အန်းဖီးကို သွားရောက်ရမယ့်ပွဲအတွက် ဂန်းနားတွေရဲ့ အိပ်မက်ဆိုးကို အတည်ပြုခဲ့တဲ့ ပရီးမီးယားလိဂ်
အာဆင်နယ်အသင်းဟာ ၁၉ နှစ်အတွင်း ပထမဆုံး ပရီးမီးယားလိဂ်ဖလားကို ကိုင်မြှောက်နိုင်ဖို့ ၉ ပွဲသာလိုတော့တာဖြစ်ပြီး စနေနေ့က လိဒ်စ်ယူနိုက်တက်ကို အနိုင်ရရှိခဲ့ပြီးနောက် မန်စီးတီးကို ၉ မှတ်ဖြတ်ထားနိုင်ခဲ့တာဖြစ်ပါတယ်။
ဂွါဒီယိုလာရဲ့အသင်းဟာ တစ်ပွဲကစားဖို့ ကျန်နေသေးပေမယ့်လည်း အနည်းဆုံးတော့ ဂန်းနားတွေဟာ ၅ မှတ်အထိတော့ ဖြတ်ထားနိုင်ဦးမှာဖြစ်ပြီး ဒီ ၂ သင်းဟာ ယခုလနှောင်းပိုင်း အစ်တီဟတ်မှာ တွေ့ဆုံယှဉ်ပြိုင်သွားရမှာ ဖြစ်ပါတယ်။
ဒါပေမယ့်လည်း အာတီတာရဲ့အသင်းအနေနဲ့ ယခုအပတ်မှာ အရင်ဆုံး အန်းဖီကိုသွားပြီး လီဗာပူးလ်ကို အနိုင်ယူဖို့ လိုအပ်မှာဖြစ်ပြီး အာဆင်နယ်အသင်းသာ ကစားဖို့ ကျန်ရှိနေသေးတဲ့အထဲက အခက်ခဲဆုံးပွဲစဉ်တွေထဲက တစ်ပွဲမှာ အနိုင်ရခဲ့မယ်ဆိုရင် ပရီးမီးယားလိဂ်ဖလားကို တဝက်ရရှိပြီလို့ ဆိုရမှာ ဖြစ်ပါတယ်။
ဒါပေမယ့်လည်း အန်းဖီးက ပွဲမတိုင်ခင်မှာပဲ အာဆင်နယ်အသင်းဟာ စောစောစီးစီး ထိုးနှက်ချက်တစ်ခုနဲ့ ရင်ဆိုင်ခဲ့ရပြီဖြစ်ပြီး ပရီးမိးယားလိဂ်က မာဆေးဆိုဒ်မှာ ကစားရမယ့်ပွဲအတွက် ဒိုင်လူကြီးကို အတည်ပြု သတ်မှတ်လိုက်ပြီဖြစ်တာကြောင့် ဖြစ်ပါတယ်။
ပေါလ် တီယာနီက ခရိတ် ပေါ်ဆင်နဲ့အတူ လီဗာပူးလ်နဲ့ အာဆင်နယ်တို့ရဲ့ ပွဲစဉ်ကို ကိုင်တွယ်သွားမှာဖြစ်ပြီး ခရစ္စ ကက်ဗာနာက VAR ဒိုင်အဖြစ် တာဝန်ယူသွားမှာ ဖြစ်တယ်လို့ သိရပါတယ်။
အာဆင်နယ်ပရိသတ်အများစုဟာ ပြီးခဲ့တဲ့လတွေတုန်းက တီယာနီနဲ့ မှတ်တမ်းတွေကို သတိပြုမိနေမှာဖြစ်ပြီး ဂန်းနားတွေဟာ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလတုန်းက လက်စတာစီးတီးကို ၃-၁ နဲ့ အနိုင်ရရှိခဲ့တဲ့ပွဲနောက်ပိုင်းကတည်းက ၎င်းတာဝန်ယူကိုင်တွယ်တဲ့ပွဲစဉ်တွေမှာ အနိုင်မရရှိခဲ့ဘဲ နောက်ဆုံး ၅ ပွဲစလုံးမှာ ရှုံးနိမ့်ခဲ့တာဖြစ်ပါတယ်။
နောက်ဆုံးရှုံးပွဲက မန်ချက်စတာစီးတီးကို ရှုံးနိမ့်ပြီး အက်ဖ်အေဖလားပြိုင်ပွဲကနေ ထွက်ခွာခဲ့ရတဲ့ပွဲစဉ်ဖြစ်ပြီး အဲဒီပွဲမတိုင်ခင် ပွဲစဉ်ကတော့ ယခုရာသီအစောပိုင်း မန်ချက်စတာယူနိုက်တက်အိမ်ကွင်းမှာ ၃-၁ နဲ့ ရှုံးနိမ့်ခဲ့တဲ့ ပွဲစဉ်ဖြစ်ပါတယ်။
ပေါလ် တီယာနီဟာ အိုးထရက်ဖို့ဒ်မှာ ကစားခဲ့တဲ့ပွဲစဉ် ပထမပိုင်းက မာတီနယ်လီရဲ့ သွင်းဂိုးကို အငြင်းပွားဖွယ် ပယ်ဖျက်ခဲ့ပြီး ပြီးခဲ့တဲ့ရာသီတုန်းက တော့တင်ဟမ်ဟော့စပါးကို ရှုံးနိမ့်ခဲ့တဲ့ မြောက်လန်ဒန်ဒါဘီပွဲစဉ်မှာ ဟိုးဒင်းကို ထုတ်ပယ်ခဲ့တာဖြစ်ပါတယ်။
Arsenal Myanmar
Ref: Internet