ဘာလိုဂန်နဲ့ အာဆင်နယ် အနာဂတ်အပေါ် သုံးသပ်လာတဲ့ ဂန္ထဝင်ကြီး အီယန်ရိုက် 150 150 mgsaw

ဘာလိုဂန်နဲ့ အာဆင်နယ် အနာဂတ်အပေါ် သုံးသပ်လာတဲ့ ဂန္ထဝင်ကြီး အီယန်ရိုက်

အာဆင်နယ်အသင်းဟာ လူငယ်သွေးသစ်တွေနဲ့ တောက်ပတဲ့ အရည်အသွေးတွေနဲ့အတူ ဒီရာသီမှာ အကောင်းဆုံး အမြင့်ပျံနေကာ ပရီးမီးယားလိဂ်အမှတ်ပေးဇယားကို ဦးဆောင်နေပြီး အနာဂတ်ဟာလည်း ဒီလူငယ်အုပ်စုနဲ့အတူ လှပလျက်ရှိနေပါတယ်။ တိုက်စစ်ပိုင်းမှာ မာတင်နယ်လီ၊ ဆာကာတို့က အကောင်းဆုံးသော ခြေစွမ်းတွေ ပြသနေသလို ကွင်းလယ်မှာလည်း မာတင် အော်ဒီဂွါဒ်နဲ့ စမစ်ရိုးလ်၊ ခံစစ်ပိုင်းမှာလည်း ဝီလီယံ ဆာလီဘာ၊ ဂိုးသမား ရမ်စ်ဒဲလ် အစရှိတဲ့ လူငယ်တွေက အာဆင်နယ်အသင်းအတွက်…

read more
ဂန်းနားလူငယ်တွေ ဖိအားကင်းကင်းနဲ့ ပျော်ရွှင်သက်ဝင်စွာ ကစားကြတာကို မြင်ချင်တဲ့ နည်းပြ အာတေတာ 150 150 mgsaw

ဂန်းနားလူငယ်တွေ ဖိအားကင်းကင်းနဲ့ ပျော်ရွှင်သက်ဝင်စွာ ကစားကြတာကို မြင်ချင်တဲ့ နည်းပြ အာတေတာ

ဒီရာသီ ပရီးမီးယားလိဂ် ဇာတ်သိမ်းခန်းရောက်ဖို့ တဖြည်းဖြည်း နီးကပ်လာခဲ့ချိန်မှာ ချန်ပီယံဆုအတွက်လည်း အာဆင်နယ်ရပ်ဝန်းမှာ ရင်ခုန်သံတွေ ပိုမိုမြန်ဆန်လာခဲ့ပြီ ဖြစ်ပါတယ်။ အာဆင်နယ်အသင်းဟာ ရာသီကုန်ဆုံးဖို့ (၁၀) ပွဲသာ လိုတော့ချိန်မှာ ဒုတိယနေရာက မန်စီးတီးအသင်းကို (၈) မှတ်ဖြတ်ပြီး အမှတ်ပေးဇယားကို ဦးဆောင်ထားနိုင်နေဆဲပါ။ အသင်းခေါင်းဆောင် အော်ဒီဂွါဒ်အပါအဝင် ကစားသမားတွေ အားလုံးကလည်း လက်ကျန် (၁၀) ပွဲလုံးကို ဗိုလ်လုပွဲလို အားသွန်ခွန်စိုက်ကစားပြီး…

read more
ဂန်းနားတွေ ကြားချင်နေတဲ့ တိုက်ပွဲခေါ်သံ ပေးလိုက်တဲ့ ဗန်ဒိုက် 150 150 coyg

ဂန်းနားတွေ ကြားချင်နေတဲ့ တိုက်ပွဲခေါ်သံ ပေးလိုက်တဲ့ ဗန်ဒိုက်

ယခုရာသီရဲ့ နောက်ဆုံး နိုင်ငံတကာအားလပ်ရက်က ပြီးဆုံးသွားခဲ့ပြီဖြစ်ပြီး ကစားသမားတွေက ရာသီကို အဆုံးသတ်ဖို့အတွက် ကလပ်အသင်းတွေဆီကို ပြန်လည်ရောက်ရှိလာပြီဖြစ်ပါတယ်။ ပရီးမီးယားလိဂ်တန်းဆင်းဇုန်ထဲမှာ အသင်း ၉ သင်းအထိ ရှိနေတယ်လို့ အကြမ်းဖျင်းအားဖြင့် ပြောလို့ရပြီး ဥရောပဝင်ခွင့်အတွက် တိုက်ပွဲဝင်နေတဲ့အသင်း ၆ သင်း၊ အမှတ်ပေးဇယားအလယ်မှာ ၂ သင်း၊ ပရီးမီးယားလိဂ်ဖလားကို ရယူဖို့ တိုက်ပွဲဝင်နေတဲ့အသင်း ၂ သင်းရှိနေတာဖြစ်ပါတယ်။ အမှတ်ပေးဇယားထိပ်ဆုံးမှာ တိုက်ပွဲဝင်နေတဲ့အသင်း…

read more
ဂွါဒီယိုလာရဲ့ နည်းဗျူဟာကို မှီငြမ်းခဲ့တယ်လို့ ရိုးသားစွာနဲ့ ဝန်ခံခဲ့တဲ့ အာတီတာ 150 150 coyg

ဂွါဒီယိုလာရဲ့ နည်းဗျူဟာကို မှီငြမ်းခဲ့တယ်လို့ ရိုးသားစွာနဲ့ ဝန်ခံခဲ့တဲ့ အာတီတာ

အာဆင်နယ်နည်းပြ အာတီတာက ယခုရာသီမှာ ဇင်ချန်ကိုကို အသုံးပြုခဲ့တဲ့ ပုံစံဟာ ဂွါဒီယိုလာရဲ့ ဘိုင်ယန်မြူးနစ်နည်းပြဘဝတုန်းက ဖိလစ် လမ်းကို အသုံးပြုခဲ့တဲ့ပုံစံကို အတုယူခဲ့တာဖြစ်တယ်လို့ ဝန်ခံခဲ့ပါတယ်။ ဂွါဒီယိုလာဟာ ဘိုင်ယန်မြူးနစ်အသင်းကို နည်းပြခဲ့တဲ့အချိန်တုန်းက ဂျာမနီဂန္တဝင်နောက်ခံလူကို လူစာရင်းထဲမှာ ပိုင်ဆိုင်ခဲ့တာဖြစ်ပြီး အာဆင်နယ်ရဲ့ ယခုရာသီ ဆုဖလားစိန်ခေါ်မှုကို အကူအညီဖြစ်စေမယ့် နည်းဗျူဟာကို တီထွင်ခဲ့တာဖြစ်ပါတယ်။ သမားရိုးကျ ညာနောက်ခံလူအဖြစ် ကစားခဲ့တဲ့ ဖိလစ် လမ်းဟာ…

read more
ဆာကာက ကမ္ဘာ့အဆင့်မဟုတ်ဘူးလို့ ပြောလိုက်တဲ့ ဆိုင်မွန် ဂျော်ဒန် 150 150 coyg

ဆာကာက ကမ္ဘာ့အဆင့်မဟုတ်ဘူးလို့ ပြောလိုက်တဲ့ ဆိုင်မွန် ဂျော်ဒန်

ဆိုင်မွန် ဂျော်ဒန်က ဘူကာယို ဆာကာဟာ ကမ္ဘာ့အဆင့်ကစားသမားဆိုတာကို သက်သေပြသဖို့ လိုသေးတယ်လို့ ယုံကြည်နေပြီး ဒီလောက်အထိ အမွှမ်းတင်နေတာတွေက အကူအညီမဖြစ်ဘဲ မမျှတဘူးလို့ ပြောကြားခဲ့ပါတယ်။ အာဆင်နယ်ကြယ်ပွင့်ဟာ ဆက်လက်ပြီး ကောင်းသ့ည်ထက် ကောင်းလာနေတာဖြစ်ပြီး ကလပ်အသင်းနဲ့ နိင်ငံအသင်းအတွက် ထူးချွန်တဲ့ စွမ်းဆောင်ရည်တွေ ဆက်တိုက်ပြသနေတာကြောင့် PFA ရဲ့တစ်နှစ်တာအကောင်းဆုံးကစားသမားဆုကို ရရှိမယ့်သူအဖြစ် ဦးဆောင်နေတာ ဖြစ်ပါတယ်။ လက်ရှိအချိန်အထိ တောက်ပတဲ့ ကစားသမားဘဝအတွင်း…

read more
Article: ဆာကာက လက်ရှိကမ္ဘာပေါ်မှာ အကောင်းဆုံးတောင်ပံ ကစားသမားဖြစ်နေရတဲ့ အကြောင်းအရင်း ၄ ခု coyg

Article: ဆာကာက လက်ရှိကမ္ဘာပေါ်မှာ အကောင်းဆုံးတောင်ပံ ကစားသမားဖြစ်နေရတဲ့ အကြောင်းအရင်း ၄ ခု

ဘူကာယို ဆာကာဟာ ပရီးမီးယားလိဂ်မှာ သွင်းဂိုး ၁၂ ဂိုးနဲ့ ဂိုးဖန်တီးမှု ၁၀ ကြိမ်ပြုလုပ်ထားပြီး အလွန်ကောင်းမွန်တဲ့ရာသီကို ပိုင်ဆိုင်နေတဲ့ ကစားသမားဖြစ်ပါတယ်။ အာဆင်နယ်ကြယ်ပွင့်ရဲ့ အရည်အချင်းက မေးခွန်းထုတ်စရာမရှိဘဲ ယူကရိန်းနဲ့ ယှဉ်ပြိုင်ကစားခဲ့တဲ့ပွဲစဉ်က အလွန်ကောင်းမွန်တဲ့ စွမ်းဆောင်ရည်ဟာ လက်ရှိ ကမ္ဘာပေါ်က အကောင်းဆုံးတောင်ပံကစားသမားဖြစ်နေတယ်ဆိုတာ ပြသနေတာဖြစ်ပါတယ်။ ကမ္ဘာ့အကောင်းဆုံးတောင်ပံကစားသမားနေရာအတွက် ယှဉ်ပြိုင်မှုတွေ အများအပြားရှိနေပေမယ့် ဆာကာက ကမ္ဘာ့အကောင်းဆုံးတောင်ပံကစားသမားဆိုတာ အခိုင်အမာ ပြောလို့ရနိုင်တဲ့…

read more
ရွိုင် ကီးန်နဲ့ ဗီယာရာတို့ရဲ့ မယုံနိုင်ဖွယ်ဆက်ဆံရေးကြောင့် အံ့သြခဲ့ရတဲ့ အာဆင်ဝင်းဂါး 150 150 coyg

ရွိုင် ကီးန်နဲ့ ဗီယာရာတို့ရဲ့ မယုံနိုင်ဖွယ်ဆက်ဆံရေးကြောင့် အံ့သြခဲ့ရတဲ့ အာဆင်ဝင်းဂါး

အာဆင်နယ်နည်းပြဟောင်း အာဆင်ဝင်းဂါးက ကစားသမားဘဝတုန်းက တစ်ယောက်နဲ့တစ်ယောက် သတ်ဖို့အဆင်သင့်ဖြစ်နေခဲ့ကြပေမယ့်လည်း ရွိုင် ကီးန်နဲ့ ပက်ထရစ် ဗီယာရာတို့ရဲ့ ခေတ်သစ်ဆက်ဆံရေးဟာ မယုံနိုင်စရာလို့ ပြောကြားခဲ့ပါတယ်။ မန်ချက်စတာယူနိုက်တက်နဲ့ အာဆင်နယ်တို့ဟာ ၂၁ ရာစုသစ်ကို အကူးအပြောင်းမှာ ဆုဖလားတွေအတွက် တိုက်ပွဲဝင်ခဲ့ကြတာကြောင့် ကွင်းလယ်ဗိုလ်ချုပ် ၂ ဦးကြားက တိုက်ပွဲတွေဟာ ပရီးမီးယားလိဂ်ခေတ်ရဲ့ အထင်ကရ ပုံရိပ်တွေဖြစ်ခဲ့တာဖြစ်ပါတယ်။ အကြိမ်ပေါင်းများစွာ ရွိုင် ကီးန်နဲ့ ဗီယာရာတို့ဟာ…

read more
ဘိုင်ယန်လေဒီတွေကို အမ်းမရိတ်စ်မှာ ဂိုးပြတ်သွင်းပြီး ချန်ပီယံလိဂ်ဆီမီးဖိုင်နယ်တက်သွားတဲ့ အာဆင်နယ်လေဒီများ 150 150 admin

ဘိုင်ယန်လေဒီတွေကို အမ်းမရိတ်စ်မှာ ဂိုးပြတ်သွင်းပြီး ချန်ပီယံလိဂ်ဆီမီးဖိုင်နယ်တက်သွားတဲ့ အာဆင်နယ်လေဒီများ

အာဆင်နယ်အမျိုးသမီးအသင်းအနေနဲ့ ဒီနေ့မှာ ၄-၃-၃ ကစားကွက်ကို အသုံးပြုခဲ့ပြီး ဂိုးသမား ဇင်းစ်ဘာဂါ၊ နောက်တန်းမှာ လေး ဝီလီယမ်ဆန်၊ မက်ကေ့ဘ်၊ မာရစ်ဇ်နဲ့ ဆိုဇာတို့ကို အသုံးပြုခဲ့ပြီး ကွင်းလယ်မှာတော့ မာနမ်၊ လစ်တဲလ်နဲ့ ဗာလ်တီတို့ကို အထိုင်ချခဲ့သလို တိုက်စစ်မှာတော့ ဖို့ဒ်၊ ဘလက်စတင်နီးယပ်စ်နဲ့ ဗစ်တိုးရီးယား ပီလိုဗာတို့နဲ့ ပွဲထွက်လာခဲ့ပါတယ်။ ဒီလူစာရင်းဟာ ပြီးခဲ့တဲ့ တစ်ပတ်က စပါးစ်အမျိုးသမီးအသင်းကို ၅…

read more
ကြောက်မက်ဖွယ်ခြေထောက်ကျိုးခဲ့ပြီးနောက် တိုက်ကားတစ်စီးလို ခံစားခဲ့ရတယ်ဆိုတဲ့ ဂန်းနားကြယ်ပွင့်ဟောင်း 150 150 coyg

ကြောက်မက်ဖွယ်ခြေထောက်ကျိုးခဲ့ပြီးနောက် တိုက်ကားတစ်စီးလို ခံစားခဲ့ရတယ်ဆိုတဲ့ ဂန်းနားကြယ်ပွင့်ဟောင်း

အာဆင်နယ်ကြယ်ပွင့်တိုက်စစ်မှူးဟောင်း အက်ဒွါဒို ဒါဆေးလ်ဗားက ဘာမင်ဟမ်စီးတီးနဲ့ ပွဲစဉ်မှာ ဆိုးရွားတဲ့ခြေထောက်ကျိုးဒဏ်ရာရှိခဲ့ပြိးနောက် ကိုယ့်ကိုကိုယ် အတိုက်ခံထားရပြီး ပျက်စီးနေတဲ့ကားတစ်စီးလို ခံစားခဲ့ရတယ်လို့ ဝန်ခံပြောကြားခဲ့ပါတယ်။ ခရိုအေးရှားတိုက်စစ်မှူးဟောင်းဟာ အာဆင်ဝင်းဂါးလက်အောက် အာဆင်နယ်အသင်းအတွက် ကစားပေးခဲ့ချိန်တုန်းက ပရီးမီးယားလိဂ်မှာ စိတ်လှုပ်ရှားစရာအကောင်းဆုံးကစားသမားတွေထဲက တစ်ဦးဖြစ်ခဲ့တာဖြစ်ပါတယ်။ ဒါပေမယ့်လည်း ၂၀၀၈ ခုနှစ်မှ မာတင် တေလာရဲ့ ကြောက်မက်ဖွယ် ဆိုးရွားတဲ့ဖျက်ထုတ်မှုကြောင့် ဘယ်ဖက်ခြေထောက် ကျိုးသွားခဲ့ပြီး ခြေကျင်းဝတ်နေရာလွဲသွားခဲ့တဲ့အတွက် ၁ နှစ်ကျော်…

read more
ဆာကာကို ချီးကျူးလိုက်ပြီး ဆက်လက်တိုးတက်လာဦးမယ့် ကောင်လေးလို့ နည်းပြအာတေတာ ဆို 150 150 mgsaw

ဆာကာကို ချီးကျူးလိုက်ပြီး ဆက်လက်တိုးတက်လာဦးမယ့် ကောင်လေးလို့ နည်းပြအာတေတာ ဆို

အာဆင်နယ်အသင်းအတွက် ဒီရာသီမှာ အကောင်းဆုံးသော ခြေစွမ်းတွေ ပြသနေတဲ့ တောင်ပံတိုက်စစ်ကစားသမားလေး ဘူကာရို ဆာကာဟာ ထိပ်တန်းအဆင့်မှာ ရှားပါးလှတဲ့ အရည်အသွေးတွေနဲ့ တောက်ပနေသူလို့ နည်းပြ အာတေတာက ချီးကျူးလိုက်ပြီး အနာဂတ်မှာ ဒီထက်ပိုပြီးလည်း တိုးတက်လာဦးမယ်လို့ ဆိုလိုက်ပါတယ်။ ငရုတ်သီးလေးကို ပရိသတ်တွေက ချစ်စနိုးခေါ်ကြတဲ့ အင်္ဂလန်သားလေးဟာ ပရီးမီးယားလိဂ် သွင်းဂိုး (၁၂) ဂိုးနဲ့ ဂိုးဖန်တီးမှု (၁၀) ကြိမ်အထိ…

read more