လိဒ်စ်အသင်းနဲ့ ပွဲစဉ်မှာ ပါတေးကို ထည့်သွင်းကစားဖို့ ဆေးစစ်ချက် အဖြေကို စောင့်ကြည့်ရဦးမယ့် အာဆင်နယ် admin

လိဒ်စ်အသင်းနဲ့ ပွဲစဉ်မှာ ပါတေးကို ထည့်သွင်းကစားဖို့ ဆေးစစ်ချက် အဖြေကို စောင့်ကြည့်ရဦးမယ့် အာဆင်နယ်

နိုင်ငံတကာပွဲများ ကစားပြီးနောက် ပြန်လာခဲ့တဲ့ သောမတ်စ် ပါတေးဟာ ဂါနာအသင်းနဲ့အတူ လေ့ကျင့်ရေးဆင်းရင်း အနည်းငယ် နာကျင်မှု ဝေဒနာ ခံစားခဲ့ရသည်ဟုဆိုသောကြောင့် မနေ့ညက ပွဲမှာ ဂါနာအသင်းနည်းပြ ဟူတန်က အရဲမစွန့်ခဲ့ပဲ အရန်ခုံမှာ ထိုင်ခိုင်းခဲ့ပြီး ပွဲပြီးတဲ့အထိ ဝင်ရောက်ကစားစေခြင်းမရှိပဲ အနားယူစေခဲ့ပါတယ်။

အာဆင်နယ်အသင်းက အားထားရတဲ့ ဒီဂါနာ ကွင်းလယ်ကစားသမားဟာ လန်ဒန်ကို ယနေ့ ရောက်ရှိမှာ ဖြစ်ပြီး ဒီဒဏ်ရာပြဿနာကို ဆေးစစ်မှု ခံယူရမှာ ဖြစ်ပါပြီး မူလ မျှော်လင့်ထားသလို ကြီးကြီးမားမား မဖြစ်စေဖို့ ဆုတောင်းရမှာ ဖြစ်ပါတယ်။

ဖြစ်စဉ်ကတော့ သောက်မတ်စ် ပါတေးဟာ အန်ဂိုလာအသင်းနဲ့ ပွဲစဉ်အတွက် အန်ဂိုလာမှာ တနင်္လာနေ့မနက်က လေ့ကျင့်ရေးကွင်းမှာ လေ့ကျင့်ခန်းဆင်းရင်း သူ၏ ညာဘက်ခြေထောက်တွင် နာကျင်မှု တစ်ခုခုကို ခံစားခဲ့ရသည်ဟုဆိုတဲ့အတွက် ဂါနာဆေးအဖွဲ့က စစ်ဆေးကာ အနားပေးခဲ့ရပါတယ်။

ဂါနာနည်းပြ ဟူတန်က “သောမတ်စ် ပါတေးမှာ သေးငယ်တဲ့ ဒဏ်ရာပြဿနာအနည်းငယ်ရှိနေပါတယ်။ ကျွန်တော်တို့ သူ့ကို အန်ဂိုလာနဲ့ပွဲမှာ ပွဲထွက်ကစားစေဖို့က အရမ်းအရဲစွန့်ရာကျမယ်လို့ ခံစားခဲ့ရလို့ သူ့ကို အရန်ခုံမှာ ထိုင်ခိုင်းခဲ့ပြီး ပါဝင် မကစားစေခဲ့တာပါ”လို့ အန်ဂိုလာအသင်းနဲ့ တစ်ဖက် တစ်ဂိုးစီ သရေကျခဲ့ရတဲ့ ပွဲအပြီး အင်တာဗျူးမှာ ပြောကြားခဲ့ပါတယ်။

နိုင်ငံတကာ ပွဲတွေသွားရောက် ကစားရင် မကြာခဏ ဒဏ်ရာ ရလွယ်တတ်တဲ့ ပါတေးအတွက် ကောင်းမွန်တဲ့အခြေအနေမှာ ရှိနေတာ သေချာစေဖို့ အာဆင်နယ်ရဲ့ ခန္ဓာဗေဒအထူးကျွမ်းကျင်သူ ဆိုင်မွန် မာဖီနဲ့ အတူ ဂါနာအသင်းနဲ့ ကစားရမယ့် ပွဲစဉ်တွေကို ခရီးထွက်စေခဲ့တဲ့ အာဆင်နယ်နည်းပြ အာတီတာရဲ့ စီမံကိန်းက အလုပ်ဖြစ်ခဲ့ပုံ မပေါ်တာဖြစ်ပါတယ်။

သောမတ်စ် ပါတေးနဲ့ နီးစပ်တဲ့ သူတွေကတော့ ဒါဟာ တံကောကြော ဒဏ်ရာ ပြဿနာ မဟုတ်ကြောင်း အခိုင်အမာပြောကြား အတည်ပြုခဲ့သည့်အတွက် လာမယ့် စနေနေ့မှာ အမ်းမရိတ်စ်ကွင်းမှာ လိဒ်စ် ယူနိုက်တက်အသင်းနဲ့ ယှဉ်ပြိုင် ကစားမယ့် ပွဲအတွက် အဆင်သင့်ဖြစ်နေမယ်လို့ မျှော်လင့်ယုံကြည်နေကြပါတယ်။
Arsenal Myanmar
Source: Charles Watts, Goals