အိုဇေးလ်နဲ့ အပေးအယူလုပ်ခဲ့ရတယ်လို့ ဝန်ခံခဲ့တဲ့ အာဆင်ဝင်းဂါး coyg

အိုဇေးလ်နဲ့ အပေးအယူလုပ်ခဲ့ရတယ်လို့ ဝန်ခံခဲ့တဲ့ အာဆင်ဝင်းဂါး

အာဆင်နယ်ဂန္တဝင်နည်းပြကြီး အာဆင်ဝင်းဂါးက အမ်းမရိတ်စ်မှာ မီဆွတ် အိုဇေးလ်နဲ့ အတူတူ အလုပ်လုပ်နေချိန်အတွင်း အပေးအယူလုပ်ခဲ့တယ်လို့ အရင်တုန်းက ဝန်ခံပြောကြားခဲ့ပါတယ်။

ဂျာမနီလက်ရွေးစင်ကွင်းလယ်ကြယ်ပွင့်ဟောင်းဟာ အစ္စတန်ဘူလ် ဘာဆတ်ဆီဟီရာအသင်းကို ယခုနှစ်အစောပိုင်းမှာ စွန့်ခွာခဲ့ပြီးနောက် ဗုဒ္ဓဟူးနေ့မှာ ပရော်ဖက်ရှင်နယ်ကစားသမားဘဝကနေ အနားယူလိုက်ပြီဖြစ်တယ်လို့ ကြေညာခဲ့တာဖြစ်ပါတယ်။

အိုဇေးလ်ဟာ အာဆင်နယ်အသင်းမှာ ၈ နှစ်ကြာ အချိန်ကုန်ဆုံးခဲ့သူဖြစ်ပြီး အဲဒီအချိန်တုန်းက အသင်းရဲ့ စံချိန်တင် ပြောင်းရွှေ့ကြေးရှင် ဖြစ်ခဲ့တာ ဖြစ်ပါတယ်။

အမ်းမရိတ်စ်မှာ အက်ဖ်အေဖလား ၄ ကြိမ်အထိ ရရှိခဲ့ပေမယ့်လည်း ပရိသတ်တွေ မျှော်မှန်းထားတဲ့ အတိုင်းအတာအထိ ရောက်ရှိအောင် စွမ်းဆောင်ပြနိုင်ခြင်းမရှိခဲ့သူဖြစ်ပြီး ၂၀၂၁ ခုနှစ်မှာ အလွတ်နဲ့ ထွက်ခွာပြီးနောက် ဖီနာဘာချီ၊ အစ္စတန်ဘူလ် ဘာဆတ်ဆီဟီရာတို့ကို ပြောင်းရွှေ့ကစားပြီး ကစားသမားဘဝကို အဆုံးသတ်ခဲ့တာဖြစ်ပါတယ်။

အိုဇေးလ်ကို ၂၀၁၃ ခုနှစ် ဇန်နဝါရီလမှာ ရီးရဲလ်မက်ဒရစ်ကနေ အာဆင်နယ်အသင်းကို ခေါ်ယူခဲ့ပြီး ၅ နှစ်ကြာ အတူတူ အလုပ်လုပ်ခဲ့ဖူးတဲ့ အာဆင်ဝင်းဂါးက ဂန်းနားနည်းပြရာထူးကနေ နုတ်ထွက်ခဲ့ပြီးနောက်ပိုင်း ဂျာမန်ကွင်းလယ်လူဘက်က ကာကွယ်ခဲ့ပေမယ့်လည်း ဂျာမန်ကွင်းလယ်လူဆီက အကောင်းဆုံးပုံစံရရှိအောင် အပေးအယူလုပ်ခဲ့ရတယ်လို့ ဝန်ခံခဲ့တာဖြစ်ပါတယ်။

“သူက ကိုင်တွယ်ရခက်တဲ့သူမျိုးမဟုတ်ပါဘူး။ သူက ဖန်တီးရှင်တစ်ယောက်အနေနဲ့ ထူးခြားတဲ့အရည်အသွေးရှိတဲ့လူတစ်ယောက်ဖြစ်ပြီး ပျော်ရွှင်နေဖို့ လိုအပ်ပါတယ်။ သူက အနုပညာရှင်ဖြစ်ပြီး ဒီလိုလူမျိုးတွေက ပိုပြီးတော့ ထိခိုက်လွယ်ပါတယ်။ သူတို့တွေက အားပေးထောက်ခံမှုနဲ့ သူတို့ရဲ့အကောင်းဆုံးတွေ ပေးအောင် တွန်းအားပေးမယ့် ပတ်ဝန်းကျင်မျိုးလိုပါတယ်။

ခင်ဗျား ဘောလုံးအသင်းကို ပုံစံ ၂ မျိုးနဲ့ မြင်ရမယ်။ ခင်ဗျားမှာ တူညီတဲ့အရာကို လုပ်မယ့်သူတွေရှိတယ်။ တူညီတဲ့ ပြင်းပြင်းထန်ထန် အလုပ်လုပ်ဆောင်မှု၊ တူညီတဲ့ ခံစစ်အလုပ်တွေကို လုပ်မယ့်သူတွေပေါ့။ ဒါမှမဟုတ်ရင် ခင်ဗျား အပေးအယူကို ရှာရလိမ်မယ်။

ခင်ဗျားအသင်းမှာ ခံစစ်အလုပ်ကို သိပ်မလုပ်နိုင်ဘဲ ဖန်တီးမှုပဲ လုပ်နိုင်တဲ့ ကစားသမားတွေ ပိုရှိနေရင် ခင်ဗျား သူ့ပတ်ဝန်းကျင်မှာ အဲဒီချို့ယွင်းချက်တွေကို ဖြည့်ဆည်းပေးနိုင်တဲ့သူတွေနဲ့ အသင်းကို တည်ဆောက်ရမှာပါ။ အဲဒါက ခင်ဗျား စဉ်းစားရမယ့်ကိစ္စပဲ။ ”လို့ ပြောကြားခဲ့ပါတယ်။

Arsenal Myanmar

Ref: Internet

ZAWGYI: အာဆင္နယ္ဂႏၲဝင္နည္းျပႀကီး အာဆင္ဝင္းဂါးက အမ္းမရိတ္စ္မွာ မီဆြတ္ အိုေဇးလ္နဲ႔ အတူတူ အလုပ္လုပ္ေနခ်ိန္အတြင္း အေပးအယူလုပ္ခဲ့တယ္လို႔ အရင္တုန္းက ဝန္ခံေျပာၾကားခဲ့ပါတယ္။

ဂ်ာမနီလက္ေ႐ြးစင္ကြင္းလယ္ၾကယ္ပြင့္ေဟာင္းဟာ အစၥတန္ဘူလ္ ဘာဆတ္ဆီဟီရာအသင္းကို ယခုႏွစ္အေစာပိုင္းမွာ စြန႔္ခြာခဲ့ၿပီးေနာက္ ဗုဒၶဟူးေန႔မွာ ပေရာ္ဖက္ရွင္နယ္ကစားသမားဘဝကေန အနားယူလိုက္ၿပီျဖစ္တယ္လို႔ ေၾကညာခဲ့တာျဖစ္ပါတယ္။

အိုေဇးလ္ဟာ အာဆင္နယ္အသင္းမွာ ၈ ႏွစ္ၾကာ အခ်ိန္ကုန္ဆုံးခဲ့သူျဖစ္ၿပီး အဲဒီအခ်ိန္တုန္းက အသင္းရဲ႕ စံခ်ိန္တင္ ေျပာင္းေ႐ႊ႕ေၾကးရွင္ ျဖစ္ခဲ့တာ ျဖစ္ပါတယ္။

အမ္းမရိတ္စ္မွာ အက္ဖ္ေအဖလား ၄ ႀကိမ္အထိ ရရွိခဲ့ေပမယ့္လည္း ပရိသတ္ေတြ ေမွ်ာ္မွန္းထားတဲ့ အတိုင္းအတာအထိ ေရာက္ရွိေအာင္ စြမ္းေဆာင္ျပႏိုင္ျခင္းမရွိခဲ့သူျဖစ္ၿပီး ၂၀၂၁ ခုႏွစ္မွာ အလြတ္နဲ႔ ထြက္ခြာၿပီးေနာက္ ဖီနာဘာခ်ီ၊ အစၥတန္ဘူလ္ ဘာဆတ္ဆီဟီရာတို႔ကို ေျပာင္းေ႐ႊ႕ကစားၿပီး ကစားသမားဘဝကို အဆုံးသတ္ခဲ့တာျဖစ္ပါတယ္။

အိုေဇးလ္ကို ၂၀၁၃ ခုႏွစ္ ဇန္နဝါရီလမွာ ရီးရဲလ္မက္ဒရစ္ကေန အာဆင္နယ္အသင္းကို ေခၚယူခဲ့ၿပီး ၅ ႏွစ္ၾကာ အတူတူ အလုပ္လုပ္ခဲ့ဖူးတဲ့ အာဆင္ဝင္းဂါးက ဂန္းနားနည္းျပရာထူးကေန ႏုတ္ထြက္ခဲ့ၿပီးေနာက္ပိုင္း ဂ်ာမန္ကြင္းလယ္လူဘက္က ကာကြယ္ခဲ့ေပမယ့္လည္း ဂ်ာမန္ကြင္းလယ္လူဆီက အေကာင္းဆုံးပုံစံရရွိေအာင္ အေပးအယူလုပ္ခဲ့ရတယ္လို႔ ဝန္ခံခဲ့တာျဖစ္ပါတယ္။

“သူက ကိုင္တြယ္ရခက္တဲ့သူမ်ိဳးမဟုတ္ပါဘူး။ သူက ဖန္တီးရွင္တစ္ေယာက္အေနနဲ႔ ထူးျခားတဲ့အရည္အေသြးရွိတဲ့လူတစ္ေယာက္ျဖစ္ၿပီး ေပ်ာ္႐ႊင္ေနဖို႔ လိုအပ္ပါတယ္။ သူက အႏုပညာရွင္ျဖစ္ၿပီး ဒီလိုလူမ်ိဳးေတြက ပိုၿပီးေတာ့ ထိခိုက္လြယ္ပါတယ္။ သူတို႔ေတြက အားေပးေထာက္ခံမႈနဲ႔ သူတို႔ရဲ႕အေကာင္းဆုံးေတြ ေပးေအာင္ တြန္းအားေပးမယ့္ ပတ္ဝန္းက်င္မ်ိဳးလိုပါတယ္။

ခင္ဗ်ား ေဘာလုံးအသင္းကို ပုံစံ ၂ မ်ိဳးနဲ႔ ျမင္ရမယ္။ ခင္ဗ်ားမွာ တူညီတဲ့အရာကို လုပ္မယ့္သူေတြရွိတယ္။ တူညီတဲ့ ျပင္းျပင္းထန္ထန္ အလုပ္လုပ္ေဆာင္မႈ၊ တူညီတဲ့ ခံစစ္အလုပ္ေတြကို လုပ္မယ့္သူေတြေပါ့။ ဒါမွမဟုတ္ရင္ ခင္ဗ်ား အေပးအယူကို ရွာရလိမ္မယ္။

ခင္ဗ်ားအသင္းမွာ ခံစစ္အလုပ္ကို သိပ္မလုပ္ႏိုင္ဘဲ ဖန္တီးမႈပဲ လုပ္ႏိုင္တဲ့ ကစားသမားေတြ ပိုရွိေနရင္ ခင္ဗ်ား သူ႔ပတ္ဝန္းက်င္မွာ အဲဒီခ်ိဳ႕ယြင္းခ်က္ေတြကို ျဖည့္ဆည္းေပးႏိုင္တဲ့သူေတြနဲ႔ အသင္းကို တည္ေဆာက္ရမွာပါ။ အဲဒါက ခင္ဗ်ား စဥ္းစားရမယ့္ကိစၥပဲ။ ”လို႔ ေျပာၾကားခဲ့ပါတယ္။

Arsenal Myanmar

Ref: Internet