အာဆင်နယ်က ဘာလို့ အရမ်းကောင်းတဲ့အသင်းဖြစ်နေတာလဲဆိုတာ ရှင်းပြခဲ့တဲ့ မက္ကာသီ coyg

အာဆင်နယ်က ဘာလို့ အရမ်းကောင်းတဲ့အသင်းဖြစ်နေတာလဲဆိုတာ ရှင်းပြခဲ့တဲ့ မက္ကာသီ

ခရစ္စတယ် ပဲလေ့စ် ယာယီနည်းပြ ပက်ဒီ မက္ကာသီက တနင်္ဂနွေနေ့က အမ်းမရိတ်စ်မှာ ၄-၁ နဲ့ အနိုင်ရပြီး အမှတ်ပေးဇယားထိပ်ဆုံးမှာ ၈ မှတ်ဖြတ် ဦးဆောင်နိုင်ခဲ့တဲ့ အာဆင်နယ်အသင်းကို ချီးကျူးပြောဆိုမှုတွေ ပြုလုပ်ခဲ့ပါတယ်။

မန်ချက်စတာစီးတီးအသင်းက အက်ဖ်အေဖလားပြိုင်ပွဲ ကစားနေရတာကြောင့် အာဆင်နယ်အသင်းဟာ ပရီးမီးယားလိဂ်အမှတ်ပေးဇယား ဒုတိယနေရာက မန်ချက်စတာစီးတီးနဲ့ ရမှတ် ကွာဟမှုကို ပိုမိုတိုးမြှင့်နိုင်မယ့် အခွင့်အရေးကို အရယူခဲ့တာ ဖြစ်ပါတယ်။

အလွန်ကောင်းမွန်နေတဲ့ ဘူကာယို ဆာကာက ၂ ဂိုးသွင်းယူပေးခဲ့သလို ချာကလည်း ဂိုးသွင်းခြေစွမ်းကောင်းကို ဆက်လက်ထိန်းသိမ်းနိုင်ခဲ့ပြီး စပို့တင်းလစ္စဘွန်းနဲ့ပွဲက ပင်နယ်တီလွဲချော်မှုကြောင့် စိတ်ပျက်ခဲ့ရတဲ့ မာတီနယ်လီကလည်း သွင်းဂိုးနဲ့ ပြန်လည် ချေဖျက်ပြခဲ့တာ ဖြစ်ပါတယ်။

“အာဆင်နယ်က ပရီးမီးယားလိဂ်အမှတ်ပေးဇယားထိပ်ဆုံးမှာရှိနေတာက အကြောင်း ရှိပါတယ်။ သူတို့တွေက ကောင်းကောင်း စုဖွဲ့ထားတယ်။ သူတို့တွေက အားကစားသမားပီသမှု၊ နေရာတိုင်းမှာ ကောင်းမွန်တဲ့ တိုက်စ်အရည်အသွေးတွေ ရှိပါတယ်။ သူတို့တွေကို ဘယ်လိုနည်းနဲ့ ခင်ဗျား ရပ်တန့်ဖို့ ကြိုးစားပါစေ။ သူတို့တွေမှာ ကျော်ဖြတ်ဖို့ အဖြေရှိနေတဲ့ပုံပေါ်ပါတယ်။ ”

ခရစ္စတယ်ပဲလေ့စ်ဟာ ဒုတိယပိုင်းအလယ်လောက်မှာ ဂျက်ဖရီ ရှလပ်က ချေပဂိုး ပြန်လည်သွင်းယူနိုင်ခဲ့ပြီးနောက် ဝီးလ်ဖရက်ဒ် ဇာဟာက အလွန်ကောင်းမွန်တဲ့အခွင့်အရေးရရှိခဲ့တာ ဖြစ်ပါတယ်။

“၃-၁ ဖြစ်နေတဲ့အချိန်မှာတောင် ကောင်လေးတွေက ကောင်းမွန်တဲ့စိတ်ဓာတ်၊ ကြံ့ကြံ့ခံနိုင်စွမ်းနဲ့ ဆက်ပြီး ယှဉ်ပြိုင်ဖို့ အားကောင်းမှုရှိခဲ့တယ်။ ကျွန်​တော်တို့ သူတို့တွေ စတုတ္ထမြောက်သွင်းဂိုး မသွင်းခင် ဝီးလ်ဖရက်ဒ် အခွင့်အရေးရခဲ့တယ်။ ဒီနေ့ ခံစစ်ပိုင်းမှာ ကျွန်​တော်တို့ သူတို့ရဲ့ တိုက်စစ်ခြိမ်းခြောက်မှုတွေကို ကောင်းကောင်း မဖြေရှင်းနိုင်ခဲ့တာဖြစ်နိုင်ပါတယ်။ ဒါပေမယ့် သူတို့တွေ အားလုံးကို ပြဿနာဖြစ်စေနိုင်ခဲ့ပြီး သူတို့ရင်ဆိုင်ခဲ့တဲ့ အသင်းအများစုအတွက် ခက်ခဲအောင် လုပ်နိုင်ခဲ့တယ်။”လို့ ပြောကြားခဲ့ပါတယ်။

Arsenal Myanmar

Ref: Internet

ZAWGYI:

ခရစၥတယ္ ပဲေလ့စ္ ယာယီနည္းျပ ပက္ဒီ မကၠာသီက တနဂၤေႏြေန႔က အမ္းမရိတ္စ္မွာ ၄-၁ နဲ႔ အႏိုင္ရၿပီး အမွတ္ေပးဇယားထိပ္ဆုံးမွာ ၈ မွတ္ျဖတ္ ဦးေဆာင္ႏိုင္ခဲ့တဲ့ အာဆင္နယ္အသင္းကို ခ်ီးက်ဴးေျပာဆိုမႈေတြ ျပဳလုပ္ခဲ့ပါတယ္။

မန္ခ်က္စတာစီးတီးအသင္းက အက္ဖ္ေအဖလားၿပိဳင္ပြဲ ကစားေနရတာေၾကာင့္ အာဆင္နယ္အသင္းဟာ ပရီးမီးယားလိဂ္အမွတ္ေပးဇယား ဒုတိယေနရာက မန္ခ်က္စတာစီးတီးနဲ႔ ရမွတ္ ကြာဟမႈကို ပိုမိုတိုးျမႇင့္ႏိုင္မယ့္ အခြင့္အေရးကို အရယူခဲ့တာ ျဖစ္ပါတယ္။

အလြန္ေကာင္းမြန္ေနတဲ့ ဘူကာယို ဆာကာက ၂ ဂိုးသြင္းယူေပးခဲ့သလို ခ်ာကလည္း ဂိုးသြင္းေျခစြမ္းေကာင္းကို ဆက္လက္ထိန္းသိမ္းႏိုင္ခဲ့ၿပီး စပို႔တင္းလစၥဘြန္းနဲ႔ပြဲက ပင္နယ္တီလြဲေခ်ာ္မႈေၾကာင့္ စိတ္ပ်က္ခဲ့ရတဲ့ မာတီနယ္လီကလည္း သြင္းဂိုးနဲ႔ ျပန္လည္ ေခ်ဖ်က္ျပခဲ့တာ ျဖစ္ပါတယ္။

“အာဆင္နယ္က ပရီးမီးယားလိဂ္အမွတ္ေပးဇယားထိပ္ဆုံးမွာရွိေနတာက အေၾကာင္း ရွိပါတယ္။ သူတို႔ေတြက ေကာင္းေကာင္း စုဖြဲ႕ထားတယ္။ သူတို႔ေတြက အားကစားသမားပီသမႈ၊ ေနရာတိုင္းမွာ ေကာင္းမြန္တဲ့ တိုက္စ္အရည္အေသြးေတြ ရွိပါတယ္။ သူတို႔ေတြကို ဘယ္လိုနည္းနဲ႔ ခင္ဗ်ား ရပ္တန႔္ဖို႔ ႀကိဳးစားပါေစ။ သူတို႔ေတြမွာ ေက်ာ္ျဖတ္ဖို႔ အေျဖရွိေနတဲ့ပုံေပၚပါတယ္။ ”

ခရစၥတယ္ပဲေလ့စ္ဟာ ဒုတိယပိုင္းအလယ္ေလာက္မွာ ဂ်က္ဖရီ ရွလပ္က ေခ်ပဂိုး ျပန္လည္သြင္းယူႏိုင္ခဲ့ၿပီးေနာက္ ဝီးလ္ဖရက္ဒ္ ဇာဟာက အလြန္ေကာင္းမြန္တဲ့အခြင့္အေရးရရွိခဲ့တာ ျဖစ္ပါတယ္။

“၃-၁ ျဖစ္ေနတဲ့အခ်ိန္မွာေတာင္ ေကာင္ေလးေတြက ေကာင္းမြန္တဲ့စိတ္ဓာတ္၊ ႀကံ့ႀကံ့ခံႏိုင္စြမ္းနဲ႔ ဆက္ၿပီး ယွဥ္ၿပိဳင္ဖို႔ အားေကာင္းမႈရွိခဲ့တယ္။ ကြၽန္​ေတာ္တို႔ သူတို႔ေတြ စတုတၳေျမာက္သြင္းဂိုး မသြင္းခင္ ဝီးလ္ဖရက္ဒ္ အခြင့္အေရးရခဲ့တယ္။ ဒီေန႔ ခံစစ္ပိုင္းမွာ ကြၽန္​ေတာ္တို႔ သူတို႔ရဲ႕ တိုက္စစ္ၿခိမ္းေျခာက္မႈေတြကို ေကာင္းေကာင္း မေျဖရွင္းႏိုင္ခဲ့တာျဖစ္ႏိုင္ပါတယ္။ ဒါေပမယ့္ သူတို႔ေတြ အားလုံးကို ျပႆနာျဖစ္ေစႏိုင္ခဲ့ၿပီး သူတို႔ရင္ဆိုင္ခဲ့တဲ့ အသင္းအမ်ားစုအတြက္ ခက္ခဲေအာင္ လုပ္ႏိုင္ခဲ့တယ္။”လို႔ ေျပာၾကားခဲ့ပါတယ္။

Arsenal Myanmar

Ref: Internet