ဝက်စ်ဟမ်းနဲ့ပွဲမှာ ရမှတ်လျော့ကျမှုကို တုံ့ပြန်ခဲ့တဲ့ ဂျေးဇု၊ အော်ဒီဂွါဒ်နဲ့ လူမျိုးရေးခွဲခြားခံခဲ့ရတဲ့ ဆာကာ coyg

ဝက်စ်ဟမ်းနဲ့ပွဲမှာ ရမှတ်လျော့ကျမှုကို တုံ့ပြန်ခဲ့တဲ့ ဂျေးဇု၊ အော်ဒီဂွါဒ်နဲ့ လူမျိုးရေးခွဲခြားခံခဲ့ရတဲ့ ဆာကာ

အာဆင်နယ်အသင်းဟာ တနင်္ဂနွေနေ့က ဝက်စ်ဟမ်းနဲ့ပွဲစဉ်မှာ ၂-၀ နဲ့ ဦးဆောင်ထားနိုင်ခဲ့ပြီးမှ ချေပဂိုးတွေ ပြန်လည်ခွင့်ပြုခဲ့ရပြီးနောက် ရမှတ် ၂ မှတ်အထိ လျော့ကျခဲ့ပြီး ဆုဖလားမျှော်လင့်ချက်အတွက် ကြီးမားတဲ့ထိုးနှက်ချက်နဲ့ ရင်ဆိုင်ခဲ့ရပါတယ်။

အာဆင်နယ်တိုက်စစ်မှူး ဂါဘရီယဲလ် ဂျေးဇုက ဆုဖလားအနိုင်ရရှိဖို့ ကြိုးပမ်းမှုမှာ နောက်ထပ်တစ်ကြိမ် အဆင့်အတန်းကို မြှင့်တင်ကြဖို့ အသင်းဖော်တွေကို တောင်းဆိုခဲ့ပါတယ်။

“နောက်ထပ်တစ်ကြိမ် အနိုင် ၃ မှတ်က ကျွန်တော်တို့ လက်ထဲမှာ ရှိနေခဲ့ပါတယ်။ အသင်းအဖွဲ့အနေနဲ့ ကျွန်တော်တို့ အဆင့်အတန်းကို မြှင့်တင်ရမှာဖြစ်ပြီး ကျွန်တော်တို့ရဲ့ အခြေခံမူတွေအတိုင်း ပြန်သွားရမှာပါ။ ငါတို့ရဲ့ အားသာချက်ကို ကျွန်တော်တို့ သိတယ်။ ကျွန်တော်တို့ ဘာလုပ်နိုင်လဲဆိုတာကို သိတယ်။ ပြိုင်ဘက်တွေကို တိုက်စစ်ဆင်တဲ့ ပထမပိုင်း ၁၀ မိနစ်၊ မိနစ် ၂၀ မှာ ကျွန်တော်တို့ ကောင်းကောင်း လုပ်နိုင်ခဲ့တယ်”

“အဲဒီနောက်မှာ ကျွန်တော်တို့ရဲ့ အဆင့်အတန်းက ကျဆင်းသွားခဲ့ပြီး ခင်ဗျားက ဆုဖလားအတွက် တိုက်ပွဲဝင်နေတဲ့အချိန်မှာ ဒါမျိုး ဖြစ်လို့မရတာ သိသာပါတယ်။ အဲဒါက ပင်နယ်တီ မတိုင်ခင် ၅ မိနစ်၊ ၁၀ မိနစ်လောက်မှာ စခဲ့တာပါ။ ဘာလို့လဲဆိုတော့ ကျွန်တော်တို့ ဒုတိယဂိုးသွင်းယူပြီးနောက်မှာ ရပ်တန့်ခဲ့တာ အတိအကျပဲမို့လို့ပါ။ အသင်းအဖွဲ့အဖြစ်နဲ့ အပြစ်တင်နေဖို့ အချိန်မရှိပါဘူး။ အသင်းအဖွဲ့အနေနဲ့ ကျွန်တော်တို့ရဲ့ အဆင့်အတန်းကို နောက်ထပ်တစ်ကြိမ် မြှင့်တင်ရမှာဖြစ်ပြီး ကျွန်တော်တို့ရဲ့ အခြေခံမူအတိုင်း ပြန်သွားရမှာပါ။ ကျွန်တော်ပြောခဲ့သလိုပဲ နိုင်ပွဲတွေ ရယူတာက လာမယ့်လကို ကျွန်တော်တို့ ဆုဖလားအတွက် နောက်ထပ်တစ်ကြိမ် တိုက်ပွဲဝင်ဖို့ ရောက်ရှိနိုင်မယ့် တစ်ခုတည်းသော နည်းလမ်းပါ။”လို့ ပြောကြားခဲ့ပါတယ်။

အာဆင်နယ်အသင်းအတွက် အရေးကြီးတဲ့ ရမှတ် ၂ မှတ်ကို လျော့ကျခဲ့မှုမှာ အဓိက တရားခံဖြစ်ခဲ့တဲ့ ဘူကာယို ဆာကာက ပွဲအပြီးမှာ အင်စတာဂရမ် လူမှုကွန်ရက်ပေါ်မှာကနေ ပရိသတ်တွေကို တောင်းပန်စကား ပြောကြားခဲ့ပါတယ်။

“ရလဒ်က ဘယ်လိုပဲဖြစ်ပါစေ ကျွန်တော့်မှာ တာဝန်ရှိတယ်ဆိုတာကို အမြဲတမ်း လက်ခံမှာပါ ။ဂန်းနားတွေကို တောင်းပန်ပါတယ်။ ကျွန်တော် အဲဒါကို မှန်ကန်အောင် လုပ်နိုင်ဖို့ အရာအာလုံး လုပ်ဆောင်သွားမှာပါ”လို့ ရေးသားခဲ့တာဖြစ်ပါတယ်။

ဒါပေမယ့်လည်း ဆာကာဟာ ယူရို ၂၀၂၀ ဗိုလ်လုပွဲတုန်းက ပင်နယ်တီလွဲချော်ပြီးနောက် ကြုံတွေ့ခဲ့ရတဲ့အတိုင်းပဲ အံ့အားသင့်ဖွယ်ကောင်းလောက်အောင် အသင်းပရိသတ်အချို့ဆီကနေ လူမျိုးရေးခွဲခြားမှုတွေ ခံခဲ့ရပါတယ်။

အာဆင်နယ်ပရိသတ်အချို့ဟာ ဆာကာကို ရည်ရွယ်တဲ့ လူမျိုးရေးခွဲခြားတဲ့ရေးသားမှုတွေ တွစ်တာလူမှုကွန်ရက်ပေါ်မှာ ရေးသားခဲ့ပြီး အာဆင်နယ်ကြယ်ပွင့်ရဲ့ တွစ်တာလူမှုကွန်ရက်စာမျက်နှာမှာ ပိုပြီး နှောင့်ယှက်စော်ကားမှုတွေ ပြုလုပ်ခဲ့တာဖြစ်ပါတယ်။

အာဆင်နယ်အသင်းခေါင်းဆောင် မာတင် အော်ဒီဂွါဒ်ကလည်း တနင်္ဂနွေနေ့မှာ ဝက်စ်ဟမ်းနဲ့ ယှဉ်ပြိုင်ကစားခဲ့တဲ့ပွဲစဉ်အတွင်း ဦးဆောင်ဂိုး ၂ ဂိုး သွင်းပြီးမှ ပြန်ပေးခဲ့ရတဲ့အတွက် အသင်းကို ပြစ်တင်ကြိမ်းမောင်းခဲ့ပါတယ်။

“ပြီးခဲ့တဲ့အပတ်နဲ့ တူတဲ့အရာတွေအများကြီးရှိခဲ့ပါတယ်။ ကောင်းကောင်း စတင်နိုင်ခဲ့ပေမယ့် ပြီးတော့ ကျွန်တော်တို့ ရပ်လိုက်ကြတယ်။ သူတို့တွေကို ကစားခွင့် ပေးခဲ့တယ်။ ကျွန်တော်တို့ သူတို့လိုချင်ခဲ့တဲ့ပွဲကို ပေးခဲ့ကြတယ်။ သူတို့ကို မျှော်လင့်ချက်ပေးခဲ့တယ်။ အဲဒီအတွက် ကျွန်တော်တို့မှာ တာဝန်ရှိတာ လက်ခံပါတယ်။ ကျွန်တော်တို့ အခု ရှေ့ဆက်သွားဖို့ ကြိုးပမ်းရမှာပါ”

“အဲဒီအပြင် ကျွန်တော်တို့ ဘောလုံးနဲ့ ရူးမိုက်တဲ့အရာတွေအများအပြားကို စလုပ်ခဲ့တယ်။ သူတို့ကို အဝေးဘောတွေ ကစားခွင့် ပြုခဲ့တယ်။ ကျွန်တော်တို့က အမှတ်ပေးဇယားထိပ်ဆုံးမှာပဲ ရှိနေသေးတာကြောင့် အရာအားလုံးက ကျွန်တော်တို့လက်ထဲမှာ ရှိနေသေးတယ်ဆိုတာကို အမှတ်ရရပါမယ်။ တူညီတဲ့ ခံယူချက်၊ တူညီတဲ့ စိတ်ဓာတ်နဲ့ လာမယ့်ပွဲကို အနိုင်ရအောင် လုပ်ဆောင်သွားမှာပါ”လို့ ပြောကြားသွားခဲ့ပါတယ်။

Arsenal Myanmar

Ref: Internet