အစ်တီဟတ်မှာ အနိုင်ရမယ့်အသင်းကို ရွေးချယ်ခဲ့တဲ့ စီးတီးနဲ့ ဂန်းနားကြယ်ပွင့်ဟောင်း
အာဆင်နယ်နဲ့ မန်ချက်စတာစီးတီးနောက်ခံကစားသမားဟောင်း ကိုလို တိုရေးဟာ ယခုရာသီပရီးမီးယားလိဂ်ဖလားကို အနိုင်ရသွားမယ်လို့ ထင်မြင်တဲ့အသင်းကို ရွေးချယ်ခဲ့ပါတယ်။
အာဆင်နယ်ဟာ လက်ရှိမှာ အမှတ်ပေးဇယားထိပ်ဆုံးမှာ ရပ်တည်နေပေမယ့်လည်း ဗုဒ္ဓဟူးနေ့မှာ ဆုဖလားအတွက် အဆုံးအဖြတ်ပေးမယ့်ပွဲစဉ်အဖြစ် မန်ချက်စတာစီးတီးအိမ်ကွင်းကို သွားရောက်ယှဉ်ပြိုင်ရမှာဖြစ်ပါတယ်။
ဂန်းနားတွေဟာ ၃ ပွဲဆက်တိုက် သရေကျခဲ့ချိန်မှာ မန်ချက်စတာစီးတီးက ၎င်းတို့ရဲ့ နောက်ကနေ အရှိန်အဟုန်ပြင်းပြင်းနဲ့ သမိုင်းဝင် ဆုဖလား ၃ လုံးတပြိုင်နက် ကိုင်မြှောက်နိုင်ဖို့အတွက် ကြိုးပမ်းနေတာဖြစ်ပါတယ်။
ကိုလို တိုရေးဟာ ၎င်းရဲ့ အသင်းဟောင်း ၂ သင်းထဲက ဘယ်အသင်းက အနိုင်ရသွားမယ်လို့ ထင်လဲလို့ မေးမြန်းခြင်းခံခဲ့ရချိန်မှာ နောက်ခံကစားသမားဟောင်းက ဘယ်အသင်းမှ မရွေးချယ်ခဲ့ပေမယ့်လည်း နှစ်သင်းစလုံးကို ချစ်မြတ်နိုးနေဆဲဖြစ်တယ်လို့ ပြောကြားခဲ့တာဖြစ်ပါတယ်။
“အဲဒါက အခုအချိန်မှာ အရမ်းကောင်းတဲ့အသင်း ၂ သင်းကြား၊ အရမ်းတော်တဲ့ နည်းပြ ၂ ဦးကြားက မယုံနိုင်စရာ ဆုဖလားပြိုင်ပွဲပါ။ ကျွန်တော့်အတွက်ကတော့ ဒီနေ့တွေမှာ ပွဲတွေကို ကြည့်တဲ့အခါမှာ ကျွန်တော် ခွဲခြမ်းစိတ်ဖြာဖို့ ကြိုးစားတယ်။ အဲဒီအသင်း ၂ သင်းရဲ့ ပွဲတွေပေါ့။ သူတို့အတွက် ကျွန်တော် ကစားပေးခဲ့တယ်။ အဲဒီတော့ သူတို့ကို ကျွန်တော် ချစ်မြတ်နိုးတယ်”
မန်ချက်စတာစီးတီးက ပုံမှန်ခြေစွမ်းနဲ့ ကစားနေတာကြောင့် ကိုလို တိုရေးက ဂွါဒီယိုလာရဲ့အသင်းကို ဆုဖလားအတွက် ထောက်ခံခဲ့ပြီး လက်ရှိ ပြသနေတဲ့ အရှိန်အဟုန်က အဆုံးအဖြတ် ဖြစ်လာလိမ့်မယ်လို့ ပြောကြားခဲ့တာဖြစ်ပါတယ်။
“အာဆင်နယ်က နောက်ပိုင်း သရေပွဲအချို့ ရှိခဲ့ရပါတယ်။ မန်ချက်စတာစီးတီးက နိုင်ပွဲတွေ ရရှိနေတယ်။ သူတို့တွေ ကောင်းကောင်း ကစားနေတယ်။ သူတို့တွေကပိုပြီး အခွင့်အရေးရှိတယ်လို့ ကျွန်တော် ပြောရမှာပါ။ ဘောလုံးက ဘောလုံးပါ။ ဘာမဆို ဖြစ်နိုင်ပါတယ်။ ဒါပေမယ့် ကျွန်တော့် စိတ်ကူးထဲမှာအဲဒါက မန်စီးတီးဖြစ်လိမ့်မယ်။ သူတို့တွေက ဆုဖလားအနိုင်ရဖို့ အရှိန်အဟုန်ရှိနေတာကြောင့်ပါ။”လို့ ပြောကြားခဲ့ပါတယ်။
Arsenal Myanmar
Ref: Internet
- Posted In:
- Former Players' Talks
- News