အာဆင်နယ်မှာ ပြီးပြည့်စုံတဲ့ ရှပ်နံပါတ်ကို ရရှိနိုင်မယ့် ဒီကလန် ရိုက်စ်
အာဆင်နယ်အသင်းဟာ ဝက်စ်ဟမ်းအသင်းခေါင်းဆောင် ဒီကလန် ရိုက်စ်ကို ပေါင်သန်း ၁၀၀ ဝန်းကျင်နဲ့ အပြီးသတ်ခေါ်ယူနိုင်ဖို့ နီးစပ်နေပြီဖြစ်ပြီး ဂန်းနားနည်းပြ အာတီတာက လာမယ့်ရာသီမတိုင်ခင် ကွင်းလယ်ကစားသမား ၂ ဦးအထိ ခေါ်ယူချင်နေတာဖြစ်ပါတယ်။
ဒီကလန် ရိုက်စ်ဟာ ဖီအိုရင်တီးနားကို ၂-၁ နဲ့ အနိုင်ရရှိခဲ့တဲ့ ယူရိုပါကွန်းဖရင့်လိဂ် ဗိုလ်လုပွဲကို ဝက်စ်ဟမ်းကစားသမားအဖြစ် နောက်ဆုံးပါဝင်ကစားပေးခဲ့တာဖြစ်တယ်လို့ အသင်းဥက္ကဌ ဆူလီဗန်က ဝန်ခံ ပြောကြားခဲ့တာဖြစ်ပါတယ်။
မန်ချက်စတာယူနိုက်တက်၊ ချဲလ်ဆီး၊ လီဗာပူးလ်၊ ဘိုင်ယန်မြူးနစ်တို့က အင်္ဂလန်ကွင်းလယ်ကြယ်ပွင့်ကို ခေါ်ယူဖို့ စိတ်ဝင်စားနေတာဖြစ်ပေမယ့်လည်း အာဆင်နယ်အသင်းက ဒီကလန် ရိုက်စ်ကို ခေါ်ယူမယ့် ပြိုင်ပွဲထဲမှာ ပြိုင်ဘက်တွေကို အလဲထိုးနိုင်တော့မယ့်ပုံပေါ်နေတာဖြစ်ပါတယ်။
The Guardian ရဲ့ ဖော်ပြချက်အရ အာဆင်နယ်အသင်းဟာ ဒီကလန် ရိုက်စ်ရဲ့ အပြောင်းအရွှေ့အတွက် ဝက်စ်ဟမ်းနဲ့ သဘောတူညီမှု ရရှိဖို့ နီးစပ်နေပြီဖြစ်ပြီး ထပ်ဆောင်းပေးချေမှုတွေပါ ပါဝင်မယ်ဆိုရင် ပြောင်းရွှေ့ကြေးက ပေါင်သန်း ၁၀၀ အထိ မြင့်တက်သွားနိုင်တယ်လို့ သိရပါတယ်။
ဒီကလန် ရိုက်စ်ဟာ ဝက်စ်ဟမ်းအသင်းမှာ ၆ နှစ်ကြာအချိန်ကုန်ဆုံးခဲ့သူဖြစ်ပြီး နောက်ဆုံး ပါဝင်ကစားပေးခဲ့တဲ့ ပွဲစဉ်မှာ ယူရိုပါကွန်းဖရင့်လိဂ်ဖလား ရရှိအောင် ကူညီပေးပြီး သမိုင်းသစ် ရေးထိုးနိုင်ခဲ့ပြီးနောက် အသင်းကနေ ထွက်ခွာတော့မှာ ဖြစ်ပါတယ်။
အင်္ဂလန်လက်ရွေးစင်ကွင်းလယ်ကစားသမားဟာ ဝက်စ်ဟမ်းအသင်းအတွက် အရေးကြီးတဲ့ ကစားသမားဖြစ်လာဖို့ အဆင့်ဆင့် ဖြတ်သန်းခဲ့ရတာဖြစ်ပြီး အသင်းအတွက် အရေးကြီးတဲ့ ကစားသမားဖြစ်လာခဲ့ပေမယ့်လည်း ဒီကလန် ရိုက်စ်ဟာ ၎င်းရဲ့ ကျောနံပါတ် ၄၁ ကို ပြောင်းလဲခဲ့ခြင်းမရှိတာဖြစ်ပါတယ်။
တကယ်လို့ ရိုက်စ်သာ အာဆင်နယ်မှာ အဲဒီ ကျောနံပါတ်ပဲ ဝတ်ဆင်သွားမယ်ဆိုရင်တော့ အာဆင်နယ်ယူ-၂၃ ကြယ်ပွင့် မာရူအို ဘန်ဒေရာဆီကနေ လက်လွှဲယူရမှာဖြစ်ပြီး ဝက်စ်ဟမ်းကြယ်ပွင့်ဟာ စီနီယာကစားသမားဘဝတလျှောက်လုံးမှာ ကျောနံပါတ် ၄၁ က လွဲပြီး အခြား နံပါတ်ကို ဝတ်ဆင်ကစားခဲ့ခြင်းမရှိခဲ့တာဖြစ်ပါတယ်။
ဒါကြောင့် လာမယ့်ရာသီ အာဆင်နယ်အသင်းမှာလည်း ကျောနံပါတ် ၄၁ ကိုပဲ ဆက်လက် ဝတ်ဆင်ကစားသွားနိုင်ပြီး ဂန်းနားတွေအနေနဲ့ ဥရောပရဲ့ အကောင်းဆုံး ကွင်းလယ်ခံစစ် ကစားသမားတွေထဲက တစ်ဦးဖြစ်တဲ့ ရိုက်စ်ကို အပြီးသတ်ခေါ်ယူနိုင်မလားဆိုတာကိုပဲ စောင့်ကြည့်ဖို့ ကျန်ပါတော့တယ်။
Arsenal Myanmar
Ref: Internet
- Posted In:
- News
- Team News
- Transfer News