အဓိကပစ်မှတ်အတွက် အရေးပေါ်ဘုတ်အစည်းအဝေးလုပ်ခဲ့တဲ့ အာဆင်နယ် coyg

အဓိကပစ်မှတ်အတွက် အရေးပေါ်ဘုတ်အစည်းအဝေးလုပ်ခဲ့တဲ့ အာဆင်နယ်

အာဆင်နယ်အသင်းဘုတ်အဖွဲ့ဟာ ဝက်စ်ဟမ်းအသင်းခေါင်းဆောင် ဒီကလန် ရိုက်စ်ကို ခေါ်ယူနိုင်ဖို့ ကြိုးပမ်းမှုကို အရှိန်မြှင့်တင်နိုင်ခြေနဲ့ပတ်သက်ပြီး ကြာသပတေးနေ့မှာ ဌာနတွင်း အစည်းအဝေးကျင်းပခဲ့တယ်လို့ သိရပါတယ်။

Arsenal Informer ရဲ့ ဖော်ပြချက်အရ ဒီအစည်းအဝေးမှာ ဂန်းနားတွေရဲ့ မျက်နှာဖုံးအသစ်ဖြစ်လာမယ့် အင်္ဂလန်ကွင်းလယ်ကြယ်ပွင့်ရဲ့ အလားအလာနဲ့ပတ်သက်ပြီး ဆွေးနွေးခဲ့ကြပြီး နွေရာသီအပြောင်းအရွှေ့ကာလမှာ ရိုက်စ်ကို အရေးကြီးတဲ့ ခေါ်ယူမှုအဖြစ် အသင်းရဲ့ အရေးပါသူတွေက ရှုမြင်ထားတဲ့အကြောင်း ပြောဆိုခဲ့ကြတယ်လို့ သိရပါတယ်။

တင် လူးဝစ္စ၊ အီဒူးနဲ့ ဗင်နေး ဗင်ကာတီရှန်တို့ကလည်း ဆွေးနွေးမှုအတွင်းမှာ တက်ရောက်ခဲ့တဲ့ အဓိက တာဝန်ရှိသူတွေထဲမှာ အပါအဝင်ဖြစ်ခဲ့တယ်လို့ သိရပြီး အစည်းအဝေးအတွင်းမှာ ဝက်စ်ဟမ်းက ဒီလန် ရိုက်စ်အတွက် ပေါင်သန်း ၁၀၀ တောင်းဆိုထားမှုနဲ့ပတ်သက်တဲ့ အဓိကကျတဲ့ မဟာဗျူဟာကို ထုတ်ဖော် ပြောကြားခဲ့ပါတယ်။

အာဆင်နယ်အသင်းအနေနဲ့ ဝက်စ်ဟမ်းရဲ့ တောင်းဆိုမှုတွေအတိုင်း ကိုက်ညီဖို့အတွက် အမှန်တကယ် လုပ်ဆောင်ချင်တဲ့ ဆန္ဒရှိမယ်ဆိုရင် ၃ နှစ်အရစ်ကျ ပေးချေမှုမှာ ပိုမိုတိုတောင်းတဲ့ အချိန်ကာလအတွင်း သိသာထင်ရှားတဲ့ပမာဏကို ပေးချေသွားဖို့လည်း ပြောကြားခဲ့ကြတယ်လို့ သိရပါတယ်။

ဒီလို အရေးပေါ် အစည်းအဝေးခေါ်ယူမှုဟာ ဒီကလန် ရိုက်စ်ကို တရားဝင်ကမ်းလှမ်းမှု ပြုလုပ်ဖို့အတွက် စိတ်ဝင်စားလာတဲ့ မန်ချက်စတာစီးတီးကြောင့် ကမ်းလှမ်းမှုကို တိုးမြှင့်ဖို့အတွက် ခေါ်ယူခဲ့တာဖြစ်ပြီး ပရီးမီးယားလိဂ်နဲ့ ချန်ပီယံလိဂ်က ပြိုင်ဘက်တွေရှိနေပေမယ့်လည်း မြောက်လန်ဒန်ကလပ်အသင်းဟာ အင်္ဂလန်လက်ရွေးစင်ကြယ်ပွင့်ကို ခေါ်ယူနိုင်မယ့် ပြိုင်ပွဲမှာ ဦးဆောင်နေဆဲဖြစ်ပါတယ်။

သတင်းတွေရဲ့ အဆိုအရ မန်ချက်စတာစီးတီးက ဒီကလန် ရိုက်စ်ကို တရားဝင် ကမ်းလှမ်းမှု ပြုလုပ်ဖို့အတွက် နှောင့်နှေးနေမှုက ဝက်စ်ဟမ်းအသင်းခေါင်းဆောင်ရဲ့ အစ်တီဟတ်ကို ပြောင်းရွှေ့ဖို့အတွက် တွန့်ဆုတ်နေမှုကြောင့်ဖြစ်ပြီး အဲဒါကြောင့် ဖလား ၃ လုံး ချန်ပီယံတွေဆီကနေ စိတ်ဝင်စားမှုက အေးစက်လာခဲ့တယ်လို့ သိရပါတယ်။

ဒါပေမယ့်လည်း အာဆင်နယ်အသင်းက ဒီအချက်ကို ဆွေးနွေးညှိနှိုင်းမှုမှာ ၎င်းတို့ရဲ့ အနေအထားကို ပိုမိုခိုင်မာအောင် လုပ်ဖို့အတွက် အခွင့်အလမ်းအဖြစ် ရှုမြင်ထားပြီး ကနဦး ပေါင်သန်း ၉၀ နဲ့ ကမ်းလှမ်းမှုကို ဝက်စ်ဟမ်းက ငြင်းပယ်ခဲ့တဲ့အတွက် အနောက်လန်ဒန်ကလပ်အသင်းရဲ့ တောင်းဆိုမှုနဲ့ နီးစပ်တဲ့ တတိယမြောက် ကမ်းလှမ်းမှုကို ပြုလုပ်ဖို့ ပြင်ဆင်နေပြီဖြစ်ပါတယ်။

အသက် ၂၄ နှစ်အရွယ် ကစားသမားကို ခေါ်ယူလို့ ရနိုင်ခြေရှိနေမှုက အသင်းရဲ့ ပုံစံကို ပြန်လည် ပြုပြင်ပြောင်းလဲဖို့အတွက် သိသာထင်ရှားတဲ့ အပြောင်းအလဲဖြစ်လာမှာဖြစ်ပြီး ဂန်းနားတွေဟာ ရိုက်စ် ရောက်ရှိလာမှုကြောင့် အသင်းရဲ့ ပုံရိပ်ကို အံ့အားသင့်ဖွယ် ပြောင်းလဲနိုင်ဖို့ အထောက်အကူရလာမှာဖြစ်ပါတယ်။

Arsenal Myanmar

Ref: Internet