ဂွါဒီယိုလာရဲ့စီးတီးကို ဒုတိယမြောက်နိုင်ပွဲရယူဖို့ အဓိကလက်နက်ကြီးတွေ ပျောက်ဆုံးနေတဲ့ ဂန်းနားများ 1024 504 coyg

ဂွါဒီယိုလာရဲ့စီးတီးကို ဒုတိယမြောက်နိုင်ပွဲရယူဖို့ အဓိကလက်နက်ကြီးတွေ ပျောက်ဆုံးနေတဲ့ ဂန်းနားများ

အာဆင်နယ်ဟာ ၂၀၂၃-၂၀၂၄ ရာသီကို ကွန်မြူနတီဒိုင်းလုပွဲမှာ မန်စီးတီးကို အနိုင်ယူပြီး စတင်နိုင်ခဲ့တာဖြစ်ပြီး ဂန်းနားတွေဟာ ဂွါဒီယိုလာရဲ့အသင်းနဲ့ တွေ့ဆုံရမယ့်ပွဲမတိုင်ခင် ပရီးမီးယားလိဂ်မှာ ရှုုံးပွဲမရှိသေးတဲ့အသင်းအဖြစ် ရပ်တည်နေတာဖြစ်ပါတယ်။ ဂန်းနားတွေဟာ ပြီးခဲ့တဲ့ရာသီက အမှတ်ပေးဇယားထိပ်ဆုံးမှာ အချိန်အများစုကို ဦးဆောင်နိုင်ခဲ့တာကြောင့် ဆုဖလားအားလုံးကို စိန်ခေါ်နိုင်တဲ့ ဂွါဒီယိုလာရဲ့အသင်းကို ကြောက်ရွံ့စေခဲ့တာဖြစ်ပေမယ့်လည်း ရာသီနှောင်းပိုင်း ခြေချော်မှုကြောင့် မန်စီးတီးကို ၃ နှစ်ဆက် ဖလားပေးလိုက်ရတာဖြစ်ပါတယ်။ အာဆင်နယ်ဟာ ဒီရာသီမှာတော့…

read more
အင်္ဂလန်ဆေးအဖွဲ့နဲ့ ဆွေးနွေးမယ့် အာဆင်နယ်နဲ့ နောက်ဆုံးရဂန်းနားသတင်းများ 1024 504 coyg

အင်္ဂလန်ဆေးအဖွဲ့နဲ့ ဆွေးနွေးမယ့် အာဆင်နယ်နဲ့ နောက်ဆုံးရဂန်းနားသတင်းများ

-အာဆင်နယ်ဟာ တနင်္ဂနွေနေ့ မန်စီးတီးနဲ့ ကစားရမယ့် ပွဲစဉ်အပြီးမှာ ဆာကာရဲ့ ကြံ့ခိုင်မှုနဲ့ပတ်သက်ပြီး စိုးရိမ်ပူပင်မှုတွေ ရှိနေချိန်မှာ အင်္ဂလန်ဆေးအဖွဲ့နဲ့ ပြောဆိုဆွေးနွေးဖို့ စီစဉ်ထားတယ်လို့ သိရပါတယ်။ ဆာကာဟာ နိုင်ငံတကာပွဲစဉ်အားလပ်ရက်ကို ဒဏ်ရာပြဿနာနဲ့ ဖြတ်သန်းရဖွယ်ရှိပေမယ့်လည်း ဆောက်ဂိတ်က ဩစတြေးလျ၊ အီတလီတို့နဲ့ ရင်ဆိုင်ရမယ့်လူစာရင်းထဲမှာ ဂန်းနားကြယ်ပွင့်ကို ထည့်သွင်းခဲ့တာဖြစ်ပြီး အာဆင်နယ်က မန်စီးတီးနဲ့ ကစားရမယ့်ပွဲအတွက် ဆာကာရဲ့ ကြံ့ခိုင်မှုအခြေအနေကို တစ်နေ့ချင်းစီ အကဲဖြတ်နေရတာကြောင့်…

read more
စီးတီးနဲ့ အာဆင်နယ်တို့ပွဲစဉ်ရလဒ်နဲ့ ဆုဖလားဟောကိန်းထုတ်လိုက်တဲ့ ကလစ်ချီ 1024 504 coyg

စီးတီးနဲ့ အာဆင်နယ်တို့ပွဲစဉ်ရလဒ်နဲ့ ဆုဖလားဟောကိန်းထုတ်လိုက်တဲ့ ကလစ်ချီ

အာဆင်နယ်နဲ့ မန်စီးတီးကစားသမားဟောင်း ဂေးလ် ကလစ်ချီဟာ ယခုအပတ် တနင်္ဂနွေနေ့ အသင်းဟောင်း ၂ သင်းကြား တွေ့ဆုံယှဉ်ပြိုင်သွားမယ့်ပွဲစဉ်ကို စောင့်မျှော်နေပြီး အံ့အားသင့်စရာကောင်းတဲ့ပွဲဖြစ်လာလိမ့်မယ်လို့ ပြောကြားခဲ့ပါတယ်။ ဂန်းနားတွေဟာ တနင်္ဂနွေနေ့ အမ်းမရိတ်စ်မှာ မန်ချက်စတာစီးတီးကို လက်ခံယှဉ်ပြိုင်သွားရမှာဖြစ်ပြီး ပရီးမီးယားလိဂ်ချန်ပီယံဖြစ်လာဖို့အတွက် ရေပန်းအစားဆုံးအသင်း ၂ သင်းကြား ယှဉ်ပြိုင်မှုဖြစ်တာကြောင့် အရေးကြီးတဲ့ပွဲစဉ်ဖြစ်လာမှာဖြစ်ပါတယ်။ ၇ ပွဲကစားပြီးချိန်မှာ မန်စီးတီးက အမှတ်ပေးဇယားထိပ်ဆုံးမှာ ဦးဆောင်နေပေမယ့်လည်း အာဆင်နယ်က…

read more
အာတီတာတောင် မသုံးရဲလို့ အနားပေးထားရတဲ့ ဆာကာကိုမှ ဘာလို့ ရွေးခေါ်လဲ ပြောပြခဲ့တဲ့ ဆောက်ဂိတ် 644 394 coyg

အာတီတာတောင် မသုံးရဲလို့ အနားပေးထားရတဲ့ ဆာကာကိုမှ ဘာလို့ ရွေးခေါ်လဲ ပြောပြခဲ့တဲ့ ဆောက်ဂိတ်

ဂါးရတ် ဆောက်ဂိတ်က အာဆင်နယ်အတွက် ကစားပေးရင်း ဒဏ်ရာရခဲ့ပေမယ့်လည်း နောက်ဆုံး အင်္ဂလန်လက်ရွေးစင်လူစာရင်းမှာ ဘူကာယို ဆာကာကို ခေါ်ယူဖို့ ဆုံးဖြတ်ခဲ့တဲ့ ဆုံးဖြတ်ချက်ကို ကာကွယ်ပြောဆိုခဲ့ပါတယ်။ ဆာကာဟာ အာဆင်နယ်က လွန်းစ်ကို ၂-၁ နဲ့ ရှုံးနိမ့်ခဲ့တဲ့ အင်္ဂါနေ့ည ချန်ပီယံလိဂ်ပွဲစဉ် ပထမပိုင်းမှာ လူစားလဲလှယ်ခြင်းခံခဲ့ရတာဖြစ်ပြီး ဂန်းနားတွေရဲ့ တနင်္ဂနွေနေ့ မန်ချက်စတာစီးတီးနဲ့ ကစားရမယ့် အရေးကြီး ပရီးမီးယားလိဂ်ပွဲစဉ်အတွက် ပါဝင်ကစားပေးဖို့…

read more
ဆာကာရဲ့ ဒဏ်ရာနဲ့ပတ်သက်ပြီး အတွင်းလူဆီက ကြားခဲ့ရတာကို ထုတ်ဖော်ခဲ့တဲ့ သတင်းထောက် 720 405 coyg

ဆာကာရဲ့ ဒဏ်ရာနဲ့ပတ်သက်ပြီး အတွင်းလူဆီက ကြားခဲ့ရတာကို ထုတ်ဖော်ခဲ့တဲ့ သတင်းထောက်

Sky Sports သတင်းထောက် ဂယ်ရီ ကော့တရေးလ်က တနင်္ဂနွေနေ့ မန်ချက်စတာစီးတီးနဲ့ ယှဉ်ပြိုင်ကစားမယ့် အာဆင်နယ်ရဲ့ အရေးကြီးပွဲစဉ်မတိုင်ခင် ဘူကာယို ဆာကာရဲ့ ကြံ့ခိုင်မှုနဲ့ပတ်သက်ပြီး နောက်ဆုံးရ သတင်းကို ပေးခဲ့ပါတယ်။ ဆာကာဟာ အင်္ဂါနေ့ညက လွန်းစ်ကို ရှုံးနိမ့်ခဲ့တဲ့ ချန်ပီယံလိဂ်ပွဲစဉ်မှာ ပထမပိုင်း နာရီဝက်လောက် ကစားပြီးနောက် ဒဏ်ရာကြောင့် လူစားလဲလှယ်ခြင်းခံခဲ့ရတာဖြစ်ပြီး အသက် ၂၁ နှစ်အရွယ် တောင်ပံကြယ်ပွင့်ဟာ…

read more
လွန်းစ်နဲ့ရှုံးပွဲအပြီး ပြစ်တင်ဝေဖန်ရမယ့် ဂန်းနားကြယ်ပွင့်ကို သတ်မှတ်လိုက်တဲ့ အွန်နရီ 1024 504 coyg

လွန်းစ်နဲ့ရှုံးပွဲအပြီး ပြစ်တင်ဝေဖန်ရမယ့် ဂန်းနားကြယ်ပွင့်ကို သတ်မှတ်လိုက်တဲ့ အွန်နရီ

သီယာရီ အွန်ရီက အင်္ဂါနေ့ညက အာစီ လွန်းစ်ကို ၂-၁ နဲ့ ရှုံးနိမ့်ခဲ့တဲ့ ချန်ပီယံလိဂ်ပွဲစဉ်က ဝီလီယံ ဆာလီဘာရဲ့ ခံစစ်ကစားပုံကို မေးခွန်းထုတ်ခဲ့ပါတယ်။ ဂန်းနားတွေဟာ ဂါဘရီယဲလ် ဂျေးဇုရဲ့ အစောပိုင်းဦးဆောင်ဂိုးနဲ့ ဦးဆောင်နိုင်ခဲ့ပေမယ့်လည်း အက်ဒရီယန် သော်မတ်ဆန်နဲ့ အယ်လီ ဝါဟီတို့ရဲ့ သွင်းဂိုးတွေကို ခွင့်ပြုခဲ့ရပြီးနောက် ယခုရာသီ ပထမဆုံးရှုံးပွဲနဲ့ ရင်ဆိုင်ခဲ့ရတာ ဖြစ်ပါတယ်။ နောက်ထပ်ထိုးနှက်ချက်အနေနဲ့ အာတီတာဟာ…

read more
ရာယာကြောင့် ရှုံးပွဲမရှိစံချိန်ကျိုးတဲ့ လွန်းစ်နဲ့ပွဲက မှတ်မှတ်ရရ ပြန်ပြောစရာအချက်များ 1024 504 coyg

ရာယာကြောင့် ရှုံးပွဲမရှိစံချိန်ကျိုးတဲ့ လွန်းစ်နဲ့ပွဲက မှတ်မှတ်ရရ ပြန်ပြောစရာအချက်များ

အာဆင်နယ်ရဲ့ ယခုရာသီ ရှုံးပွဲမရှိ စံချိန်ဟာ အင်္ဂါနေ့ည လွန်းစ်ကို ချန်ပီယံလိဂ်မှာ ၂-၁ နဲ့ ရှုံးနိမ့်ခဲ့မှုနဲ့အတူ အဆုံးသတ်သွားခဲ့ပြီဖြစ်ပါတယ်။ ဂါဘရီယဲလ် ဂျေးဇုဟာ ပထမပိုင်း ၁၅ မိနစ်မပြည့်ခင်မှာပဲ အလွန်ကောင်းမွန်တဲ့ အဆုံးသတ်နဲ့အတူ ပြီးပြည့်စုံတဲ့ စတင်မှုကို ပြုလုပ်ပေးခဲ့ပေမယ့်လည်း ဂန်းနားတွေဟာ နောက်ထပ် ၁၀ မိနစ်အကြာမှာပဲ အက်ဒရီယန် သောမတ်ဆန်ရဲ့ ချေပဂိုးကို ခွင့်ပြုခဲ့ရတာဖြစ်ပါတယ်။ ဘူကာယို…

read more
ဂန်းနားအဆောက်အအုံကြီးရဲ့ ဖောင်ဒေးရှင်းအဖြစ် ရှိနေတဲ့ ဆာလီဘာ 1024 641 coyg

ဂန်းနားအဆောက်အအုံကြီးရဲ့ ဖောင်ဒေးရှင်းအဖြစ် ရှိနေတဲ့ ဆာလီဘာ

တခြားနေ့တွေမှာဆိုရင် ဒေါမနစ် ဆိုလန်ကီအနေနဲ့ ဘောလုံးထိတွေ့မှုတွေ ရရှိပြီး ဂိုးရှေ့ကို ပြေးကန်လိုက်ရင် ထောင့်ကန်ဘောလေးဘာလေး ရရင် ရနိုင်ပေမယ့် စနေနေ့မှာတော့ ဆာလီဘာနဲ့ ရင်ဆိုင်ခဲ့ရတာကြောင့် ဘုန်းမောက်တိုက်စစ်မှူးဟာ မြက်ခင်းပေါ်လဲလိုက်၊ ဘောလုံးပိုင်ဆိုင်မှု ဆုံးရှုံးလိုက်နဲ့ ဘာတွေဖြစ်ခဲ့မှန်းမသိဖြစ်ခဲ့တာဖြစ်ပါတယ်။ အာဆင်နယ်က ဗီတာလတီကွင်းမှာ ၄-၀ နဲ့ အနိုင်ရခဲ့တဲ့ပွဲစဉ် အဖွင့်မိနစ်တွေမှာ ဆာလီဘာကို နောက်ချန်ပြေးလွှားနိုင်ခဲ့ချိန်မှာ အသာစီးရယူနိုင်ခဲ့ပြီလို့ ထင်ပေမယ့်လည်း ပရီးမီးယားလိဂ်က ထိပ်တန်းတိုက်စစ်မှူးတွေကို…

read more
ကြီးမားတဲ့ တိုက်ပွဲကြီးကို မျှော်မှန်းထားတယ်လို့ အသင်းသားတွေကို သတိပေးလိုက်တဲ့ အာတီတာ 1024 576 coyg

ကြီးမားတဲ့ တိုက်ပွဲကြီးကို မျှော်မှန်းထားတယ်လို့ အသင်းသားတွေကို သတိပေးလိုက်တဲ့ အာတီတာ

အာဆင်နယ်နည်းပြ အာတီတာက ယနေ့ည လွန်းစ်နဲ့ ယှဉ်ပြိုင်ကစားတဲ့ပွဲစဉ်မှာ ကြီးမားတဲ့ တိုက်ပွဲကြီးအတွက် ကြိုတင်ပြင်ဆင်ထားတယ်လို့ ပြောကြားခဲ့ပါတယ်။ ပီအက်စ်ဗွီကို ချန်ပီယံလိဂ်အုပ်စုအဖွင့်ပွဲမှာ ၄-၀ နဲ့ အနိုင်ယူပြီးနောက် ဂန်းနားတွေဟာ ပြီးခဲ့တဲ့ရာသီ လီဂူးဝမ်း အမှတ်ပေးဇယား ဒုတိယနေရာမှာ ရာသီပြီးဆုံးခဲ့တဲ့ လွန်းစ်နဲ့ ယခုရာသီ ပထမဆုံး ဥရောပအဝေးကွင်းပွဲစဉ်အဖြစ် ယှဉ်ပြိုင်ကစားသွားမှာဖြစ်ပါတယ်။ လွန်းစ်ဟာ ယခုရာသီမှာတော့ ရုန်းကန်နေရပြီး လက်ရှိမှာ လီဂူးဝမ်းအမှတ်ပေးဇယား…

read more
ဂန်းနားကြယ်ပွင့် ၂ ဦးရဲ့ သတင်းကောင်းကြားခဲ့ရပြီး လေ့ကျင့်ရေးပြန်ဆင်းနေတဲ့ ပါတေး 1024 768 coyg

ဂန်းနားကြယ်ပွင့် ၂ ဦးရဲ့ သတင်းကောင်းကြားခဲ့ရပြီး လေ့ကျင့်ရေးပြန်ဆင်းနေတဲ့ ပါတေး

သောမတ်စ် ပါတေးဟာ အင်္ဂါနေ့ည လွန်းစ်နဲ့ ကစားရမယ့် ချန်ပီယံလိဂ်ပွဲစဉ်မတိုင်ခင် အာဆင်နယ် လေ့ကျင့်ရေးကို ပြန်လည် ရောက်ရှိလာခဲ့ပါတယ်။ ပါတေးဟာ ပြီးခဲ့တဲ့လ နိုင်ငံတကာပွဲစဉ် အားလပ်ရက်မတိုင်ခင် မန်ချက်စတာယူနိုက်တက်နဲ့ ပွဲကစားခါနီးမှာ ရရှိခဲ့တဲ့ ပေါင်ခြံဒဏ်ရာကြောင့် အာဆင်နယ်လူစာရင်းထဲမှာ ပါဝင်နိုင်ခြင်းမရှိခဲ့တာဖြစ်ပြီး အဲဒီဒဏ်ရာကြောင့် အဲဗာတန်၊ ပီအက်စ်ဗွီ၊ စပါးစ်၊ ဘရန့်တ်ဖို့ဒ်၊ ဘုန်းမောက်တို့နဲ့ပွဲစဉ်တွေကို လွဲချော်ခဲ့တာဖြစ်ပါတယ်။ ပါတေးဟာ လက်ရှိမှာတော့ ချန်ပီယံလိဂ်အုပ်စု…

read more