ပဲလေ့စ်ပွဲက စွမ်းဆောင်ရည်ကြောင့် ဟိုးဒင်းဟာ ပွေ့ဖက် ဂုဏ်ပြုဖို့ထိုက်တန်သူလို့ ချီးကျူးလိုက်တဲ့ ဆာကာ admin
ပဲလေ့စ်ပွဲက စွမ်းဆောင်ရည်ကြောင့် ဟိုးဒင်းဟာ ပွေ့ဖက် ဂုဏ်ပြုဖို့ထိုက်တန်သူလို့ ချီးကျူးလိုက်တဲ့ ဆာကာ
မနေ့ညက ခရစ်စတယ်ပဲလေ့စ်အသင်းကို ၄ ဂိုး ၁ ဂိုးနဲ နိုင်တဲ့ပွဲမှာ ဘူကာယို ဆာကာဟာ ၂ ဂိုးသွင်း ၁ ဂိုးဖန်တီးပေးနိုင်ခဲ့တဲ့ ကြယ်ပွင့်ကစားသမားဖြစ်လို့ လူအများက ချီးကျူးခဲ့ပေမယ့် ဆာကာကတော့ အာဆင်နယ်အသင်းရဲ့ ဝါရင့်နောက်တန်း ဗဟိုခံစစ်ကစားသမား ရော့ဒ် ဟိုးဒင်းကိုချီးကျူးခဲ့ပါတယ်။
စပို့တင်းလစ္စဘွန်းနဲ့ပွဲမှာ အားထားရတဲ့ ဗဟိုခံစစ်ကစားသမား ဆာလီဘာ ဒဏ်ရာရခဲ့ပြီး ခရစ်စတယ်ပဲလေ့ပွဲကို လွဲချော်ခဲ့လို့ ယခုရာသီအကောင်းဆုံး စွမ်းဆောင်ပြနေတဲ့ ဆာလီဘာ-ဂါဘရီယဲလ်တို့ရဲ့ ဗဟိုခံစစ်အတွဲဖက် မကစားနိုင်တော့ပဲ ဆာလီဘာနေရာကို ဟိုးဒင်းက ဝင်ကစားခဲ့ရခြင်းဖြစ်ပြီး သူ့အတွက် ယခုရာသီ ပထမဆုံးပွဲထွက် ကစားခွင့်ရခဲ့သည့် ပွဲဆိုလည်း မမှားပါဘူး။
အာဆင်နယ်အသင်းရဲ့တောင်ပံတိုက်စစ်ကစားသမားလေး ဆာကာက “အဝတ်လဲခန်းထဲ ရော့ဒ် ဝင်လာတဲ့ အခါ ကျွန်တော် သူ့ကို ပွေ့ဖက်ပြီး ဂုဏ်ပြုခဲ့ပါတယ်။ သူက ခုလို ဂုဏ်ပြုဖို့ ထိုက်တန်သူမလို့ပါ။ သူရဲ့ ခြေစွမ်းဟာ ကောင်းမွန် ခမ်းနားလှပါတယ်။ ကျွန်တော်တို့ အတွက် ဒါကလိုအပ်ပါတယ်။ ခင်ဗျားသိလား..သူကွင်းထဲ ဝင်ကစားခွင့်ရတာနဲ့ ကျွန်တော်တို့ ကစားနေတဲ့ အဆင့်မှာ အံဝင်ဂွင်ကျ ကစားနိုင်ခဲ့တာပါ။ ဒီနေ့ပွဲမှာ သူဟာ မယုံနိုင်လောက်အောင် ခြေစွမ်းပြကစားသွားနိုင်ခဲ့ပါတယ်”လို့ အာဆင်နယ်အသင်းရဲ့ ဝါရင့်နောက်ခံကစားသမား ဟိုးဒင်းကို ချီးကျူးသွားခဲ့ပါတယ်။
ဟိုးဒင်းရဲ့ ခရစ်စတယ်ပဲလေ့စ်နဲ့ ပွဲက စွမ်းဆောင်ရည်တွေကတော့..
-ပွဲကစားချိန် မိနစ် ၉၀ ၊ ဘောလုံးထိချက် ၈၇ ချက်၊ တိကျတဲ့ ပေးပို့မှု ၇၀ မှာ ၆၄ ကြိမ်တိကျ၊ပြည့်စုံတဲ့ ပေးပို့မှု ၉၁ ရာခိုင်နှုန်း၊
-ကန်သွင်းချက် ၁ ကြိမ်၊ ပြိုင်ဘက်၏ အပိုင်ကန်သွင်းချက်ကို ကာကွယ်မှု ၁ ကြိမ်၊ ဖိုင်နယ် တတိယဇုန်သို့ ၆ ကြိမ်ပေးပို့ပေးနိုင်ခဲ့၊
-အဝေးဘော ဖြတ်တင်ပေးမှု ၅ ကြိမ်မှာ ၅ ကြိမ်စလုံးတိကျ၊-အောင်မြင်တဲ့ ဖျက်ထုတ်မှု ၂ ကြိမ်မှာ ၁ ကြိမ်၊ ပြိုင်ဘက်နဲ့ မြေပြင်ပေါ်
-ဘောလုံး ယှဉ်လုခြင်း အနိုင်ရမှု ၅ ကြိမ်မှာ ၄ ကြိမ်၊ -ပြိုင်ဘက်နဲ့ လေထဲမှာ ဘောလုံး ယှဉ်လုခြင်း အနိုင်ရမှု ၁၀ ကြိမ်မှာ ၇ ကြိမ်၊
-ဘောလုံးပြန်လည် ဆယ်ယူပေးနိုင်မှု ၇ ကြိမ်၊ ရှင်းထုတ်ပေးနိုင်မှု ၅ ကြိမ်တို့ပဲ ဖြစ်ပါတယ်။
ဟေးအန့်အကယ်ဒမီထွက် ကစားသမားလေး ဆာကာရဲ့ အာဆင်နယ်အသင်းကို ပံ့ပိုးကူညီနိုင်မှုဟာ မယုံနိုင်စရာကောင်းလှပါတယ်။ ဆာကာဟာ ကိုယ်တိုင် ဂိုးသွင်းယူနိုင်ရုံသာမက တခြားကစားသမားတွေ ဂိုးသွင်းယူဖို့လည်း ဂိုးဖန်တီးမှုတွေပြုလုပ်ပေးနိုင်ခဲ့ပါတယ်။ မနေ့က ခရစ်စတယ်ပဲလေ့စ်နဲ့ ပွဲအပြီး သွင်းယူခဲ့တဲ့ ဂိုးတွေ၊ ဂိုးဖန်တီးမှုတွေအရ ဆာကာဟာ ၂၀၁၆-၁၇ အလက်ဆစ် ဆန်းချက်နောက်ပိုင်း ၁၀ ဂိုးအထက်သွင်းယူပြီး ၁၀ ဂိုးအထက် ဂိုးရရှိအောင် ဖန်တီးပေးနိုင်တဲ့ ကစားသမားဖြစ်လာခဲ့ပါတယ်။
ဒီရာသီမှာ အထင်ကြီးစဖွယ် သူ့ရဲ့ ကိန်းဂဏာန်းတွေအကြောင်းကို ပြောခဲ့ရမှာ ဆာကာက “ကျွန်တော့်အာဆင်နယ်အသင်းကို ကူညီခွင့်ရလို့ ဝမ်းသာပါတယ်။ ကျွန်တော်ကစားရတဲ့ ပွဲတိုင်းမှာ ဂိုးသွင်းနိုင်သည်ဖြစ်စေ၊ ဂိုးရအောင် ဖန်တီးပေးပို့ပေးနိုင်သည်ဖြစ်စေ ဘယ်လိုနည်းလမ်းနဲ့မဆို ကျွန်တော့်အသင်းကို အနိုင်ရအောင် ကူညီပေးဖို့ အကောင်းဆုံးနည်းလမ်းနဲ့ အသင်းရလဒ်ကောင်းအောင် ကြိုးစားပေးချင်ပါတယ်။ ကျွန်တော် အဲဒီလို ဒီနေ့လုပ်နိုင်ခဲ့ပြီး အသင်းအတွက် နိုင်ပွဲတစ်ပွဲ ထပ်အနိုင်ရအောင်ကူညီပေးနိုင်ခဲ့တဲ့အတွက် ကျွန်တော်ထပ်ပြီးပျော်ပါတယ်။”
ARSENAL MYANMAR
PHOTSO CREDIT
ZAWGYI:
မေန့ညက ခရစ္စတယ္ပဲလေ့စ်အသင်းကို ၄ ဂိုး ၁ ဂိုးနဲ နိုင္တဲ့ပြဲမွာ ဘူကာယို ဆာကာဟာ ၂ ဂိုးသြင်း ၁ ဂိုးဖန္တီးပေးနိုင္ခဲ့တဲ့ ကြယ္ပြင့္ကစားသမာျးဖစ္လို့ လူအမ်ားက ခ်ီးက်ူးခဲ့ပေမယ့် ဆာကာကေတာ့ အာဆင္နယ်အသင်းရဲ့ ဝါရင့်နောက္တန်း ဗဟိုခံစစ္ကစားသမား ရော့ဒ် ဟိုးဒင်းကိုခ်ီးက်ူးခဲ့ပါတယ်။
စပို့တင်းလစ္စဘြန်းနဲ့ပြဲမွာ အားထားရတဲ့ ဗဟိုခံစစ္ကစားသမား ဆာလီဘာ ဒဏ်ရာရခဲ့ပြီး ခရစ္စတယ္ပဲလေ့ပြဲကို လြဲခေ်္ခာဲ့လို့ ယခုရာသီအေကာင်းဆုံး စြမ်းဆောင်ျပေနတဲ့ ဆာလီဘာ-ဂါဘရီယဲလ္တို့ရဲ့ ဗဟိုခံစစ်အတြဲဖက် မကစားနိုင်တော့ပဲ ဆာလီဘာနေရာကို ဟိုးဒင်းက ဝင္ကစားခဲ့ရျခင်ျးဖစ်ပြီး သူ့အတြက် ယခုရာသီ ပထမဆုံးပြဲထြက် ကစားခြင့်ရခဲ့သည့် ပြဲဆိုလည်း မမွားပါဘူး။
အာဆင္နယ်အသင်းရဲ့တောင္ပံတိုက္စစ္ကစားသမားလေး ဆာကာက “အဝတ္လဲခန်းထဲ ရော့ဒ် ဝင္လာတဲ့ အခါ က်ြန်တော် သူ့ကို ပြေ့ဖက်ပြီး ဂုဏ်ျပုခဲ့ပါတယ်။ သူက ခုလို ဂုဏ်ျပုဖို့ ထိုက္တန်သူမလို့ပါ။ သူရဲ့ျေခစြမ်းဟာ ကောင်းမြန် ခမ်းနားလွပါတယ်။ ကျြန်တ္တောို့ အတြက် ဒါကလိုအပ္ပါတယ်။ ခင္ဗ်ားသိလား..သူကြင်းထဲ ဝင္ကစားခြင့်ရတာနဲ့ ကျြန်တ္တောို့ ကစားနေတဲ့ အဆင့္မွာ အံဝင္ဂြင္က် ကစားနိုင္ခဲ့တာပါ။ ဒီနေ့ပြဲမွာ သူဟာ မယုံနိုင်လောက်အောင်ျေခစြမ်ျးပကစားသြားနိုင္ခဲ့ပါတယ်”လို့ အာဆင္နယ်အသင်းရဲ့ ဝါရင့်နောက္ခံကစားသမား ဟိုးဒင်းကို ခ်ီးက်ူးသြားခဲ့ပါတယ်။
ပွဲကစားချိန် မိနစ် ၉၀ ၊ ဘောလုံးထိချက် ၈၇ ချက်၊ တိကျတဲ့ ပေးပို့မှု ၇၀ မှာ ၆၄ ကြိမ်တိကျ၊ ပြည့်စုံတဲ့ ပေးပို့မှူ ၉၁ ရာခိုင်နှုန်း၊ ကန်သွင်းချက် ၁ ကြိမ်၊ ပြိုင်ဘက်၏ အပိုင်ကန်သွင်းချက်ကို ကာကွယ်မှု ၁ ကြိမ်၊ ဖိုင်နယ် တတိယဇုန်သို့ ၆ ကြိမ်ပေးပို့ပေးနိုင်ခဲ့၊ အဝေးဘော ဖြတ်တင်ပေးမှု ၅ ကြိမ်မှာ ၅ ကြိမ်စလုံးတိကျ၊ အောင်မြင်တဲ့ ဖျက်ထုတ်မှု ၂ ကြိမ်မှာ ၁ ကြိမ်၊ ပြိုင်ဘက်နဲ့ မြေပြင်ပေါ် ဘောလုံး ယှဉ်လုခြင်း အနိုင်ရမှု ၅ ကြိမ်မှာ ၄ ကြိမ်၊ ပြိုင်ဘက်နဲ့ လေထဲမှာ ဘောလုံး ယှဉ်လုခြင်း အနိုင်ရမှု ၁၀ ကြိမ်မှာ ၇ ကြိမ်၊ ဘောလုံးပြန်လည် ဆယ်ယူပေးနိုင်မှု ၇ ကြိမ်၊ ရှင်းထုတ်ပေးနိုင်မှု ၅ ကြိမ်တို့ပဲ ဖြစ်ပါတယ်။
ARSENAL MYANMAR
PHOTSO CREDIT