အာဆင်နယ်ဖလားမရစေချင်လို့ စီးတီးပဲ အားပေးမယ့် စပါးစ်နဲ့မန်ယူဂန္တဝင်များနဲ့ နောက်ဆုံးရ ဂန်းနားသတင်းများ
-တော့တင်ဟမ်ဟော့စပါးဂန္တဝင်တွေဟာ Paddy Power အတွက် ရယ်စရာကောင်းတဲ့ ကြော်ငြာအသစ်ထဲမှာ မန်ချက်စတာစီးတီး ပရိသတ်တွေဖြစ်တယ်လို့ အခိုင်အမာ ပြောကြားခဲ့ကြပါတယ်။ Paddy Power ရဲ့ကြော်ငြာသစ်ထဲမှာ အားလုံးနဲ့ ရင်ံးနှီးပြီးသား စပါးစ်နဲ့ ပတ်သက်ဆက်နွယ်ခဲ့တဲ့ မျက်နှာတွေကို မြင်တွေ့ခဲ့ရပြီး အမှတ်ပေးဇယားဒုတိယနေရာက မန်စီးတီးကို အားပေးနေတယ်လို့ ပြောဆိုခဲ့ကြတာဖြစ်ပါတယ်။ ပထမဆုံး မန်ချက်စတာယူနိုက်တက်အတွက် ကစားပေးခဲ့ဖူးတဲ့ စပါးစ်တိုက်စစ်မှူးဟောင်း ရှယ်ရင်ဟမ်က အာဆင်နယ်ရဲ့ နာမည်ကို ကြားတောင်မကြားဖူးဘူးလို့ ပြောကြားခဲ့ပြီး ပရီးမီးယားလိဂ်ဆုဖလားပြိုင်ပွဲထဲမှာ မန်စီးတီးက မမျှော်မှန်းထားတဲ့စိန်ခေါ်မှုတွေကို ရင်ဆိုင်နေရပေမယ့်လည်း အသားကျအောင်လုပ်ဖို့ လိုတယ်လို့ ပြောကြားခဲ့ပါတယ်။
ဒါရင်း အန်ဒါတန်ကလည်း မန်စီးတီးကို ပရီးမီးယားလိဂ်ဖလား ရရှိစေချင်တာက စီးတီးပရိသတ်ဖြစ်နေတာကြောင့်တင်မကဘဲ အာဆင်နယ်ကို သောက်ရမ်း မုန်းတီးတာကြောင့်လည်း ပါတယ်လို့ ပြောဆိုခဲ့ပါတယ်။ ဂလန်း ဟော်ဒယ်ကလည်း ၎င်းရဲ့ မန်ချက်စတာအခြေစိုက် မှတ်တမ်းစုဆောင်းမှုတွေကို ရှာဖွေရင်း မန်စီးတီးပရိသတ်ဖြစ်တယ်လို့ အခိုင်အမာ ပြောဆိုခဲ့ပြီး မန်စီးတီးက အလွန်ကောင်းမွန်တာကြောင့် အာဆင်နယ်ကို မနှစ်သက်ဘူးလို့ ပြောဆိုခဲ့ပါတယ်။
-အာဆင်နယ်ဂန္တဝင် ပေါလ် မာဆန်က ဂါဘရီယဲလ် ဂျေးဇု ကာလရှည် စောင့်ဆိုင်းခဲ့တဲ့ ပြန်လည်ကစားပေးနိုင်မှုက အာတီတာနဲ့ အာဆင်နယ်အတွက် ပြဿနာဖြစ်စေလိမ့်မယ်လို့ ပြောကြားခဲ့ပြီး ဘရာဇီးလ်တိုက်စစ်မှူးဟာ ကမ္ဘာ့ဖလားမှာ ရရှိခဲ့တဲ့ ဒဏ်ရာကနေ ပြန်လည်သက်သာလာပြီးနောက် ဖူလ်ဟမ်ကို ၃-၀ နဲ့ အနိုင်ရခဲ့တဲ့ပွဲစဉ်မှာ လူစားဝင်ကစားပေးခဲ့တာဖြစ်ပါတယ်။ မာဆန်က ဂန်းနားတွေရဲ့ ဖူလ်ဟမ်နဲ့ပွဲက ပထမပိုင်း စွမ်းဆောင်ရည်ကို ချီးကျူးခဲ့ပေမယ့် ဂျေးဇုပြန်လာမှုက ပြဿနာတွေပါ ပါလာတယ်လို့ သတိပေးခဲ့တာဖြစ်ပါတယ်။ “အာဆင်နယ်ရဲ့ ဖူလ်ဟမ်နဲ့ပွဲက ပထမပိုင်း စွမ်းဆောင်ရည်က အံ့အားသင့်စရာ ကောင်းခဲ့ပါတယ်။ မန်စီးတီးရဲ့ အကောင်းဆုံးပုံစံရနေတုန်းက ကြည့်ခဲ့ရသလိုမျိုးဖြစ်ပြီး ဒီစွမ်းဆောင်ရည်ကို ကောင်းမွန်တဲ့ဖူလ်ဟမ်နဲ့ပွဲမှာ ပြသခဲ့တာပါ။ အဲဒါက ကြောက်မက်ဖွယ်ကောင်းခဲ့တယ်။ ထူးဆန်းတဲ့အနေအထားအထိ ရောက်ခဲ့တယ်။ သူတို့တွေ ကွင်းထဲမှာ နောက်ထပ် ကစားသမား ၂ ဦးလောက်အပိုရှိနေခဲ့သလိုမျိုး ခံစားခဲ့ရတယ်။
ဒါပေမယ့် အာဆင်နယ်ကို လိဂ်ဖလားရရှိစေမယ့် အရာက ပွဲစဉ်တွေကို ကောင်းကောင်း စတင်တာပါ။ ကျွန်တော် လက်စတာနဲ့ပွဲတုန်းက သူတို့ကို စောင့်ကြည့်ခဲ့ပြီး ရလဒ်ရဖို့အတွက် သူတို့တွေ ဖိအားအောက်မှာရှိနေခဲ့တယ်။ သူတို့တွေက ကောင်းကောင်း စတင်နိုင်ခဲ့ပြီး အရမ်းကောင်းခဲ့တယ်။ ပြီးတော့ သူတို့တွေ အိမ်ကွင်းမှာ ဘုန်းမောက်နဲ့ကစားတဲ့ပွဲမှာ ဆိုးဆိုးရွားရွား စတင်ခဲ့တယ်။ ဖူလ်ဟမ်နဲ့ပွဲမှာ သူတို့ ကောင်းကောင်း စတင်နိုင်ခဲ့ပြီး သက်တောင့်သက်သာပဲ ကစားသွားတယ်။ သူတို့တွေ ပွဲစဉ်တွေမှာ ကောင်းကောင်း စတင်နိုင်ရင် ရပ်တန့်လို့ရနိုင်မယ့်နည်းလမ်း ကျွန်တော် မမြင်ပါဘူး ဂျေးဇုပြန်လာတာက အာဆင်နယ်အတွက် ပြဿနာနည်းနည်းရှိတယ်။ ဘာလို့လဲဆိုတော့ ကစားသမားက ကစားချင်မှာမို့လို့ပါ။ သူက မန်စီးတီးတုန်းကလို အရန်ကစားသမားမျိုး ဖြစ်လာဖို့ ပြောင်းလာခဲ့တာမဟုတ်ပါဘူး။ အဲဒါက အချိန်တစ်ခုမှာ ပြဿနာဖြစ်စေမှာဖြစ်ပေမယ့် လက်ရှိမှာတော့ ကစားသမားခေါ်ယူမှုအသစ်တစ်ခုလိုပါပဲ”လို့ ပြောကြားခဲ့ပါတယ်။
-အာတီတာနဲ့ ဘူကာယို ဆာကာတို့ဟာ ဘုန်းမောက်ကို အံ့အားသင့်ဖွယ် အနိုင်ရရှိခဲ့တဲ့ပွဲအပြီး မေဖဲ စားသောက်ဆိုင်မှာ အတူတူ ညစာစားနေခဲ့တာကို မြင်တွေ့ခဲ့ရပါတယ်။ အဲဒီစားသောက်ဆိုင်မှာ အာရှစားသောက်ခန်းနဲ့ အီတလီစားသောက်ခန်းဆိုပြီး ရှိပြီး ဘယ်အခန်းမှာ ညစာစားခဲ့လဲဆိုတာကိုတော့ မသိခဲ့ရတာဖြစပါတယ်။ အချို့ကလည်း ဆာကာအတွက် စာချုပ်သစ်က စားပွဲပေါ်က မီနူးပေါ်မှာ ရှိနေခဲ့တာဖြစ်ကောင်းဖြစ်နိုင်တယ်လို့ ထင်ကြေးပေးခဲ့ကြပြီး အာဆင်နယ်အသင်းဟာ ၂၀၂၈ ခုနှစ် ဇွန်လအထိ ဆာကာရဲ့ စာချုပ်ကို သက်တမ်းတိုးဖို့ နှုတ်အားဖြင့် သဘောတူညီမှုရရှိခဲ့ပြီလို့ သတင်းတွေက ဖော်ပြခဲ့ပါတယ်။ ဆာကာဟာ တစ်ပတ်လုပ်ခလစာ ပေါင် ၂ သိန်းအထိ တိုးမြှင့် ရရှိသွားမှာဖြစ်တယ်လို့ သိရပြီး အင်္ဂလန်တောင်ပံကြယ်ပွင့်ဟာ လာမယ့်နွေရာသီမှာ စာချုပ်သက်တမ်းကုန်ဆုံးတော့မှာဖြစ်ပေမယ့် ၂၀၀၈ ခုနှစ် အသင်းကိုစရောက်ခဲ့တဲ့အချိန်ကတည်းက အသင်းနဲ့ စာချုပ်သက်တမ်း အမြဲတမ်း ချုပ်ဆိုချင်တဲ့ဆန္ဒရှိခဲ့တာ ဖြစ်ပါတယ်။
-အာဆင်နယ်အသင်းဟာ ဆုဖလားပြိုင်ပွဲရဲ့ အရေးကြီးတဲ့အဆင့်ကို ဝင်ရောက်နေပြီဖြစ်တာကြောင့် ပထမအသင်းကစားသမားအချို့ဟာ အသင်း ဆေးဝန်ထမ်းတွေထဲက မဟုတ်တဲ့ ပြင်ပက သီးသန့် ရုပ်ပိုင်းဆိုင်ရာကုထုံးပညာရှင်တွေနဲ့ ကုသမှု ခံယူခဲ့တယ်လို့ သိရပါတယ်။ အာဆင်နယ်ကစားသမားတွေဟာ သေးငယ်တဲ့ဒဏ်ရာ သို့မဟုတ် သက်တောင့်သက်သာမဖြစ်မှုကတောင်မှ ၎င်းတိုရဲ့ အောင်မြင်မှုရရှိနိုင်တဲ့ အခွင့်အရေးအပေါ် အကျိုးသက်ရောက်မှု ရှိနိုင်တာကို သတိပြုမိတာကြောင့် လာမယ့် အရေးကြီးပွဲစဉ်တွေအတွက် ရုပ်ပိုင်းဆိုင်ရာအခြေအနေကို ထိပ်တန်းအဆင့်မှာ ရှိနေအောင် နောက်ထပ် အပို အစီအမံတွေ ပြုလုပ်ခဲ့ကြတာဖြစ်တယ်လို့ MailOnline က ဖော်ပြခဲ့ပါတယ်။ လက်ရှိ အာဆင်နယ်အသင်းသားတွေရဲ့ ဒဏ်ရာတွေအပေါ် စီမံခန့်ခွဲမှုက နည်းပြဟောင်းကြီး အာဆင်ဝင်းဂါး ကိုင်တွယ်စဉ်ကာလထက် ပိုကောင်းခဲ့တာတွေ့ခဲ့ရပြီး အဲဒီအချိန်တွေက အာဆင်နယ်ကစားသမားတစ်ယောက် ၃ ပတ်တာ ကာလနားရမယ်ဆို ၃ လတာ ကာလနားရမယ်ပြောတာဆိုပြီး အရွှမ်းဖောက်မှုတွေ ရှိခဲ့ပါတယ်။
-သောမတ်စ်ပါတေးက မန်ချက်စတာယူနိုက်တက်ကွင်းလယ်ကြယ်ပွင့် ကာစီမီရိုနဲ့ နှိုင်းယှဉ်မှုတွေအပေါ်မှာ “အင်း။ ကျွန်တော့်အလုပ်အပေါ်မှာ အာရုံစူးစိုက်ရမယ်လို့ ထင်ပါတယ်။ အနည်းဆုံးတော့ လူအချို့ မြင်တွေ့ခဲ့တာကြောင့် တကယ်ပျော်ရွှင်မိပါတယ်။ အရေးအကြီးဆုံးက အသင်းကို ဆက်ပြီး ကူညီပေးနေဖို့ဖြစ်ပြီး ကျွန်တော့်ဘာသာ လုပ်စရာရှိတာ လုပ်နေဖို့လည်း ပါပါတယ်။ ဒီလို ကစားသမားတွေနဲ့ ကျွန်တော်တို့မှာရှိနေတဲ့ အရည်အသွေးတွေအားလုံးနဲ့အတူ
ဒီအသင်းရဲ့ အစိတ်အပိုင်းတစ်ခု ဖြစ်နေရတာက အရမ်းကောင်းမွန်တယ်လို့ ခံစားရပါတယ်။ ကျွန်တော်တို့ပွဲကို ကောင်းကောင်းစတင်နိုင်ခဲ့ပြီး ကျွန်တော်တို့ ပထမဆုံးဂိုးသွင်းယူနိင်ခဲ့သလို ဆက်လည်း သွင်းယူနိုင်ခဲ့တယ်။ အဆုံးမှာ ခင်ဗျား အလုပ်ကို ပိုပြီးကြိုးစားတဲ့အချိန်မှာ ခင်ဗျား လိုချင်တာရမှာပါ။ ကျွန်တော်တို့ လိုချင်တာကို ရရှိနိုင်မှာပါ”လို့ ပြောကြားခဲ့ပါတယ်။
Arsenal Myanmar
Ref: Internet
ZAWGYI:
Arsenal Myanmar
Ref: Internet