ဝက်စ်ဟမ်းနဲ့ပွဲမှာ နယူးကာဆယ်နဲ့ပွဲအတွက် လူစာရင်းကို သဲလွန်စပေးခဲ့တဲ့ အာတီတာ 1024 538 coyg

ဝက်စ်ဟမ်းနဲ့ပွဲမှာ နယူးကာဆယ်နဲ့ပွဲအတွက် လူစာရင်းကို သဲလွန်စပေးခဲ့တဲ့ အာတီတာ

အာဆင်နယ်နည်းပြ မီခေးလ် အာတီတာဟာ ဝက်စ်ဟမ်းကို ၃-၁ နဲ့ ရှုံးနိမ့်ခဲ့တဲ့ ဗုဒ္ဓဟူးနေ့ညနေ ကာရာဘောင်းဖလားပွဲစဉ်အတွက် ပွဲထွက်လူစာရင်းကို အပြောင်းအလဲတွေ အများအပြား ပြုလုပ်ခဲ့ပါတယ်။ မန်ချက်စတာစီးတီးကနေ ပြောင်းရွှေ့လာခဲ့တဲ့အချိန်ကတည်းက ဂန်းနားတွေအတွက် ပြသနေခဲ့တဲ့ အကျိုးသက်ရောက်မှုတွေအတွက် ချီးကျူးခြင်းခံခဲ့ရတဲ့ ဇင်ချန်ကိုဟာ ဝက်စ်ဟမ်းနဲ့ပွဲက စွမ်းဆောင်ရည်ကြောင့် ပြစ်တင်ဝေဖန်ခြင်းခံခဲ့ရပါတယ်။ ယူကရိန်းနောက်ခံလူဟာ မကြာခဏ အာဆင်နယ်က ဘောလုံးပိုင်ဆိုင်မှု ရရှိနေတဲ့အချိန်မှာ ကွင်းလယ်ကို ဝင်ကစားခဲ့ပေမယ့်လည်း…

read more
ဝက်စ်ဟမ်းနဲ့ပြန်တွေ့ချိန်မှ အရှက်ရခဲ့ရတဲ့ ဒီကလန် ရိုက်နဲ့ မှတ်မှတ်ရရ ပြန်ပြောစရာများ 1024 504 coyg

ဝက်စ်ဟမ်းနဲ့ပြန်တွေ့ချိန်မှ အရှက်ရခဲ့ရတဲ့ ဒီကလန် ရိုက်နဲ့ မှတ်မှတ်ရရ ပြန်ပြောစရာများ

အာဆင်နယ်ဟာ ဗုဒ္ဓဟူးနေ့ညက ဝက်စ်ဟမ်းကို ကာရာဘောင်းဖလား စတုတ္ထအဆင့်မှာ ၃-၁ နဲ့ ရှုံးနိမ့်ခဲ့ပြီး ယခုရာသီ အဆိုးရွားဆုံး အဝေးကွင်းစွမ်းဆောင်ရည်ကို ပြသခဲ့ပါတယ်။ ဂန်းနားတွေဟာ ဝက်စ်ဟမ်းနဲ့ ရင်ဆိုင်ရာမှာ အထင်ကြီးဖွယ် မှတ်တမ်းတွေနဲ့ ဒီပွဲကို လာရောက်ယှဉ်ပြိုင်ခဲ့တာဖြစ်ပြီး နောက်ဆုံး ၈ ကြိမ်တွေ့ဆုံခဲ့ရာမှာ ၆ ပွဲနိုင် ၂ ပွဲသရေ ရလဒ် ပိုင်ဆိုင်ခဲ့တာ ဖြစ်ပါတယ်။ ဒါပေမယ့်လည်း…

read more
ဝက်စ်ဟမ်းကို အပြတ်ကြမ်းပြီး အချိုရည်သောက်မယ့် ဆင်ပျံကြီး 1024 504 coyg

ဝက်စ်ဟမ်းကို အပြတ်ကြမ်းပြီး အချိုရည်သောက်မယ့် ဆင်ပျံကြီး

အာဆင်နယ်ဟာ ယနေ့ညမှာ ကာရာဘောင်းဖလား စတုတ္ထပွဲစဉ်အဖြစ် ဝက်စ်ဟမ်းအိမ်ကွင်း လန်ဒန်ကွင်းကို သွားရောက်ယှဉ်ပြိုင်သွားမှာဖြစ်ပြီး စက်တင်ဘာလမှာ ဂန်းနားတွေဟာ ဘရန့်တ်ဖို့ဒ်အိမ်ကွင်းမှာ ၁-၀ နဲ့ အနိုင်ရရှိခဲ့ပြီးနောက် စတုတ္ထအဆင့်ကို တက်လှမ်းနိုင်ခဲ့တာဖြစ်ပါတယ်။ အာဆင်နယ်ဟာ လန်ဒန်ပြိုင်ဘက်တွေနဲ့ စတုတ္ထအဆင့်မှာ ကျရောက်ခဲ့ပြီး နောက်ထပ် အန္တရာယ်များတဲ့ပွဲစဉ်တစ်ပွဲကို ရင်ဆိုင်သွားရမှာဖြစ်ပေမယ့်လည်း လက်ရှိရရှိနေတဲ့ ပုံစံကောင်းကြောင့် ဒေးဗစ် မွိုက်စ်ရဲ့ ဝက်စ်ဟမ်းကို အကောင်းဆုံးရင်ဆိုင်သွားနိုင်မှာ သေချာပါတယ်။ ဝက်စ်ဟမ်းဟာ…

read more
ဂျေးဇု၊ ပါတေးတို့အခြေအနေ၊ အလှည့်ကျလူထုတ်ပုံ၊ ဘလွန်ဒေါနဲ့ပတ်သက်ပြီး အာတီတာ ပြောခဲ့သမျှ 810 539 coyg

ဂျေးဇု၊ ပါတေးတို့အခြေအနေ၊ အလှည့်ကျလူထုတ်ပုံ၊ ဘလွန်ဒေါနဲ့ပတ်သက်ပြီး အာတီတာ ပြောခဲ့သမျှ

အာဆင်နယ်နည်းပြဟာ ဗုဒ္ဓဟူးနေ့ညမှာ ဝက်စ်ဟမ်းနဲ့ကစားရမယ့် ကာရာဘောင်းဖလားပွဲစဉ်မတိုင်ခင် သတင်းစာရှင်းလင်းပွဲမှာ ပရိသတ်တွေ သိလိုတဲ့မေးခွန်းတွေကို အဖြေပေးခဲ့ပါတယ်။ မေး- ဒီပွဲက အရင်ကစားရမှာဆိုပေမယ့် ခင်ဗျားစိတ်ထဲကို နယူးကာဆယ်က အရင်ရောက်လာလား။ ဖြေ- ဘာမှမရှိပါဘူး။ ကျွန်တော်တို့ ဝက်စ်ဟမ်းကို အနိုင်ယူရမယ်။ ဒါက ကျွန်တော်တို့ နောက်တစ်ဆင့်တက်ဖို့နဲ့ ဆုဖလားအနိုင်ရဖို့ အခွင့်အရေးရှိနေတဲ့ပြိုင်ပွဲပါ။ ကျွန်တော်တို့ စိတ်က ဝက်စ်ဟမ်းအပေါ်မှာပဲ အာရုံစိုက်ထားရပါမယ်။ မေး-စီးတီးလိုအသင်းမျိုးကို အနိုင်ယူနိုင်ခဲ့တာက…

read more
ဂန်းနားတွေ လိုချင်နေတဲ့ ကစားသမားကို ဇန်နဝါရီမှာ ရောင်းပေးဖို့ အဆင်သင့်ဖြစ်နေတဲ့ ချဲလ်ဆီး 620 413 coyg

ဂန်းနားတွေ လိုချင်နေတဲ့ ကစားသမားကို ဇန်နဝါရီမှာ ရောင်းပေးဖို့ အဆင်သင့်ဖြစ်နေတဲ့ ချဲလ်ဆီး

ချဲလ်ဆီးဟာ စျေးကြီးပေးဝယ်ခဲ့ရပေမယ့် စတမ်းဖို့ဒ် ဘရစ်ချ်မှာ အသားကျဖို့ ရုန်းကန်နေခဲ့ရတဲ့ မိုင်ခေလို မာဒရစ်ခ်ကို ဇန်နဝါရီလမှာ ရောင်းချသွားနိုင်တာကြောင့် ဂန်းနားတွေက စိတ်ဝင်စားမှုကို ပြန်လည်အသက်သွင်းဖို့ အဆင်သင့်ဖြစ်နေပါတယ်။ Fichajes ရဲ့ ဖော်ပြချက်အရ ချဲလ်ဆီးဟာ ဇန်နဝါရီအပြောင်းအရွှေ့ကာလမတိုင်ခင် မိုင်ခေလို မာဒရစ်ခ်ကို ထွက်ခွာခွင့်ပေးသွားဖို့ စဉ်းစားနေပြီး အခြားအကြံအစည်တွေကိုလည်း တွေးတောနေပါတယ်။ ချဲလ်ဆီးဟာ အသက် ၂၂ နှစ်အရွယ်ကစားသမားကို အတွေ့အကြုံရရှိဖို့…

read more
အဆင်နယ်နဲ့စီးတီးတို့ရဲ့ ပရီးမီးယားလိဂ်ဖလားပြိုင်ပွဲကို အဆုံးအဖြတ်ပေးနိုင်သူကို သတ်မှတ်ခဲ့တဲ့ နဗီး 1024 504 coyg

အဆင်နယ်နဲ့စီးတီးတို့ရဲ့ ပရီးမီးယားလိဂ်ဖလားပြိုင်ပွဲကို အဆုံးအဖြတ်ပေးနိုင်သူကို သတ်မှတ်ခဲ့တဲ့ နဗီး

မန်ချက်စတာယူနိုက်တက်ဂန္တဝင် ဂယ်ရီ နဗီးက အာဆင်နယ်နဲ့ မန်ချက်စတာစီးတီးတို့ကြား ယခုရာသီ ပရီးမီးယားလိဂ်ဖလားပြိုင်ပွဲမှာ ကွဲပြားခြားနားမှုတွေ ဖြစ်စေနိုင်မယ့်သူက ဒီကလန် ရိုက်ဖြစ်တယ်လို့ ယုံကြည်နေပါတယ်။ အင်္ဂလန်ဂန္တဝင် နောက်ခံကစားသမားက ဂွါဒီယိုလာရဲ့ အသင်းဟာ ဒီရာသီမှာ ခြေချော်တော့မှာဖြစ်ပြီး အာဆင်နယ်က နှစ်ပေါင်း ၂၀ ကြာ စောင့်ဆိုင်းခဲ့ရတဲ့ ပရီးမီးယားလိဂ်ဖလားကို ကိုင်မြှောက်သွားနိုင်တော့မှာဖြစ်တယ်လို့ ယုံကြည်နေတာ ဖြစ်ပါတယ်။ “သူက ကွဲပြားခြားနားမှုပြုလုပ်ပေးနိုင်မယ့်သူ ဖြစ်ကောင်းဖြစ်ပါလိမ့်မယ်။…

read more
တိုမိယဆုဂိုးသွင်းလိုက်ချိန် အာဆင်နယ်အရန်ခုံတန်းက မြင်ခဲ့တဲ့အရာကို မျှဝေခဲ့တဲ့ ဘောလုံးဝေဖန်သူ 1024 538 coyg

တိုမိယဆုဂိုးသွင်းလိုက်ချိန် အာဆင်နယ်အရန်ခုံတန်းက မြင်ခဲ့တဲ့အရာကို မျှဝေခဲ့တဲ့ ဘောလုံးဝေဖန်သူ

အာဆင်နယ်ပရိသတ်တွေဟာ စနေနေ့ညနေက အမ်းမရိတ်စ်ကွင်းမှာ ရှက်ဖီးယူနိုက်တက်ကို ၅-၀ နဲ့ အနိုင်ရခဲ့တဲ့ပွဲစဉ်မှာ ဂန်းနားတွေရဲ့ ထိပ်တန်းစွမ်းဆောင်ရည်ကို ကြည့်ရှုခံစားခွင့်ရခဲ့ကြပါတယ်။ အာတီတာရဲ့ ဂန်းနားတွေဟာ ပရီးမီးယားလိဂ်တန်းဆင်းဇုန်တိုက်ပွဲဝင်နေရတဲ့ ရှက်ဖီးယူနိုက်တက်ကို အပြတ်အသတ် ချေမှုန်းပြီး အမှတ်ပေးဇယားထိပ်ဆုံးက စပါးစ်နဲ့ ၂ မှတ်အကွာ ဒုတိယနေရာကို တက်လှမ်းခဲ့တာဖြစ်ပါတယ်။ အက်ဒီ အန်ကီးတီးယားက အာဆင်နယ်အတွက် ပထမဆုံးသော ပရီးမီးယားလိဂ်ဟက်ထရစ်နဲ့အတူ တောက်ပခဲ့ပြီး လူစားဝင်ကစားသမားတွေဖြစ်တဲ့ တိုမိယဆုနဲ့…

read more
အန်ကီးတီးယားကို သရဲနီတိုက်စစ်မှူးနဲ့ နှိုင်းယှဉ်လိုက်တဲ့ စပါးစ် နည်းပြဟောင်း 1024 576 coyg

အန်ကီးတီးယားကို သရဲနီတိုက်စစ်မှူးနဲ့ နှိုင်းယှဉ်လိုက်တဲ့ စပါးစ် နည်းပြဟောင်း

ဘောလုံးဝေဖန်သုံးသပ်သူ တင် ရှားဝုဒ်က အာဆင်နယ်တိုက်စစ်မှူး အက်ဒီ အန်ကီးတီးယားဟာ မန်ချက်စတာ ယူနိုက်တက်ရဲ့ ပေါင် ၆၄ သန်းတန် နွေရာသီကစားသမားခေါ်ယူမှုဖြစ်တဲ့ ရာ့စ်မွတ် ဟွိုင်လွန်းကို အဆင့်မြှင့်တင်မှုဖြစ်တယ်လို့ ထင်မြင်နေပါတယ်။ အန်ကီးတီးယားဟာ စနေနေ့ညနေက ရှက်ဖီးယူနိုက်တက်ကို ၅-၀ နဲ့ အနိုင်ရခဲ့တဲ့ပွဲစဉ်မှာ တစ်ဦးတည်း ၃ ဂိုး ဟက်ထရစ်သွင်းယူနိုင်ခဲ့တာဖြစ်ပြီး ဂန်းနားတွေအတွက် ပထမဆုံး ပရီးမီးယားလိဂ်ဟက်ထရစ်ရယူနိုင်ခဲ့တာဖြစ်ပါတယ်။ အန်ကီးတီးယားဟာ…

read more
အွန်နရီ ဝင်ပူးတဲ့ သခင်ကြီး အန်ကီးတီးယားရဲ့ဟက်ထရစ်ဂိုးနဲ့ အနိုင်ရခဲ့တဲ့ပွဲက မှတ်မှတ်ရရ ပြန်ပြောစရာများ 1024 504 coyg

အွန်နရီ ဝင်ပူးတဲ့ သခင်ကြီး အန်ကီးတီးယားရဲ့ဟက်ထရစ်ဂိုးနဲ့ အနိုင်ရခဲ့တဲ့ပွဲက မှတ်မှတ်ရရ ပြန်ပြောစရာများ

အာဆင်နယ်ဟာ စနေနေ့ညမှာ ရှက်ဖီးယူနိုက်တက်ကို ၅-၀ နဲ့ အနိုင်ရရှိခဲ့ပြီးနောက် အမှတ်ပေးဇယား ဦးဆောင်သူတွေဖြစ်တဲ့ တော့တင်ဟမ်ဟော့စပါးနဲ့ ၂ မှတ်အကွာ ဒုတိယနေရာကို တက်လှမ်းနိုင်ခဲ့ပြီ ဖြစ်ပါတယ်။ အာတီတာရဲ့အသင်းဟာ အမ်းမရိတ်စ်မှာ အကောင်းဆုံး ခြေစွမ်းမရရှိခဲ့ပေမယ့်လည်း အမှတ်ပေးဇယားအောက်ခြေနားက အသင်းကိုတော့ သက်တောင့်သက်သာနိုင်ပွဲ ရယူနိုင်ဆဲ ဖြစ်ပါတယ်။ ဂါဘရီယဲလ် ဂျေးဇု တံကောက်ကြောဒဏ်ရာကြောင့် မပါဝင်နိုင်ချိန်မှာ ပါဝင်ကစားပေးခဲ့တဲ့ အက်ဒီ အန်ကီးတီးယားရဲ့…

read more
အမ်းမရိတ်စ်မှာ နောက်ထပ်နိုင်ပွဲနဲ့ ဇယားထိပ်က စပါးစ်ကို အမီလိုက်မယ့် ဂန်းနားများ 1024 576 coyg

အမ်းမရိတ်စ်မှာ နောက်ထပ်နိုင်ပွဲနဲ့ ဇယားထိပ်က စပါးစ်ကို အမီလိုက်မယ့် ဂန်းနားများ

အာဆင်နယ်ဟာ အင်္ဂါနေ့ည ဆီဗီလာကို စပိန်မြေမှာ အနိုင်ရခဲ့တဲ့ ယုံကြည်ချက်တွေနဲ့အတူ စနေနေ့မှာ ရှက်ဖီးယူနိုက်တက်ကို အိမ်ကွင်းအမ်းမရိတ်စ်မှာ လက်ခံယှဉ်ပြိုင်သွားမှာဖြစ်ပါတယ်။ ရှက်ဖီးယူနိုက်တက်ဟာ ဒီရာသီ ၉ ပွဲကစားပြီးချိန်မှာ ရမှတ် ၁ မှတ်နဲ့ အမှတ်ပေးဇယားအောက်ဆုံးမှာ ရပ်တည်နေတာဖြစ်ပြီး မြောက်လန်ဒန်မှာ နောက်ထပ် ရှုံးပွဲနဲ့ ရင်ဆိုင်ရဖွယ်ရှိပါတယ်။ နှစ်ဖက်အသင်း သတင်းများ အာဆင်နယ်ဘက်မှာ ကာလရှည် အနားယူနေရတဲ့ တင်းဘား ဆက်လက်လွဲချော်မှာဖြစ်ပြီး…

read more