အန်ဂိုလာနဲ့ပွဲမှာ ပါတေးကို ဘာလို့ မကစားခိုင်းခဲ့လဲဆိုတာ အတည်ပြုခဲ့တဲ့ ဟူတန်နဲ့ နောက်ဆုံးရ ဂန်းနားသတင်းများ coyg

အန်ဂိုလာနဲ့ပွဲမှာ ပါတေးကို ဘာလို့ မကစားခိုင်းခဲ့လဲဆိုတာ အတည်ပြုခဲ့တဲ့ ဟူတန်နဲ့ နောက်ဆုံးရ ဂန်းနားသတင်းများ

ဂါနာလက်ရွေးစင်နည်းပြ ခရစ္စ ဟူတန်က သောမတ်စ် ပါတေးဟာ အန်ဂိုလာနဲ့ ၁-၁ သရေကျခဲ့တဲ့ အာဖရိကဖလား ခြေစစ်ပွဲစဉ်မှာ အသေးစား ဒဏ်ရာပြဿနာရှိနေတာကြောင့် ချန်လှပ်ခြင်းခံခဲ့ရတာဖြစ်တယ်လို့ ထုတ်ဖော်ပြောကြားခဲ့ပါတယ်။

အဆာင်နယ်ကြယ်ပွင့်က မကြာသေးမီက ကြံ့ခိုင်မှုပြဿနာကြောင့် ရုန်းကန်ခဲ့ရပေမယ့်လည်း နိုင်ငံတကာအားလပ်ရက်အတွင်း ၎င်းရဲ့ ပြန်လည်ကုစားမှုကို အကူအညီဖြစ်စေဖို့ ဂါနာလက်ရွေးစင်အသင်းအတွက် ကစားပေးဖို့ ရွေးချယ်ခဲ့တာဖြစ်ပါတယ်။

ပါတေးဟာ ယခုရာသီမှာ အာဆင်နယ်အသင်းရဲ့ ပွဲစဉ် ၅ ပွဲကို လွဲချော်ထားခဲ့ပြီး ရာသီကုန်ဖို့ကလည်း ၁၀ ပွဲသာ လိုတော့တာကြောင့် အာတီတာအနေနဲ့ ဂါနာကွင်းလယ်ကြယ်ပွင့်ကို ဒဏ်ရာကြောင့် အနားမယူရဖို့ မျှော်လင့်နေမှာ ဖြစ်ပါတယ်။

ဂါနာကွင်းလယ်လူဟာ နိုင်ငံတကာပွဲစဉ်နားရက်အတွင်း ကောင်းမွန်တဲ့အခြေအနေမှာ ရှိနေတာ သေချာစေဖို့ အာဆင်နယ်ရဲ့ ခန္ဓာဗေဒအထူးကျွမ်းကျင်သူ ဆိုင်မွန် မာဖီနဲ့ အတူ ဂါနာကို ခရီးထွက်ခဲ့တာဖြစ်ပြီး အာတီတာရဲ့ စီမံကိန်းက အလုပ်ဖြစ်ခဲ့ပုံ မပေါ်တာဖြစ်ပါတယ်။

ပါတေးဟာ အန်ဂိုလိုနဲ့ ကစားခဲ့တဲ့ အာဖရိကဖလားခြေစစ်ပွဲ အဖွင့်ပွဲစဉ်မှာ ဒဏ်ရာ ပြဿနာကြောင့် အရန်ခုံထိုင်ခဲ့ရပြီး နည်းပြ ဟူတန်က “သောမတ်စ် ပါတးက သေးငယ်တဲ့ပြဿနာအနည်းငယ်ရှိနေပါတယ်။ ကျွန်တော်တို့ သူ့ကို အန်ဂိုလာနဲ့ပွဲမှာ ပွဲထွက်ကစားစေဖို့က အရမ်းအရဲစွန့်ရာကျမယ်လို့ ခံစားခဲ့ရပါတယ်။”လို့ ပြောကြားခဲ့ပါတယ်။

အာဆင်နယ်အသင်းဟာ ပရီးမီးယားလိဂ်အမှတ်ပေးဇယားထိပ်ဆုံးမှာ ၈ မှတ်ဖြတ် ဦးဆောင်နေတာကြောင့် ဘယ်လို အသေးစားဒဏ်ရာမျိုးမဆို ဂန်းနားတွေရဲ့ အမှတ်ပေးဖလား မျှော်လင့်ချက်ကို ထိခိုက်စေနိုင်မှာ ဖြစ်ပါတယ်။

အာဆင်နယ်ဂန္တဝင် အီယန် ရိုက်က သောမတ်စ် ပါတေးဟာ ဂန်းနားတွေ ဆုံးရှုံးဖို့ မဖြစ်နိုင်တဲ့ ကစားသမားဖြစ်တယ်လို့ ယုံကြည်နေပြီး အာတီတာရဲ့အသင်းဟာ ပရီးမီးယားလိဂ်ဖလား ရယူနိုင်ဖို့ အနီးစပ်ဆုံးအခြေအနေမှာ ရောက်ရှိနေပြီဖြစ်ပါတယ်။ အာဆင်နယ်ဟာ နိုင်ငံတကာအားလပ်ရက်ကို အမှတ်ပေးဇယားထိပ်ဆုံးမှာ ၈ မှတ်ဖြတ်ဦးဆောင်ထားတဲ့အသင်းအဖြစ် ဖြတ်သန်းရမှာဖြစ်ပြီး အီယန် ရိုက်က ဒဏ်ရာကြောင့် ဂန်းနားတွေ ဆုံးရှုံးလို့မရနိုင်တဲ့ ကစားသမားတစ်ဦးရှိတယ်ဆိုရင် အဲဒါက ပါတေးပဲလို့ ပြောကြားခဲ့တာဖြစ်ပါတယ်။

“အခုအချိန်အထိတော့ စိတ်ရှုပ်ထွေးစရာမရှိပေမယ့်လည်း ခင်ဗျား သောမတ်စ် ပါတေးလိုမျိုး ကစားသမားကို အချိန်ဘယ်လောက်အတိုင်းအတာလောက်ပဲဖြစ်ဖြစ် ဆုံးရှုံးချင်မှာမဟုတ်ပါဘူး။ ကျွန်တော်တို့ ဆာလီဘာကို ဆုံးရှုံးခဲ့တယ်။ ဒါပေမယ့် သူတို့တွေ အခုအချိန်အထိတော့ ထိန်းထားနိင်သေးပုံပေါ်ပါတယ်။ အာဆင်နယ်နဲ့ပတ်သက်ပြီး လူတွေ ဝေဖန်နေကြတဲ့ အရာတစ်ခုက မင်းတို့ အဓိကကစားသမားတွေ နာသွားတဲ့အချိန်ကျရင် ကြည့်ကြတာပေါ့ဆိုတဲ့စကားပါ။ ကျွန်တော်တို့မှာ အဓိကကစားသမားတွေ အားလုံး ဒဏ်ရာရခဲ့တယ်။ ဒဏ်ရာလည်း ရနေတုန်းပဲ။ အခုတော့ သူတို့တွေ ဒဏ်ရာတွေ ရောက်လာနိုင်တဲ့ နောက်ဆုံးပွဲစဉ်တွေကို ဖိအားတွေနဲ့ ဘယ်လို ပြီးဆုံးမလဲဆိုတာကိုပဲ ကြည့်ရတော့မှာပါ။”လို့ ပြောကြားခဲ့ပါတယ်။

ပိုလန်အသင်းက အယ်လ်ဘေးနီးယားအသင်းကို ၁ ဂိုး ဂိုးမရှိဖြင့်အနိုင်ရရှိသည့်ပွဲမှာ အာဆင်နယ် နောက်ခံကစားသမား ယာကု ခီဗီယောဟာ နောက်တန်း ဘယ်အစွန်နေရာကနေ ပါဝင်ကစားသွားခဲ့ပါတယ်။ ခီဗီယောရဲ့ ကောင်းမွန်တဲ့ ပိုလန်အသင်းအတွက် ကစားပေးခဲ့တဲ့ စွမ်းဆောင်ရည်တွေကတော့ ပွဲကစားချိန် မိနစ် ၉၀ အတွင်းမှာ ဘောလုံး ထိချက် ၇၄ ချက်၊ ပြီးပြည့်စုံသော ပေးပို့မှု ၃၉ ကြိမ်၊ final third သို့ ၁၁ ကြိမ် ပေးပို့မှု ပြုလုပ်နိုင်ခဲ့၊ ပြိုင်ဘက်နှင့် ယှဉ်ပြိုင်လုယူမှု ၃ ကြိမ် အောင်မြင်၊ ဘောလုံးရှင်းလင်းဖျက်ထုတ်နိုင်မှု ၃ ကြိမ်၊ ပြန်လည်ဆယ်ယူမှု ၁ ကြိမ်၊ dribbled past ၁ ကြိမ်နဲ့ ကန်သွင်းမှု ၁ ကြိမ်တို့ဖြစ်ပါတယ်။

အာဆင်နယ်အသင်းရဲ့ ဒုတိယ ဂိုးသမား မတ် တာနာဟာ ယနေ့မနက်အစောပိုင်းက ယှဉ်ပြိုင်ကစားခဲ့တဲ့ အမေရိကန်အသင်းက အယ်လ် ဆဲလ်ဗာဒေါလ်ကို ၁ ဂိုး ဂိုးမရှိဖြင့် အနိုင်ရရှိခဲ့တဲ့ ကွန်ကာကပ်ဖ် နေရှင်းလိဂ် ခြေစစ်ပွဲမှာ ပွဲချိန်ပြည့် ပါဝင်ကစားခဲ့ပြီး ပေးဂိုးမရှိ ကလင်းရှစ် ရရှိခဲ့ပါတယ်။ အာဆင်နယ်အသင်းရဲ့တတိယဂိုးသမား ကားလ်ဟိန်းကတော့ သြစတေးလျနဲ့ အက်စတိုးနီးယားတို့ ကစားခဲ့တဲ့ ယူရို ၂၀၂၄ ခြေစစ်ပွဲမှာ ပွဲထွက်ပါဝင်ကစားခဲ့ပြီး သူ့ရဲ့ အက်စတိုးနီးယားအသင်းဟာ သြစတေးလျအသင်းကို ၂ ဂိုး ၁ ဂိုးနဲ့ ရှုံးနိမ့်ခဲ့ရပါတယ်။

တူရကီကလပ်အသင်း အလန်ယစပေါကိုမှာ အငှားသွားရောက်ကစားနေတဲ့ အာဆင်နယ်အသင်း ဂိုးသမားလေး အဲလက်စ် ရူနာဆန်ဟာ မနေ့မနက်အစောပိုင်းက ကစားခဲ့တဲ့ အိုက်စလန်အသင်းက လစ်ချင်စတိန်းအသင်းကို ၇ ဂိုးပြတ်နဲ့ အနိုင်ရရှိခဲ့တဲ့ ယူရို ၂၀၂၄ ခြေစစ်ပွဲမှာ အိုက်စလန်အသင်းရဲ့ပွဲထွက် ဂိုးသမားအဖြစ် ပါဝင်ကစားပေးခဲ့သည်ကို တွေ့မြင်ရပြီး အကောင်းဆုံးလက်စွမ်းလည်း ပြနိုင်ပါတယ်။

နိုင်ငံတကာပွဲကစားရန် ကျန်ရှိနေသေးတဲ့ ကစားသမားတွေကတော့ အာဆင်နယ်အသင်းခေါင်းဆောင် အော်ဒီဂွါ့ဒ်ဟာ ယနေ့ည ၁၀ နာရီခွဲမှာ ကစားမည့် ဂျော်ဂျီယာနဲ့ နော်ဝေအသင်းတို့ပွဲ၊ ဂရားနစ်ချာကာက မနက်ဖြန်မနက် ၁ နာရီ ၄၅ မှာ ကစားမည့် ဆွစ်ဇာလန်နဲ့ အစ္စရေးတို့ပွဲ၊ ကီရန် တီယာနီက မနက်ဖြန်မနက် ၁ နာရီ ၄၅ မှာ ကစားမည့် စကော့တလန်နဲ့ စပိန်အသင်းတို့ပွဲ၊ ဖေဘီယို ဗီယာရာက ယနေ့ည ၁၂ နာရီခွဲမှာ ကစားမည့် ပေါ်တူဂီ ယူ-၂၁ နဲ့ နော်ေ၀ ယူ-၂၁ တို့ရဲ့ ချစ်ကြည်ရေးခြေစမ်းပွဲ၊ စမစ် ရိုးက မနက်ဖြန် မနက် ၁ နာရီ ၁၅ မှာ ကစားမည့် အင်္ဂလန် ယူ-၂၁ နဲ့ခရိုအေးရှား ယူ-၂၁ တို့ပွဲတွေ ဖြစ်ပါတယ်။

Arsenal Myanmar
Ref: Internet