နောက်ဆုံးစက္ကန့်ထိ အာဆင်နယ်က အရှုံးမပေးတတ်ဘူးဆိုတာ နောက်ထပ်တစ်ကြိမ် ပြသခဲ့တာလို့ ယုံကြည်နေတဲ့ ကီယွန် coyg

နောက်ဆုံးစက္ကန့်ထိ အာဆင်နယ်က အရှုံးမပေးတတ်ဘူးဆိုတာ နောက်ထပ်တစ်ကြိမ် ပြသခဲ့တာလို့ ယုံကြည်နေတဲ့ ကီယွန်

ပွဲကစားချိန် ၉၆ မိနစ်နဲ့ ၅၉ စက္ကန့်မှာ ရရှိခဲ့တဲ့ အနိုင်ဂိုးက စိတ်ခံစားမှုတွေ ပေါက်ကွဲထွက်စေခဲ့ပြီး အမ်းမရိတ်စ်ကွင်းထဲမှာတင်သာမက ကမ္ဘာတလွှားမှာ အိမ်ကနေ ကြည့်ရှုနေတဲ့ ပရိသတ်တွေလည်း အပါအဝင်ဖြစ်ပါတယ်။

ကျွန်တော့်အသင်းဖော်ဟောင်း အီယန် ရိုက်တစ်ဦးတည်း ဆိုဖာပေါ်ကနေ ထခုန်မိခဲ့မှာမဟုတ်ဘဲ အာဆင်နယ်ရဲ့ ပြိုင်ဘက်တွေတောင် ၂-၀ နဲ့ ရှုံးနိမ့်နေရာကနေ ၃-၂ နဲ့ အနိုင်ပြန်ယူခဲ့တဲ့ ဂန်းနားတွေရဲ့ စိတ်ဓာတ်ကို လေးစားအားကျမိခဲ့မှာပါ။ အာဆင်နယ်နောက်ဆုံး ပရီးမီးယားလိဂ်ဖလားရခဲ့တဲ့ ၂၀၀၃-၂၀၀၄ ရာသီတုန်းက ကျွန်တော်တို့ ၉ ပွဲမှာ နောက်ကနေ လိုက်ကစားပြီး အနိုင်ယူခဲ့ရတယ်။

ကျွန်တော်တို့ ဘယ်တုန်းကမှ အရှုံးကို လက်မခံခဲ့ဘူး။ ဘယ်တုန်းကမှ အရှုံးမပေးဘူး။ ကျွန်တော်တို့ အဲဒီပွဲစဉ်တွေထဲက ၆ ပွဲနိုင်ပြီး ကျန် ၃ ပွဲက သရေကျတယ်။ ကျွန်တော်တို့ အံ့အားသင့်ဖွယ် ပြန်လာနိုင်တဲ့အခါတိုင်း ထူးခြားတဲ့တစ်စုံတရာ ဖြစ်လာတော့မယ်ဆိုတဲ့ ခံစားမှုကို ရရှိစေခဲ့တယ်။ ခင်ဗျားရဲ့ဘဝခရီး ဖြစ်လာမယ့် လျှို့ဝှက်ဆန်းကြယ်တဲ့ ခရီးစဉ်တစ်ခု စတင်လိုက်တဲ့အခါမှာ အဲဒါက ခင်ဗျားကို အစုအဖွဲ့အနေနဲ့ စည်းလုံးစေတယ်။

အဲဒါက အခု အာတီတာရဲ့ကစားသမားတွေ ခံစားနေရမယ့်အရာဖြစ်ပြီး သူတို့ရဲ့ အောင်မြင်မှုအခြေခံအုတ်မြစ်က ယုံကြည်မှုအပေါ် တည်ဆောက်ထားခဲ့တာပါ။ အရမ်းအထင်ကြီးစရာကောင်းတာက သူတို့တွေရဲ့ ကစားဟန်ကို လိုတိုးပိုလျှော့လုပ်ဖို့ ငြင်းဆန်ခဲ့တဲ့ပုံစံဖြစ်ပြီး တိုက်စစ်ကို အလွန်တိကျတဲ့ ပေးပို့မှုတွေ ပြုလုပ်ခဲ့တယ်။ ဒီရာသီ လိဂ်ထဲက ဘယ်သူကမှ ရှုံးနိမ့်နေတဲ့ အနေအထားကနေ အာဆင်နယ် ရရှိခဲ့တဲ့ ၁၅ မှတ်ထက်ပိုပြီး ရမှတ်တွေ မရယူနိုင်ခဲ့ဘူး။

လူငယ်အကယ်ဒမီထွက် ရိစ် နယ်လ်ဆန်က နောက်ကျ အနိုင်ဂိုးကို သွင်းယူပြီး သူ့အိပ်မက်အတိုင်း ရှင်သန်နိုင်တာကို မြင်ရတာ ကျွန်တော့်ကို စိတ်ကျေနပ်စေပြီး အာဆင်နယ်လူစာရင်းက မန်စီးတီးနဲ့ ယှဉ်ပြိုင်နိုင်ဖို့ လုံလောက်တဲ့ အားကောင်းမှုမရှိဘူးဆုတဲ့ ကသမ်းကရမ်း ပြောဆိုမှုတွေ ရှိနေခဲ့ပါတယ်။ အခု ဒီငြင်းခုံမှုကို ပြုလုပ်လို့မရနိုင်တော့ဘူးလို့ ကျွန်တော် ထင်ပြီး အားလုံးက သူ့အပိုင်းနဲ့ သူ ကစားနေကြတယ်။ စမစ် ရိုးက အရန်ခုံကနေ ဝင်လာပြီး ပါတေးရဲ့ သွင်းဂိုးကို ဖန်တီးပေးနိုင်ခဲ့တယ်။

စမစ် ရိုးနေရာမှာ ဝင်ကစားတဲ့ နယ်လ်ဆန်ကလည်း ဒုတိယမြောက် သွင်းဂိုးကို ဂိုးဖန်တီးပေးနိုင်ခဲ့ပြီးတော့ တတိယဂိုးကိုလည်း ကိုယ်တိုင်သွင်းယူနိုင်ခဲ့ပြီး ဒီလိုမျိုး လူစားလဲလှယ်မှုတွေ လုပ်ခဲ့တဲ့အတွက် နည်းပြကို ချီးကျူးရမှာပါ။ ဒီဆုဖလားပြိုင်ပွဲက ရာသီနောက်ဆုံး မိနစ်အထိ ဆက်ယှဉ်ပြိုင်သွားရမယ်လို့ ကျွန်တော် ထင်ပေမယ့် စနေနေ့ ဘုန်းမောက်နဲ့ပွဲက နောက်ကျအနိုင်ဂိုးက အာဆင်နယ်ဟာ ဘယ်တော့မှ တိုက်ပွဲဝင်ရာမှာ လက်မြှောက် အရှုံးမပေးဘူးဆိုတဲ့ သတင်းစကားကို ပေးပို့လိုက်တာပဲလို့ ကျွန်တော် ထင်ပါတယ်။

Arsenal Myanmar

Ref: Internet

ZAWGYI:

ပြဲကစားခ်ိန္ ၉၆ မိနစ္နဲ႔ ၅၉ စကၠန႔္မွာ ရရွိခဲ့တဲ့ အႏိုင္ဂိုးက စိတ္ခံစားမႈေတြ ေပါက္ကြဲထြက္ေစခဲ့ၿပီး အမ္းမရိတ္စ္ကြင္းထဲမွာတင္သာမက ကမာၻတလႊားမွာ အိမ္ကေန ၾကည့္ရႈေနတဲ့ ပရိသတ္ေတြလည္း အပါအဝင္ျဖစ္ပါတယ္။

ကြၽန္ေတာ့္အသင္းေဖာ္ေဟာင္း အီယန္ ႐ိုက္တစ္ဦးတည္း ဆိုဖာေပၚကေန ထခုန္မိခဲ့မွာမဟုတ္ဘဲ အာဆင္နယ္ရဲ႕ ၿပိဳင္ဘက္ေတြေတာင္ ၂-၀ နဲ႔ ရႈံးနိမ့္ေနရာကေန ၃-၂ နဲ႔ အႏိုင္ျပန္ယူခဲ့တဲ့ ဂန္းနားေတြရဲ႕ စိတ္ဓာတ္ကို ေလးစားအားက်မိခဲ့မွာပါ။ အာဆင္နယ္ေနာက္ဆုံး ပရီးမီးယားလိဂ္ဖလားရခဲ့တဲ့ ၂၀၀၃-၂၀၀၄ ရာသီတုန္းက ကြၽန္ေတာ္တို႔ ၉ ပြဲမွာ ေနာက္ကေန လိုက္ကစားၿပီး အႏိုင္ယူခဲ့ရတယ္။

ကြၽန္ေတာ္တို႔ ဘယ္တုန္းကမွ အရႈံးကို လက္မခံခဲ့ဘူး။ ဘယ္တုန္းကမွ အရႈံးမေပးဘူး။ ကြၽန္ေတာ္တို႔ အဲဒီပြဲစဥ္ေတြထဲက ၆ ပြဲႏိုင္ၿပီး က်န္ ၃ ပြဲက သေရက်တယ္။ ကြၽန္ေတာ္တို႔ အံ့အားသင့္ဖြယ္ ျပန္လာႏိုင္တဲ့အခါတိုင္း ထူးျခားတဲ့တစ္စုံတရာ ျဖစ္လာေတာ့မယ္ဆိုတဲ့ ခံစားမႈကို ရရွိေစခဲ့တယ္။ ခင္ဗ်ားရဲ႕ဘဝခရီး ျဖစ္လာမယ့္ လွ်ိဳ႕ဝွက္ဆန္းၾကယ္တဲ့ ခရီးစဥ္တစ္ခု စတင္လိုက္တဲ့အခါမွာ အဲဒါက ခင္ဗ်ားကို အစုအဖြဲ႕အေနနဲ႔ စည္းလုံးေစတယ္။

အဲဒါက အခု အာတီတာရဲ႕ကစားသမားေတြ ခံစားေနရမယ့္အရာျဖစ္ၿပီး သူတို႔ရဲ႕ ေအာင္ျမင္မႈအေျခခံအုတ္ျမစ္က ယုံၾကည္မႈအေပၚ တည္ေဆာက္ထားခဲ့တာပါ။ အရမ္းအထင္ႀကီးစရာေကာင္းတာက သူတို႔ေတြရဲ႕ ကစားဟန္ကို လိုတိုးပိုေလွ်ာ့လုပ္ဖို႔ ျငင္းဆန္ခဲ့တဲ့ပုံစံျဖစ္ၿပီး တိုက္စစ္ကို အလြန္တိက်တဲ့ ေပးပို႔မႈေတြ ျပဳလုပ္ခဲ့တယ္။ ဒီရာသီ လိဂ္ထဲက ဘယ္သူကမွ ရႈံးနိမ့္ေနတဲ့ အေနအထားကေန အာဆင္နယ္ ရရွိခဲ့တဲ့ ၁၅ မွတ္ထက္ပိုၿပီး ရမွတ္ေတြ မရယူႏိုင္ခဲ့ဘူး။

လူငယ္အကယ္ဒမီထြက္ ရိစ္ နယ္လ္ဆန္က ေနာက္က် အႏိုင္ဂိုးကို သြင္းယူၿပီး သူ႔အိပ္မက္အတိုင္း ရွင္သန္ႏိုင္တာကို ျမင္ရတာ ကြၽန္ေတာ့္ကို စိတ္ေက်နပ္ေစၿပီး အာဆင္နယ္လူစာရင္းက မန္စီးတီးနဲ႔ ယွဥ္ၿပိဳင္ႏိုင္ဖို႔ လုံေလာက္တဲ့ အားေကာင္းမႈမရွိဘူးဆုတဲ့ ကသမ္းကရမ္း ေျပာဆိုမႈေတြ ရွိေနခဲ့ပါတယ္။ အခု ဒီျငင္းခုံမႈကို ျပဳလုပ္လို႔မရႏိုင္ေတာ့ဘူးလို႔ ကြၽန္ေတာ္ ထင္ၿပီး အားလုံးက သူ႔အပိုင္းနဲ႔ သူ ကစားေနၾကတယ္။ စမစ္ ႐ိုးက အရန္ခုံကေန ဝင္လာၿပီး ပါေတးရဲ႕ သြင္းဂိုးကို ဖန္တီးေပးႏိုင္ခဲ့တယ္။

စမစ္ ႐ိုးေနရာမွာ ဝင္ကစားတဲ့ နယ္လ္ဆန္ကလည္း ဒုတိယေျမာက္ သြင္းဂိုးကို ဂိုးဖန္တီးေပးႏိုင္ခဲ့ၿပီးေတာ့ တတိယဂိုးကိုလည္း ကိုယ္တိုင္သြင္းယူႏိုင္ခဲ့ၿပီး ဒီလိုမ်ိဳး လူစားလဲလွယ္မႈေတြ လုပ္ခဲ့တဲ့အတြက္ နည္းျပကို ခ်ီးက်ဴးရမွာပါ။ ဒီဆုဖလားၿပိဳင္ပြဲက ရာသီေနာက္ဆုံး မိနစ္အထိ ဆက္ယွဥ္ၿပိဳင္သြားရမယ္လို႔ ကြၽန္ေတာ္ ထင္ေပမယ့္ စေနေန႔ ဘုန္းေမာက္နဲ႔ပြဲက ေနာက္က်အႏိုင္ဂိုးက အာဆင္နယ္ဟာ ဘယ္ေတာ့မွ တိုက္ပြဲဝင္ရာမွာ လက္ေျမႇာက္ အရႈံးမေပးဘူးဆိုတဲ့ သတင္းစကားကို ေပးပို႔လိုက္တာပဲလို႔ ကြၽန္ေတာ္ ထင္ပါတယ္။

Arsenal Myanmar

Ref: Internet