရိတ်နိုင်ပွဲနဲ့ ကွာတားတယ်မယ့် ဂန်းနားများ

အာဆင်နယ်အသင်းသည် ယနေ့ည (သောကြာနေ့ မနက် ၂ နာရီခွဲ)တွင် ပေါ်တူဂီ ကလပ်အသင်းတစ်သင်းဖြစ်တဲ့ စပို့တင်းလစ္စဘွန်းအသင်းနဲ့ ယူရိုပါလိဂ် ဒုတိယအကျော့ ရှုံးထွက်ပွဲစဉ် ကစားရမှာဖြစ်ပါတယ်။ ပထမအကျော့ ပေါ်တူဂီမြေမှာ ကစားခဲ့စဉ်က တစ်ဖက် ၂ ဂိုးစီ သရေကျခဲ့အတွက် ယခုပွဲဟာ အဆုံးအဖြစ်အတွက် ကစားရမယ့် အရေးကြီးပွဲစဉ်ဖြစ်လာပါတယ်။ ယခုအခါ အဝေးဂိုးဖြင့် ဆုံးဖြတ်မှု မရှိသည့်အတွက်လည်း သရေကျခဲ့လျှင် အချိန်ပို…

read more
ဟာလန်းကိုငြင်းပယ်ပြီး ဂန်းနားကြယ်ပွင့်က ယခုရာသီအကောင်းဆုံးကစားသမားလို့ ပြောခဲ့တဲ့ ဆက်ဂ်ညာ coyg

ဟာလန်းကိုငြင်းပယ်ပြီး ဂန်းနားကြယ်ပွင့်က ယခုရာသီအကောင်းဆုံးကစားသမားလို့ ပြောခဲ့တဲ့ ဆက်ဂ်ညာ

အာဆင်နယ်နောက်ခံကစားသမားဟောင်း ဆက်ဂ်ညာက ဘူကာယို ဆာကာဟာ ယခုရာသီပရီးမီးယားလိဂ်ရဲ့ အကောင်းဆုံးကစားသမားဖြစ်ခဲ့တယ်လို့ ယုံကြည်နေပါတယ်။ ပြင်သစ်နောက်ခံလူဟောင်းက ဆာကာရဲ့ အကျိုးသက်ရောက်မှုဟာ ယခုရာသီမှာ ၃၉ ဂိုးအထိ ကြောက်မက်ဖွယ် သွင်းယူထားတဲ့ မန်ချက်စတာစီးတီးကြယ်ပွင့် အာလင်း ဟာလန်းရဲ့ အကျိုးသက်ရောက်မှုထက် ပိုမို သာလွန်နေတယ်လို့ ခံစားနေရတာ ဖြစ်ပါတယ်။ ဟာလန်းဟာ ပြီးခဲ့တဲ့နွေရာသီမှာ ဒေါ့မွန်ကနေ မန်ချက်စတာစီးတီးကို ပြောင်းရွှေ့လာခဲ့သူဖြစ်ပြီး နော်ဝေလက်ရွေးစင်တိုက်စစ်မှူးဟာ ပရီးမီးယားလိဂ်…

read more
မန်စီးတီးကို အလဲထိုးချင်ရင် ဘာလုပ်ရမလဲဆိုတာ ပြောလာတဲ့ နည်းပြ အာတေတာရဲ့ စကားသံများ mgsaw

မန်စီးတီးကို အလဲထိုးချင်ရင် ဘာလုပ်ရမလဲဆိုတာ ပြောလာတဲ့ နည်းပြ အာတေတာရဲ့ စကားသံများ

ဒီညကစားမယ့် စပို့တင်းလစ္စဘွန်းနဲ့ပွဲမတိုင်မီ ဂျေးဇုရဲ့ ပြန်လာမှု၊ အလှည့်ကျ လူစာရင်းနဲ့ ယူရိုပါလိဂ် ကွာတားဖိုင်နယ်ဆီ အရောက်လှမ်းနိုင်မလားနဲ့ ပတ်သက်လို့ နည်းပြ အာတေတာ ပွဲကြိုသတင်းစာ ရှင်းလင်းပွဲမှာ ပြောသွားတာတွေကို ဖော်ပြပေးလိုက်ပါတယ်။ လေ့ကျင့်ရေးကွင်းထက်က အငွေ့အသက် ” ကောင်လေးတွေ အရမ်းကောင်း‌ကောင်း လုပ်ပြနေပါတယ်။ ‌ဒါကို အားလုံးလည်း မြင်နိုင်ပါတယ်။ နိုင်လိုစိတ်ပြင်းပြမှု၊ ပြိုင်ပွဲတွေနဲ့ ကစားသမားတွေဟာ တွဲဖက်ညီနေတယ် ဆိုရမှာပေါ့။…

read more
ပရီးမီးယားလိဂ်ဆုဖလားအတွက် ဝန်ခံမှုပြုလုပ်လိုက်ပြီး ဂန်းနားတွေကို ဝေဖန်လိုက်တဲ့ တန်ဟက် coyg

ပရီးမီးယားလိဂ်ဆုဖလားအတွက် ဝန်ခံမှုပြုလုပ်လိုက်ပြီး ဂန်းနားတွေကို ဝေဖန်လိုက်တဲ့ တန်ဟက်

မန်ချက်စတာယူနိုက်တက်နည်းပြ တန်ဟက်က ယခုရာသီ ပရီးမီးယားလိဂ်ဖလားကို မရနိုင်တော့ပေမယ့် လာမယ့်နှစ်မှာ ချန်ပီယံလိဂ်ဖြစ်လာအောင် လုပ်နိုင်တဲ့အစွမ်းရှိတယ်လို့ ပြောကြားခဲ့ပါတယ်။ မန်ချက်စတာယူနိုက်တက်ဟာ တန်ဟက်ရဲ့ ပထမဆုံးရာသီမှာ ဆုဖလားတွေကို စိန်ခေါ်နိုင်ဖို့ မျှော်မှန်းခြင်း မခံခဲ့ရပေမယ့်လည်း ကမ္ဘာ့ဖလားပြိုင်ပွဲအပြီးမှာ မယုံနိုင်စရာခြေစွမ်း ရရှိလာပြီးနောက် နောက်ဆုံးကစားခဲ့တဲ့ ၁၁ ပွဲမှာ ၈ ပွဲနိုင်၊ ၁ ပွဲသာ ရှုံးနိမ့်ခဲ့တာဖြစ်ပါတယ်။ တန်ဟက်ရဲ့အသင်းဟာ ကာရာဘောင်းဖလားကို အနိင်ရရှိခဲ့ပြီးနောက်…

read more
ဖာဂူဆန်ဖြေဖို့ ကြောက်ရွံ့ခဲ့တဲ့ ပရီးမီးယားလိဂ်ချန်ပီယံက ဘယ်အသင်းလဲ မေးခွန်းကိုဖြေကြားပေးခဲ့တဲ့ ဟယ်ရီရက်နက်ပ် admin

ဖာဂူဆန်ဖြေဖို့ ကြောက်ရွံ့ခဲ့တဲ့ ပရီးမီးယားလိဂ်ချန်ပီယံက ဘယ်အသင်းလဲ မေးခွန်းကိုဖြေကြားပေးခဲ့တဲ့ ဟယ်ရီရက်နက်ပ်

ချဲလ်တန်ဟမ် မြင်းပြိုင်ကွင်းမှာ ပြုလုပ်ကျင်းပတဲ့ ချဲလ်တန်ဟမ်ပွဲတော်ကို နာမည်ကြီးကျော်ကျားသူများ အများအပြား တက်ရောက်ခဲ့ပြီး တချိန်က ပရီးမီးယားလိဂ်မှ နာမည်ကြီးနည်းပြတွေဖြစ်တဲ့ မန်ချက်စတာယူနိုက်တက် နည်းပြဟောင်းကြီး အဲလက်စ် ဖာဂူဆန်၊ တော့တင်ဟမ် ဟော့စပါး နည်းပြဟောင်းကြီး ဟာရီ ရက်ဒ်နပ်တို့လည်း တက်ရောက်ခဲ့ကြတာတွေ့ရှိရပါတယ်။ ITV သတင်းထောက် မတ် ချပ်မန်းက ယခုရာသီပရီးမီးယားလိဂ်ပြိုင်ပွဲမှာ ချန်ပီယံဖြစ်မယ့်အသင်းကို အာဆင်နယ်လား မန်ချက်စတာစီးတီးလားဆိုတဲ့ မေးခွန်းကို အာဆင်နယ်၏…

read more