အာဆင်နယ်နဲ့ တွေ့ဆုံမှုဟာ မမျှတတဲ့ တိုက်ပွဲလို့ ပြောလိုက်တဲ့ ပေါ်တိုဒုဥက္ကဌ 1024 504 coyg

အာဆင်နယ်နဲ့ တွေ့ဆုံမှုဟာ မမျှတတဲ့ တိုက်ပွဲလို့ ပြောလိုက်တဲ့ ပေါ်တိုဒုဥက္ကဌ

ပေါ်တိုဒုဥက္ကဌ ဗစ်တာ ဘိုင်ယာက ချန်ပီယံလိဂ် ၁၆ သင်းရှုံးထွက်အဆင့်မှာ ၎င်းရဲ့အသင်းနဲ့ အာဆင်နယ်တို့ ကျရောက်နေမှုဟာ မမျှတတဲ့ တိုက်ပွဲဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။ အာတီတာရဲ့အသင်းဟာ အုပ်စုဘီရဲ့ အုပ်စုဗိုလ်အဖြစ်နဲ့ ရှုံးထွက်တက်ရောက်နိုင်ခဲ့တာဖြစ်ပြီး အုပ်စု H ကနေ အုပ်စုဒုတိယအဖြစ် ရှုံးထွက်တက်ခဲ့တဲ့ ပေါ်တိုနဲ့ ၁၆ အသင်းရှုံးထွက်အဆင့်မှာ တွေ့ဆုံနေတာ ဖြစ်ပါတယ်။ အာဆင်နယ်ဟာ လက်ရှိ ပရီးမီးယားလိဂ်အမှတ်ပေးဇယားထိပ်ဆုံးမှာ ရမှတ်…

read more
ဒီရာသီ အာဆင်နယ် ဖလားရမလား အဖြေပေးခဲ့တဲ့ မော်ရင်ဟို 1024 576 coyg

ဒီရာသီ အာဆင်နယ် ဖလားရမလား အဖြေပေးခဲ့တဲ့ မော်ရင်ဟို

ဒီအပတ်မှာ မမျှော်လင့်ထားတဲ့ အခြေအနေတွေ ဖြစ်ခဲ့ပြီးနောက် ဆုဖလားပြိုင်ပွဲရဲ့ အခင်းအကျင်းကလည်း ပြောင်းလဲသွားခဲ့ပြီဖြစ်ပြီး မန်ယူနိုက်တက်နဲ့ ချဲလ်ဆီးနည်းပြဟောင်း မော်ရင်ဟိုက အာဆင်နယ်၊ လီဗာပူးလ်၊ မန်စီးတီးတို့ထဲက ဘယ်သူ ဗိုလ်စွဲသွားမလဲဆိုတာ အဖြေပေးခဲ့ပါတယ်။ လီဗာပူးလ်နဲ့ မန်ချက်စတာစီးတီးတို့ ၂ သင်းစလုံးဟာ ယခုအပတ်မှာ သရေရလဒ်သာ ထွက်ပေါ်ခဲ့ကြချိန်မှာ အာဆင်နယ်က ဘရိုက်တန်ကို တနင်္ဂနွေနေ့ညက အမ်းမရိတ်စ်မှာ ၂-၀ နဲ့ အနိုင်ရခဲ့တာကြောင့်…

read more
ဘရိုက်တန်နဲ့ပွဲမှာ ကင်းမဲ့နေခဲ့တဲ့အရာက ဘာလဲဆိုတာ ရှင်းပြခဲ့တဲ့ အာတီတာ 800 452 coyg

ဘရိုက်တန်နဲ့ပွဲမှာ ကင်းမဲ့နေခဲ့တဲ့အရာက ဘာလဲဆိုတာ ရှင်းပြခဲ့တဲ့ အာတီတာ

အာဆင်နယ်ဟာ တနင်္ဂနွေနေ့ညနေ အမ်းမရိတ်စ်မှာ ဘရိုက်တန်ကို ဒုတိယပိုင်းမှာ သွင်းယူခဲ့တဲ့ သွင်းဂိုး ၂ ဂိုးကြောင့် အနိုင်ရရှိခဲ့ပြီး အမှတ်ပေးဇယားထိပ်ဆုံးကို ယာယီပြန်လည်တက်လှမ်းနိုင်ခဲ့ပြီဖြစ်ပါတယ်။ ဒီရလဒ်ကြောင့် တနင်္ဂနွေနေ့ညမှာပဲ ယှဉ်ပြိုင်ကစားမယ့် လီဗာပူးလ်နဲ့ မန်ချက်စတာယူနိုက်တက်တို့ပွဲစဉ် ရလဒ်မပေါ်ခင်အထိ အမှတ်ပေးဇယားထိပ်ဆုံးမှာ ယာယီရပ်တည်နိုင်ခဲ့ပြီဖြစ်ပြီး ယှဉ်ပြိုင်မှု ပြင်းထန်နေတဲ့ ဆုဖလားပြိုင်ပွဲအတွက် နိုင်ပွဲပြန်လည်ရယူနိုင်မှုက အမြဲတမ်း ကြိုဆိုစရာကိစ္စဖြစ်ပါတယ်။ အာတီတာက ကစားရခက်တဲ့ ဘရိုက်တန်ကို အနိုင်ကစားနိုင်ခဲ့တဲ့အတွက်…

read more
ဘိုလေးကေပေးနံပါတ်ပေးဦးဖြစ်အောင် လုပ်ပြခဲ့တဲ့ ကင်းကိုင်အစွမ်းနဲ့ စင်ရော်တွေကို ကင်ခဲ့တဲ့ပွဲက ပြန်ပြောစရာများ 1024 504 coyg

ဘိုလေးကေပေးနံပါတ်ပေးဦးဖြစ်အောင် လုပ်ပြခဲ့တဲ့ ကင်းကိုင်အစွမ်းနဲ့ စင်ရော်တွေကို ကင်ခဲ့တဲ့ပွဲက ပြန်ပြောစရာများ

ဂန်းနားတွေဟာ တနင်္ဂနွေနေ့ညနေ အမ်းမရိတ်စ်မှာ ဘရိုက်တန်ကို ၂-၀ နဲ့ အနိုင်ယူပြီး စင်ရော်တွေနဲ့ မှတ်တမ်းဆိုးကို ချေဖျက်ပြီး နိုင်ပွဲပြန်လည်ရယူနိုင်ခဲ့ပါတယ်။ အာတီတာရဲ့အသင်းဟာ ပွဲချိန်အများစုကို လွှမ်းမိုးထားနိုင်ခဲ့ပေမယ့်လည်း ပထမပိုင်းအတွင်း သွင်းဂိုးတွေရှာမတွေ့ခဲ့ပေမယ့်လည်း ဒုတိယပိုင်းပြန်စအပြီး ၈ မိနစ်မှာပဲ ဂျေးဇုက အနီးကပ်ခေါင်းတိုက်ချက်နဲ့ အဖွင့်ဂိုး သွင်းယူပေးသွားခဲ့ပါတယ်။ ပါစကယ် ဂရို့စ်က ဘရိုက်တန်အတွက် ပွဲကစားချိန် နှောင်းပိုင်းမှာ ချေပဂိုး ပြန်သွင်းယူပေးဖို့…

read more
စင်ရော်တွေနဲ့ အိမ်ကွင်းမှတ်တမ်းဆိုးကို ရိုက်ချိုးပြမယ့် ဂန်းနားများ 620 348 coyg

စင်ရော်တွေနဲ့ အိမ်ကွင်းမှတ်တမ်းဆိုးကို ရိုက်ချိုးပြမယ့် ဂန်းနားများ

အာဆင်နယ်ဟာ ပြီးခဲ့တဲ့အပတ်မှာ အက်စတန် ဗီလာကို အငြင်းပွားဖွယ် ဆုံးဖြတ်ချက်တွေကြောင့် ရှုံးနိမ့်ခဲ့ပြီးနောက် အိမ်ကွင်းမှာ နောက်ဆုံး ၃ ကြိမ်ဆက်ရှုံးနိမ့်ခဲ့တဲ့ ဘရိုက်တန်ကို တနင်္ဂနွေနေ့ညနေ အမ်းမရိတ်စ်မှာ လက်ခံယှဉ်ပြိုင်သွားမှာ ဖြစ်ပါတယ်။ ဂန်းနားတွေအတွက် အမှတ်ပေးဇယားထိပ်ဆုံးနေရာကို ယာယီပဲဖြစ်ဖြစ် ပြန်လည်တက်လှမ်းနိုင်ဖို့အတွက်ဆိုရင် နိုင်ပွဲမဖြစ်မနေရယူဖို့ လိုအပ်မှာဖြစ်ပြီး ရမှတ် ၃၆ မှတ်နဲ့ ဒုတိယနေရာမှာ ရပ်တည်နေရတာ ဖြစ်ပါတယ်။ ဘရိုက်တန်ကလည်း ထိပ်ဆုံး…

read more
အက်ဖ်အေ၊ မာတီနယ်လီကြံ့ခိုင်မှု၊ ဘရိုက်တန်နဲ့ပတ်သက်ပြီး အာတီတာ ပြောခဲ့သမျှ 1024 538 coyg

အက်ဖ်အေ၊ မာတီနယ်လီကြံ့ခိုင်မှု၊ ဘရိုက်တန်နဲ့ပတ်သက်ပြီး အာတီတာ ပြောခဲ့သမျှ

အာဆင်နယ်နည်းပြ အာတီတာဟာ တနင်္ဂနွေနေ့ ဘရိုက်တန်နဲ့ ကစားရမယ့် အမ်းမရိတ်စ်က ပွဲစဉ်မတိုင်ခင် ပွဲကြိုသတင်းစာရှင်းလင်းပွဲမှာ ပရိသတ်တွေ သိလိုသမျှ မေးခွန်းတွေကို အဖြေပေးခဲ့ပါတယ်။ မေး- နာမည်ပိုကြီးလို့ အပြစ်ပိုပေးခံရတာက မျှတတယ်လို့ထင်လား။ ဖြေ- ကျွန်တော်တို့မှာ ကြီးမားတဲ့ တာဝန်ရှိတယ်လို့ ထင်တယ်။ အဲဒါက ကျွန်တော်တို့အလုပ်နဲ့ ကျွန်တော်တို့ အခန်းကဏ္ဍကို ကျွန်တော်တို့ဘာသာ နေ့စဉ် အကောင်းဆုံးပုံစံနဲ့ ကိုယ်စားပြုနိုင်ဖို့အတွက် အစိတ်အပိုင်းတစ်ခုပါ။…

read more
တိုနီနဲ့ ပေါင်သန်း ၁၅၀ အပြောင်းအရွှေ့ကြောင့် ရမှတ်လျှော့ခံရနိုင်မှုကို သိထားတဲ့ အာဆင်နယ် 810 539 coyg

တိုနီနဲ့ ပေါင်သန်း ၁၅၀ အပြောင်းအရွှေ့ကြောင့် ရမှတ်လျှော့ခံရနိုင်မှုကို သိထားတဲ့ အာဆင်နယ်

အာဆင်နယ်ဟာ အနာဂတ်မှာ အပြစ်ပေးခံရနိုင်ခြေကို ရှောင်လွှဲနိုင်မယ့်နည်းနဲ့ ဇန်နဝါရီအပြောင်းအရွှေ့ကာလမှာ ချင့်ချင့်ချိန်ချိန် လုပ်ဆောင်သွားရမှာဖြစ်ပြီး ဂန်းနားတွေဟာ ပြီးခဲ့တဲ့ နှစ်အနည်းငယ်အတွင်း ကြီးကြီးမားမား ရင်းနှီးမြှုပ်နှံခဲ့တယ်ဆိုပေမယ့်လည်း ဒီနွေရာသီလောက်တော့မဟုတ်ခဲ့တာဖြစ်ပါတယ်။ ဒီကလန် ရိုက်ဟာ အသင်းစံချိန်တင်ပြောင်းရွှေ့ကြေး ပေါင် ၁၀၅ သန်းနဲ့ စံချိန်တင်ခေါ်ယူမှုဖြစ်ခဲ့ပြီး ချဲလ်ဆီးကနေ ခေါ်ယူခဲ့တဲ့ ကိုင် ဟာဗတ်ဇ်ကလည်း ပေါင် ၆၅ သန်းဝန်းကျင် ပေးချေခဲ့ရတာဖြစ်ပါတယ်။ အိုင်းယက်စ်ကနေ ခေါ်ယူခဲ့တဲ့…

read more
အာဆင်နယ်နဲ့ချဲလ်ဆီးတို့စိတ်ဝင်စားမှုခံနေရတဲ့ အမ်ဘာပေကို အကြံပေးလိုက်တဲ့ အွန်နရီ 1024 576 coyg

အာဆင်နယ်နဲ့ချဲလ်ဆီးတို့စိတ်ဝင်စားမှုခံနေရတဲ့ အမ်ဘာပေကို အကြံပေးလိုက်တဲ့ အွန်နရီ

အာဆင်နယ်ဂန္တဝင် သီယာရီ အွန်နရီက ဇန်နဝါရီအပြောင်းအရွှေ့ကာလမှာ အသင်းကနေ ထွက်ခွာနိုင်ခြေရှိတယ်လို့ သတင်းတွေ ထွက်ပေါ်နေတဲ့ ခီလီယန် အမ်ဘာပေကို ရာသီကုန်တဲ့အထိ ပီအက်စ်ဂျီမှာ ဆက်နေဖို့ တောင်းဆိုခဲ့ပါတယ်။ အာဆင်နယ်နဲ့ ချဲလ်ဆီးတို့ဟာ ပြင်သစ်တိုက်စစ်မှူးကို ခေါ်ယူဖို့အတွက် သတင်းတွေ ထွက်ပေါ်နေတဲ့ အသင်းတွေထဲမှာ အပါအဝင်ဖြစ်ပြီး ရီးရဲလ်မက်ဒရစ်ကတော့ ခေါ်ယူနိုင်ဖို့ ရေပန်းအစားဆုံးအသင်းအဖြစ် ဦးဆောင်နေတာဖြစ်ပါတယ်။ ပြင်သစ်လက်ရွေးစင်တိုက်စစ်မှူးဟာ ပဲရစ်မှာ အနာဂတ် မရေမရာဖြစ်နေခဲ့သူဖြစ်ပြီး…

read more
ဟာဗတ်ဇ်ရဲ့ဂိုးကို မပေးခဲ့တဲ့ ဂီးလတ်ကို ချီးကျူးခဲ့တဲ့ ဟောင်းဝပ်ဝက်ဘ် 1024 504 coyg

ဟာဗတ်ဇ်ရဲ့ဂိုးကို မပေးခဲ့တဲ့ ဂီးလတ်ကို ချီးကျူးခဲ့တဲ့ ဟောင်းဝပ်ဝက်ဘ်

PGMOL ဥက္ကဌ ဟောင်းဝပ် ဝက်ဘ်က အက်စတန် ဗီလာနဲ့ ကစားခဲ့တဲ့ပွဲစဉ်မှာ အာဆင်နယ်ကြယ်ပွင့် ကိုင် ဟာဗတ်ဇ်ရဲ့ ခွင့်ပြုခြင်းမခံခဲ့ရတဲ့သွင်းဂိုးမှာ မတ်တီ ကက်ရှ် လက်ထိခဲ့ပေမယ့် ပင်နယ်တီ ဘာကြောင့် မပေးခဲ့တာလဲဆိုတာကို ရှင်းပြခဲ့ပါတယ်။ ဟာဗတ်ဇ်ဟာ ပြီးခဲ့တဲ့အပတ်က ဗီလာပါ့ခ်မှာ ဂန်းနားတွေအတွက် ချေပဂိုးကို သွင်းယူနိုင်ခဲ့ပြီလို့ ထင်မြင်ခဲ့ပေမယ့်လည်း ကွင်းလယ်ဒိုင် ဂျားရတ် ဂီးလတ်က လက်ထိဘောဖြစ်ခဲ့တာကြောင့် ဂိုးကို…

read more
ဂန်းနားကြယ်ပွင့်ကို ပြီးပြည့်စုံလုနီးပါးကစားသမားလို့ ချီးကျူးခဲ့တဲ့ ပီအက်စ်ဗွီနည်းပြ 1024 512 coyg

ဂန်းနားကြယ်ပွင့်ကို ပြီးပြည့်စုံလုနီးပါးကစားသမားလို့ ချီးကျူးခဲ့တဲ့ ပီအက်စ်ဗွီနည်းပြ

ပီအက်စ်ဗွီနည်းပြ ပီတာဘော့ဇ်က ကိုင် ဟာဗတ်ဇ်ဟာ တကယ်ကို ဉာဏ်ရည်ဉာဏ်သွေးထက်မြက်ပြီး နည်းစနစ်ပိုင်း ပြီးပြည့်စုံလုနီးပါးကစားသမားဖြစ်တယ်လို့ အာဆင်နယ်နဲ့ ၁-၁ သရေကျခဲ့တဲ့ အင်္ဂါနေ့ညနေပွဲစဉ်အပြီးမှာ ချီးကျူး ပြောဆိုခဲ့ပါတယ်။ အက်ဒီ အန်ကီးတီးယားဟာ အာဆင်နယ်အတွက် အလွန်သေသပ်ကောင်းမွန်တဲ့ အဆုံးသတ်နဲ့ ပထမပိုင်း မပြီးဆုံးခင်မှာ အဖွင့်ဂိုးကို သွင်းယူသွားခဲ့ပေမယ့်လည်း အုပ်စု ဒုတိယအဖြစ် ရှုံးထွက်အဆင့် တက်ရောက်နိုင်ခဲ့တဲ့ ပီအက်စ်ဗွီအတွက် ဒုတိယပိုင်း မိနစ်…

read more