နောက်ဆုံးမိနစ်မှာ အနိုင်ဂိုးရတဲ့ ခံစားချက်လောက် ပို‌ကောင်းတာ မရှိဘူးလို့ ဂျက် ပြောကြား mgsaw

နောက်ဆုံးမိနစ်မှာ အနိုင်ဂိုးရတဲ့ ခံစားချက်လောက် ပို‌ကောင်းတာ မရှိဘူးလို့ ဂျက် ပြောကြား

အာဆင်နယ်အသင်း U18 နည်းပြအဖြစ် တာဝန်ယူဆောင်ရွက်နေတဲ့ ဂျက် ဝဲလ်ရှားကတော့ မနေ့ညက ကစားခဲ့တဲ့ အက်ဖ်အေ လူငယ်ဖလား ဆီမီးဖိုင်နယ်ပွဲစဉ်မှာ မန်စီးတီးအသင်းကို (၂-၁) ဂိုးနဲ့ အနိုင်ယူကာ ဗိုလ်လုပွဲကို တက်လှမ်းနိုင်ခဲ့ခြင်းအပေါ် အတော်လေးကို အားရကျေနပ်နေပါတယ်။ အဆိုပါပွဲမှာ မန်စီးတီးလူငယ်အသင်းဟာ ပွဲအစ (၆) မိနစ်ကတည်းက တယောက်လျော့နဲ့ ကစားခဲ့ရပေမယ့် ဂန်းနားတို့ကို အခက်တွေ့စေခဲ့ပါတယ်။ မိုက်ကယ် ရိုဆီရက်က…

read more
မန်စီးတီးပဲ ဖလားရသွားမယ်လို့ ထင်နေသေးတဲ့ ရွိုင် ကီးန် coyg

မန်စီးတီးပဲ ဖလားရသွားမယ်လို့ ထင်နေသေးတဲ့ ရွိုင် ကီးန်

မန်ချက်စတာယူနိုက်တက်ဂန္တဝင် ရွိုင် ကီးန်က အာဆင်နယ်အသင်းကို လက်ရှိအချိန်အထိ အလွန်ကောင်းမွန်တဲ့ရာသီကို ပိုင်ဆိုင်ထားတဲ့အတွက် ချီးကျူးခဲ့ပေမယ့်လည်း မန်စီးတီးက ပရီးမီးယားလိဂ်ဖလားပြိုင်ပွဲမှာ အနိုင်ရရှိသွားလိမ့်မယ်လို့ ထင်မြင်နေဆဲဖြစ်ပါတယ်။ ဂန်းနားတွေဟာ လက်ရှိ ချန်ပီယံတွေကို ၈ မှတ်အထိ ဖြတ်ပြီး အမှတ်ပေးဇယားထိပ်ဆုံးမှာ ဦးဆောင်နေတာဖြစ်ပေမယ့်လည်း ဂွါဒီယိုလာရဲ့အသင်းဟာ တစ်ပွဲကစားဖို့ ကျန်နေသေးတာ ဖြစ်ပါတယ်။ အာဆင်နယ်အသင်းအတွက်တော့ ရာသီကုန်ဖို့ ၉ ပွဲ သာလိုတော့တာဖြစ်ပြီး မန်ချက်စတာစီးအတွက်ကတော့…

read more
ဖလားရဖို့ ၉ ပွဲသာလိုတော့တဲ့ ဂန်းနားတွေအတွက် အရေးကြီးတဲ့ကစားသမား ၃ ဦး coyg

ဖလားရဖို့ ၉ ပွဲသာလိုတော့တဲ့ ဂန်းနားတွေအတွက် အရေးကြီးတဲ့ကစားသမား ၃ ဦး

အာဆင်နယ်အသင်းဟာ ရာသီကုန်ဖို့ ၉ ပွဲသာ လိုတော့တဲ့အချိန်မှာ ပရီးမီးယားလိဂ်အမှတ်ပေးဇယားအဆင့် ၁ နေရာမှာ ရပ်တည်နေဆဲဖြစ်ပြီး တစ်ရာသီလုံး ဂန်းနားတွေရဲ့ ဖလားဖြစ်နေခဲ့ပုံပေါ်ခဲ့တာဖြစ်ပါတယ်။ အာဆင်နယ်အသင်းဟာ ၂၀၀၄ ခုနှစ်နောက်ပိုင်း ပထမဆုံး ပရီးမီးယားလိဂ်အောင်ပွဲရရှိဖို့ တဖြည်းဖြည်းနီးစပ်လာနေပြီဖြစ်ပြီး အရေးကြီးတဲ့ နောက်ကွယ်က သူရဲကောင်း ၃ ဦးလည်း ပေါ်ထွက်လာခဲ့တာဖြစ်ပါတယ်။ ၁။ ရော့ဘ် ဟိုးဒင်း အင်္ဂလန်နောက်ခံလူဟာ ဒီရာသီမှာ ပွဲကစားချိန်ရဖို့…

read more
ချဲလ်ဆီးနဲ့သရေကျခဲ့ပြီးနောက် ဂန်းနားတွေကို သတိပေးလိုက်တဲ့ ကလော့ပ် coyg

ချဲလ်ဆီးနဲ့သရေကျခဲ့ပြီးနောက် ဂန်းနားတွေကို သတိပေးလိုက်တဲ့ ကလော့ပ်

ယာဂန် ကလော့ပ်က စူပါအာဆင်နယ်လို့ ချီးကျူးခဲ့ပေမယ့်လည်း လီဗာပူးလ်အသင်းက ယခုအပတ်မှာ ပရီးမီးယားလိဂ်အမှတ်ပေးဇယားဦးဆောင်သူတွေကို အနိင်ယူနိုင်စွမ်းရှိတာထက် ပိုတယ်လို့ ပြောကြားခဲ့ပါတယ်။ ဂန်းနားတွေဟာ တနင်္ဂနွေနေ့ အန်းဖီးမှာ ယခုရာသီ ပုံမှန်ခြေစွမ်းပြသနိုင်ဖို့ ရုန်းကန်နေခဲ့ရတဲ့ လီဗာပူးလ်နဲ့ ပွဲစဉ်မှာ ၎င်းတို့ရဲ့ အံ့အားသင့်ဖွယ် ဆုဖလားစိန်ခေါ်မှုကို ဆက်လက် ပြုလုပ်သွားမှာဖြစ်ပါတယ်။ လီဗာပူးလ်အသင်းဟာ ပြီးခဲ့တဲ့နှစ် အခုလိုအချိန်မှာ သမိုင်းဝင် ဆုဖလား ၄ လုံးအတွက်…

read more
အန်းဖီးကို သွားရောက်ရမယ့်ပွဲအတွက် ဂန်းနားတွေရဲ့ အိပ်မက်ဆိုးကို အတည်ပြုခဲ့တဲ့ ပရီးမီးယားလိဂ် coyg

အန်းဖီးကို သွားရောက်ရမယ့်ပွဲအတွက် ဂန်းနားတွေရဲ့ အိပ်မက်ဆိုးကို အတည်ပြုခဲ့တဲ့ ပရီးမီးယားလိဂ်

အာဆင်နယ်အသင်းဟာ ၁၉ နှစ်အတွင်း ပထမဆုံး ပရီးမီးယားလိဂ်ဖလားကို ကိုင်မြှောက်နိုင်ဖို့ ၉ ပွဲသာလိုတော့တာဖြစ်ပြီး စနေနေ့က လိဒ်စ်ယူနိုက်တက်ကို အနိုင်ရရှိခဲ့ပြီးနောက် မန်စီးတီးကို ၉ မှတ်ဖြတ်ထားနိုင်ခဲ့တာဖြစ်ပါတယ်။ ဂွါဒီယိုလာရဲ့အသင်းဟာ တစ်ပွဲကစားဖို့ ကျန်နေသေးပေမယ့်လည်း အနည်းဆုံးတော့ ဂန်းနားတွေဟာ ၅ မှတ်အထိတော့ ဖြတ်ထားနိုင်ဦးမှာဖြစ်ပြီး ဒီ ၂ သင်းဟာ ယခုလနှောင်းပိုင်း အစ်တီဟတ်မှာ တွေ့ဆုံယှဉ်ပြိုင်သွားရမှာ ဖြစ်ပါတယ်။ ဒါပေမယ့်လည်း…

read more
အာဆင်နယ်အတွက် သတင်းဆိုးဖြစ်လာတဲ့ ဆာလီဘာရဲ့ ဒဏ်ရာ အခြေအနေ mgsaw

အာဆင်နယ်အတွက် သတင်းဆိုးဖြစ်လာတဲ့ ဆာလီဘာရဲ့ ဒဏ်ရာ အခြေအနေ

ဂန်းနားတွေဟာ ချန်ပီယံဆုအတွက် အရေးပါတဲ့ပွဲစဉ်တပွဲ ဖြစ်လာမယ့် ဒီတပတ် လီဗာပူးလ်အသင်းနဲ့ပွဲကို အဓိကနောက်ခံလူဖြစ်တဲ့ ဝီလီယံ ဆာလီဘာ မပါဘဲ ကစားသွားရဖွယ် ရှိနေတယ်လို့ သတင်းတွေ ထွက်ပေါ်လာခဲ့ပါတယ်။ ပြင်သစ်သားလေးဟာ နိုင်ငံတကာပွဲရက်တွေမတိုင်မီ စပို့တင်းလစ္စဘွန်းအသင်းကို ပယ်နယ်တီ အဆုံးအဖြတ်နဲ့ အရေးနိမ့်ခဲ့တဲ့ ယူရိုပါလိဂ် (၁၆) သင်း ရှုံးထွက်အဆင့်ပွဲစဉ်မှာ နောက်ကျောဒဏ်ရာရသွားခဲ့တာဖြစ်ပြီး ရက်သတ္တပတ် (၂) ပတ်ခန့် ကျော်လွန်လာခဲ့ပေမယ့် အခုထက်ထိ…

read more
ဂန်းနားတွေရဲ့ထိပ်တန်းပစ်မှတ်ကို ဖြတ်ခုတ်ဖို့ ပြင်နေပြန်တဲ့ ချဲလ်ဆီးနဲ့ နောက်ဆုံးရ ဂန်းနားသတင်းများ coyg

ဂန်းနားတွေရဲ့ထိပ်တန်းပစ်မှတ်ကို ဖြတ်ခုတ်ဖို့ ပြင်နေပြန်တဲ့ ချဲလ်ဆီးနဲ့ နောက်ဆုံးရ ဂန်းနားသတင်းများ

-မာ့ခ် ဟုချ်က အာဆင်နယ်အသင်းဟာ မန်ချက်စတာစီးတီးရဲ့ ဖိအားပေးမှုကို ကြံ့ကြံ့ခံပြီး ပရီးမီးယားလိဂ်ဖလားကို အရယူသွားနိုင်လိမ့်မယ်လို့ ထောက်ခံပြောကြားခဲ့ပါတယ်။ ပရီးမီးယားလိဂ်နည်းပြဟောင်း မာ့ခ် ဟုချ်က မန်စီးတီးရဲ့  ဆုဖလားတွေ အနိုင်ရရှိခဲ့တဲ့ အတွေ့အကြုံက အရေးပါပေမယ့် အာဆင်နယ်က ဆယ်စုနှစ် ၂ ခုနီးပါးအကြာမှာ ပထမဆုံးအကြိမ် အမှတ်ပေးဖလားကို ကိုင်မြှောက်သွားနိုင်မယ်လို့ ထောက်ခံပြောဆိုခဲ့တာဖြစ်ပါတယ်။ “အာဆင်နယ်က တကယ်ကို အားကောင်းလာပါတယ်။ ကျွန်တော် သူတို့ကို…

read more
ဆာကာကို မြင့်မားတဲ့ လုပ်ခလစာနဲ့ စာချုပ်သစ်ပေးခဲ့တာကို ထောက်ခံလိုက်တဲ့ ပေါလ်မာဆင် mgsaw

ဆာကာကို မြင့်မားတဲ့ လုပ်ခလစာနဲ့ စာချုပ်သစ်ပေးခဲ့တာကို ထောက်ခံလိုက်တဲ့ ပေါလ်မာဆင်

လူငယ်ကစားသမားတဦးကို ဘောနပ်စ်တွေအပါအဝင် တပတ်လုပ်ခ ပေါင် (၃) သိန်းနီးပါး ပေးချေပြီး စာချုပ်သစ်ချုပ်ဆိုခဲ့တာနဲ့ပတ်သက်လို့ ဝေဖန်မှုတွေ ရှိနေတဲ့အပေါ် အာဆင်နယ်ဂန္ထဝင်ကစားသမားကြီး ပေါလ် မာဆင်က တုံ့ပြန်ပြောကြားမှုတွေ ပြုလုပ်လာခဲ့ပါတယ်။ ဂန်းနားတို့ဟာ အသင်းအတွက် အစွမ်းကုန် တောက်ပနေတဲ့ အကယ်ဒမီထွက် အရည်အသွေးမြင့် တောင်ပံတိုက်စစ်ကစားသမားလေး ဘူကာရို ဆာကာကို အခြေခံလစာ တပတ်လုပ်ခ ပေါင် (၂) သိန်းခွဲ ဝန်းကျင်ပေးပြီး…

read more
ရိုမာနို ပြောတဲ့ ဆာကာ၊ ဆာလီဘာနဲ့ အာဆင်နယ်ရဲ့ နွေရာသီအပြောင်းအရွှေ့အစီအစဉ် coyg

ရိုမာနို ပြောတဲ့ ဆာကာ၊ ဆာလီဘာနဲ့ အာဆင်နယ်ရဲ့ နွေရာသီအပြောင်းအရွှေ့အစီအစဉ်

အပြောင်းအရွှေ့အထူးကျွမ်းကျင်သူ ဖက်ဘရီဇီယို ရိုမာနိုက အာဆင်နယ်ရဲ့ နွေရာသီအပြောင်းအရွှေ့အစီအစဉ်၊ ဆာကာနဲ့ ဆာလီဘာတို့ရဲ့ စာချုပ်သစ် ကိစ္စနောက်ဆုံးပြောဆိုဆွေးနွေးမှုအခြေအနေတွေကို CBS နဲ့ တွေ့ဆုံရာမှာ ဆွေးနွေးခဲ့ပါတယ်။ ဆာကာရဲ့ စာချုပ်သစ် အခြေအနေ ဘူကာယို ဆာကာက သိပ်မကြာခင်မှာပဲ အာဆင်နယ်နဲ့ စာချုပ်သစ် ချုပ်ပါလိမ့်မယ်။ အားလုံးက သဘောတူညီမှုရခဲ့ပြီးပြီဖြစ်ပြီး ကျွန်တော်ပြောတာ ယုံပါ။ ဒါက ကစားသမားသစ်ခေါ်ယူမှုလိုမျိုး ဖြစ်မှာပါ။ ဘာလို့လဲဆိုတော့…

read more
အာဆင်နယ်အသင်း အမြင့်ပျံနေတာကို မအံ့သြမိဘူးလို့ ဆိုလာတဲ့ လာကာဇက် mgsaw

အာဆင်နယ်အသင်း အမြင့်ပျံနေတာကို မအံ့သြမိဘူးလို့ ဆိုလာတဲ့ လာကာဇက်

ပြင်သစ်ကလပ် လီယွန်အသင်းမှာ ကစားနေတဲ့ ဂန်းနားတိုက်စစ်မှူးဟောင်း အလက်ဇန်းဒါး လာကာဇက်ကတော့ နည်းပြ အာတေတာလို နည်းပြမျိုး ဦးဆောင်နေတဲ့ အာဆင်နယ်အသင်းအနေနဲ့ ဒီရာသီမှာ အမြင့်ပျံနေတာကို မအံ့သြမိဘူးလို့ မှတ်ချက်ပြုလာခဲ့ပါတယ်။ ပြင်သစ်သားကြီးဟာ နည်းပြ အာတေတာရဲ့ ပြုပြင်ပြောင်းလဲရေး ခရီးစဉ်မှာ တစိတ်တပိုင်းအနေနဲ့ ပါဝင်ခဲ့သူဖြစ်ပြီး အတိုင်းအတာတခုအထိ အသင်းအတွက် အကျိုးပြုခဲ့ပြီးနောက် ဒီရာသီမှာ အသင်းဟောင်း လီယွန်အသင်းဆီ ပြောင်းရွှေ့ကြေးအလွတ်နဲ့ ပြန်လည်ပြောင်းရွှေ့သွားခဲ့တာပါ။…

read more