အာတီတာရဲ့နောက်ဆုံးပေါ် ဗျူဟာသစ်ကို ဝေဖန်လိုက်တဲ့ ဆောင်းနက်စ်
ဂရေမီ ဆောင်းနက်စ်ဟာ အာဆင်နယ်နည်းပြ အာတီတာရဲ့ နောက်ဆုံးပေါ် ထူးဆန်းတဲ့ နည်းဗျူဟာ ဝေဖန်ခဲ့ပြီး အဓိပ္ပာယ်မရှိတဲ့ ဗျူဟာလို့ ကင်ပွန်းတပ်ခဲ့ပါတယ်။
ဂန်းနားတွေဟာ ပရီးမီးယားလိဂ်ရာသီ ကုန်ဆုံးဖို့ ၁၁ ပွဲသာ ကျန်ရှိတော့တဲ့အချိန်မှာ အမှတ်ပေးဇယားထိပ်ဆုံးမှာ ၅ မှတ်ဖြတ် ရပ်တည်နေတာဖြစ်ပြီး အာတီတာရဲ့ နည်းပြပုံနည်းနစ်အများအပြားဟာ အားလုံးရဲ့ အာရုံကို ဖမ်းစားနိုင်ခဲ့တာ ဖြစ်ပါတယ်။ လီဗာပူးလ်နဲ့ ကစားရမယ့်ပွဲမတိုင်ခင် လေ့ကျင့်ရေးအစီအစဉ်အတွင်း အန်းဖီးက ဆူညံသံတွေကို စပီကာကနေ ဖွင့်ပြီး ကစားခိုင်းတာလိုမျိုး အကွက်သစ်တွေက ပရိသတ်တွေကြားမှာ ပြောစရာ ဖြစ်ခဲ့တာ ဖြစ်ပါတယ်။
မကြာသေးမီကမှ အာဆင်နယ်ကစားသမားတွေဟာ ပြီးခဲ့တဲ့အပတ် ဖူလ်ဟမ်ကို အနိုင်ရခဲ့တဲ့ပွဲစဉ်အပြီး အဝတ်လဲခန်းထဲမှာ Clock End က အထင်ကရနာရီပုံစံတူကို ကိုင်ထားပြီး ဓာတ်ပုံရိုက်ကူးခဲ့ကြတာ ဖြစ်ပါတယ်။
ဆောင်းနက်စ်က အာတီတာရဲ့ စိတ်ကူးစိတ်သန်း ၂ ခုစလုံးကို ဝေဖန်ခဲ့တာဖြစ်ပြီး The Mail အတွက် ရေးသားခဲ့တဲ့ ကော်လံထဲမှာ “ကျွန်တော် အာဆင်နယ်က သူတို့ရဲ့ အိမ်ကွင်းက သက်တောင့်သက်သာဖြစ်မှုကို ပြိုင်ဘက်အသင်း အဝတ်လဲခန်းထဲကို ယူသွားတဲ့သတင်းကို ဖတ်ခဲ့ရပြီး အဲဒါက ဟာသမဟုတ်ဘူးဆိုတာ သေချာအောင် နှစ်ခါပြန်ဖတ်ခဲ့ရတယ်။ တကယ်ကြီးလား။ ခေတ်သစ် ပြိုင်ပွဲတွေမှာ ဒီလို ဖြစ်လာပြီလား။ အာဆင်နယ်ကစားသမားတွေက ဖူလ်ဟမ်ကို သူတို့ ဓာတ်ပုံတွေ၊ စတစ်ကာတွေနဲ့အတူ နံရံပေါ်က သူတို့ နာရီကိုရှာဖွေဖို့ ရောက်လာခဲ့တာလား။ အဲဒါက အရမ်းကို ထူးဆန်းပြီး အနိုင်ရရှိနေတဲ့ နည်းပြကသာ ဒီလိုမျိုး ကိစ္စတွေနဲ့ လွတ်မြောက်နိုင်မှာပါ။
အာဆင်နယ်နည်းပြ အာတီတာက ကောင်းမွန်တဲ့အလုပ်ကို လုပ်နေပေမယ့် သူက ဒီလိုမျိုး အဓိပ္ပာယ်မရှိတာတွေ လျှောက်လုပ်နေတယ်။ ပြီးခဲ့တဲ့ရာသီတုန်းက သူက အန်းဖီးက ပွဲအတွက် ကစားသမားတွေကို ကြိုတင်ပြင်ဆင်ဖို့ လေ့ကျင့်ရေးကွင်းမှာ You’ll Never Walk Alone ကို စပီကာနေ ဖွင့်ထားခဲ့တယ်။ ကျွန်တော် ပြိုင်ဘက် အဝတ်လဲခန်းထဲကို ဝင်လာတဲ့အချိန်မှာ သက်တောင့်သက်သာဖြစ်မှုကို မခံစားချင်ပါဘူး။ ကျွန်တော့်အိမ်ဧည့်ခန်းထဲမှာ နေရသလိုမျိုး မခံစားချင်ပါဘူး။ ကျွန်တော်က အလုပ်မှာ ရှိနေတာပါ။ ကျွန်တော်က ရန်သူ့နယ်မြေထဲမှာ ရှိနေတာဖြစ်ပြီး ကျွန်တော် တုံ့ပြန်ဖို့ အဆင်သင့်ဖြစ်နေတယ်လို့ ခံစားချင်ပါတယ်။ ကျွန်တော်သာ အဝေးကွင်းကို နံရံပေါ်မှာ ကျွန်တော့်ကို စောင့်နေတဲ့ နာရီကို ရှာဖွေဖို့ လာခဲ့ရတာဆိုရင် ကျွန်တော် အားရပါးရ ရယ်မောမိခဲ့မှာပါ။ ကျွန်တော်တစ်ယောက်တည်း ရယ်နေခဲ့မှာလည်း မဟုတ်ပါဘူး။”လို့ ရေးသားခဲ့ပါတယ်။
အာဆင်နယ်ဟာ ကြာသပတေးနေ့ ညနေမှာ စပို့တင်း လစ္စဘွန်းကို ရှုံးနိမ့်ပြီး ယူရိုပါလိဂ်ပြိုင်ပွဲကနေ ထွက်ခွာခဲ့ရပေမယ့်လည်း ပရီးမီးယားလိဂ်ဖလားကို အနိုင်ရရှိဖို့ ရေပန်းအစားဆုံးအဖြစ် ရပ်တည်နေဆဲဖြစ်ပြီး တနင်္ဂနွေနေ့ ခရစ္စတယ်ပဲလေ့စ်နဲ့ပွဲမှာ အနိုင်ရခဲ့မယ်ဆိုရင် ၈ မှတ်အထိ ဖြတ်ပြီး ဦးဆောင်ထားနိုင်မှာဖြစ်ပါတယ်။
Arsenal Myanmar
Ref: Internet
ZAWGYI:
ဂေရမီ ေဆာင္းနက္စ္ဟာ အာဆင္နယ္နည္းျပ အာတီတာရဲ႕ ေနာက္ဆုံးေပၚ ထူးဆန္းတဲ့ နည္းဗ်ဴဟာ ေဝဖန္ခဲ့ၿပီး အဓိပၸာယ္မရွိတဲ့ ဗ်ဴဟာလို႔ ကင္ပြန္းတပ္ခဲ့ပါတယ္။
ဂန္းနားေတြဟာ ပရီးမီးယားလိဂ္ရာသီ ကုန္ဆုံးဖို႔ ၁၁ ပြဲသာ က်န္ရွိေတာ့တဲ့အခ်ိန္မွာ အမွတ္ေပးဇယားထိပ္ဆုံးမွာ ၅ မွတ္ျဖတ္ ရပ္တည္ေနတာျဖစ္ၿပီး အာတီတာရဲ႕ နည္းျပပုံနည္းနစ္အမ်ားအျပားဟာ အားလုံးရဲ႕ အာ႐ုံကို ဖမ္းစားႏိုင္ခဲ့တာ ျဖစ္ပါတယ္။ လီဗာပူးလ္နဲ႔ ကစားရမယ့္ပြဲမတိုင္ခင္ ေလ့က်င့္ေရးအစီအစဥ္အတြင္း အန္းဖီးက ဆူညံသံေတြကို စပီကာကေန ဖြင့္ၿပီး ကစားခိုင္းတာလိုမ်ိဳး အကြက္သစ္ေတြက ပရိသတ္ေတြၾကားမွာ ေျပာစရာ ျဖစ္ခဲ့တာ ျဖစ္ပါတယ္။
မၾကာေသးမီကမွ အာဆင္နယ္ကစားသမားေတြဟာ ၿပီးခဲ့တဲ့အပတ္ ဖူလ္ဟမ္ကို အႏိုင္ရခဲ့တဲ့ပြဲစဥ္အၿပီး အဝတ္လဲခန္းထဲမွာ Clock End က အထင္ကရနာရီပုံစံတူကို ကိုင္ထားၿပီး ဓာတ္ပုံ႐ိုက္ကူးခဲ့ၾကတာ ျဖစ္ပါတယ္။
ေဆာင္းနက္စ္က အာတီတာရဲ႕ စိတ္ကူးစိတ္သန္း ၂ ခုစလုံးကို ေဝဖန္ခဲ့တာျဖစ္ၿပီး The Mail အတြက္ ေရးသားခဲ့တဲ့ ေကာ္လံထဲမွာ “ကြၽန္ေတာ္ အာဆင္နယ္က သူတို႔ရဲ႕ အိမ္ကြင္းက သက္ေတာင့္သက္သာျဖစ္မႈကို ၿပိဳင္ဘက္အသင္း အဝတ္လဲခန္းထဲကို ယူသြားတဲ့သတင္းကို ဖတ္ခဲ့ရၿပီး အဲဒါက ဟာသမဟုတ္ဘူးဆိုတာ ေသခ်ာေအာင္ ႏွစ္ခါျပန္ဖတ္ခဲ့ရတယ္။ တကယ္ႀကီးလား။ ေခတ္သစ္ ၿပိဳင္ပြဲေတြမွာ ဒီလို ျဖစ္လာၿပီလား။ အာဆင္နယ္ကစားသမားေတြက ဖူလ္ဟမ္ကို သူတို႔ ဓာတ္ပုံေတြ၊ စတစ္ကာေတြနဲ႔အတူ နံရံေပၚက သူတို႔ နာရီကိုရွာေဖြဖို႔ ေရာက္လာခဲ့တာလား။ အဲဒါက အရမ္းကို ထူးဆန္းၿပီး အႏိုင္ရရွိေနတဲ့ နည္းျပကသာ ဒီလိုမ်ိဳး ကိစၥေတြနဲ႔ လြတ္ေျမာက္ႏိုင္မွာပါ။
အာဆင္နယ္နည္းျပ အာတီတာက ေကာင္းမြန္တဲ့အလုပ္ကို လုပ္ေနေပမယ့္ သူက ဒီလိုမ်ိဳး အဓိပၸာယ္မရွိတာေတြ ေလွ်ာက္လုပ္ေနတယ္။ ၿပီးခဲ့တဲ့ရာသီတုန္းက သူက အန္းဖီးက ပြဲအတြက္ ကစားသမားေတြကို ႀကိဳတင္ျပင္ဆင္ဖို႔ ေလ့က်င့္ေရးကြင္းမွာ You’ll Never Walk Alone ကို စပီကာေန ဖြင့္ထားခဲ့တယ္။ ကြၽန္ေတာ္ ၿပိဳင္ဘက္ အဝတ္လဲခန္းထဲကို ဝင္လာတဲ့အခ်ိန္မွာ သက္ေတာင့္သက္သာျဖစ္မႈကို မခံစားခ်င္ပါဘူး။ ကြၽန္ေတာ့္အိမ္ဧည့္ခန္းထဲမွာ ေနရသလိုမ်ိဳး မခံစားခ်င္ပါဘူး။ ကြၽန္ေတာ္က အလုပ္မွာ ရွိေနတာပါ။ ကြၽန္ေတာ္က ရန္သူ႔နယ္ေျမထဲမွာ ရွိေနတာျဖစ္ၿပီး ကြၽန္ေတာ္ တုံ႔ျပန္ဖို႔ အဆင္သင့္ျဖစ္ေနတယ္လို႔ ခံစားခ်င္ပါတယ္။ ကြၽန္ေတာ္သာ အေဝးကြင္းကို နံရံေပၚမွာ ကြၽန္ေတာ့္ကို ေစာင့္ေနတဲ့ နာရီကို ရွာေဖြဖို႔ လာခဲ့ရတာဆိုရင္ ကြၽန္ေတာ္ အားရပါးရ ရယ္ေမာမိခဲ့မွာပါ။ ကြၽန္ေတာ္တစ္ေယာက္တည္း ရယ္ေနခဲ့မွာလည္း မဟုတ္ပါဘူး။”လို႔ ေရးသားခဲ့ပါတယ္။
အာဆင္နယ္ဟာ ၾကာသပေတးေန႔ ညေနမွာ စပို႔တင္း လစၥဘြန္းကို ရႈံးနိမ့္ၿပီး ယူ႐ိုပါလိဂ္ၿပိဳင္ပြဲကေန ထြက္ခြာခဲ့ရေပမယ့္လည္း ပရီးမီးယားလိဂ္ဖလားကို အႏိုင္ရရွိဖို႔ ေရပန္းအစားဆုံးအျဖစ္ ရပ္တည္ေနဆဲျဖစ္ၿပီး တနဂၤေႏြေန႔ ခရစၥတယ္ပဲေလ့စ္နဲ႔ပြဲမွာ အႏိုင္ရခဲ့မယ္ဆိုရင္ ၈ မွတ္အထိ ျဖတ္ၿပီး ဦးေဆာင္ထားႏိုင္မွာျဖစ္ပါတယ္။
Arsenal Myanmar
Ref: Internet