အာဆင်နယ်ကစားသမားတွေက လက်စားချေချင်နေကြတယ်လို့ ပြောလိုက်တဲ့ အာတီတာ coyg

အာဆင်နယ်ကစားသမားတွေက လက်စားချေချင်နေကြတယ်လို့ ပြောလိုက်တဲ့ အာတီတာ

အာဆင်နယ်နည်းပြ အာတီတာက အာဆင်နယ်ဟာ ၎င်းတို့ရဲ့ ဆုဖလားပြိုင်ပွဲမှာ လှုပ်ခတ်မှုတွေ ရှိခဲ့ပြီးနောက် လက်စားချေဖို့အတွက် အဆင်သင့်ဖြစ်နေပြီဖြစ်တယ်လို့ သတိပေးခဲ့ပါတယ်။

အာဆင်နယ်ဟာ ၂ ဂိုးနဲ့ ဦးဆောင်နိုင်မှုကို ၂ ပွဲဆက်တိုက် မထိန်းသိမ်းနိုင်ခဲ့တဲ့နောက် အဖိုးတန် ၄ မှတ် လျော့ကျသွားခဲ့ရပြီး မန်ချက်စတာစီးတီးကို ဆုဖလားပြိုင်ပွဲမှာ ရှုံးနိမ့်နိုင်တဲ့ အန္တရာယ်နဲ့ ရင်ဆိုင်နေရပြီ ဖြစ်ပါတယ်။

ဒါကြောင့် မန်ချက်စတာစီးတီးဟာ ချန်ပီယံဖြစ်ဖို့ ရေပန်းအစားဆုံးအသင်းစြဖ်လာပြီး အာတီတာက ၎င်းရဲ့ကစားသမားဟာတွေ ပြီးခဲ့တဲ့ပွဲစဉ်တွေမှာ စိတ်ပျက်ခဲ့ရပြီးနောက် ဆောက်သမ်တန်နဲ့ ပွဲစဉ်မှာ အားကောင်းတဲ့ပုံစံနဲ့ တုံ့ပြန်သွားမယ်လို့ ယုံကြည်နေတာဖြစ်ပါတယ်။

“ကျွန်တော် ပိုပြီးတော့တောင် ကောင်းမွန်လာဖို့ စိတ်ပိုင်းဖြတ်မှုနဲ့ လက်စားချေချင်တဲ့ ခံစားမှုတွေကို မြင်နေရပြီး အဲဒါက မလုံလောက်သေးပါဘူး။ ခင်ဗျား အဲဒါကို ပြုပြင်ရမှာဖြစ်ပြီး တစ်ယောက်နဲ့တစ်ယောက် ပိုပိုပြီး တောင်းဆိုမှုတွေ ပြုလုပ်ရမှာပါ။ခင်ဗျား သူတို့တွေ စကားပြောတဲ့ပုံစံကနေ ပြောနိုင်ပါတယ်။ သူတို့တွေ ကျွန်တော်တို့ ပြုလုပ်ခဲ့တဲ့ အစည်းအဝေးမှာ ပြောဆိုဆက်သွယ်ခဲ့တဲ့ပုံစံကို ကြည့်ပြီး ပြောနိုင်တယ်”

“ဆွေးနွေးမှုတွေက ကျွန်တော်တို့ စိတ်ပျက်စရာတွေနဲ့ ရင်ဆိုင်ခဲ့ရအပြီးမှာ ဘယ်လို ရှေ့ဆက်သွားမလဲဆိုတာ နားလည်အောင်လုပ်ဖို့ပါ။ အဲဒါတွေအားလုံးက မှန်ကန်တဲ့အဖြေတွေပါ။ သူတို့တွေက ကျွန်တော်တို့ ဘာလိုချင်လဲဆိုတာအရမ်းရှင်းရှင်းလင်းလင်းသိတယ်။ ဘယ်လိုမျိုး လုပ်သွားမလဲ၊ ဘာကြောင့် အဲဒါက ကျွန်တော်တို့ကို ဒီနေရာအထိ ခေါ်ဆောင်လာနိုင်ခဲ့လဲဆိုတာကို သိကြတယ်။ အဲဒါက ကျွန်တော်တို့ ဆက်လုပ်ရမယ့်အရာပါ”

“ကျွန်တော်တို့ ပြီးပြည့်စုံသူတွေဖြစ်ဖို့လိုပေမယ့်လည်း တချိန်တည်းမှာပဲ ကျွန်တော်တို့က စီးမျောမှုနဲ့အတူ ကစားရမှာပါ။ ကျွန်တော်တို့က အဲဒီစွမ်းအင်၊ စီးမျောမှုနဲ့အတူ ကစားပြီး ရလဒ်အကြောင်း မစဉ်းစားတဲ့အခါမှာ အရမ်းကောင်းပါတယ်။ ဒါက ကျွန်တော်တို့ နောက်ဆုံးလုပ်ရမယ့်အရာပါ”

“အလှည့်အပြောင်းတွေက ခင်ဗျားလုပ်သမျှ အရာအားလုံးမှာ ရှိနေမှာဖြစ်ပြီး အထူးသဖြင့် ဘောလုံးမှာပေါ့။အဲဒါက အမြဲတမ်းတော့တဖြောင့်တည်းတိုးတက်မှုရှိနေမှာမဟုတ်ပါဘူး။ ခင်ဗျား အဲဒါကို သိထားရမှာဖြစ်ပြီး ခင်ဗျား အဲဒီအတွက် ကြိုတင်ပြင်ဆင်ထားရမှာပါ။ ဒါပေမယ့် အသင်းတုံ့ပြန်ပုံက တကယ်ကို အပြုသဘောဆောင်ပြီး ကျွန်တော်တို့ အဲဒါကို ဆောက်သမ်တန်နဲ့ပွဲမှာ ကွင်းထဲ ဝင်တဲ့အချိန်ကျရင် မြင်ချင်ပါတယ်။”လို့ ပြောကြားခဲ့ပါတယ်။

Arsenal Myanmar

Ref: Internet