တင်းဘားဒဏ်ရာကြောင့် အရေးပေါ်အစီအစဉ်ဆွဲနေတဲ့ အာဆင်နယ် 590 350 coyg

တင်းဘားဒဏ်ရာကြောင့် အရေးပေါ်အစီအစဉ်ဆွဲနေတဲ့ အာဆင်နယ်

အာဆင်နယ်ဟာ ပြင်းထန်တဲ့ ဒူးဒဏ်ရာရရှိခဲ့တဲ့ တင်းဘားကြောင့် စက်တင်ဘာ ၁ ရက်နေ့မတိုင်ခင် ဘယ်နောက်ခံကစားသမားတစ်ဦး ခေါ်ယူဖို့ ပြင်ဆင်နေပြီလို့ သိရပါတယ်။ ယူရီယန် တင်းဘားဟာ အိုင်းယက်ကနေ ပေါင် ၃၄ သန်းနဲ့ ပြောင်းရွှေ့လာပြီးနောက် အမ်းမရိတ်စ်မှာ ချက်ချင်းပဲ ခြေစွမ်းပြသနိုင်ခဲ့သူဖြစ်ပြီး နော်တင်ဟမ်ဖောရက်စ်ကို ၂-၁ နဲ့ အနိုင်ရခဲ့တဲ့ပွဲမှာ ရခဲ့တဲ့ ဒဏ်ရာကြောင့် အချိန်တစ်ခုအထိ အနားယူရတော့မှာဖြစ်ပါတယ်။ ဇင်ချန်ကိုကလည်း…

read more
ပရိသတ်တွေကို ကြံ့ခိုင်မှုနဲ့ပတ်သက်ပြီး ဝန်ခံပြောဆိုမှုတွေ ပြုလုပ်ခဲ့တဲ့ ဆာလီဘာ 1024 775 coyg

ပရိသတ်တွေကို ကြံ့ခိုင်မှုနဲ့ပတ်သက်ပြီး ဝန်ခံပြောဆိုမှုတွေ ပြုလုပ်ခဲ့တဲ့ ဆာလီဘာ

ဝီလီယံ ဆာလီဘာက ၂၀၂၃-၂၀၂၄ ရာသီကို အားကောင်းတဲ့ပုံစံနဲ့ စတင်နိုင်ခဲ့ပေမယ့်လည်း မကြာသေးမီက အင်တာဗျူးမှာ ကြံ့ခိုင်မှုအခြေအနေက အပြည့်အဝ မရသေးဘူးလို့ ပြောကြားခဲ့ပါတယ်။ အာဆင်နယ်နောက်ခံကစားသမားဟာ ပြီးခဲ့တဲ့နှစ်ကုန်မှာ ရာသီနောက်ဆုံးပိုင်းကို လွဲချော်စေခဲ့တဲ့ ဒဏ်ရာရရှိခဲ့တာဖြစ်ပေမယ့်လည်း ယခုနွေရာသီမှာ ရာသီကြို ခရီးစဉ်အတွက် လူစာရင်းထဲကို အချိန်မီ ပြန်လာနိုင်ခဲ့တာဖြစ်ပါတယ်။ နော်တင်ဟမ်ဖောရက်စ်ကို ၂-၁ နဲ့ အနိုင်ရရှိခဲ့တဲ့ပွဲစဉ်အပြီးမှာ ဆာလီဘာက လက်ရှိအချိန်မှာ ၁၀၀…

read more
ဖောရက်စ်နဲ့ပွဲက ဂန်းနားကြယ်ပွင့်နဲ့ပတ်သက်ပြီး သဘောတူခဲ့တဲ့ အာတီတာနဲ့ ဟားဂရိဗ်စ် 1024 504 coyg

ဖောရက်စ်နဲ့ပွဲက ဂန်းနားကြယ်ပွင့်နဲ့ပတ်သက်ပြီး သဘောတူခဲ့တဲ့ အာတီတာနဲ့ ဟားဂရိဗ်စ်

ဂါဘရီယဲလ် မာတီနယ်လီဟာ နော်တင်ဟမ် ဖောရက်စ်ကို ၂-၁ နဲ့ အနိုင်ရရှိခဲ့တဲ့ပွဲစဉ်အပြီးမှာ အိုဝင် ဟားဂရိဗ်စ်ရဲ့ ချီးကျူးပြောဆိုမှုတွေ ပြုလုပ်ခဲ့ပါတယ်။ အက်ဒီ အန်ကီးတီးယား၊ ဘူကာယို ဆာကာတို့ရဲ့ သွင်းဂိုးတွေကြောင့် အာဆင်နယ်အသင်းဟာ အနိုင် ၃ မှတ် ရယူနိုင်ခဲ့တာဖြစ်ပေမယ့်လည်း မာတီနယ်လီက ဂန်းနားတွေရဲ့ တိုက်စစ်မှာ အထင်ကြီးစရာအကောင်းဆုံး ကစားသမားဖြစ်ခဲ့တယ်ဆိုတာတော့ ငြင်းလို့မရတာဖြစ်ပါတယ်။ ဘရာဇီးလ် တိုက်စစ်မှူးဟာ မြောက်လန်ဒန်ကလပ်ရဲ့…

read more
မဟာဗျူဟာမြောက် အပြောင်းအရွှေ့ကို လုပ်ဆောင်နိုင်ခဲ့တဲ့ အာတီတာနဲ့ အီဒူး 853 470 coyg

မဟာဗျူဟာမြောက် အပြောင်းအရွှေ့ကို လုပ်ဆောင်နိုင်ခဲ့တဲ့ အာတီတာနဲ့ အီဒူး

အာဆင်နယ်ရဲ့ ဒေးဗစ် ရာယာကို ဘရန့်တ်ဖို့ဒ်ကနေ ခေါ်ယူမယ့်ကိစ္စဟာ ပြီးခဲ့တဲ့ရက်ပိုင်းတွေမှာ အဓိက ပြောစရာဖြစ်ခဲ့ပြီး FFP နဲ့ မငြိအောင် အပြီးသတ်ဝယ်ယူခွင့်ပါဝင်တဲ့ ကနဦး အငှားစာချုပ်နဲ့ ခေါ်ယူသွားမှာ ဖြစ်ပါတယ်။ ဘရန့်တ်ဖို့ဒ်နဲ့ သဘောတူညီမှုကို နားလည်ထားမှု ဗုဒ္ဓဟူးနေ့ညနေမှာ ဒေးဗစ် အွန်းစတိုင်းက ဒေးဗစ် ရာယာဟာ အာဆင်နယ်ကို ဘရန့်တ်ဖို့ဒ်ကနေ အငှားနဲ့ ပြောင်းရွှေ့မှာဖြစ်တယ်လို့ ထုတ်ဖော်ပြောဆိုခဲ့ပြီး ပေါင်…

read more
ပရိသတ်တွေ ဘာလို့ချစ်တာလဲမသိဘူးဆိုတဲ့ ဆာကာနဲ့ တွေ့ဆုံမေးမြန်းမှု 624 351 coyg

ပရိသတ်တွေ ဘာလို့ချစ်တာလဲမသိဘူးဆိုတဲ့ ဆာကာနဲ့ တွေ့ဆုံမေးမြန်းမှု

အာဆင်နယ်ကြယ်ပွင့် ဘူကာယို ဆာကာက မကြာသေးမီက အာဆင်နယ်အသင်းနဲ့ပတ်သက်တဲ့အကြောင်းအရာတွေ၊ ကလေးဘဝနဲ့ တန်ဖိုးထားရတဲ့အရာတွေကို France Football နဲ့ အင်တာဗျူးမှာ အဖြေပေးခဲ့ပါတယ်။ မေး- ဘောလုံးက ခင်ဗျားရဲ့ ဘဝဖြစ်လာပုံကို ပြောပါဦး။ ဖြေ- ဘောလုံးက ကျွန်တော်ကလေးဘဝကတည်းက ကျွန်တော့်ဘဝထဲမှာ ရှိခဲ့တာပါ။ ကျွန်တော် ဒီပြိုင်ပွဲရှိတာကို သိတာနဲ့တပြိုင်နက် ကျွန်တော် နှစ်သက်မိခဲ့တယ်။ ကျွန်တော် နှစ်သက်နေတုန်းပါပဲ။ ကျွန်တော့်အိမ်ပတ်ဝန်းကျင်က…

read more
နော်တင်ဟမ်ဖောရက်စ်နဲ့ပွဲအပြီး သတင်းစာရှင်းလင်းပွဲမှာ အာတီတာ ပြောခဲ့သမျှ 1024 538 coyg

နော်တင်ဟမ်ဖောရက်စ်နဲ့ပွဲအပြီး သတင်းစာရှင်းလင်းပွဲမှာ အာတီတာ ပြောခဲ့သမျှ

စနေနေ့ညနေ အမ်းမရိတ်စ်မှာ နော်တင်ဟမ်ဖောရက်စ်ကို ၂-၁ နဲ့ အနိုင်ရရှိပြီး ရာသီအဖွင့်ကို နိုင်ပွဲနဲ့ ဖွင့်လှစ်နိုင်ခဲ့ပြီးနောက် ပွဲပြီးသတင်းစာရှင်းလင်းပွဲမှာ အာတီတာက ပရိသတ်တွေသိချင်မယ့် မေးခွန်းတွေကို အဖြေပေးခဲ့ပါတယ်။ မေး- ကစားသမားတွေကို ဘယ်လိုအဆင့်သတ်မှတ်ချင်လဲ။ ဖြေ- ဒီနေ့ အာဆင်နယ်အတွက် အထူးချွန်ဆုံး စွမ်းဆောင်ရည်ပြခဲ့တဲ့ ဆာကာနဲ့ မာတီနယ်လီတို့ထက် ကျော်ပြီး ကြည့်ဖို့ ခက်ပါတယ်။ အထူးသဖြင့် မာတီနယ်လီက အရမ်းထူးခြားကောင်းမွန်ခဲ့တယ်။…

read more
ဆာကာရဲ့ အမိုက်စားကန်ချက်နဲ့ ဆုဖလားစိန်ခေါ်မှုစတင်ခဲ့တဲ့ ဆင်ပျံကြီးရဲ့ပွဲက ပြန်ပြောစရာအချက်များ 1024 504 coyg

ဆာကာရဲ့ အမိုက်စားကန်ချက်နဲ့ ဆုဖလားစိန်ခေါ်မှုစတင်ခဲ့တဲ့ ဆင်ပျံကြီးရဲ့ပွဲက ပြန်ပြောစရာအချက်များ

အာဆင်နယ်အသင်းဟာ စနေနေ့ညနေ အမ်းမရိတ်စ်မှာ နော်တင်ဟမ်ဖောရက်စ်ကို ၂-၁ နဲ့ အနိုင်ရရှိခဲ့ပြီး ဘူကာယို ဆာကာရဲ့ အလွန်ကောင်းမွန်တဲ့ ပထမပိုင်း ကန်ချက်က အာဆင်နယ်ရဲ့ ဆုဖလားစိန်ခေါ်မှုကို အကူအညီပေးခဲ့ပါတယ်။ လက်ရှိချန်ပီယံ မန်စီးတီးက သောကြာနေ့ညမှာ ဘန်လေကို ၃-၀ နဲ့ အနိုင်ယူပြီး အမှတ်ပေးဇယားကို ဦးဆောင်နိုင်ခဲ့တာဖြစ်ပေမယ့်လည်း အာဆင်နယ်က မြောက်လန်ဒန်မှာ ပရိသတ်တွေရှေ့မှောက် အနိုင် ၃ မှတ်ကို…

read more
အမ်းမရိတ်စ်က ရာသီအဖွင့်ကို နိုင်ပွဲနဲ့ ကန့်လန့်ကာဖွင့်မယ့် ဆင်ပျံကြီး 1024 576 coyg

အမ်းမရိတ်စ်က ရာသီအဖွင့်ကို နိုင်ပွဲနဲ့ ကန့်လန့်ကာဖွင့်မယ့် ဆင်ပျံကြီး

အာဆင်နယ်နဲ့ နော်တင်ဟမ် ဖောရက်စ်တို့ဟာ စနေနေ့ ညနေ ၆ နာရီမှာ ၂၀၂၃-၂၀၂၄ ရာသီအဖွင့်ပွဲစဉ်အဖြစ် ယှဉ်ပြိုင်ကစားသွားကြမှာဖြစ်ပြီး အာတီတာရဲ့အသင်းဟာ ယခုနွေရာသီခေါ်ယူမှုတွေဖြစ်တဲ့ ဒီကလန် ရိုက်၊ တင်းဘား၊ ခိုင် ဟာဗတ်ဇ်တို့နဲ့အတူ အင်အားပိုမိုတောင့်တင်းလာပြီး မန်စီးတီးကိုပါ အနိုင်ယူနိုင်စွမ်းရှိတယ်ဆိုတာ ကွန်မြူနတီဒိုင်းလုပွဲမှာ ပြသခဲ့တာဖြစ်ပါတယ်။ အာဆင်နယ်အနေနဲ့ စနေနေ့ပွဲစဉ်မှာလည်း နိုင်ပွဲနဲ့ ဖွင့်လှစ်ပြီး မန်ချက်စတာစီးတီးကို ပရီးမီးယားလိဂ်ဖလားပြိုင်ပွဲအတွက် နောက်ထပ်တစ်ကြိမ် တွန်းအားပေးနိုင်လိမ့်မယ်လို့…

read more
ရာယာကို ခေါ်ယူခဲ့တဲ့ အာတီတာရဲ့ဆုံးဖြတ်ချက်ကို အပြစ်တင်ခဲ့တဲ့ သရဲနီဂန္တဝင် 1024 504 coyg

ရာယာကို ခေါ်ယူခဲ့တဲ့ အာတီတာရဲ့ဆုံးဖြတ်ချက်ကို အပြစ်တင်ခဲ့တဲ့ သရဲနီဂန္တဝင်

မန်ချက်စတာယူနိုက်တက်ဂန္တဝင် ဂိုးသမားကြီး ပီတာ ရှမိုက်ကယ်က ဘရန့်တ်ဖို့ဒ်ဂိုးသမား ဒေးဗစ် ရာယာကို ခေါ်ယူခဲ့တဲ့ အာတီတာရဲ့ ဆုံးဖြတ်ချက်ကို ဝေဖန်ပြစ်တင်ခဲ့ပါတယ်။ အာတီတာရဲ့အသင်းက ဒေးဗစ် ရာယာအတွက် ဘရန့်တ်ဖို့ဒ်ကို ပေါင်သန်း ၃၀ ပေးချေဖို့ သဘောတူညီမှု ရရှိခဲ့တာ ဖြစ်ပြီး ရာယာဟာ လက်ရှိမှာ အာရွန် ရမ်းစ်ဒေးလ်ကို ပွဲထွက်ဂိုးသမားနေရာအတွက် ယှဉ်ပြိုင်မှု ပေးသွားတော့မှာဖြစ်ပြီး အာတီတာကလည်း အဲဒီအတိုင်း…

read more
ရမ်းစ်ဒေးလ်အတွက် စိုးရိမ်စရာ လျှို့ဝှက်ကတိပေးခဲ့တဲ့ အာတီတာ 590 386 coyg

ရမ်းစ်ဒေးလ်အတွက် စိုးရိမ်စရာ လျှို့ဝှက်ကတိပေးခဲ့တဲ့ အာတီတာ

ဒန်နီ မာဖီက အာတီတာဟာ အာဆင်နယ်ဂိုးသမားသစ် ဒေးဗစ် ရာယာကို အမ်းမရိတ်စ်မှာ ပွဲထွက်ဂိုးသမားအဖြစ် အာရွန် ရမ်းစ်ဒေးလ်ရဲ့နေရာမှာ အစားထိုးခံရမယ်လို့ ပြောကြားခဲ့ပြီးဖြစ်တယ်လို့ ယုံကြည်နေပါတယ်။ စပိန်ဂိုးသမား ရာယာဟာ လာမယ့်နှစ် နွေရာသီမှာ အပြီးသတ် ဝယ်ယူခွင့်ပါဝင်တဲ့ အငှားစာချုပ်နဲ့ ဘရန့်တ်ဖို့ဒ်အသင်းကနေ ပြောင်းရွှေ့လာဖို့ ပြင်ဆင်နေတာဖြစ်ပြီး အသက် ၂၇ နှစ်အရွယ် ဂိုးသမားဟာ နော်တင်ဟမ် ဖောရက်စ်ကို ပြောင်းရွှေ့သွားခဲ့တဲ့…

read more