အမ်းမရိတ်စ်က ထွက်ဖို့ သဘောတူလိုက်တဲ့ ပါတေးကြောင့် အစားထိုးရတော့မယ့် အာဆင်နယ် user

အမ်းမရိတ်စ်က ထွက်ဖို့ သဘောတူလိုက်တဲ့ ပါတေးကြောင့် အစားထိုးရတော့မယ့် အာဆင်နယ်

အာဆင်နယ်ကွင်းလယ်ကြယ်ပွင့် သောမတ်စ် ပါတေးဟာ အမ်းမရိတ်စ်ကို စွန့်ခွာပြီး ဆော်ဒီ အာရေဗျကလပ်ကို ပြောင်းရွှေ့ဖို့ သဘောတူညီလိုက်ပြီလို့ အရှေ့အလယ်ပိုင်းက သတင်းတွေအရ သိရပါတယ်။ ဂါနာကွင်းလယ်ကစားသမားဟာ ယခုနွေရာသီမှာ အမ်းမရိတ်စ်ကနေ ထွက်ခွာဖို့ သတင်းတွေ အခိုင်အမာ ထွက်ပေါ်ခဲ့သူဖြစ်ပြီး ဒီကလန် ရိုက်ရဲ့ ပေါင် ၁၀၅ သန်းနဲ့ ဝက်စ်ဟမ်းကနေ ပြောင်းရွှေ့လာမှုက ကောလာဟလတွေကို အရှိန်မြှင့်ပေးခဲ့တာဖြစ်ပါတယ်။ ပါတေးဟာ ပြီးခဲ့တဲ့ရာသီ…

read more
မျှော်နေတဲ့ ပရိသတ်တွေကို ရိုက်နဲ့ မိတ်ဆက်ပေးလိုက်ပြီဖြစ်တဲ့ အာဆင်နယ် user

မျှော်နေတဲ့ ပရိသတ်တွေကို ရိုက်နဲ့ မိတ်ဆက်ပေးလိုက်ပြီဖြစ်တဲ့ အာဆင်နယ်

အာဆင်နယ်အသင်းဟာ ဝက်စ်ဟမ်းအသင်းကနေ ဒီကလန် ရိုက်ကို ပေါင် ၁၀၅ သန်းနဲ့ ခေါ်ယူနိုင်ခဲ့ပြီဖြစ်တယ်လို့ အတည်ပြု ကြေညာလိုက်ပြီဖြစ်ပါတယ်။ အင်္ဂလန်လက်ရွေးစင်ကွင်းလယ်ကစားသမားအနေနဲ့ ဟမ်းမားတွေကို စွန့်ခွာသွားပြီလို့ ယနေ့နံနက်အစောပိုင်းမှာ ဝက်စ်ဟမ်းအသင်းက ကြေညာခဲ့ပြီးနောက် မြောက်လန်ဒန်ကလပ်အသင်းနဲ့ ဒီကလန် ရိုက်တို့ ကာလရှည် စာချုပ် ချုပ်ဆိုခဲ့ကြတာဖြစ်ပါတယ်။ နည်းပြ မီခေးလ် အာတီတာက “ကျွန်တော်တို့နဲ့ ဒီကလန် ရိုက် ပူးပေါင်းခဲ့တဲ့အတွက် တကယ်ကို…

read more
အာဆင်နယ်ကို ပြောင်းရတဲ့အကြောင်းကို ထုတ်ပြောလိုက်တဲ့ ရိုက် user

အာဆင်နယ်ကို ပြောင်းရတဲ့အကြောင်းကို ထုတ်ပြောလိုက်တဲ့ ရိုက်

ဒီကလန် ရိုက်ဟာ အာဆင်နယ်ကို ပြောင်းရွှေ့ခဲ့တာဟာ ဘယ်အရာက တွန်းအားပေးခဲ့တာလဲဆိုတာကို ရှင်းလင်းထားတဲ့ နှုတ်ဆက်စာကို ဝက်စ်ဟမ်းအသင်းပရိသတ်တွေဆီ ပေးပို့ခဲ့ပါတယ်။ အင်္ဂလန်လက်ရွေးစင်ကွင်းလယ်ကြယ်ပွင့်ရဲ့ ဗြိတိန်စံချိန်တင်အပြောင်းအရွှေ့ဟာ ယနေ့မှာ တရားဝင် အတည်ပြုလိုက်ပြီဖြစ်ပြီး အာဆင်နယ်အသင်းက တရားဝင် ကြေညာသွားဖို့သာ ကျန်တော့တာဖြစ်ပါတယ်။ အာတီတာက အသက် ၂၄ နှစ်အရွယ် ကွင်းလယ်ကစားသမားကို နံပါတ် ၁ နွေရာသီအပြောင်းအရွှေ့ပစ်မှတ်အဖြစ် သတ်မှတ်ခဲ့တာဖြစ်ပြီး အချိန်အတော်ကြာ ညှိနှိုင်းဆွေးနွေးမှုတွေ…

read more
ဟာဗတ်ဇ်ရဲ့ ပွဲဦးထွက်နဲ့ ဆာကာ တောက်ပခဲ့တဲ့ နုရင်ဘတ်နဲ့ပွဲမှာ လွတ်သွားနိုင်တဲ့ အရာ ၅ ခု user

ဟာဗတ်ဇ်ရဲ့ ပွဲဦးထွက်နဲ့ ဆာကာ တောက်ပခဲ့တဲ့ နုရင်ဘတ်နဲ့ပွဲမှာ လွတ်သွားနိုင်တဲ့ အရာ ၅ ခု

အာဆင်နယ်အသင်းဟာ ရာသီကြိုပထမဆုံးခြေစမ်းပွဲစဉ်အဖြစ် နုရင်ဘတ်နဲ့ ကစားခဲ့တဲ့ပွဲစဉ်မှာ ကစားသမား ၁၉ ဦးအထိ အသုံးပြုခဲ့ပြီး တစ်ဖက် ၁ ဂိုးစီ သရေကျခဲ့ပါတယ်။ အာတီတာရဲ့အသင်းဟာ ဂျာမနီတောင်ပိုင်းမှာ အလွန်ကောင်းမွန်တဲ့စတင်မှုကို ပြုလုပ်နိုင်ခဲ့တာဖြစ်ပြီး ဘူကာယို ဆာကာက ၇ မိနစ်မှာပဲ အလွန်ကောင်းမွန်တဲ့ ဂိုးကန်သွင်းမှုနဲ့အတူ အဖွင့်ဂိုးကို သွင်းယူပေးသွားခဲ့တာဖြစ်ပါတယ်။ အသက် ၂၁ နှစ်အရွယ် တောင်ပံကစားသမားဟာ ပထမပိုင်း မပြီးဆုံးခင်မှာ…

read more
စိုးရိမ်စရာ ဒဏ်ရာသတင်း ၂ ခုကို အတည်ပြုခဲ့တဲ့ အာတီတာ user

စိုးရိမ်စရာ ဒဏ်ရာသတင်း ၂ ခုကို အတည်ပြုခဲ့တဲ့ အာတီတာ

အာဆင်နယ်အသင်းဟာ နုရင်ဘတ်နဲ့ ကစားခဲ့တဲ့ပွဲစဉ်မှာ မာတင် အော်ဒီဂွါဒ်နဲ့ ထရော့ဆာ့ဒ်တို့ရဲ့ ဒဏ်ရာပြဿနာနဲ့ပတ်သက်ပြီး စိုးရိမ်ပူပင်နေရတယ်လို့ အာတီတာက အတည်ပြု ပြောကြားခဲ့ပါတယ်။ ဂန်းနားတွေဟာ ကြာသပတေးနေ့ညက ရာသီကြို ခြေစမ်းပွဲအဖြစ် ဂျာမနီမှာ နုရင်ဘတ်နဲ့ ကစားခဲ့တဲ့ ပွဲစဉ်မှာ စိတ်ပျက်စရာ စွမ်းဆောင်ရည်နဲ့ တစ်ဖက် ၁ ဂိုးစီ သရေကျခဲ့တာ ဖြစ်ပြီး ပွဲမကစားခင်ကတည်းက မာတင် အော်ဒီဂွါဒ်ဟာ ဒဏ်ရာရရှိသွားခဲ့တာကြောင့်…

read more
ဂန်းနားပစ်မှတ်နဲ့ပတ်သက်ပြီး ဝန်ခံပြောဆိုလိုက်တဲ့ ချဲလ်ဆီးဂန္တဝင် user

ဂန်းနားပစ်မှတ်နဲ့ပတ်သက်ပြီး ဝန်ခံပြောဆိုလိုက်တဲ့ ချဲလ်ဆီးဂန္တဝင်

ဖရန့်ခ် လမ်းပတ်က ချဲလ်ဆီးအသင်းနည်းပြအဖြစ်နဲ့ စတမ်းဖို့ဒ် ဘရစ်ချ်မှာ ရှိနေခဲ့တဲ့ကာလတုန်းက အာဆင်နယ်ကစားသမားသစ်အဖြစ် ထုတ်ဖော်မိတ်ဆက်ခြင်းခံရတော့မယ့် ဒီကလန် ရိုက်ကို ခေါ်ယူချင်ခဲ့တယ်လို့ ထုတ်ဖော်ပြောကြားခဲ့ပါတယ်။ လမ်းပတ်ဟာ ဧပြီလမှာ ချဲလ်ဆီးအသင်းရဲ့ ယာယီနည်းပြအဖြစ် ခန့်အပ်ခြင်း ခံခဲ့ရပြီးနောက် ပြီးခဲ့တဲ့ရာသီကုန်မှာ စတမ်းဖို့ဒ်ဘရစ်ချ်ကို နောက်ထပ်တစ်ကြိမ် စွန့်ခွာခဲ့သူဖြစ်ပြီး ချဲလ်ဆီးဂန္တဝင်ဟာ ၁၁ ပွဲမှာ ၁ ပွဲသာ နိုင်ပွဲရယူပေးနိုင်ခဲ့တဲ့အထိ ခက်ခဲတဲ့ နည်းပြဒုတိယသက်တမ်းကို…

read more
အမ်းမရိတ်စ်ကို စွန့်ခွာဖို့ ပြင်ပြီးမှ ဆက်နေတော့မယ့် ကြယ်ပွင့်ကစားသမား user

အမ်းမရိတ်စ်ကို စွန့်ခွာဖို့ ပြင်ပြီးမှ ဆက်နေတော့မယ့် ကြယ်ပွင့်ကစားသမား

ဖိုလာရင် ဘာလိုဂန်ဟာ ၎င်းရဲ့ အင်စတာဂရမ် ဘိုင်အိုမှာ အာဆင်နယ်ကို ပြန်လည်ထည့်သွင်းခဲ့ပြီးနောက် အမ်းမရိတ်စ်မှာ ယခုနွေရာသီထက် ကျော်လွန်ပြီး ဆက်နေတော့မယ်ဆိုတဲ့ သဲလွန်စပေးခဲ့ပါတယ်။ ဘာလိုဂန်ဟာ ပြီးခဲ့တဲ့ရာသီ ရင်းမ်စ်အသင်းမှာ အငှားထွက်ကစားချိန်အတွင်း လီဂူးဝမ်း ၂၇ ပွဲမှာ သွင်းဂိုး ၂၁ ဂိုးအထိ သွင်းယူနိုင်ခဲ့ပြီးနောက် ယခုနွေရာသီအပြောင်းအရွှေ့ကာလမှာ အသင်းအများအပြားက အလိုရှိတဲ့ ကစားသမားဖြစ်လာခဲ့တာဖြစ်ပါတယ်။ ဒါပေမယ့်လည်း ဘာလိုဂန်ရဲ့ ခြေစွမ်းကောင်းပြသနိုင်မှုက…

read more
ဟာဗတ်ဇ်အခန်းကဏ္ဍအပါအဝင် လေ့ကျင့်ရေးမှာ မြင်ခဲ့ရတဲ့ အရာ ၅ ခု user

ဟာဗတ်ဇ်အခန်းကဏ္ဍအပါအဝင် လေ့ကျင့်ရေးမှာ မြင်ခဲ့ရတဲ့ အရာ ၅ ခု

အာဆင်နယ်လူစာရင်းရဲ့ ကစားသမားအများစုဟာ လက်ရှိမှာ ရာသီကြို လေ့ကျင့်ရေးအတွက် အသင်းကို ပြန်လည်ရောက်ရှိနေပြီဖြစ်ပြီး ပူပြင်းတဲ့နေရောင်အောက်မှာ အာတီတာရဲ့ လေ့ကျင့်မှုတွေကို အားသွန်ခွန်စိုက် လုပ်ဆောင်နေကြပြီဖြစ်ပါတယ်။ ဂန်းနားတွေဟာ လက်ရှိမှာ နုရင်ဘတ်နဲ့ ယခုနွေရာသီ ပထမဆုံး ခြေစမ်းပွဲကစားဖို့ ဂျာမနီကို ရောက်ရှိနေတာဖြစ်ပြီး ဒီပွဲစဉ်ဟာ ဂန်းနားပရိသတ်တွေအတွက် ကစားသမားသစ် ခိုင် ဟာဗတ်ဇ်ကို ပထမဆုံးမြင်တွေ့ခွင့်ရမယ့် အခွင့်အရေးဖြစ်လာမှာဖြစ်ပါတယ်။ အာဆင်နယ်ရဲ့ လူမှုကွန်ရက်အဖွဲ့ကလည်း ရာသီသစ်ရဲ့…

read more
အမ်ဘာပေနဲ့ အာဆင်နယ်တို့ရဲ့ အခြေအနေမှန်ကို ဖွင့်ဟလိုက်တဲ့ ဂျာနယ်လစ် user

အမ်ဘာပေနဲ့ အာဆင်နယ်တို့ရဲ့ အခြေအနေမှန်ကို ဖွင့်ဟလိုက်တဲ့ ဂျာနယ်လစ်

နာမည်ကျော် CBS ဂျာနယ်လစ် ဘန် ဂျေကော့ဘ်က အမ်ဘာပေကို အာဆင်နယ်နဲ့ လီဗာပူးလ်တို့က ခေါ်ယူဖို့ စိတ်ဝင်စားနေတယ်လို့ သတင်းတွေထွက်ပေါ်နေပေမယ့်လည်း နှစ်သင်းစလုံးက ခေါ်ဖို့ စဉ်းစားနေတာမျိုး မရှိဘဲ တကယ်ခေါ်မယ့်သူက ဆော်ဒီက ဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။ အမ်ဘာပေဟာ လက်ရှိအချိန်မှာ ဥရောပရဲ့ အကောင်းဆုံးကစားသမားတွေထဲက တစ်ဦးဖြစ်တာကြောင့် ထိပ်တန်းအဆင့်ပြိုင်ပွဲကနေ ထွက်ခွာလိုတဲ့ဆန္ဒမျိုး မရှိပေမယ့်လည်း ဆော်ဒီအာရေဗျ အများသူငှာရင်းနှီးမြှုပ်နှံမှုရန်ပုံငွေအဖွဲ့(PIF)ကိုယ်တိုင်က ပြင်သစ်တိုက်စစ်မှူးကို…

read more
၂ ပတ်ကြာတဲ့အထိ ရိုက်ကို ချမပြနိုင်သေးတာ ဘာကြောင့်လဲ user

၂ ပတ်ကြာတဲ့အထိ ရိုက်ကို ချမပြနိုင်သေးတာ ဘာကြောင့်လဲ

ဒီကလန် ရိုက်ရဲ့ အာဆင်နယ်ကို အပြောင်းအရွှေ့ဟာ ဝက်စ်ဟမ်းအသင်းက လွန်ခဲ့တဲ့ ၂ ပတ်နီးပါးကတည်းက ၎င်းတို့ရဲ့ အသင်းခေါင်းဆောင်အတွက် သဘောတူညီမှု ရရှိခဲ့ပြီးဖြစ်ပေမယ့်လည်း အပြီးမသတ်နိုင်သေးတာဖြစ်ပါတယ်။ ဒေးဗစ် မွိုက်စ်ရဲ့ အသင်းဟာ အသင်းစံချိန်တင်ပြောင်းရွှေ့ကြေး ပေါင် ၁၀၅ သန်းနဲ့ သဘောတူညီမှု ရရှိခဲ့တာဖြစ်ပြီး ၎င်းတို့ရဲ့ ကြယ်ပွင့်ကစားသမားကို ထပ်ဆောင်းပေးချေမှု ပေါင် ၅ သန်းပါဝင်တဲ့ ကနဦးပြောင်းရွှေ့ကြေးပေါင်သန်း ၁၀၀…

read more