အာဆင်နယ်ကို ရှုံးနိမ့်ပြီးနောက် လိဂ်ရဲ့အကောင်းဆုံးအသင်းကို ပြောခဲ့ပြီး ဂန်းနားတို့ အောင်ပွဲခံပုံအပေါ်တုံ့ပြန်ခဲ့တဲ့ အိုနေးလ် admin

အာဆင်နယ်ကို ရှုံးနိမ့်ပြီးနောက် လိဂ်ရဲ့အကောင်းဆုံးအသင်းကို ပြောခဲ့ပြီး ဂန်းနားတို့ အောင်ပွဲခံပုံအပေါ်တုံ့ပြန်ခဲ့တဲ့ အိုနေးလ်

ဘုန်းမောက်အသင်းဟာ ပွဲမပြီးခင် ၃၅ မိနစ်လောက်ထိ အမ်းမရိတ်စ်ကွင်းမှာ အာဆင်နယ်အသင်းကို ၂ ဂိုးဂိုးမရှိဖြင့် ဦးဆောင်နိုင်ခဲ့ပြီးမှ သိပ်မကြာမီ ၈ မိနစ်အတွင်း ပါတေး၊ ဘန် ဝှိုက်တို့ ဆက်တိုက်သွင်းယူခဲ့သော ဂိုးများဖြင့် သရေကျခဲ့ပြီး ပွဲသိမ်းခရာမမှုတ်ခင် နောက်ဆုံး စက္ကန့်တွင် ရီးစ်နယ်လ်ဆန်သွင်းယူတဲ့ ဂိုးကြောင့် ကြေကွဲဝမ်းနည်းဖွယ် ရှုံးနိမ့်ခဲ့ရပါတယ်။

ပွဲပြီးအင်တာဗျူးမှာ အာဆင်နယ်အသင်းသည် ပရီးမီယားလိဂ်မှာ အကောင်းဆုံးအသင်းဖြစ်ပြီး ဂန်းနားတို့၏ အလွန်အမင်းပျော်ရွှင်စွာ အောင်ပွဲခံမှုက သူ့အတွက် ပြဿနာမရှိကြောင်း ဘုန်းမောက်အသင်း နည်းပြ အိုနေးလ်က ပြောကြားသွားခဲ့ပါတယ်။

နည်းပြ အိုနေးလ်က “ကျွန်တော့် ကစားသမားလေးတွေ လုပ်ဆောင်ခဲ့မှုနဲ့ ကြိုးစားမှုက တအားကောင်းခဲ့တော့ ဒီလိုနည်းနဲ့ ရှုံးခဲ့ရတာတော့ ဝမ်းနည်းစရာကောင်းလှပါတယ်။ ဒါဟာ လက်ခံဖို့ ခက်ခဲ့တဲ့ အရာတစ်ခုဖြစ်ပေမယ့် ကျွန်တော်တို့ကစားခဲ့ရတဲ့အသင်းက လက်ရှိပရီးမီးယားလိဂ်မှာ အကောင်းဆုံးအသင်းဖြစ်တဲ့ အာဆင်နယ်အသင်းဖြစ်နေတာပါ”

“ကျွန်တော်တို့ အမ်းမရိတ်စ်ကွင်းကိုလာရောက်ပြီး အာဆင်နယ်အသင်းကို အခက်အခဲဖြစ်အောင် လုပ်နိုင်လိမ့်မယ်လို့ လူတော်တော်များများက ထင်ထားခဲ့မှာ မဟုတ်ပါဘူး။ ဒါပေမယ့် ကျွန်တော်တို့ အချိန်တိုလေးအတွင်းမှာ လုပ်နိုင်ခဲ့တယ်လေ။ လူအများမျှော်လင့်ထားတာထက် ကျွန်တော်တို့ ပိုမိုကောင်းမွန်စွာ စွမ်းဆောင်နိုင်ခဲ့ပြီး ကျွန်တော်တို့ လည်း အနိုင်ရရှိဖို့ ထိုက်တန်ခဲ့ပါတယ်။” လို့ ပြောခဲ့ပါတယ်

တစ်ဖက် ၂ ဂိုးစီ သရေ ရလဒ်နဲ့ ပွဲပြီးဆုံးတော့မယ်လို့ ထင်ထားကြချိန်မှာ ရီးစ် နယ်လ်ဆန်ရဲ့ နောက်ဆုံး စက္ကန့်မှာ သွင်းယူပေးခဲ့တဲ့ ဂိုးကြောင့် အာဆင်နယ်အသင်းက အံ့အားသင့်ဖွယ် နိုင်ပွဲရရှိအပြီး အာဆင်နယ်အသင်းရဲ့ အရန်ကစားသမားတွေနဲ့ အာတီတာရဲ့ နည်းပြအဖွဲ့ဝင် ဝန်ထမ်းတွေအားလုံးဟာ ဂန်းနားကစားသမားများကို ဂုဏ်ပြုရန် ကွင်းအတွင်းသို့ဝင်ရောက်ပြီး အလွန်အမင်းပျော်ရွှင်စွာ အောင်ပွဲခံခဲ့ကြတဲ့အပေါ် ဘုန်းမောက် နည်းပြ အိုနေးလ်ရဲ့ အမြင်ကိုမေးတဲ့အခါ သူ့အတွက် ဒါဟာ ပြဿနာမရှိကြောင်း ယခုလိုပြောခဲ့ပါတယ်။

“အာဆင်နယ်အသင်း ဘာတွေလုပ်ခဲ့လဲ ဘယ်လိုအောင်ပွဲခံခဲ့သလဲဆိုတာ ကျွန်တော့်အနေနဲ့ ဘာမှတ်ချက်မှ မပေးလိုပါဘူး။ ကျွန်တော် မီခေးလ်နဲ့ လက်ဆွဲနှုတ်ဆက်ခဲ့တယ်။ ဒီပွဲဟာ သူတို့အတွက် အနိုင်ရရှိဖို့ လိုအပ်နေပြီး ကျွန်တော်တို့အတွက်လည်း လိုအပ်ခဲ့တာပဲလေ။ ကျွန်တော်တို့တွေလည်း ပွဲချိန်အတွင်း အစွမ်းကုန်တိုက်ပွဲဝင်ခဲ့ပေမယ့် နောက်ဆုံးတော့ သူတို့အနိုင်ရရှိခဲ့တယ်။ သူတို့ဂိုးတွေ သွင်းနိုင်ခဲ့လို့ သူတို့ စိတ်ကြိုက်အောင်ပွဲခံနိုင်ပါတယ်”လို့ ပြောခဲ့တဲ့အတွက် လေးစားဖွယ်ကောင်းတဲ့ နည်းပြအိုနေးလ်နဲ့ သူ့ရဲ့ ချယ်ရီအသင်းသားတွေရာသီကုန်မှာ တန်းဆင်းဇုန်က ရုန်းထွက်နိုင်ပြီး ပရီးမီးယားလိဂ်မှာ ဆက်လက်တည်ရှိပါစေလို့ ဆုမွန်ကောင်းတောင်းလိုက်ပါတယ်။

AM
Arsenal Myanmar
Photos Credit

ZAWGYI:ဘုန္းေမာက္အသင္းဟာ ပြဲမၿပီးခင္ ၃၅ မိနစ္ေလာက္ထိ အမ္းမရိတ္စ္ကြင္းမွာ အာဆင္နယ္အသင္းကို ၂ ဂိုးဂိုးမရွိျဖင့္ ဦးေဆာင္ႏိုင္ခဲ့ၿပီးမွ သိပ္မၾကာမီ ၈ မိနစ္အတြင္း ပါေတး၊ ဘန္ ဝႈိက္တို႔ ဆက္တိုက္သြင္းယူခဲ့ေသာ ဂိုးမ်ားျဖင့္ သေရက်ခဲ့ၿပီး ပြဲသိမ္းခရာမမႈတ္ခင္ ေနာက္ဆုံး စကၠန႔္တြင္ ရီးစ္နယ္လ္ဆန္သြင္းယူတဲ့ ဂိုးေၾကာင့္ ေၾကကြဲဝမ္းနည္းဖြယ္ ရႈံးနိမ့္ခဲ့ရပါတယ္။ ပြဲၿပီးအင္တာဗ်ဴးမွာ အာဆင္နယ္အသင္းသည္ ပရီးမီယားလိဂ္မွာ အေကာင္းဆုံးအသင္းျဖစ္ၿပီး ဂန္းနားတို႔၏ အလြန္အမင္းေပ်ာ္႐ႊင္စြာ ေအာင္ပြဲခံမႈက သူ႔အတြက္ ျပႆနာမရွိေၾကာင္း ဘုန္းေမာက္အသင္း နည္းျပ အိုေနးလ္က ေျပာၾကားသြားခဲ့ပါတယ္။

နည္းျပ အိုေနးလ္က “ကြၽန္ေတာ့္ ကစားသမားေလးေတြ လုပ္ေဆာင္ခဲ့မႈနဲ႔ ႀကိဳးစားမႈက တအားေကာင္းခဲ့ေတာ့ ဒီလိုနည္းနဲ႔ ရႈံးခဲ့ရတာေတာ့ ဝမ္းနည္းစရာေကာင္းလွပါတယ္။ ဒါဟာ လက္ခံဖို႔ ခက္ခဲ့တဲ့ အရာတစ္ခုျဖစ္ေပမယ့္ ကြၽန္ေတာ္တို႔ကစားခဲ့ရတဲ့အသင္းက လက္ရွိပရီးမီးယားလိဂ္မွာ အေကာင္းဆုံးအသင္းျဖစ္တဲ့ အာဆင္နယ္အသင္းျဖစ္ေနတာပါ”

“ကြၽန္ေတာ္တို႔ အမ္းမရိတ္စ္ကြင္းကိုလာေရာက္ၿပီး အာဆင္နယ္အသင္းကို အခက္အခဲျဖစ္ေအာင္ လုပ္ႏိုင္လိမ့္မယ္လို႔ လူေတာ္ေတာ္မ်ားမ်ားက ထင္ထားခဲ့မွာ မဟုတ္ပါဘူး။ ဒါေပမယ့္ ကြၽန္ေတာ္တို႔ အခ်ိန္တိုေလးအတြင္းမွာ လုပ္ႏိုင္ခဲ့တယ္ေလ။ လူအမ်ားေမွ်ာ္လင့္ထားတာထက္ ကြၽန္ေတာ္တို႔ ပိုမိုေကာင္းမြန္စြာ စြမ္းေဆာင္ႏိုင္ခဲ့ၿပီး ကြၽန္ေတာ္တို႔ လည္း အႏိုင္ရရွိဖို႔ ထိုက္တန္ခဲ့ပါတယ္။” လို႔ ေျပာခဲ့ပါတယ္


တစ္ဖက္ ၂ ဂိုးစီ သေရ ရလဒ္နဲ႔ ပြဲၿပီးဆုံးေတာ့မယ္လို႔ ထင္ထားၾကခ်ိန္မွာ ရီးစ္ နယ္လ္ဆန္ရဲ႕ ေနာက္ဆုံး စကၠန႔္မွာ သြင္းယူေပးခဲ့တဲ့ ဂိုးေၾကာင့္ အာဆင္နယ္အသင္းက အံ့အားသင့္ဖြယ္ ႏိုင္ပြဲရရွိအၿပီး အာဆင္နယ္အသင္းရဲ႕ အရန္ကစားသမားေတြနဲ႔ အာတီတာရဲ႕ နည္းျပအဖြဲ႕ဝင္ ဝန္ထမ္းေတြအားလုံးဟာ ဂန္းနားကစားသမားမ်ားကို ဂုဏ္ျပဳရန္ ကြင္းအတြင္းသို႔ ဝင္ေရာက္ေအာင္ပြဲခံခဲ့ၾကတဲ့အေပၚ ဘုန္းေမာက္ နည္းျပ အိုေနးလ္ရဲ႕ အျမင္ကိုေမးတဲ့အခါ သူ႔အတြက္ ဒါဟာ ျပႆနာမရွိေၾကာင္း ယခုလိုေျပာခဲ့ပါတယ္။

“အာဆင္နယ္အသင္း ဘာေတြလုပ္ခဲ့လဲ ဘယ္လိုေအာင္ပြဲခံခဲ့သလဲဆိုတာ ကြၽန္ေတာ့္အေနနဲ႔ ဘာမွတ္ခ်က္မွ မေပးလိုပါဘူး။ ကြၽန္ေတာ္ မီေခးလ္နဲ႔ လက္ဆြဲႏႈတ္ဆက္ခဲ့တယ္။ ဒီပြဲဟာ သူတို႔အတြက္ အႏိုင္ရရွိဖို႔ လိုအပ္ေနၿပီး ကြၽန္ေတာ္တို႔အတြက္လည္း လိုအပ္ခဲ့တာပဲေလ။ ကြၽန္ေတာ္တို႔ေတြလည္း ပြဲခ်ိန္အတြင္း အစြမ္းကုန္တိုက္ပြဲဝင္ခဲ့ေပမယ့္ ေနာက္ဆုံးေတာ့ သူတို႔အႏိုင္ရရွိခဲ့တယ္။ သူတို႔ဂိုးေတြ သြင္းႏိုင္ခဲ့လို႔ သူတို႔ စိတ္ႀကိဳက္ေအာင္ပြဲခံႏိုင္ပါတယ္”လို႔ ေျပာခဲ့တဲ့အတြက္ ေလးစားဖြယ္ေကာင္းတဲ့ နည္းျပအိုေနးလ္နဲ႔ သူ႔ရဲ႕ ခ်ယ္ရီအသင္းသားေတြရာသီကုန္မွာ တန္းဆင္းဇုန္က ႐ုန္းထြက္ႏိုင္ၿပီး ပရီးမီးယားလိဂ္မွာ ဆက္လက္တည္ရွိပါေစလို႔ ဆုမြန္ေကာင္းေတာင္းလိုက္ပါတယ္။

AM
Arsenal Myanmar
Photos Credit