လီဗာပူးလ်နဲ့သရေကျခဲ့ပြီးနောက် ဂန်းနားတွေရဲ့ဆုဖလားမျှော်လင့်ချက်ကို ဟောကိန်းထုတ်ခဲ့တဲ့ နဗီး coyg

လီဗာပူးလ်နဲ့သရေကျခဲ့ပြီးနောက် ဂန်းနားတွေရဲ့ဆုဖလားမျှော်လင့်ချက်ကို ဟောကိန်းထုတ်ခဲ့တဲ့ နဗီး

ဂယ်ရီ နဗီးက အာဆင်နယ်အသင်းက အန်းဖီးမှာ လီဗာပူးလ်အသင်းကို အထင်ကြီးဖွယ် တိုက်ပွဲဝင်ပြီး သရေကျခဲ့ပေမယ့်လည်း ဆုဖလားပြိုင်ပွဲအပေါ် ၎င်းရဲ့ ထင်မြင်ချက်ကို ပြောင်းလဲမှာမဟုတ်ဘူးလို့ ပြောကြားခဲ့ပါတယ်။

အာဆင်နယ်ရဲ့ မန်ချက်စတာစီးတီးကို ၈ မှတ် ပြန်ဖြတ်ပြီး ဦးဆောင်ဖို့ ကြိုးပမ်းမှုဟာ တနင်္ဂနွေနေ့မှာ လီဗာပူးလ်က နောက်ကနေ ၂ ဂိုး ပြန်လိုက်သွင်းခဲ့တာကြောင့် ၂-၂ နဲ့ သရေကျခဲ့တာ ဖြစ်ပါတယ်။ ဂန်းနားတွေဟာ ပထမပိုင်းအစောပိုင်းမှာ မာတီနယ်လီနဲ့ ဂါဘရီယဲလ် ဂျေးဇုတို့ သွင်းယူခဲ့တဲ့ သွင်းဂိုးတွေကြောင့် ဦးဆောင်နိုင်ခဲ့ပေမယ့်လည်း ပထမပိုင်းပြီးဆုံးခါနီးမှာ ဆာလားက လီဗာပူးလ်အတွက် ချေပဂိုးကို သွင်းယူပေးသွားခဲ့တာဖြစ်ပါတယ်။

ဒုတိယပိုင်း ပွဲကစားချိန်ပြီးဆုံးဖို့ ၃ မိနစ်အလိုမှာ လူစားဝင်ကစားခဲ့တဲ့ ရောဘတ်တို ဖာမီနိုက အာဆင်နယ်ရဲ့ အနိင် ၃ မှတ်ကို ငြင်းပယ်ပြီး အိမ်ရှင် လီဗာပူးလ်အတွက် သရေ ၁ မှတ်ရရှိစေမယ့် ချေပဂိုး ၁ ဂိုးကို သွင်းယူသွားခဲ့တာဖြစ်ပါတယ်။

ဂယ်ရီ နဗီးက ပထမပိုင်းမှာ အလွန်ကောင်းမွန်တယ်လို့ ပြောကြားခဲ့ပြီး ၂ ဂိုးအသာရပြီးမှ အန်းဖီးကနေ သရေ ၁ မှတ်နဲ့ အိမ်ပြန်ခဲ့ရတာကို အလွန်အမင်း စိတ်မပျက်သင့်ဘူးလို့ ခံစားနေရတာ ဖြစ်ပါတယ်။ ဒါပေမယ့်လည်း မန်ချက်စတာယူနိုက်တက်ဂန္တဝင်က ဂန်းနားတွေဟာ ဆုဖလားပြိုင်ပွဲမှာ နောက်ကောက်ကျခဲ့မယ်လို့ မျှော်မှန်းထားဆဲဖြစ်ပြီး လက်ရှိချန်ပီယံဖြစ်တဲ့ မန်ချက်စတာစီးတီးက ကျော်တက်သွားလိမ့်မယ်လို့ ယုံကြည်နေတာဖြစ်ပါတယ်။

မန်ချက်စတာစီးတီးဟာ တစ်ပွဲလျော့နဲ့ အာဆင်နယ်ရဲ့ အနောက်မှာ ၆ မှတ်ကွာဟနေဆဲဖြစ်ပေမယ့်လည်း ဂွါဒီယိုလာရဲ့အသင်းဟာ ယခုလနှောင်းပိုင်း အစ်တီဟတ်မှာ အာဆင်နယ်အသင်းနဲ့ တွေ့ဆုံယှဉ်ပြိုင်သွားဖို့ ရှိနေတာ ဖြစ်ပါတယ်။

“ဒီပွဲက လုံးဝကို အံ့အားသင့်စရာကောင်းခဲ့ပြီး ကျွန်တော်တို့ နောက်ထပ် ၆ ပတ် ကျန်ပါသေးတယ်။ ကျွန်တော်ထင်ခဲ့တာက မန်ချက်စတာစီးတီးက ကျော်ဖြတ်သွားနိုင်လိမ့်မယ်ဆိုတာပါ။ ဒီနေ့ ပွဲအပြီးမှာ ကျွန်တော့်အတွေးကို မပြောင်းလဲပါဘူး။ နည်းနည်းလေးတောင် မပြောင်းလဲပါဘူး။ ဘာလို့လဲဆိုတော့ ၂ သင်းစလုံး ရမှတ်လျော့ကျလိမ့်မယ်လို့ ကျွန်တော် ထင်ပေမယ့် အာဆင်နယ်က ပိုပြီး ရမှတ်လျော့ကျမယ်လို့ ထင်နေလို့ပါ။ အာတီတာက ဒီည သူ့ရဲ့ ကစားသမားတွေအတွက် ဂုဏ်ယူနေလိမ့်မယ်လို့ ထင်ပါတယ်။ ကျွန်တော်လည်း သူတို့အတွက် ဂုဏ်ယူမိပါတယ်”

“ဒါပေမယ့် သူတို့တွေ ငရဲကျမယ့်အချိန်တွေက လာနေပြီဆိုတာလည်း သူ သိနေပါလိမ့်မယ်။ သူတို့တွေ မန်စီးတီး၊ နယူးကာဆယ်လ်၊ ဝက်စ်ဟမ်းတို့နဲ့ ကစားသွားရမှာဖြစ်ပြီး ဒီပွဲတွေအားလုံးက ခက်ခဲပါတယ်။ စီးတီးက လည်း ခက်ခဲတဲ့ပွဲစဉ်အချို့ ရှိနေတဲ့အသင်းတစ်သင်းဖြစ်ပြီး အာဆင်နယ်က ကမ္ဘာလုံးရဲ့ စောင့်ကြည့်ခြင်းကို ခံနေရတယ်လို့ ခံစားရတဲ့ အခိုက်အတန့် ပိုရှိနေပါလိမ့်မယ်။ ဘောလုံးကမ္ဘာတစ်ခုလုံးက ဒီနေ့ သူတို့ကို စောင့်ကြည့်ခဲ့ကြပြီး သူတို့တွေ စိတ်မပျက်စေခဲ့ပါဘူး။ သူတို့တွေ အမှားအနည်းငယ်လုပ်ခဲ့ပေမယ့် အာဆင်နယ်ပရိသတ်တွေအားလုံး တော်တော်လေး ပျော်ရွှင်ပြီး ဂုဏ်ယူရမှာပါ။ ဒီအချိန်က သံသယတွေ ဆုံးရှုံးရမယ့်အချိန်မဟုတ်ပါဘူး။ ခင်ဗျား ဒီနေရာမှာ ဘယ်လိုရာသီမဆို ရှုံးနိမ့်နိုင်တယ်။ ဒါမှမဟုတ် သရေကျနိုင်တယ်။ ဆုဖလားပြိုင်ပွဲခရီးလမ်းမှာ ရှိနေတဲ့ ကြောက်မက်ဖွယ်ပွဲစဉ်တစ်ပွဲပါ။”လို့ ပြောကြားခဲ့ပါတယ်။

Arsenal Myanmar

Ref: Internet