ခြေမပေါ်လို့ ဝေဖန်ခံခဲ့ရပေမယ့် အာဆင်နယ်ကိုတဖက်တလမ်းက အကျိုးပြုပေးခဲ့တဲ့ ပေပေနဲ့ နောက်ဆုံးရ ဂန်းနားသတင်းများ admin

ခြေမပေါ်လို့ ဝေဖန်ခံခဲ့ရပေမယ့် အာဆင်နယ်ကိုတဖက်တလမ်းက အကျိုးပြုပေးခဲ့တဲ့ ပေပေနဲ့ နောက်ဆုံးရ ဂန်းနားသတင်းများ

-အာဆင်နယ်ရဲ့ ကစားသမားသစ်ခေါ်ယူမှုတွေထဲက တစ်ဦးဖြစ်တဲ့ လီအန်ဒရို ထရော့ဆာ့ဒ်က ဗုဒ္ဓဟူးနေ့က အဲဗာတန်နဲ့ပွဲစဉ်မှာ အော်ဒီဂွါဒ်ရဲ့ သွင်းဂိုးကို ဖန်တီးပေးခဲ့ပြီးနောက် ဘူကာယို ဆာကာဟာ ဘရိုက်တန်ကြယ်ပွင့်ဟောင်းဆီ အပြေးလာပြီး “ထိပ်တန်းပဲ”လို့ ချီးကျူးခဲ့ပြီးနောက် ပွေ့ဖက်ခဲ့ပါတယ်။ ထရော့ဆာ့ဒ်ဟာ လက်ရှိမှာ အာဆင်နယ်အတွက် ပြိုင်ပွဲစုံ ၉ ပွဲမှာ သွင်းဂိုး ၁ ဂိုးနဲ့ ဂိုးဖန်တီးမှု ၂ ကြိမ် ပြုလုပ်ထားနိုင်ခဲ့ပြီဖြစ်ပြီး အာတီတာဟာ ဘယ်လ်ဂျီယမ်ကြယ်ပွင့်ကို မိနစ် ၉၀ အပြည့်မသုံးသေးပေမယ့် ထရော့ဆာ့ဒ် ရောက်ရှိလာမှုက ရာသီနောက်ဆုံးလတွေမှာ အရေးပါလာမယ့် အသင်းလူစာရင်းကို အရည်အသွေး ပိုမိုကောင်းမွန်စေခဲ့တာဖြစ်ပါတယ်။

-လိုင်လီအသင်းကနေ ၂၀၁၉ ခုနှစ်တုန်းက အသင်းစံချိန်တင်ပြောင်းရွှေ့ကြေး ပေါင် ၇၂ သန်းနဲ့ ပြောင်းရွှေ့လာခဲ့ပြီးနောက် အာဆင်နယ်မှာ ခြေမပေါ်လို့ နိစ်ကို အငှားချခံခဲ့ရတဲ့ နီကိုလာ ပေပေဟာ အာဆင်နယ်အတွက် ကောင်းမွန်တဲ့အရာတွေ အများကြီး မလုပ်နိုင်ခဲ့ပေမယ့်လည်း သွယ်ဝိုက်တဲ့နည်းလမ်းနဲ့ အသင်းအပေါ် ကူညီပေးနိုင်ခဲ့ပါတယ်။ ယခုရာသီ အကောင်းဆုံးပုံစံ ရရှိနေတဲ့ အာဆင်နယ်အသင်းအတွက် အဓိကကစားသမားတစ်ဦးအဖြစ် ကစားပေးနေတဲ့ ဂါဘရီယဲလ် မာဂါလိုင်စ်ဟာ ၂၀၂၀ ဆောင်းရာသီမှာ လိုင်လီကနေ အဲဗာတန်ကို ပြောင်းရွှေ့ဖို့ ဆေးစစ်မှုတောင် အောင်မြင်ခဲ့ပြီးဖြစ်ပေမယ့်လည်း မပြောင်းရွှေ့ဖြစ်ခဲ့ဘဲ နာပိုလီ၊ အဲဗာတန်တို့နဲ့ စကားထပ်ပြောပြီးနောက် အသင်းဖော်ဟောင်း နီကိုလာပေပေကြောင့် အာဆင်နယ်ကို ရွေးချယ်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။ ဂါဘရီယဲလ် မာဂါလိုင်စ်ဟာ အဲဒီနှစ်နွေရာသီမှာ ပေါင်၂၅ သန်းနဲ့ အမ်မရိတ်စ်ကို ပြောင်းရွှေ့ခဲ့ပြီး ပရီးမီးယားလိဂ်ရဲ့ အကောင်းဆုံးနောက်ခံလူတွေထဲက တစ်ဦးဖြစ်လာဖို့ အချိန်ယူခဲ့ရပေမယ့်လည်း လက်ရှိမှာတော့ တတိယမြောက်ရာသီမှာ စိတ်လှုပ်ရှားစရာအကောင်းဆုံးရာသီကို ပိုင်ဆိုင်နေပြီဖြစ်ပါတယ်။

-လီဗာပူးလ်ဂန္တဝင် ဂျေမီ ကာရေဂါဟာ တစ်ခါတုန်းက အာဆင်နယ်ရဲ့ ကစားသမားသစ်ခေါ်ယူမှု ၃ ခုကို ဟာသလို့ သတ်မှတ်ခဲ့ဖူးပြီး ၂၀၂၀ ခုနှစ်တုန်းက အာတီတာရောက်ရောက်ချင်း ချဲလ်ဆီးက စာချုပ်သစ်မပေးတော့တဲ့ ဝီလီယံ၊ ဆောက်သမ်တန်ကနေ အလွတ်နဲ့ ထွက်မယ့် ဆီးဒရစ်တို့ကို ခေါ်ယူခဲ့ပြီး ဒေးဗစ် လူးဝီးဇ်ကတော့ စပိန်လူမျိုးနည်းပြ မရောက်ခင် အူနိုင်း အမ်မရီက ချဲလ်ဆီးကနေ ခေါ်ယူခဲ့တာဖြစ်ပါတယ်။

ကာရေဂါက ဝီလီယံနဲ့ ဒေးဗစ် လူးဝီးဇ်တို့ဟာ အသက် ၃၀ ကျော်ကစားသမားတွေဖြစ်တာကြောင့် အာဆင်နယ်ရဲ့ ကစားသမား ခေါ်ယူမှုတွေဟာ အဓိပ္ပာယ်မရှိဘဲ ဟာသဖြစ်တယ်လို့ သတ်မှတ်ခဲ့တာဖြစ်ပြီး လက်ရှိ ပရီးမီးယားလိဂ်မှာ အဲဒီခေါ်ယူမှုတွေထဲက တစ်ဦး ထွက်၊ တစ်ဦး ကျန်ရှိနေသေးတာဖြစ်ပါတယ်။ ကျန်နေတဲ့ တစ်ဦးကတော့ ဆီးဒရစ်ဖြစ်ပြီး ဖူလ်ဟမ်ကို အငှားနဲ့ ထွက်ကစားနေပြီး ထွက်သွားတဲ့သူကတော့ ဝီလီယံ ဖြစ်ပါတယ်။ ဝီလီယံဟာ အာဆင်နယ်မှာ ချဲလ်ဆီးတုန်းက ခြေစွမ်းမျိုးမပြသနိုင်ခဲ့တဲ့နောက် နှစ်ဦးသဘောတူ လမ်းခွဲပြီး ကိုရင်သီယန်အသင်းကို ပြန်ပြောင်းသွားခဲ့ပေမယ့်လည်း တစ်နှစ်အကြာမှာ တန်းတက် ဖူလ်ဟမ်က ပရီးမီးယားလိဂ်ကို ပြန်ခေါ်ခဲ့ပြီး အသင်းအတွက် ၃ ဂိုးသွင်းယူပေးထားတာဖြစ်ပါတယ်။ ဒေးဗစ် လူးဝီးဇ်ကလည်း ဘရာဇီးလ်ပြန်သွားခဲ့ပေမယ့်လည်း ဖလာမင်ဂိုအသင်းနဲ့ ကစားသမားဘဝကို အဆုံးသတ်မယ့်ပုံ ပေါ်နေတာဖြစ်ပါတယ်။

-အာဆင်နယ်ဂန္တဝင် အီမန်နျူရယ် ပီတစ်က အာဆင်နယ်ကစားသမားသစ် ဂျော်ဂျင်ညိုကို သဘောကျသူမဟုတ်ဘူးလို့ ဝန်ခံပြောကြားခဲ့ပြီး ဂန်းနားတွေဟာ ဘရိုက်တန်ကြယ်ပွင့် ကိုင်ဆေဒိုကို ခေါ်ယူနိုင်ခြင်းမရှိခဲ့တဲ့နောက် ချဲလ်ဆီးကနေ ဂျော်ဂျင်ညိုကို ပေါင် ၁၂ သန်းဝန်းကျင်နဲ့ ခေါ်ယူခဲ့တာဖြစ်ပါတယ်။ ဒါပေမယ့်လည်း အီတလီကွင်းလယ်လူဟာ အမ်းမရိတ်စ်မှာ ကောင်းကောင်း အသားကျခဲ့ပြီး အက်စတန် ဗီလာကို ၄-၂ နဲ့ အံ့အားသင့်ဖွယ် နိုင်ပွဲပြန်ယူနိုင်ခဲ့တဲ့ပွဲမှာ အလွန်ကောင်းမွန်တဲ့စွမ်းဆောင်ရည်ကို ပြသခဲ့တာဖြစ်ပါတယ်။

ဒါပေမယ့်လည်း ဂျော်ဂျင်ညိုဟာ အာဆင်နယ်ကွင်းလယ်ကြယ်ပွင့်ဟောင်း ပီတစ်ကို သဘောကျလာအောင် လုပ်နိုင်ခြင်းမရှိသေးတာဖြစ်ပြီး ပြင်သစ်ဂန္တဝင်က ချဲလ်ဆီးကွင်းလယ်ကြယ်ပွင့်ဟောင်းဟာ အမ်းမရိတ်စ်ကို ရောက်လာပြီးကတည်းက မတူညီတဲ့ကစားသမားတစ်ဦးပုံစံပေါ်ခဲ့တယ်လို့ ဝန်ခံ ပြောကြားခဲ့ပေမယ့်လည်း နာပိုလီကြယ်ပွင့်ဟောင်းကို နှစ်သက်သူမဟုတ်ဘူးလို့ ပြောဆိုခဲ့တာဖြစ်ပါတယ်။ “စီးတီးက နေ့တိုင်း သူတို့အပေါ်မှာ ဖိအားတွေပေးမှာပါ။ ဒါပေမယ့် သူတို့တွေက ရင့်ကျက်မှုနဲ့ ပျော်ရွှင်မှုတွေ အများကြီးပြသနေတယ်။ ပျော်ရွှင်မှုက အရမ်း အရေးပါတယ်။ ခင်ဗျား အဲဒါကို ဂျော်ဂျင်ညိုဆီကနေ တွေ့နိုင်တယ်။ သူက မတူညီတဲ့ကစားသမားဖြစ်လာပါတယ်။ ကျွန်တော်က ဂျော်ဂျင်ညိုရဲ့ ပရိသတ်မဟုတ်ပါဘူး။ သူက ချဲလ်ဆီးအဝတ်လဲခန်းကို စွန့်ခွာခဲ့တာကို အရမ်းပျော်ရွှင်နေတယ်လို့ ထင်ပါတယ်။ ရုတ်တရက်ဆိုသလိုပဲ သူ့ပုံစံက မတူညီတဲ့ကစားသမားပုံစံပေါက်လာပါတယ်”လို့ ပြောကြားခဲ့ပါတယ်။

-အာဆင်နယ်နည်းပြ အာတီတာဟာ ဂန်းနားတွေ နိုင်ပွဲဆက်နေတယ်ဆိုရင် ဝတ်ထားတဲ့အဝတ်ကိုတောင် မလဲတဲ့အထိ အယူသည်းခဲ့တဲ့အကြောင်း ထုတ်ဖော် ပြောကြားခဲ့ပါတယ်။ အာတီတာဟာ အသေးစိတ်အချက်အလက်တွေကအစ ဂရုစိုက်တတ်သူဖြစ်တယ်လို့ လူသိများပြီး လေ့ကျင့်ရေးကွင်းမှာတင်မဟုတ်ဘဲ အဝတ်အစားဝတ်ဆင်ရာမှာပါ အသေးစိတ်ကျသူဖြစ်ပါတယ်။ အာတီတာဟာ အာဆင်နယ်အသင်းက နိုင်ပွဲဆက်နေချိန်မှာ တူညီတဲ့အဝတ်အစားကိုပဲ ဝတ်ဆင်ပြီး ရှုံးနိမ့်မှသာ အဝတ်အစားလဲဝတ်တဲ့အကြောင်း ရှင်းပြခဲ့ပါတယ်။ “ဟုတ်ပါတယ်။ အဲဒါက အရမ်းကို စာအုပ်ကြီးဆန်ပါတယ်။ ကျွန်တော်က အရမ်းကို စာအုပ်ကြီးဆန်ပါတယ်။ အစီအစဉ်တကျလုပ်တတ်တဲ့သူပါ။ ကျွန်တော်တို့ အနိုင်ရတဲ့အချိန်မှာ ကျွန်တော့်အဝတ်အစားတောင် လဲရတာ မနှစ်သက်ပါဘူး။ ကျွန်တော် တူညီတဲ့ အင်္ကျီ၊ ဘောင်းဘီနဲ့ ဖိနပ်ကို ဆက်ပြီး ဝတ်ဆင်ပါတယ်။ ကျွန်တော်တို့ ရှုံးရင်တော့ မတူညီတဲ့အဝတ်အစားကို ပြောင်းဝတ်ပါတယ်။ မြင့်မားတဲ့စွမ်းဆောင်ရည်အဆင့်အတန်းမှာ ခင်ဗျား တည်ငြိမ်မှု ရှိရမယ်လို့ ထင်တယ်။ အရာအားလုံးက တောင်းဆိုမှုတွေရှိလာတဲ့အခါမှာ ခင်ဗျား အသေးစိတ်ပြီး တိကျချင်မှာပါ။ ဒါပေမယ့် တစ်ချိန်တည်းမှာပဲ ခင်ဗျား ဖန်တီးနိုင်စွမ်းအတွက်လည်း နေရာချန်ထားဖို့ လိုမှာပါ။ ကျွန်တော် အဲဒီ ရောနှောမှုကို သဘောကျတယ်”လို့ ပြောကြားခဲ့ပါတယ်။

အာဆင်နယ်အသင်းဟာ လက်ရှိပရီးမီးယားလိဂ်မှာ မန်စီးတီးအသင်းထက် ၅ မှတ်ဖြတ်ပြီး အမှတ်ပေးဇယားမှာ ဦးဆောင်နေပေမယ့် မန်စီးတီးနည်းပြ ဂွါဒီယိုလာကို ဘယ်အသင်းက လက်ရှိ အကောင်းဆုံးလဲဟု သတင်းထောက်က မေးခဲ့ရာမှာ အာဆင်နယ်အသင်းကို ငြင်းဆန်ခဲ့ပြီး လက်ရှိအကောင်းဆုံးအသင်းက အဆင့် ၅ ရှိ ၂ ပွဲသာ ရှုံးနိမ့်ထားတဲ့ ပေးဂိုး ၁၅ ဂိုးသာ ပေးထားရတဲ့ နယူးကာဆယ်လ်ယူနိုက်တက်သာ ဖြစ်သည်ဟု ပြန်လည်ဖြေကြားခဲ့ပါတယ်။

ဂွါဒီယိုလာက ” ပြိုင်ဘက်ကို ခြိမ်းခြောက်နိုင်မှု၊ ကစားကွက် လျင်မြန်စွာပြောင်းလဲ ကစားနိုင်မှုနဲ့ set pieces တွေကောင်းမွန်လွန်းတဲ့ နယူးကာဆယ်ယူနိုက်တက်က ယခုရာသီမှာ အကောင်းဆုံးအသင်းပါ။ သူတို့အသင်းဟာ ဒီနေရာ(အဆင့် ၄ နား)ကို မရောက်တာ ကြာပြီဖြစ်တဲ့အတွက် သူတို့ဒီနေရာကို ရောက်လာဖို့ အချိန်ယူရမယ်လို့ အများက ထင်ခဲ့ကြပါတယ်။ ဒါပေမယ့် သူတို့ဟာ လိုအပ်တဲ့ ကစားသမားတွေ မှန်ကန်စွာခေါ်ယူနိုင်ခဲ့ပြီး အသင်းရှိအတွေ့အကြုံရှိကစားတွေနဲ့ ပေါင်းစပ်ကာ တိကျမှန်ကန်စွာပြုမှုနိုင်ခဲ့ပါတယ်။ သူတို့ ဒီနေရာကို ခပ်မြန်မြန်ရောက်လာတာ အံ့အားသင့်စရာဖြစ်ပေမယ့် သူတို့ရဲ့ နည်းပြ အင်ဒီဟောင်းဟာလည်း အရည်အချင်းရှိသူဖြစ်တဲ့အတွက် ဒီလိုနေရာမှာ သူတို့ ဆက်ရှိနေမှာပါ။ သူတို့ရာသီကုန်ထိ ကျွန်တော်တို့အတွက် အခက်ခဲဆုံး ပြိုင်ဘက်တွေထဲက တစ်ဦးပါ။ သူတို့ရဲ့ စိတ်ဓာတ်၊ပြောင်းလဲလာမှုတွေနဲ့ ပြိုင်ဘက်ကို ခြိန်းခြောက်လာနိုင်မှုတွေကြောင့် သူတို့က အကောင်းဆုံးအသင်းတွေထဲက တစ်သင်းပါ” လို့ ပွဲကြိုအင်တာဗျူးမှာပြောခဲ့ပါတယ်။ ယခုတပတ် ပရီးမီးယားလိဂ်ရဲ့ ပထမဦးဆုံးပွဲအဖြစ် စနေနေ့မှာ ဂွါဒီလာယိုရဲ့ မန်စီးတီးအသင်းဟာ အီတီဟတ်မှာ နယူးကာဆယ်ယူနိုက်တက်ကို ဧည့်ခံကစားရမှာဖြစ်ပြီး ဘုန်းမောက်အသင်းနဲ့ ကစားရမယ့် အာဆင်နယ်အသင်းကို ဖိအားပေးနိုင်ဖို့ နယူးကာဆယ်ကို အနိုင်ကစားဖို့လိုအပ်နေတာ ဖြစ်ပါတယ်။

ချဲလ်ဆီးနဲ့ မန်စီးတီးကြယ်ပွင့်ဟောင်း ဝိန်း ဘရစ်ချ်က အာဆင်နယ်ပရိသတ်တွေတောင် ပရီးမီးယားလိဂ်ဆုဖလားပြိုင်ပွဲမှာ ဂန်းနားတွေ နောက်ကောက်ကျလိမ့်မယ်ဆိုတာကို သိနေတယ်လို့ ပြောကြားခဲ့ပါတယ်။ အာဆင်နယ်က အလွန်ကောင်းမွန်တဲ့ ပုံစံကောင်း ပြသနေပေမယ့်လည်း အင်္ဂလန်နောက်ခံလူဟောင်း ဝိန်း ဘရစ်ချ်က ဆုဖလားပြိုင်ပွဲမှာ ဂန်းနားတွေ ခြေချော်တော့မှာ အနှေးနဲ့အမြန်သာ ဖြစ်တယ်လို့ ယုံကြည်နေပြီး ဂန်းနားပရိသတ်တွေတောင် ဘယ်အချိန် ခြေချော်မလဲဆိုတာကို စောင့်နေကြတာလို့ ပြောကြားခဲ့တာဖြစ်ပါတယ်။ “မန်ချက်စတာစီးတီးက အာဆင်နယ်ကို ကျော်ဖြတ်ပြီး ဆုဖလားကို ရသွားမယ်လို့ ထင်တယ်။ အားလုံးက အာဆင်နယ် ခြေချော်တာကိုပဲ စောင့်နေကြတာပါ။ သူတို့တွေရဲ့ ပရိသတ်တွေတောင်မှ တစ်ချိန်မဟုတ် တစ်ချိန် ခြေချော်သွားမယ်ဆိုတာကို သိနေတယ်လို့ ထင်ပါတယ်။ကျွန်တော့်အတွက်ကတော့ အဲဒါက ဖြစ်လာမယ့်အရာဖြစ်ပြီး မန်ချက်စတာစီးတီးက ကျော်တက်သွားမယ်ဆိုတာကို မြင်နိုင်ပါတယ်။ “လို့ ပြောကြားခဲ့တာဖြစ်ပါတယ်။

Arsenal Myanmar
Ref: Internet

zawgyi:

-အာဆင္နယ္ရဲ႕ ကစားသမားသစ္ေခၚယူမႈေတြထဲက တစ္ဦးျဖစ္တဲ့ လီအန္ဒ႐ို ထေရာ့ဆာ့ဒ္က ဗုဒၶဟူးေန႔က အဲဗာတန္နဲ႔ပြဲစဥ္မွာ ေအာ္ဒီဂြါဒ္ရဲ႕ သြင္းဂိုးကို ဖန္တီးေပးခဲ့ၿပီးေနာက္ ဘူကာယို ဆာကာဟာ ဘ႐ိုက္တန္ၾကယ္ပြင့္ေဟာင္းဆီ အေျပးလာၿပီး “ထိပ္တန္းပဲ”လို႔ ခ်ီးက်ဴးခဲ့ၿပီးေနာက္ ေပြ႕ဖက္ခဲ့ပါတယ္။ ထေရာ့ဆာ့ဒ္ဟာ လက္ရွိမွာ အာဆင္နယ္အတြက္ ၿပိဳင္ပြဲစုံ ၉ ပြဲမွာ သြင္းဂိုး ၁ ဂိုးနဲ႔ ဂိုးဖန္တီးမႈ ၂ ႀကိမ္ ျပဳလုပ္ထားႏိုင္ခဲ့ၿပီျဖစ္ၿပီး အာတီတာဟာ ဘယ္လ္ဂ်ီယမ္ၾကယ္ပြင့္ကို မိနစ္ ၉၀ အျပည့္မသုံးေသးေပမယ့္ ထေရာ့ဆာ့ဒ္ ေရာက္ရွိလာမႈက ရာသီေနာက္ဆုံးလေတြမွာ အေရးပါလာမယ့္ အသင္းလူစာရင္းကို အရည္အေသြး ပိုမိုေကာင္းမြန္ေစခဲ့တာျဖစ္ပါတယ္။

-လိုင္လီအသင္းကေန ၂၀၁၉ ခုႏွစ္တုန္းက အသင္းစံခ်ိန္တင္ေျပာင္းေ႐ႊ႕ေၾကး ေပါင္ ၇၂ သန္းနဲ႔ ေျပာင္းေ႐ႊ႕လာခဲ့ၿပီးေနာက္ အာဆင္နယ္မွာ ေျခမေပၚလို႔ နိစ္ကို အငွားခ်ခံခဲ့ရတဲ့ နီကိုလာ ေပေပဟာ အာဆင္နယ္အတြက္ ေကာင္းမြန္တဲ့အရာေတြ အမ်ားႀကီး မလုပ္ႏိုင္ခဲ့ေပမယ့္လည္း သြယ္ဝိုက္တဲ့နည္းလမ္းနဲ႔ အသင္းအေပၚ ကူညီေပးႏိုင္ခဲ့ပါတယ္။ ယခုရာသီ အေကာင္းဆုံးပုံစံ ရရွိေနတဲ့ အာဆင္နယ္အသင္းအတြက္ အဓိကကစားသမားတစ္ဦးအျဖစ္ ကစားေပးေနတဲ့ ဂါဘရီယဲလ္ မာဂါလိုင္စ္ဟာ ၂၀၂၀ ေဆာင္းရာသီမွာ လိုင္လီကေန အဲဗာတန္ကို ေျပာင္းေ႐ႊ႕ဖို႔ ေဆးစစ္မႈေတာင္ ေအာင္ျမင္ခဲ့ၿပီးျဖစ္ေပမယ့္လည္း မေျပာင္းေ႐ႊ႕ျဖစ္ခဲ့ဘဲ နာပိုလီ၊ အဲဗာတန္တို႔နဲ႔ စကားထပ္ေျပာၿပီးေနာက္ အသင္းေဖာ္ေဟာင္း နီကိုလာေပေပေၾကာင့္ အာဆင္နယ္ကို ေ႐ြးခ်ယ္ခဲ့တာျဖစ္တယ္လို႔ သိရပါတယ္။ ဂါဘရီယဲလ္ မာဂါလိုင္စ္ဟာ အဲဒီႏွစ္ေႏြရာသီမွာ ေပါင္၂၅ သန္းနဲ႔ အမ္မရိတ္စ္ကို ေျပာင္းေ႐ႊ႕ခဲ့ၿပီး ပရီးမီးယားလိဂ္ရဲ႕ အေကာင္းဆုံးေနာက္ခံလူေတြထဲက တစ္ဦးျဖစ္လာဖို႔ အခ်ိန္ယူခဲ့ရေပမယ့္လည္း လက္ရွိမွာေတာ့ တတိယေျမာက္ရာသီမွာ စိတ္လႈပ္ရွားစရာအေကာင္းဆုံးရာသီကို ပိုင္ဆိုင္ေနၿပီျဖစ္ပါတယ္။

-လီဗာပူးလ္ဂႏၲဝင္ ေဂ်မီ ကာေရဂါဟာ တစ္ခါတုန္းက အာဆင္နယ္ရဲ႕ ကစားသမားသစ္ေခၚယူမႈ ၃ ခုကို ဟာသလို႔ သတ္မွတ္ခဲ့ဖူးၿပီး ၂၀၂၀ ခုႏွစ္တုန္းက အာတီတာေရာက္ေရာက္ခ်င္း ခ်ဲလ္ဆီးက စာခ်ဳပ္သစ္မေပးေတာ့တဲ့ ဝီလီယံ၊ ေဆာက္သမ္တန္ကေန အလြတ္နဲ႔ ထြက္မယ့္ ဆီးဒရစ္တို႔ကို ေခၚယူခဲ့ၿပီး ေဒးဗစ္ လူးဝီးဇ္ကေတာ့ စပိန္လူမ်ိဳးနည္းျပ မေရာက္ခင္ အူႏိုင္း အမ္မရီက ခ်ဲလ္ဆီးကေန ေခၚယူခဲ့တာျဖစ္ပါတယ္။

ကာေရဂါက ဝီလီယံနဲ႔ ေဒးဗစ္ လူးဝီးဇ္တို႔ဟာ အသက္ ၃၀ ေက်ာ္ကစားသမားေတြျဖစ္တာေၾကာင့္ အာဆင္နယ္ရဲ႕ ကစားသမား ေခၚယူမႈေတြဟာ အဓိပၸာယ္မရွိဘဲ ဟာသျဖစ္တယ္လို႔ သတ္မွတ္ခဲ့တာျဖစ္ၿပီး လက္ရွိ ပရီးမီးယားလိဂ္မွာ အဲဒီေခၚယူမႈေတြထဲက တစ္ဦး ထြက္၊ တစ္ဦး က်န္ရွိေနေသးတာျဖစ္ပါတယ္။ က်န္ေနတဲ့ တစ္ဦးကေတာ့ ဆီးဒရစ္ျဖစ္ၿပီး ဖူလ္ဟမ္ကို အငွားနဲ႔ ထြက္ကစားေနၿပီး ထြက္သြားတဲ့သူကေတာ့ ဝီလီယံ ျဖစ္ပါတယ္။ ဝီလီယံဟာ အာဆင္နယ္မွာ ခ်ဲလ္ဆီးတုန္းက ေျခစြမ္းမ်ိဳးမျပသႏိုင္ခဲ့တဲ့ေနာက္ ႏွစ္ဦးသေဘာတူ လမ္းခြဲၿပီး ကိုရင္သီယန္အသင္းကို ျပန္ေျပာင္းသြားခဲ့ေပမယ့္လည္း တစ္ႏွစ္အၾကာမွာ တန္းတက္ ဖူလ္ဟမ္က ပရီးမီးယားလိဂ္ကို ျပန္ေခၚခဲ့ၿပီး အသင္းအတြက္ ၃ ဂိုးသြင္းယူေပးထားတာျဖစ္ပါတယ္။ ေဒးဗစ္ လူးဝီးဇ္ကလည္း ဘရာဇီးလ္ျပန္သြားခဲ့ေပမယ့္လည္း ဖလာမင္ဂိုအသင္းနဲ႔ ကစားသမားဘဝကို အဆုံးသတ္မယ့္ပုံ ေပၚေနတာျဖစ္ပါတယ္။

-အာဆင္နယ္ဂႏၲဝင္ အီမန္န်ဴရယ္ ပီတစ္က အာဆင္နယ္ကစားသမားသစ္ ေဂ်ာ္ဂ်င္ညိဳကို သေဘာက်သူမဟုတ္ဘူးလို႔ ဝန္ခံေျပာၾကားခဲ့ၿပီး ဂန္းနားေတြဟာ ဘ႐ိုက္တန္ၾကယ္ပြင့္ ကိုင္ေဆဒိုကို ေခၚယူႏိုင္ျခင္းမရွိခဲ့တဲ့ေနာက္ ခ်ဲလ္ဆီးကေန ေဂ်ာ္ဂ်င္ညိဳကို ေပါင္ ၁၂ သန္းဝန္းက်င္နဲ႔ ေခၚယူခဲ့တာျဖစ္ပါတယ္။ ဒါေပမယ့္လည္း အီတလီကြင္းလယ္လူဟာ အမ္းမရိတ္စ္မွာ ေကာင္းေကာင္း အသားက်ခဲ့ၿပီး အက္စတန္ ဗီလာကို ၄-၂ နဲ႔ အံ့အားသင့္ဖြယ္ ႏိုင္ပြဲျပန္ယူႏိုင္ခဲ့တဲ့ပြဲမွာ အလြန္ေကာင္းမြန္တဲ့စြမ္းေဆာင္ရည္ကို ျပသခဲ့တာျဖစ္ပါတယ္။

ဒါေပမယ့္လည္း ေဂ်ာ္ဂ်င္ညိဳဟာ အာဆင္နယ္ကြင္းလယ္ၾကယ္ပြင့္ေဟာင္း ပီတစ္ကို သေဘာက်လာေအာင္ လုပ္ႏိုင္ျခင္းမရွိေသးတာျဖစ္ၿပီး ျပင္သစ္ဂႏၲဝင္က ခ်ဲလ္ဆီးကြင္းလယ္ၾကယ္ပြင့္ေဟာင္းဟာ အမ္းမရိတ္စ္ကို ေရာက္လာၿပီးကတည္းက မတူညီတဲ့ကစားသမားတစ္ဦးပုံစံေပၚခဲ့တယ္လို႔ ဝန္ခံ ေျပာၾကားခဲ့ေပမယ့္လည္း နာပိုလီၾကယ္ပြင့္ေဟာင္းကို ႏွစ္သက္သူမဟုတ္ဘူးလို႔ ေျပာဆိုခဲ့တာျဖစ္ပါတယ္။ “စီးတီးက ေန႔တိုင္း သူတို႔အေပၚမွာ ဖိအားေတြေပးမွာပါ။ ဒါေပမယ့္ သူတို႔ေတြက ရင့္က်က္မႈနဲ႔ ေပ်ာ္႐ႊင္မႈေတြ အမ်ားႀကီးျပသေနတယ္။ ေပ်ာ္႐ႊင္မႈက အရမ္း အေရးပါတယ္။ ခင္ဗ်ား အဲဒါကို ေဂ်ာ္ဂ်င္ညိဳဆီကေန ေတြ႕ႏိုင္တယ္။ သူက မတူညီတဲ့ကစားသမားျဖစ္လာပါတယ္။ ကြၽန္ေတာ္က ေဂ်ာ္ဂ်င္ညိဳရဲ႕ ပရိသတ္မဟုတ္ပါဘူး။ သူက ခ်ဲလ္ဆီးအဝတ္လဲခန္းကို စြန႔္ခြာခဲ့တာကို အရမ္းေပ်ာ္႐ႊင္ေနတယ္လို႔ ထင္ပါတယ္။ ႐ုတ္တရက္ဆိုသလိုပဲ သူ႔ပုံစံက မတူညီတဲ့ကစားသမားပုံစံေပါက္လာပါတယ္”လို႔ ေျပာၾကားခဲ့ပါတယ္။

-အာဆင္နယ္နည္းျပ အာတီတာဟာ ဂန္းနားေတြ ႏိုင္ပြဲဆက္ေနတယ္ဆိုရင္ ဝတ္ထားတဲ့အဝတ္ကိုေတာင္ မလဲတဲ့အထိ အယူသည္းခဲ့တဲ့အေၾကာင္း ထုတ္ေဖာ္ ေျပာၾကားခဲ့ပါတယ္။ အာတီတာဟာ အေသးစိတ္အခ်က္အလက္ေတြကအစ ဂ႐ုစိုက္တတ္သူျဖစ္တယ္လို႔ လူသိမ်ားၿပီး ေလ့က်င့္ေရးကြင္းမွာတင္မဟုတ္ဘဲ အဝတ္အစားဝတ္ဆင္ရာမွာပါ အေသးစိတ္က်သူျဖစ္ပါတယ္။ အာတီတာဟာ အာဆင္နယ္အသင္းက ႏိုင္ပြဲဆက္ေနခ်ိန္မွာ တူညီတဲ့အဝတ္အစားကိုပဲ ဝတ္ဆင္ၿပီး ရႈံးနိမ့္မွသာ အဝတ္အစားလဲဝတ္တဲ့အေၾကာင္း ရွင္းျပခဲ့ပါတယ္။ “ဟုတ္ပါတယ္။ အဲဒါက အရမ္းကို စာအုပ္ႀကီးဆန္ပါတယ္။ ကြၽန္ေတာ္က အရမ္းကို စာအုပ္ႀကီးဆန္ပါတယ္။ အစီအစဥ္တက်လုပ္တတ္တဲ့သူပါ။ ကြၽန္ေတာ္တို႔ အႏိုင္ရတဲ့အခ်ိန္မွာ ကြၽန္ေတာ့္အဝတ္အစားေတာင္ လဲရတာ မႏွစ္သက္ပါဘူး။ ကြၽန္ေတာ္ တူညီတဲ့ အက်ႌ၊ ေဘာင္းဘီနဲ႔ ဖိနပ္ကို ဆက္ၿပီး ဝတ္ဆင္ပါတယ္။ ကြၽန္ေတာ္တို႔ ရႈံးရင္ေတာ့ မတူညီတဲ့အဝတ္အစားကို ေျပာင္းဝတ္ပါတယ္။ ျမင့္မားတဲ့စြမ္းေဆာင္ရည္အဆင့္အတန္းမွာ ခင္ဗ်ား တည္ၿငိမ္မႈ ရွိရမယ္လို႔ ထင္တယ္။ အရာအားလုံးက ေတာင္းဆိုမႈေတြရွိလာတဲ့အခါမွာ ခင္ဗ်ား အေသးစိတ္ၿပီး တိက်ခ်င္မွာပါ။ ဒါေပမယ့္ တစ္ခ်ိန္တည္းမွာပဲ ခင္ဗ်ား ဖန္တီးႏိုင္စြမ္းအတြက္လည္း ေနရာခ်န္ထားဖို႔ လိုမွာပါ။ ကြၽန္ေတာ္ အဲဒီ ေရာေႏွာမႈကို သေဘာက်တယ္”လို႔ ေျပာၾကားခဲ့ပါတယ္။

အာဆင္နယ္အသင္းဟာ လက္ရွိပရီးမီးယားလိဂ္မွာ မန္စီးတီးအသင္းထက္ ၅ မွတ္ျဖတ္ၿပီး အမွတ္ေပးဇယားမွာ ဦးေဆာင္ေနေပမယ့္ မန္စီးတီးနည္းျပ ဂြါဒီယိုလာကို ဘယ္အသင္းက လက္ရွိ အေကာင္းဆုံးလဲဟု သတင္းေထာက္က ေမးခဲ့ရာမွာ အာဆင္နယ္အသင္းကို ျငင္းဆန္ခဲ့ၿပီး လက္ရွိအေကာင္းဆုံးအသင္းက အဆင့္ ၅ ရွိ ၂ ပြဲသာ ရႈံးနိမ့္ထားတဲ့ ေပးဂိုး ၁၅ ဂိုးသာ ေပးထားရတဲ့ နယူးကာဆယ္လ္ယူႏိုက္တက္သာ ျဖစ္သည္ဟု ျပန္လည္ေျဖၾကားခဲ့ပါတယ္။
ဂြါဒီယိုလာက ” ၿပိဳင္ဘက္ကို ၿခိမ္းေျခာက္ႏိုင္မႈ၊ ကစားကြက္ လ်င္ျမန္စြာေျပာင္းလဲ ကစားႏိုင္မႈနဲ႔ set pieces ေတြေကာင္းမြန္လြန္းတဲ့ နယူးကာဆယ္ယူႏိုက္တက္က ယခုရာသီမွာ အေကာင္းဆုံးအသင္းပါ။ သူတို႔အသင္းဟာ ဒီေနရာ(အဆင့္ ၄ နား)ကို မေရာက္တာ ၾကာၿပီျဖစ္တဲ့အတြက္ သူတို႔ဒီေနရာကို ေရာက္လာဖို႔ အခ်ိန္ယူရမယ္လို႔ အမ်ားက ထင္ခဲ့ၾကပါတယ္။ ဒါေပမယ့္ သူတို႔ဟာ လိုအပ္တဲ့ ကစားသမားေတြ မွန္ကန္စြာေခၚယူႏိုင္ခဲ့ၿပီး အသင္းရွိအေတြ႕အႀကဳံရွိကစားေတြနဲ႔ ေပါင္းစပ္ကာ တိက်မွန္ကန္စြာျပဳမႈႏိုင္ခဲ့ပါတယ္။ သူတို႔ ဒီေနရာကို ခပ္ျမန္ျမန္ေရာက္လာတာ အံ့အားသင့္စရာျဖစ္ေပမယ့္ သူတို႔ရဲ႕ နည္းျပ အင္ဒီေဟာင္းဟာလည္း အရည္အခ်င္းရွိသူျဖစ္တဲ့အတြက္ ဒီလိုေနရာမွာ သူတို႔ ဆက္ရွိေနမွာပါ။ သူတို႔ရာသီကုန္ထိ ကြၽန္ေတာ္တို႔အတြက္ အခက္ခဲဆုံး ၿပိဳင္ဘက္ေတြထဲက တစ္ဦးပါ။ သူတို႔ရဲ႕ စိတ္ဓာတ္၊ေျပာင္းလဲလာမႈေတြနဲ႔ ၿပိဳင္ဘက္ကို ၿခိန္းေျခာက္လာႏိုင္မႈေတြေၾကာင့္ သူတို႔က အေကာင္းဆုံးအသင္းေတြထဲက တစ္သင္းပါ” လို႔ ပြဲႀကိဳအင္တာဗ်ဴးမွာေျပာခဲ့ပါတယ္။ ယခုတပတ္ ပရီးမီးယားလိဂ္ရဲ႕ ပထမဦးဆုံးပြဲအျဖစ္ စေနေန႔မွာ ဂြါဒီလာယိုရဲ႕ မန္စီးတီးအသင္းဟာ အီတီဟတ္မွာ နယူးကာဆယ္ယူႏိုက္တက္ကို ဧည့္ခံကစားရမွာျဖစ္ၿပီး ဘုန္းေမာက္အသင္းနဲ႔ ကစားရမယ့္ အာဆင္နယ္အသင္းကို ဖိအားေပးႏိုင္ဖို႔ နယူးကာဆယ္ကို အႏိုင္ကစားဖို႔လိုအပ္ေနတာ ျဖစ္ပါတယ္။

ချဲလ်ဆီးနဲ့ မန်စီးတီးကြယ်ပွင့်ဟောင်း ဝိန်း ဘရစ်ချ်က အာဆင်နယ်ပရိသတ်တွေတောင် ပရီးမီးယားလိဂ်ဆုဖလားပြိုင်ပွဲမှာ ဂန်းနားတွေ နောက်ကောက်ကျလိမ့်မယ်ဆိုတာကို သိနေတယ်လို့ ပြောကြားခဲ့ပါတယ်။ အာဆင်နယ်က အလွန်ကောင်းမွန်တဲ့ ပုံစံကောင်း ပြသနေပေမယ့်လည်း အင်္ဂလန်နောက်ခံလူဟောင်း ဝိန်း ဘရစ်ချ်က ဆုဖလားပြိုင်ပွဲမှာ ဂန်းနားတွေ ခြေချော်တော့မှာ အနှေးနဲ့အမြန်သာ ဖြစ်တယ်လို့ ယုံကြည်နေပြီး ဂန်းနားပရိသတ်တွေတောင် ဘယ်အချိန် ခြေချော်မလဲဆိုတာကို စောင့်နေကြတာလို့ ပြောကြားခဲ့တာဖြစ်ပါတယ်။ “မန်ချက်စတာစီးတီးက အာဆင်နယ်ကို ကျော်ဖြတ်ပြီး ဆုဖလားကို ရသွားမယ်လို့ ထင်တယ်။ အားလုံးက အာဆင်နယ် ခြေချော်တာကိုပဲ စောင့်နေကြတာပါ။ သူတို့တွေရဲ့ ပရိသတ်တွေတောင်မှ တစ်ချိန်မဟုတ် တစ်ချိန် ခြေချော်သွားမယ်ဆိုတာကို သိနေတယ်လို့ ထင်ပါတယ်။ကျွန်တော့်အတွက်ကတော့ အဲဒါက ဖြစ်လာမယ့်အရာဖြစ်ပြီး မန်ချက်စတာစီးတီးက ကျော်တက်သွားမယ်ဆိုတာကို မြင်နိုင်ပါတယ်။ “လို့ ပြောကြားခဲ့တာဖြစ်ပါတယ်။

Arsenal Myanmar
Ref: Internet