အမ်ဘာပေကို ခေါ်ဖို့သတင်းထွက်နေချိန်မှာ သတိပေးခံလိုက်ရတဲ့ အာဆင်နယ် user

အမ်ဘာပေကို ခေါ်ဖို့သတင်းထွက်နေချိန်မှာ သတိပေးခံလိုက်ရတဲ့ အာဆင်နယ်

အာဆင်နယ်တိုက်စစ်မှူးဟောင်း အလန် စမစ်က ခီလီယန် အမ်ဘာပေကို ခေါ်ယူပြီး အသင်းရဲ့ လစာပေးချေမှုပုံစံကို ဖျက်ဆီးပစ်နိုင်တဲ့အလားအလာနဲ့ပတ်သက်ပြီး အသင်းဟောင်းကို သတိပေးခဲ့ပါတယ်။ ပီအက်စ်ဂျီကြယ်ပွင့်တိုက်စစ်မှူးဟာ ယခုနွေရာသီ မဟုတ်ရင်တောင် လာမယ့်နွေရာသီမှာ လီဂူးဝမ်း ချန်ပီယံတွေကို စွန့်ခွာဖို့ ဆုံးဖြတ်ထားပုံပေါ်ပြီး အမ်ဘာပေဟာ ရီးရဲလ်မက်ဒရစ်ကို အလွတ်နဲ့ လာမယ့်နှစ်မှာ မပြောင်းရွှေ့ခင် ပဲရစ်မှာ ဆက်ရှိနေချင်နေတာဖြစ်ပါတယ်။ ကမ္ဘာ့အကောင်းဆုံးကစားသမားတွေထဲက တစ်ဦးအတွက် ပီအက်စ်ဂျီအသင်းအနေနဲ့ ကြီးမားတဲ့…

read more
အာတီတာကို ရှင်းလင်းတဲ့သတင်းစကားပေးပို့လိုက်တဲ့ တောင်ပံကြယ်ပွင့် user

အာတီတာကို ရှင်းလင်းတဲ့သတင်းစကားပေးပို့လိုက်တဲ့ တောင်ပံကြယ်ပွင့်

အာဆင်နယ်စံချိန်တင်ပြောင်းရွှေ့ကြေးရှင် နီကိုလာ ပေပေရဲ့ အနာဂတ်ဟာ အမ်းမရိတ်စ်မှာ မရှိတော့တဲ့ပုံပေါ်ပြီး လိုင်လီကြယ်ပွင့်ဟောင်းဟာ ၂၀၁၉ နွေရာသီမှာ ပေါင် ၇၂ သန်းနဲ့ မြောက်လန်ဒန်ကို ပြောင်းရွှေ့ခဲ့တာဖြစ်ပါတယ်။ အိုင်ဗရီကို့စ် လက်ရွေးစင်တောင်ပံကစားသမားဟာ ၂၀၁၈-၂၀၁၉ ရာသီကို လီဂူးဝမ်းကလပ်အသင်းအတွက် အလွန်ကောင်းမွန်တဲ့ ခြေစွမ်းပြသနိုင်ခဲ့ပေမယ့်လည်း ပရီးမီးယားလိဂ်မှာ အဲဒီလိုခြေစွမ်းမျိုးပြသနိုင်စွမ်းမရှိခဲ့တာဖြစ်ပါတယ်။ နောက်ဆုံးမှာတော့ ပေပေဟာ ပြင်သစ်ကို အငှားပြန်ချခံခဲ့ရပြီး ပြီးခဲ့တဲ့ရာသီကို လီဂူးဝမ်းကလပ် နိစ်အသင်းနဲ့အတူ…

read more
ဂန်းနားပစ်မှတ်အတွက် ရှားရှားပါးပါး သဘောတူခဲ့ကြတဲ့ သရဲနီကြယ်ပွင့်ဟောင်း ၂ ဦး user

ဂန်းနားပစ်မှတ်အတွက် ရှားရှားပါးပါး သဘောတူခဲ့ကြတဲ့ သရဲနီကြယ်ပွင့်ဟောင်း ၂ ဦး

ရီးရဲလ်မက်ဒရစ်ကြယ်ပွင့် အော်ရယ်လီယန် ချွင်မင်နီဟာ ယခုနွေရာသီအပြောင်းအရွှေ့ကာလမှာ အာဆင်နယ်ကို ပြောင်းရွှေ့ဖို့ သတင်းတွေထွက်ပေါ်နေတဲ့ နောက်ဆုံးကစားသမားဖြစ်ပါတယ်။ ဂန်းနားတွေဟာ ဂရားနစ် ချာကာကို ဘွန်ဒက်စ်လီဂါထိပ်သီးအသင်းဖြစ်တဲ့ လေဗာကူဆင်အသင်းကို ထွက်ခွာခွင့်ပေးခဲ့ပြီး သောမတ်စ် ပါတေးကိုလည်း သင့်တော်တဲ့ကမ်းလှမ်းမှုတွေ ရလာမယ်ဆိုရင် ထွက်ခွာခွင့်ပြုသွားမှာဖြစ်ပါတယ်။ အမ်းမရိတ်စ်ကို ရောက်ရှိလာတော့မယ့် ကွင်းလယ်ကစားသမားတစ်ဦးကတော့ ဝက်စ်ဟမ်းအသင်းခေါင်းဆောင် ဒီကလန် ရိုက်ဖြစ်ပြီး အာဆင်နယ်ကို ဗြိတိန်စံချိန်တင်ပြောင်းရွှေ့ကြေးပေါင် ၁၀၅ သန်းနဲ့ ပြောင်းရွှေ့လာမှာဖြစ်ပါတယ်။…

read more
ဗီယာရာ ရုန်းကန်နေရမှုအတွက် ဘယ်သူ့ကို အာတီတာ အပြစ်တင်ရမလဲ user

ဗီယာရာ ရုန်းကန်နေရမှုအတွက် ဘယ်သူ့ကို အာတီတာ အပြစ်တင်ရမလဲ

အာဆင်နယ်အသင်းဟာ အဓိကကစားသမားခေါ်ယူမှုတွေကို ပြုလုပ်နိုင်ခဲ့ပြီဖြစ်တာကြောင့် အသင်းကနေ ကစားသမားထွက်ခွာမှုတွေကို မြင်တွေ့ရတော့မှာ မြေကြီးလက်ခတ်မလွဲဖြစ်ပါတယ်။ အခု ဒီစာကို ရေးနေတဲ့အချိန်မှာ ပြီးခဲ့တဲ့လမှာ ပေါင် ၆၅ သန်းနဲ့ သဘောတူညီမှု ရရှိခဲ့တဲ့ ခိုင် ဟာဗတ်ဇ်ကို ပထမအသင်းလူစာရင်းထဲ သွတ်သွင်းပြီးဖြစ်ပြီး ဒီကလန် ရိုက်နဲ့ ယူရီယန် တင်းဘားတို့ကို အပြီးသတ်ခေါ်ယူနိုင်ဖို့ မျက်စိတမှိတ်လောက်သာလိုတော့တာဖြစ်ပါတယ်။ ဒီကစားသမား ၂ ဦးရဲ့ အပြောင်းအရွှေ့ပြီးတာနဲ့…

read more
ငွေကြေးသုံးစွဲနေမှုတွေကို ရပ်တန့်သွားတော့မယ့် အာဆင်နယ် user

ငွေကြေးသုံးစွဲနေမှုတွေကို ရပ်တန့်သွားတော့မယ့် အာဆင်နယ်

အာဆင်နယ်အသင်းဟာ ဒီကလန် ရိုက်နဲ့ ယူရီယန် တင်းဘားတို့ကို ခေါ်ယူနိုင်ပြီးနောက်ပိုင်း ကစားသမားအဝင်ကို ရပ်တန့်သွားဖို့ ပြင်ဆင်နေတယ်လို့ နာမည်ကျော် ဂျာနယ်လစ် ဒင်း ဂျုံးစ်ရဲ့ ပြောကြားချက်အရ သိရပါတယ်။ ဂန်းနားတွေဟာ ပြီးခဲ့တဲ့ရာသီမှာ မန်ချက်စတာစီးတီးနဲ့ ဆုဖလားစိန်ခေါ်နိုင်ခဲ့ပြီး ဒုတိယနေရာနဲ့ ရာသီပြီးဆုံးခဲ့ပြီးနောက် အာဆင်ဝင်းဂါးလက်ထက်နောက်ပိုင်း ပထမဆုံးအကြိမ် ချန်ပီယံလိဂ်ဝင်ခွင့် ပြန်လည်ရရှိခဲ့တာကြောင့် ယခုနွေရာသီအပြောင်းအရွှေ့မှာ အမှန်တကယ် ငွေကြေးသုံးစွဲမှုတွေ ပြုလုပ်နေတာဖြစ်ပါတယ်။ မြောက်လန်ဒန်ကလပ်အသင်းရဲ့…

read more
အမ်ဘာပေအတွက် အလိုက်ပေးဖို့ ကစားသမား ၄ ဦးအထိရှိနေတဲ့ အာဆင်နယ် user

အမ်ဘာပေအတွက် အလိုက်ပေးဖို့ ကစားသမား ၄ ဦးအထိရှိနေတဲ့ အာဆင်နယ်

ပီအက်စ်ဂျီကြယ်ပွင့်တိုက်စစ်မှူး ခီလီယန် အမ်ဘာပေကို အာဆင်နယ်အသင်းက ယခုနွေရာသီမှာ ခေါ်ယူဖို့ ကြိုးပမ်းသွားဖွယ်ရှိနေပြီး ပြင်သစ်လီဂူးဝမ်းချန်ပီယံတွေဟာ ပြင်သစ်ကြယ်ပွင့်က လာမယ့်နွေရာသီထက် ကျော်လွန်ပြီး အသင်းမှာ ဆက်မနေချင်တော့ဘူးလို့ ပြောထားတာကြောင့် ကြီးမားတဲ့ငွေကြေးနဲ့ ရောင်းထုတ်သွားနိုင်တယ်လို့ တစ်ကြိုပေးခံထားရပါတယ်။ အမ်ဘာပေက ပရီးမီးယားလိဂ်ကိုသာ ပြောင်းရွှေ့ခဲ့မယ်ဆိုရင် လီဗာပူးလ်အသင်းထက် အာဆင်နယ်ကို ပိုမို ပြောင်းရွှေ့ချင်နေတယ်လို့ သတင်းတွေက ဖော်ပြခဲ့ပေမယ့်လည်း ပီအက်စ်ဂျီကြယ်ပွင့်ရဲ့ ကြီးမားတဲ့ ပြောင်းရွှေ့ကြေးက ဂန်းနားတွေအတွက်…

read more
တူရကီမက်ဆီကို မရခဲ့တဲ့ ဂန်းနားတွေကို အကူအညီပေးနိုင်တဲ့ အန်ချယ်လော့တီ user

တူရကီမက်ဆီကို မရခဲ့တဲ့ ဂန်းနားတွေကို အကူအညီပေးနိုင်တဲ့ အန်ချယ်လော့တီ

ရီးရဲလ်မက်ဒရစ်နည်းပြ ကာလို အန်ချယ်လော့တီဟာ အာဆင်နယ်အသင်းရဲ့ ယခုနွေရာသီ နောက်ထပ် အထင်ကြီးဖွယ်ကစားသမားခေါ်ယူမှုကို လုပ်ဆောင်နိုင်ဖို့ အဓိကကျလာဖွယ်ရှိနေပါတယ်။ အာဆင်နယ်ဟာ ယခုနွေရာသီအပြောင်းအရွှေ့ကာလမှာ အတက်ကြွဆုံး ပရီးမီးယားလိဂ်ကလပ်တွေထဲက တစ်ခုဖြစ်ပြီး ဟာဗတ်ဇ်ကို ချဲလ်ဆီးအသင်းကနေ ခေါ်ယူထားနိုင်ခဲ့ပြီးဖြစ်ပါတယ်။ ဂန်းနားတွေဟာ ဝက်စ်ဟမ်းအသင်းခေါင်းဆောင် ဒီကလန် ရိုက်နဲ့ အိုင်းယက်နောက်ခံလူ ယူရီယန် တင်းဘားတို့ကိုလည်း လာမယ့်ရက်ပိုင်းတွေမှာ အမ်းမရိတ်စ်အရောက်ခေါ်ယူသွားတော့မှာ ဖြစ်ပါတယ်။ ရိုက်နဲ့ တင်းဘားတို့ဟာ သောကြာနေ့(ယနေ့)မှာ…

read more
အာဆင်နယ်ကို ဖျက်ဆီးခဲ့တဲ့ ကစားသမားကိုခေါ်ယူဖို့ အခွင့်အရေး ရခဲ့တဲ့ အာတီတာ user

အာဆင်နယ်ကို ဖျက်ဆီးခဲ့တဲ့ ကစားသမားကိုခေါ်ယူဖို့ အခွင့်အရေး ရခဲ့တဲ့ အာတီတာ

အာဆင်နယ်ကို ဖျက်ဆီးခဲ့တဲ့ ကစားသမားကိုခေါ်ယူဖို့ အခွင့်အရေး ရခဲ့တဲ့ အာတီတာအာဆင်နယ်အသင်းဟာ ယခုနွေရာသီမှာ ပီအက်စ်ဗွီကြယ်ပွင့် ဇာဗီ ဆိုင်မွန်ကို ခေါ်ယူဖို့ အခွင့်အရေး ကမ်းလှမ်းခြင်းခံခဲ့ရတယ်လို့ သတင်းတွေက ဖော်ပြခဲ့ပါတယ်။ ဂန်းနားတွေဟာ ယခုနွေရာသီအပြောင်းအရွှေ့ကာလကို အကောင်းဆုံးပုံစံနဲ့ စတင်ခဲ့တာဖြစ်ပြီး ချဲလ်ဆီးကနေ ခိုင် ဟာဗတ်ဇ်ကို ပေါင် ၆၅ သန်းနဲ့ ခေါ်ယူနိုင်ခဲ့သလို ဒီကလန် ရိုက်စ်နဲ့ ယူရီယန် တင်းဘားတို့ကိုလည်း…

read more
ပရီးမီးယားလိဂ်နဲ့ အခြားလိဂ်က ပြိုင်ဘက်တွေထက် ခေါင်းတစ်လုံးပိုမြင့်တဲ့အသင်းဖြစ်လာတဲ့ အာဆင်နယ် user

ပရီးမီးယားလိဂ်နဲ့ အခြားလိဂ်က ပြိုင်ဘက်တွေထက် ခေါင်းတစ်လုံးပိုမြင့်တဲ့အသင်းဖြစ်လာတဲ့ အာဆင်နယ်

အာဆင်နယ်အသင်းဟာ ဘောလုံးလောကမှာ လူစာရင်းတန်ဖိုး ယူရို ၁ ဘီလီယံတန်ကြေးရှိတဲ့ ဒုတိယမြောက် ကလပ်အသင်းဖြစ်လာခဲ့ပြီဖြစ်တယ်လို့ နောက်ဆုံးသတင်းတွေအရ သိရပါတယ်။ ဂန်းနားတွေဟာ ပရီးမီးယားလိဂ်မှာ ဒုတိယနေရာနဲ့ ရာသီပြီးဆုံးခဲ့ပြီး အထင်ကြီးဖွယ် ကောင်းတဲ့ ၂၀၂၂-၂၀၂၃ ရာသီကို ပိုင်ဆိုင်ခဲ့ပြီးနောက်ပိုင်း ကြည့်လိုက်သမျှ နေရာတိုင်းမှာ အဆင့်အတန်းတွေ မြင့်တက်လာခဲ့တာ ဖြစ်ပါတယ်။ ချန်ပီယံလိဂ်ပြိုင်ပွဲမှာ ပြန်လည်ယှဉ်ပြိုင်ခွင့် ရရှိခဲ့ပြီဖြစ်တဲ့ အာဆင်နယ်ဟာ ယူရို ၁…

read more
ဘေးလူတွေတောင် စိုးရိမ်နေရတဲ့ ငရုတ်သီးလေးအရေး အာတီတာ လစ်လျူရှုနေသလား user

ဘေးလူတွေတောင် စိုးရိမ်နေရတဲ့ ငရုတ်သီးလေးအရေး အာတီတာ လစ်လျူရှုနေသလား

အာဆင်နယ်အသင်းဟာ ဒီကလန် ရိုက်နဲ့ ယူရီယန် တင်းဘားတို့ကို သိပ်မကြာမီ အချိန်အတွင်း အပြီးသတ်ခေါ်ယူနိုင်ပြီဖြစ်ကြောင်း ကြေညာတော့မယ်လို့ မျှော်မှန်းခြင်းခံထားရပေမယ့်လည်း ယခုနွေရာသီမှာ နောက်ထပ်ကစားသမားခေါ်ယူမှုတစ်ခု ပြုလုပ်ဖို့ တောင်းဆိုခံခဲ့ရပါတယ်။ ဂန်းနားတွေဟာ ဝက်စ်ဟမ်းအသင်းခေါင်းဆောင်နဲ့ အိုင်းယက်စ်နောက်ခံလူတို့ ၂ ယောက်အတွက် ပေါင် ၁၄၅ သန်း အထိ သုံးစွဲသွားရမှာဖြစ်ပြီး ယခုနွေရာသီ အပြောင်းအရွှေ့စျေးကွက်အစမှာ ချဲလ်ဆီးကနေ ခိုင် ဟာဗတ်ဇ်ကို ပေါင်…

read more