ကြမ်းတမ်းတဲ့ဖျက်ထုတ်မှုတွေအတွက် အာဆင်နယ်စံပြပုဂ္ဂိုလ်ဆီကနေ သင်ယူခဲ့တယ်လို့ ဝန်ခံခဲ့တဲ့ ဆာကာ coyg

ကြမ်းတမ်းတဲ့ဖျက်ထုတ်မှုတွေအတွက် အာဆင်နယ်စံပြပုဂ္ဂိုလ်ဆီကနေ သင်ယူခဲ့တယ်လို့ ဝန်ခံခဲ့တဲ့ ဆာကာ

အာဆင်နယ်ကြယ်ပွင့် ဘူကာယို ဆာကာက ကြီးပြင်းလာချိန်မှာ ဂန်းနားကြယ်ပွင့် အလက်ဆစ် ဆန်းချက်ဇ်ရဲ့ အပြင်းအထန် လွှမ်းမိုးခြင်းခံခဲ့ရတယ်လို့ ထုတ်ဖော် ပြောကြားခဲ့ပြီး အင်္ဂလန်တောင်ပံကစားသမားဟာ ယခုရာသီမှာ ကြမ်းတမ်းတဲ့ ဖျက်ထုတ်မှုတွေ ခံခဲ့ရပြီးနောက် ချီလီကြယ်ပွင့်ရဲ့ တိုက်ပွဲဝင်စိတ်ဓာတ်အတိုင်း ပြသနေတာဖြစ်ပါတယ်။

ဟေးအမ်းအကယ်ဒမီထွက် ဆာကာဟာ ယခုရာသီမှာ အာတီတာရဲ့အသင်းအတွက် သွင်းဂိုး ၁၀ ဂိုးနဲ့ ဂိုးဖန်တီးမှု ၉ ကြိမ်ပြုလုပ်ပေးထားပြီး ဂန်းနားတွေရဲ့ အံ့အားသင့်ဖွယ် ဆုဖလား စိန်ခေါ်မှုမှာ အဓိက ဦးဆောင်နေတာဖြစ်ပါတယ်။ ဆာကာရဲ့ ယခုရာသီ အာဆင်နယ်အသင်းအတွက် လွှမ်းမိုးမှုဟာ သွင်းဂိုးတွေနဲ့ ဂိုးဖန်တီးမှုထက်တောင် ကျော်လွန်နေပြီး ယခုနှစ် ထူးခြားကောင်းမွန်တဲ့ ပုံစံကောင်း မပြသနိုင်ခင်ကတည်းက နည်းပြအာတီတာလက်အေက် အသင်းရဲ့ ပြန်လည်သက်ဝင်လာမှုမှာ အဓိကကျခဲ့တာဖြစ်ပါတယ်။ ဒါပေမယ့်လည်း လူသိများကျော်ကြားတဲ့ လူငယ်ကြယ်ပွင့်ဟာ အမ်းမရိတ်စ်က ပထမအသင်းထဲမှာ ပါဝင်ကစားခွင့်ရရှိခဲ့တဲ့အချိန်ကတည်းက ၎င်းရဲ့ လျင်မြန်သွက်လက်တဲ့ ကစားပုံကြောင့် ကြီးမားတဲ့ ပေးဆပ်မှုတွေလည်း ရှိခဲ့တာဖြစ်ပါတယ်။

ဆာကာရဲ့ နောက်ခံလူတွေကို ဖြတ်ကျော်ပြေးလွှားတဲ့ကစားပုံကြောင့် မကြာခဏ ကြမ်းတမ်းတဲ့ ဖျက်ထုတ်မှုတွေ အများအပြား ခံခဲ့ရတာဖြစ်ပြီး တကယ်တော့ အာဆင်နယ်ကြယ်ပွင့်ဟာ ဒီရာသီ ပရီးမီးယားလိဂ်မှာ ၄၅ ကြိမ်အထိ ပြစ်ဒဏ်ကျူးလွန်ခြင်းခံခဲ့ရပြီးနောက် ပစ်မှတ်အထားခံရဆုံး ကစားသမားတွေထဲမှာ အဆင့် ၈ နေရာမှာ ပူးတွဲရပ်တည်နေတာဖြစ်ပါတယ်။

ဒါပေမယ့်လည်း ထူးထူးခြားခြား ဆာကာကို ဖျက်ထုတ်ခဲ့တဲ့ပြိုင်ဘက်တွေဟာ အဝါကတ်ပြား ၄ ကြိမ်သာ ပြသခြင်းခံခဲ့ရတာကြောင့် ပျမ်းမျှ ၁၁.၂၅ ကြိမ်အထိ ဖျက်ထုတ်မှု ပြုလုပ်ခဲ့ချိန်မှ တစ်ဝါသာ ပြသခြင်းခံခဲ့ရတာဖြစ်ပါတယ်။ ဒီအရေအတွက်ဟာ ပရီးမီးယားလိဂ်မှာ ၄.၉ ကြိမ်နဲ့ ဒုတိယပစ်မှတ်အထားခံရဆုံးကစားသမားဖြစ်တဲ့ ဂျက်ခ် ဂရီးလစ်ရှ်ကို ဖျက်ထုတ်ချိန်မှာ ပြသခဲ့တဲ့ အဝါကတ်နဲ့ယှဉ်ရင် တော်တော်လေး နည်းပါးနေပြီး ဆာကာဟာ ဒိုင်လူကြီးတွေရဲ့ အကာအကွယ် ရရှိမှု အလွန်နည်းပါးတယ်ဆိုတဲ့အဓိပ္ပာယ်ဖြစ်ပါတယ်။ ဆာကာက ပြီးခဲ့တဲ့ရက်သတ္တပတ်အလယ်မှာ အာဆင်နယ်အသင်းက ၎င်းကို ကြမ်းကြမ်းတမ်းတမ်း ဆက်ဆံမှုတွေအတွက် PGMOL ကို ဆက်သွယ်ခဲ့တယ်လို့ ထုတ်ဖော်ပြောကြားခဲ့ပြီး အဲဒီကိစ္စနဲ့ပတ်သက်ပြီး အရမ်းတော့ စိုးရိမ်နေခြင်းမရှိတာ ဖြစ်ပါတယ်။

“ကျွန်တော် ဒီကို ထွက်လာပြီး ပြစ်ဒဏ်ကျူးလွန်ခြင်းခံခဲ့ရတယ်လို့ စောဒတက်လို့ မရနိုင်ပါဘူး။ အဲဒါက အဓိပ္ပာယ်မရှိပါဘူး။ ကျွန်တော် အဲဒီစကားကို ဘယ်မှာမှ ပြောမှာမဟုတ်ပါဘူး။ အာဆင်နယ်က ဒိုင်လူကြီးတွေနဲ့ ဒီလိုမျိုး ကိစ္စတွေအတွက် ပြောဖို့လိုလို့ အစည်းအဝေးလုပ်ခဲ့ပါတယ်။ ကျွန်တော်ကတော့ အဲဒီကြမ်းတမ်းတဲ့ဖျက်ထုတ်မှုတွေကနေ သင်ယူပြီး အဲဒါက ကျွန်တော်တို့ကို ဘယ်နေရာကို ရရှိစေနိုင်မလဲဆိုတာကို ကြည့်ရမယ်လို့ ခံစားရပါတယ်။ ကျွန်တော် ကစားတဲ့ပုံစံက အမြဲတမ်း ထိတွေ့မှုတွေကို ဆွဲဆောင်နေတာပါ။

ကျွန်တော် အလက်ဆစ် ဆန်းချက်ဇ်ကစားတာကို ကြည့်ပြီး ကြီးပြင်းခဲ့တာပါ။ သူက ထူးခြားတဲ့ကစားသမားပါ။ ကျွန်တော် သူနဲ့ပတ်သက်ပြီး အရာတော်တော်များများကို နှစ်သက်မိပါတယ်။ သူ အမြဲတမ်း လဲနေရာကနေ ပြန်ထခဲ့ပြီး အဆုံးအထိ တိုက်ပွဲဝင်ခဲ့တယ်။ အဲဒါက သူ့ဆီမှာ ရှိတဲ့ အရည်အချင်းတွေထဲက တစ်ခုပါ။ ခင်ဗျား ကျွန်တော် သူ့ဆီကနေ လေ့လာသင်ယူခဲ့တယ်လို့ ပြောလို့ရတယ်။ ဒါပေမယ့် တစ်ချိန်တည်းမှာပဲ ကျွန်တော့်မှာ ကိုယ်ပိုင် ရည်မှန်းချက်နဲ့ ပန်းတိုင်တွေ ရှိပါတယ်။ အဲဒါတွေကလည်း ကျွန်တော့်ရဲ့ မောင်းနှင်အားထဲမှာ တစ်စိတ်တပိုင်းပါ။”လို့ ပြောကြားခဲ့ပါတယ်။

PGMOL နဲ့ ဆက်သွယ်ခဲ့တာနဲ့ပတ်သက်ပြီးလည်း ဆာကာက အာတီတာက အလွန်ကြပ်တဲ့နေရာတွေမှာ ၎င်းဆီကို အသင်းဖော်တွေ ဘောလုံးပေးပို့တာမျိုး ရပ်တန့်စေချင်တယ်လို့ ထုတ်ဖော် ပြောကြားခဲ့ပါတယ်။

“သူက ကျွန်တော် ရရှိခဲ့တဲ့ဘောလုံးပေးပို့မှုပုံစံအကြောင်း ပြောပါတယ်။ တောင်ပံကစားသမားတစ်ယောက်အနေနဲ့ ခင်ဗျား ကွင်းဘေးစည်းမှာ ဘောလုံးကို နောက်ခံလူဆီ ကျောပေးပြီး လက်ခံရင် ကျွန်တော်လည်း နောက်ခံလူဆိုရင် အဲဒီအတိုင်းပဲ လုပ်မှာပါ။ တန်းပြေးဝင်လာပြီး လျင်လျင်မြန်မြန်နဲ့ ခင်ဗျားကို လဲကျသွားအောင် လုပ်မှာပါ။ အဲဒီတော့ ဟုတ်ပါတယ်။ ဖိအားတွေနဲ့ ထိတွေ့မှုတွေ အများကြီးရှိနေမှာပါ။ သူက ဒီလို ဘောလုံးလက်ခံမှုမျိုးအကြောင်း ပြောနေတာလို့ ထင်ပါတယ်။ ကျွန်တော် ဖောက်ထွက်ဖို့ နေရာလွတ်များများစားစားမရှိဘဲ နောက်ခံလူက ကျွန်တော့်ကို လျင်လျင်မြန်မြန်နဲ့ ပိတ်ချပြီး တကယ်ကို ကြမ်းကြမ်းတမ်းတမ်း ဖျက်ထုတ်နိုင်မယ့် ဘောလုံးပေးပို့မှုမျိုးပေါ့။”လို့ ပြောကြားခဲ့ပါတယ်။
Arsenal Myanmar
Ref: Internet

ZAWGYI:

အာဆင္နယ္ၾကယ္ပြင့္ ဘူကာယို ဆာကာက ႀကီးျပင္းလာခ်ိန္မွာ ဂန္းနားၾကယ္ပြင့္ အလက္ဆစ္ ဆန္းခ်က္ဇ္ရဲ႕ အျပင္းအထန္ လႊမ္းမိုးျခင္းခံခဲ့ရတယ္လို႔ ထုတ္ေဖာ္ ေျပာၾကားခဲ့ၿပီး အဂၤလန္ေတာင္ပံကစားသမားဟာ ယခုရာသီမွာ ၾကမ္းတမ္းတဲ့ ဖ်က္ထုတ္မႈေတြ ခံခဲ့ရၿပီးေနာက္ ခ်ီလီၾကယ္ပြင့္ရဲ႕ တိုက္ပြဲဝင္စိတ္ဓာတ္အတိုင္း ျပသေနတာျဖစ္ပါတယ္။

ေဟးအမ္းအကယ္ဒမီထြက္ ဆာကာဟာ ယခုရာသီမွာ အာတီတာရဲ႕အသင္းအတြက္ သြင္းဂိုး ၁၀ ဂိုးနဲ႔ ဂိုးဖန္တီးမႈ ၉ ႀကိမ္ျပဳလုပ္ေပးထားၿပီး ဂန္းနားေတြရဲ႕ အံ့အားသင့္ဖြယ္ ဆုဖလား စိန္ေခၚမႈမွာ အဓိက ဦးေဆာင္ေနတာျဖစ္ပါတယ္။ ဆာကာရဲ႕ ယခုရာသီ အာဆင္နယ္အသင္းအတြက္ လႊမ္းမိုးမႈဟာ သြင္းဂိုးေတြနဲ႔ ဂိုးဖန္တီးမႈထက္ေတာင္ ေက်ာ္လြန္ေနၿပီး ယခုႏွစ္ ထူးျခားေကာင္းမြန္တဲ့ ပုံစံေကာင္း မျပသႏိုင္ခင္ကတည္းက နည္းျပအာတီတာလက္ေအက္ အသင္းရဲ႕ ျပန္လည္သက္ဝင္လာမႈမွာ အဓိကက်ခဲ့တာျဖစ္ပါတယ္။ ဒါေပမယ့္လည္း လူသိမ်ားေက်ာ္ၾကားတဲ့ လူငယ္ၾကယ္ပြင့္ဟာ အမ္းမရိတ္စ္က ပထမအသင္းထဲမွာ ပါဝင္ကစားခြင့္ရရွိခဲ့တဲ့အခ်ိန္ကတည္းက ၎ရဲ႕ လ်င္ျမန္သြက္လက္တဲ့ ကစားပုံေၾကာင့္ ႀကီးမားတဲ့ ေပးဆပ္မႈေတြလည္း ရွိခဲ့တာျဖစ္ပါတယ္။

ဆာကာရဲ႕ ေနာက္ခံလူေတြကို ျဖတ္ေက်ာ္ေျပးလႊားတဲ့ကစားပုံေၾကာင့္ မၾကာခဏ ၾကမ္းတမ္းတဲ့ ဖ်က္ထုတ္မႈေတြ အမ်ားအျပား ခံခဲ့ရတာျဖစ္ၿပီး တကယ္ေတာ့ အာဆင္နယ္ၾကယ္ပြင့္ဟာ ဒီရာသီ ပရီးမီးယားလိဂ္မွာ ၄၅ ႀကိမ္အထိ ျပစ္ဒဏ္က်ဴးလြန္ျခင္းခံခဲ့ရၿပီးေနာက္ ပစ္မွတ္အထားခံရဆုံး ကစားသမားေတြထဲမွာ အဆင့္ ၈ ေနရာမွာ ပူးတြဲရပ္တည္ေနတာျဖစ္ပါတယ္။

ဒါေပမယ့္လည္း ထူးထူးျခားျခား ဆာကာကို ဖ်က္ထုတ္ခဲ့တဲ့ၿပိဳင္ဘက္ေတြဟာ အဝါကတ္ျပား ၄ ႀကိမ္သာ ျပသျခင္းခံခဲ့ရတာေၾကာင့္ ပ်မ္းမွ် ၁၁.၂၅ ႀကိမ္အထိ ဖ်က္ထုတ္မႈ ျပဳလုပ္ခဲ့ခ်ိန္မွ တစ္ဝါသာ ျပသျခင္းခံခဲ့ရတာျဖစ္ပါတယ္။ ဒီအေရအတြက္ဟာ ပရီးမီးယားလိဂ္မွာ ၄.၉ ႀကိမ္နဲ႔ ဒုတိယပစ္မွတ္အထားခံရဆုံးကစားသမားျဖစ္တဲ့ ဂ်က္ခ္ ဂရီးလစ္ရွ္ကို ဖ်က္ထုတ္ခ်ိန္မွာ ျပသခဲ့တဲ့ အဝါကတ္နဲ႔ယွဥ္ရင္ ေတာ္ေတာ္ေလး နည္းပါးေနၿပီး ဆာကာဟာ ဒိုင္လူႀကီးေတြရဲ႕ အကာအကြယ္ ရရွိမႈ အလြန္နည္းပါးတယ္ဆိုတဲ့အဓိပၸာယ္ျဖစ္ပါတယ္။ ဆာကာက ၿပီးခဲ့တဲ့ရက္သတၱပတ္အလယ္မွာ အာဆင္နယ္အသင္းက ၎ကို ၾကမ္းၾကမ္းတမ္းတမ္း ဆက္ဆံမႈေတြအတြက္ PGMOL ကို ဆက္သြယ္ခဲ့တယ္လို႔ ထုတ္ေဖာ္ေျပာၾကားခဲ့ၿပီး အဲဒီကိစၥနဲ႔ပတ္သက္ၿပီး အရမ္းေတာ့ စိုးရိမ္ေနျခင္းမရွိတာ ျဖစ္ပါတယ္။

“ကြၽန္ေတာ္ ဒီကို ထြက္လာၿပီး ျပစ္ဒဏ္က်ဴးလြန္ျခင္းခံခဲ့ရတယ္လို႔ ေစာဒတက္လို႔ မရႏိုင္ပါဘူး။ အဲဒါက အဓိပၸာယ္မရွိပါဘူး။ ကြၽန္ေတာ္ အဲဒီစကားကို ဘယ္မွာမွ ေျပာမွာမဟုတ္ပါဘူး။ အာဆင္နယ္က ဒိုင္လူႀကီးေတြနဲ႔ ဒီလိုမ်ိဳး ကိစၥေတြအတြက္ ေျပာဖို႔လိုလို႔ အစည္းအေဝးလုပ္ခဲ့ပါတယ္။ ကြၽန္ေတာ္ကေတာ့ အဲဒီၾကမ္းတမ္းတဲ့ဖ်က္ထုတ္မႈေတြကေန သင္ယူၿပီး အဲဒါက ကြၽန္ေတာ္တို႔ကို ဘယ္ေနရာကို ရရွိေစႏိုင္မလဲဆိုတာကို ၾကည့္ရမယ္လို႔ ခံစားရပါတယ္။ ကြၽန္ေတာ္ ကစားတဲ့ပုံစံက အၿမဲတမ္း ထိေတြ႕မႈေတြကို ဆြဲေဆာင္ေနတာပါ။ ကြၽန္ေတာ္ အလက္ဆစ္ ဆန္းခ်က္ဇ္ကစားတာကို ၾကည့္ၿပီး ႀကီးျပင္းခဲ့တာပါ။ သူက ထူးျခားတဲ့ကစားသမားပါ။ ကြၽန္ေတာ္ သူနဲ႔ပတ္သက္ၿပီး အရာေတာ္ေတာ္မ်ားမ်ားကို ႏွစ္သက္မိပါတယ္။ သူ အၿမဲတမ္း လဲေနရာကေန ျပန္ထခဲ့ၿပီး အဆုံးအထိ တိုက္ပြဲဝင္ခဲ့တယ္။ အဲဒါက သူ႔ဆီမွာ ရွိတဲ့ အရည္အခ်င္းေတြထဲက တစ္ခုပါ။ ခင္ဗ်ား ကြၽန္ေတာ္ သူ႔ဆီကေန ေလ့လာသင္ယူခဲ့တယ္လို႔ ေျပာလို႔ရတယ္။ ဒါေပမယ့္ တစ္ခ်ိန္တည္းမွာပဲ ကြၽန္ေတာ့္မွာ ကိုယ္ပိုင္ ရည္မွန္းခ်က္နဲ႔ ပန္းတိုင္ေတြ ရွိပါတယ္။ အဲဒါေတြကလည္း ကြၽန္ေတာ့္ရဲ႕ ေမာင္းႏွင္အားထဲမွာ တစ္စိတ္တပိုင္းပါ။”လို႔ ေျပာၾကားခဲ့ပါတယ္။

PGMOL နဲ႔ ဆက္သြယ္ခဲ့တာနဲ႔ပတ္သက္ၿပီးလည္း ဆာကာက အာတီတာက အလြန္ၾကပ္တဲ့ေနရာေတြမွာ ၎ဆီကို အသင္းေဖာ္ေတြ ေဘာလုံးေပးပို႔တာမ်ိဳး ရပ္တန႔္ေစခ်င္တယ္လို႔ ထုတ္ေဖာ္ ေျပာၾကားခဲ့ပါတယ္။

“သူက ကြၽန္ေတာ္ ရရွိခဲ့တဲ့ေဘာလုံးေပးပို႔မႈပုံစံအေၾကာင္း ေျပာပါတယ္။ ေတာင္ပံကစားသမားတစ္ေယာက္အေနနဲ႔ ခင္ဗ်ား ကြင္းေဘးစည္းမွာ ေဘာလုံးကို ေနာက္ခံလူဆီ ေက်ာေပးၿပီး လက္ခံရင္ ကြၽန္ေတာ္လည္း ေနာက္ခံလူဆိုရင္ အဲဒီအတိုင္းပဲ လုပ္မွာပါ။ တန္းေျပးဝင္လာၿပီး လ်င္လ်င္ျမန္ျမန္နဲ႔ ခင္ဗ်ားကို လဲက်သြားေအာင္ လုပ္မွာပါ။ အဲဒီေတာ့ ဟုတ္ပါတယ္။ ဖိအားေတြနဲ႔ ထိေတြ႕မႈေတြ အမ်ားႀကီးရွိေနမွာပါ။ သူက ဒီလို ေဘာလုံးလက္ခံမႈမ်ိဳးအေၾကာင္း ေျပာေနတာလို႔ ထင္ပါတယ္။ ကြၽန္ေတာ္ ေဖာက္ထြက္ဖို႔ ေနရာလြတ္မ်ားမ်ားစားစားမရွိဘဲ ေနာက္ခံလူက ကြၽန္ေတာ့္ကို လ်င္လ်င္ျမန္ျမန္နဲ႔ ပိတ္ခ်ၿပီး တကယ္ကို ၾကမ္းၾကမ္းတမ္းတမ္း ဖ်က္ထုတ္ႏိုင္မယ့္ ေဘာလုံးေပးပို႔မႈမ်ိဳးေပါ့။”လို႔ ေျပာၾကားခဲ့ပါတယ္။

Arsenal Myanmar

Ref: Internet