၂ ပတ်ကြာတဲ့အထိ ရိုက်ကို ချမပြနိုင်သေးတာ ဘာကြောင့်လဲ user

၂ ပတ်ကြာတဲ့အထိ ရိုက်ကို ချမပြနိုင်သေးတာ ဘာကြောင့်လဲ

ဒီကလန် ရိုက်ရဲ့ အာဆင်နယ်ကို အပြောင်းအရွှေ့ဟာ ဝက်စ်ဟမ်းအသင်းက လွန်ခဲ့တဲ့ ၂ ပတ်နီးပါးကတည်းက ၎င်းတို့ရဲ့ အသင်းခေါင်းဆောင်အတွက် သဘောတူညီမှု ရရှိခဲ့ပြီးဖြစ်ပေမယ့်လည်း အပြီးမသတ်နိုင်သေးတာဖြစ်ပါတယ်။

ဒေးဗစ် မွိုက်စ်ရဲ့ အသင်းဟာ အသင်းစံချိန်တင်ပြောင်းရွှေ့ကြေး ပေါင် ၁၀၅ သန်းနဲ့ သဘောတူညီမှု ရရှိခဲ့တာဖြစ်ပြီး ၎င်းတို့ရဲ့ ကြယ်ပွင့်ကစားသမားကို ထပ်ဆောင်းပေးချေမှု ပေါင် ၅ သန်းပါဝင်တဲ့ ကနဦးပြောင်းရွှေ့ကြေးပေါင်သန်း ၁၀၀ နဲ့ ဂန်းနားတွေဆီ ရောင်းချခဲ့တာဖြစ်ပါတယ်။

ဒီအပြောင်းအရွှေ့ဟာ အပြီးသတ်နိုင်ဖို့ အလွန်နီးစပ်နေပြီဖြစ်ပေမယ့်လည်း မြောက်လန်ဒန်ကလပ်အသင်းဟာ နည်းပြ အာတီတာကိုယ်တိုင်က ဒီကလန် ရိုက်ကို ယူအက်စ်အေကို ထွက်ခွာမယ့် ရာသီကြိုခရီးစဉ်မှာ လိုက်ပါစေချင်ပေမယ့်လည်း မြောက်လန်ဒန်ကလပ်အသင်းက တရားဝင် ကြေညာမှု သို့မဟုတ် တရားဝင်အပြီးသတ်ခေါ်ယူမှု မပြုလုပ်နိုင်သေးတာဖြစ်ပါတယ်။

အခုတော့ ဘာကြောင့်လဲဆိုတဲ့ အကြောင်းအရင်းကို Sky Sports က ထုတ်ဖော်လိုက်ပြီဖြစ်ပြီး ဝက်စ်ဟမ်းအသင်းဟာ ဒီကလန် ရိုက်ရဲ့ အပြောင်းအရွှေ့ကို အဆုံးသတ်ဖို့အတွက် အဆင်သင့်ဖြစ်နေပေမယ့်လည်း အာဆင်နယ်ရဲ့ ရှေ့နေတွေက သဘောတူညီမှုအတွက် နောက်ဆုံး စကားလုံးကို အတည်ပြုဖို့ လုပ်ဆောင်နေတဲ့အပေါ်မှာ စောင့်ဆိုင်းနေရတာဖြစ်တဲ့အတွက် အဲဒီကိစ္စပြီးတာနဲ့ အပြောင်းအရွှေ့ပြီးပြီဖြစ်ပါတယ်။

အာဆင်နယ်ဟာ တနင်္ဂနွေနေ့မှာ အမေရိကကို ထွက်ခွာတော့မှာဖြစ်ပြီး ဝါရှင်တန်မှာ မေဂျာလိဂ် ကြယ်စင်စု၊ နယူးဂျာစီမှာ မန်ယူနိုက်တက်၊ လော့စ် အန်းဂျလိစ်မှာ ဘာစီလိုနာတို့နဲ့ ရင်ဆိုင်ကစားသွားမှာ ဖြစ်ပါတယ်။ ရိုက်ရဲ့ အပြောင်းအရွှေ့ဟာ ဂန်းနားတွေရဲ့ ပြီးခဲ့တဲ့ အပြောင်းအရွှေ့စံချိန်ကို ရိုက်ချိုးသွားမှာဖြစ်သလို ဗြိတိန်ရဲ့ ဒုတိယအကြီးမားဆုံး အပြောင်းအရွှေ့ဖြစ်လာမှာဖြစ်ပြီး ဇန်နဝါရီလတုန်းက ပေါင် ၁၀၆.၈ သန်းနဲ့ အန်ဇို ဖာနန်ဒက်ဇ်ရဲ့ ချဲလ်ဆီးကို ပြောင်းရွှေ့မှုက အကြီးမားဆုံးအပြောင်းအရွှေ့ဖြစ်ခဲ့တာဖြစ်ပါတယ်။

အာတီတာနဲ့ အီဒူးတို့ဟာ အိုင်းယက်နောက်ခံကစားသမား ယူရီယန် တင်းဘားကိုလည်း ပေါင်သန်း ၄၀ နဲ့ သဘောတူညီမှု ရရှိထားပြီးဖြစ်ပြီး ယခုအပတ်မှာ ဒတ်ချ်နောက်ခံကစားသမားရဲ့ အပြောင်းအရွှေ့ကို အပြီးသတ်ဖို့ မျှော်လင့်ထားတာဖြစ်ပါတယ်။

အမှန်တကယ်လည်း အသက် ၂၂ နှစ်အရွယ် နောက်ခံကစားသမားဟာ ကြာသပတေးနေ့မှာ ဂျာမန်ကလပ်အသင်းဖြစ်တဲ့ နုရင်ဘတ်နဲ့ ချစ်ကြည်ရေးခြေစမ်းပွဲကစားချိန်မတိုင်ခင် အချိန်မီ ကြေညာသွားနိုင်လိမ့်မယ်လို့ မျှော်လင့်နေတာဖြစ်ပါတယ်။

တနင်္လာနေ့က ဝက်စ်ဟမ်းအသင်းဟာ လာမယ့်ရာသီမှာ ဝတ်ဆင်ကစားသွားမယ့် အိမ်ကွင်းရှပ်အသစ်ကို ထုတ်ဖော်မိတ်ဆက်လိုက်ပေမယ့်လည်း အာဆင်နယ်ကို ပြောင်းရွှေ့တော့မယ့် ဒီကလန် ရိုက်ရဲ့ပုံ မပါဝင်ခဲ့တာဖြစ်ပါတယ်။ အာဆင်နယ်ဟာ ရိုက်ကို ခေါ်ယူဖို့အတွက် ဝက်စ်ဟမ်းအသင်းနဲ့ သဘောတူညီမှု အပြည့်အဝ ရရှိခဲ့ပြီဖြစ်ပြီး ပုဂ္ဂိုလ်ရေးအချက်အလက်တွေ အပြီးသတ်နိုင်ခဲ့ပြီးနောက် ပြီးခဲ့တဲ့အပတ် မြောက်လန်ဒန်မှာ ဆေးစစ်မှုတွေ ခံယူခဲ့တာဖြစ်ပါတယ်။

Arsenal Myanmar

Ref: Internet