လိဒ်စ်ကို အနိုင်ရအပြီး အန်းဖီးနဲ့ လီဗာပူးလ်အပေါ် မှတ်ချက်ပေးလိုက်တဲ့ အာတီတာနဲ့ နောက်ဆုံးရ ဂန်းနားသတင်းများ coyg

လိဒ်စ်ကို အနိုင်ရအပြီး အန်းဖီးနဲ့ လီဗာပူးလ်အပေါ် မှတ်ချက်ပေးလိုက်တဲ့ အာတီတာနဲ့ နောက်ဆုံးရ ဂန်းနားသတင်းများ

-အာဆင်နယ်အသင်းခေါင်းဆောင် မာတင် အော်ဒီဂွါဒ်ဟာ လိဒ်စ်ယူနိုက်တက်ကို ၄-၁ နဲ့ အနိုင်ရခဲ့တဲ့ပွဲစဉ်မှာ ဂါဘရီယဲလ် ဂျေးဇုရဲ့ ပင်နယ်တီသွင်းဂိုးမတိုင်ခင် အဆင့်အတန်းရှိတဲ့ အပြုအမူနဲ့ အသင်းအဖွဲ့စိတ်ဓာတ်ကို ပြသခဲ့ပါတယ်။ ဂျေးဇုဟာ ၃၄ မိနစ်မှာ ပင်နယ်တီရရှိခဲ့ပြီး အောက်တိုဘာလနောက်ပိုင်း ပထမဆုံးသွင်းဂိုးကို သွင်းယူနိုင်ခဲ့တာဖြစ်ပြီး ဘရာဇီးလ်တိုက်စစ်မှူးလက်ထဲကို ဂန်းနားအသင်းခေါင်းဆောင် အော်ဒီဂွါဒ်က ဘောလုံး ထည့်ပေးခဲ့တာဖြစ်ပါတယ်။ လိဒ်စ်ယူနိုက်တက်ကစားသမားတွေက အော်ဒီဂွါဒ်ကန်မယ်လို့ ထင်ခဲ့တာကြောင့် ပင်နယ်တီစက်ဝိုင်းနားမှာ စုပြုံနေခဲ့ကြပေမယ့်လည်း နော်ဝေကွင်းလယ်ကြယ်ပွင့်က ဂျေးဇုကို စိတ်ဓာတ်စစ်ဆင်မှုအကျိုးသက်ရောက်မှုတွေကနေ ကာကွယ်ပေးနိုင်ဖို့ ဝရုန်းသုန်းကားဖြစ်နေတဲ့ကြားထဲကို ဝင်သွားခဲ့တာဖြစ်ပါတယ်။ ဒါကြောင့် အော်ဒီဂွါဒ်ရဲ့ အသင်းခေါင်းဆောင်ပီသတဲ့ အပြုအမူကို အာဆင်နယ်ပရိသတ်တွေက မလေးစားဘဲမနေနိုင်ဘဲ ချီးကျူးခဲ့ကြတာဖြစ်ပါတယ်။

-အာဆင်နယ်အသင်းက လိဒ်စ်ယူနိုက်တက်ကို ၄-၁ နဲ့ အနိုင်ရခဲ့တဲ့ အမ်းမရိတ်စ်ကပွဲစဉ်အတွင်း ပထမပိုင်းမှာ ရရှိခဲ့တဲ့ ပင်နယ်တီနဲ့ပတ်သက်ပြီး BT Sport စတူဒီယိုထဲမှာ တိုက်ပွဲပြင်းထန်ခဲ့ကြပါတယ်။ အိုင်လင်းက ဂါဘရီယဲလ် ဂျေးဇု ဂိုးကန်သွင်းမှု ဒါမှမဟုတ် ဖြတ်တင်ပေးပို့မှု ပြုလုပ်မှာကို ပိတ်ဆို့ဖို့ ကြိုးပမ်းရာမှာ အာဆင်နယ်တိုက်စစ်မှူးရဲ့ ဒူးကို ခြေချိတ်မိခဲ့တာဖြစ်ပါတယ်။ ရော်ဘီ ဆားဗေ့ချ်နဲ့ ခရစ္စ ဆပ်တန်တို့က ပင်နယ်တီလို့ အခိုင်အမာ ယုံကြည်ခဲ့ပေမယ့် ပါတစ်နဲ့ မားသားဝဲလ်နောက်ခံလူဟောင်း စတီဖန် ခရိတ်ဂန်ကတော့ ဂျေးဇုက ဒိုင်လူကြီးကို ပင်နယ်တီလို့ အယုံသွင်းခဲ့တာလို့ ပြောကြားခဲ့ပါတယ်။

“သူ့ရဲ့ ရွေ့လျားမှုက ဆိုးရွားပါတယ်။ သူ့ဘယ်ဖက်ဒူးကို နည်းနည်းလေးထိတာကို ရေကူးကန်ထဲ ဒိုင်ဗင်ထိုးသလို သူ့ကိုယ်သူ ပစ်လှဲချခဲ့တယ်။”လို့ ပြောကြားခဲ့ပြီး ရော်ဘီ ဆားဗေ့ချ်က ”အဲဒါ ပင်နယ်တီပဲ ခရိတ်”လို့ ပြန်လည်တုံပြန်ခဲ့ပေမယ့် ခရိတ်ဂန်က မပျော်မရွှင်ဖြစ်ခဲ့ပြီး ”ဒါပေမယ့်သူ့ရဲ့ တုံ့ပြန်မှုကိုပဲ ကြည့်လိုက်ပါ။ သူ ရှေ့ကို ဒိုင်ဗင်ထိုးတာ တော်တော်တောင်ရောက်သွားတယ်။”လို့ ပြောကြားခဲ့ပါတယ်။

ရေချယ် ဘရောင်း-ဖင်းနစ်က ကြားဝင်ပြီး ”အဲဒါက ပင်နယ်တီပဲ။ ၁၀၀ ရာခိုင်နှုန်း ပင်နယ်တီပဲ”လို့ ပြောဆိုခဲ့ပြီး ဆားဗေ့ချ်ကလည်း ”လုပ်စမ်းပါ ခရိတ်ရာ”လို့ ပြောခဲ့ပါတယ်။ ခရိတ်ဂန်က ”သူက ရွေ့လျားမှုကို အလွန်အမင်းကို ပုံကြီးချဲ့ခဲ့တာ ကျိန်းသေတယ်။”လို့ ဆက်ပြောခဲ့ပြီး ခရစ္စ ဆပ်တန်က ပွဲပိုဆူအောင် ”မြောက်အိုင်ယာလန်မှာ ဘောလုံးနဲ့ပတ်သက်ပြီး မတူညီတဲ့စည်းမျဥ်းတွေ ရှိတယ်ဆိုတာ ကျွန်တော်သိတယ်။”လို့ ပြောကြားခဲ့ရာမှာ မြောက်အိုင်ယာလန်လက်ရွေးစင်ဟောင်း ခရိတ်ဂန်က ”ဒါက ရယ်စရာကောင်းတယ်။ ဝမ်းနည်းစရာကောင်းတာက ကျွန်တော်သူ့ကို မြေကြီးပေါ်လဲကျအောင် ကန်လို့ သူ ဒီလိုမျိုး ဘယ်တုန်းကမှ မလဲကျခဲ့ဖူးတာပါ။ အဲဒီလိုဆိုရင် ပျော်စရာကောင်းမယ်ဆိုတာ အမှန်ပဲ”လို့ ပြောကြားခဲ့ပါတယ်။

-အာဆင်နယ်နည်းပြ အာတီတာက ဂန်းနားတွေရဲ့ သူရဲကောင်းသစ်အကြောင်း ပြန်လည်သုံးသပ်ရာမှာ လီအန်ဒရို ထရော့ဆာ့ဒ်က ပွဲစဉ်တွေမှာ တာဝန်အများကြီး ယူနိုင်တယ်လို့ ယုံကြည်နေပါတယ်။ ထရော့ဆာ့ဒ်ဟာ ဇန်နဝါရီလမှာ ဘရိုက်တန်ကနေ ပြောင်းရွှေ့လာပြီးကတည်းက သွင်းဂိုး၁ ဂိုးနဲ့ ဂိုးဖန်တီးမှု ၇ ကြိမ်အထိ ပြုလုပ်ထားနိုင်ခဲ့ပြီးဖြစ်ပြီး လိဒ်စ်ယူနိုက်တက်ကို ၄-၁ နဲ့ အနိုင်ရခဲ့တဲ့ပွဲမှာ ဂိုးဖန်တီးမှု ပြုလုပ်နိုင်ခဲ့တာဖြစ်ပါတယ်။

အာတီတာဟာ စနေနေ့ညနေပွဲပြီးသတင်းစာရှင်းလင်းပွဲမှာ ထရော့ဆာ့ဒ်က ၎င်းရဲ့ အထူးဆန်းဆုံးအိပ်မက်ထဲမှာ ဒီလို အကျိုးသက်ရောက်မှု ပြသနိုင်မယ်လို့ တွေးမိခဲ့ဖူးလားလို့ မေးမြန်းခြင်းခံခဲ့ရချိန်မှာ ပြုံးပြီး “ကျွန်တော့်မှာ အရမ်း ထူးဆန်းတဲ့ အိပ်မက်တွေရှိပါတယ်။ တကယ်ပြောတာပါ။ ကျွန်တော်တို့ သူ့ရဲ့ အရည်အသွေးနဲ့ အသင်းကို ဘာတွေယူဆောင်လာပေးနိုင်မလဲဆိုတာကို သိခဲ့တယ်။ ကျွန်တော်တို့ သူနဲ့ပတ်သက်ပြီး တကယ်စိတ်ကျေနပ်မိတယ်။သူက ညာတောင်ပံ၊ ဘယ်တောင်ပံ၊ ကွင်းလယ်တိုက်စစ်၊ ကျောနံပါတ် ၉၊ နောက်ချန်တိုက်စစ်အဖြစ်နဲ့လည်း ကစားနိုင်တယ်။ သူက အသင်းကို တကယ်ကို အကျိုးပြုပေးနေတယ်။ သူက ပွဲစဉ်အတွင်းမှာ အရာအားလုံးဖြစ်လာအောင် တာဝန်တွေအများကြီး ယူနေပါတယ်။ အဲဒါကို ကျွန်တော်တို့ နှစ်သက်မိပါတယ်။”လို့ ပြောကြားခဲ့ပါတယ်။

-လိဒ်စ်ယူနိုက်တက်ကို အနိုင်ရရှိခဲ့တဲ့စနေနေ့ပွဲအပြီးမှာ အာတီတာက လီဗာပူးလ်နဲ့ အန်းဖီးအကြောင်း မှတ်ချက်ပေးခဲ့ပြီး အာဆင်နယ်ဟာ လက်ရှိမှာတော့ လာမယ့် တနင်္ဂနွေနေ့မှာ မာဆေးဆိုဒ်ကို သွားရောက်ရမယ့်ပွဲစဉ်အပေါ် အာရုံစိုက်နေပြီဖြစ်ပါတယ်။ အာတီတာဟာ ပြီးခဲ့တဲ့ရာသီ အန်းဖီးမှာ ၄-၀ နဲ့ ရှုံးနိမ့်ခဲ့တဲ့ပွဲစဉ်နောက်ပိုင်း ၎င်းရဲ့အသင်း စိတ်ဓာတ်ကို ဘယ်လို ပြောင်းလဲခဲ့လဲလို့ မေးမြန်းခြင်းခံခဲ့ရချိန်မှာ “ကျွန်တော်တို့ အန်းဖီးကို သွားတဲ့အချိန်မှာ ကျွန်တော်တို့ ကစားချင်တဲ့ပုံစံအတိုင်း ကစားနိုင်တယ်ဆိုတာကိုလည်း သက်သေပြသရမှာပါ။ နောက်ထပ်တစ်ကြိမ် ဒီနေ့လုပ်ခဲ့တာတွေကို ပျော်ရွှင်ခံစားရအောင်။ ဘာလို့လဲဆိုတော့ ကောင်လေးတွေက အဲဒါနဲ့ ထိုက်တန်လို့ပါ။ ပြီးရင်တော့ ကျွန်တော်တို့ နောက်လာမယ့်ပွဲအတွက် စပြီး ကြိုတင်ပြင်ဆင်သွားမှာပါ။”လို့ ပြောကြားခဲ့ပါတယ်။

-အာဆင်နယ်ကြယ်ပွင့်တိုက်စစ်မှူးဟောင်း လာကာဇက်က လိဒ်စ်ယူနိုက်တက်ကို အနိုင်ရခဲ့တဲ့ပွဲမှာ ဂိုးသွင်းယူနိုင်ခဲ့တဲ့ ဂရာနစ် ချာကာကို သတင်းစကားပေးပို့ခဲ့ပြီး ဆွစ်ဇာလန်ကွင်းလယ်လူဟာ အော်ဒီဂွါဒ်ရဲ့ ဖြတ်တင်ဘောကနေတဆင့် ခေါင်းတိုက်ပြီး စတုတ္ထမြောက်သွင်းဂိုးကို သွင်းယူသွားခဲ့တာဖြစ်ပါတယ်။ ဆွစ်ဇာလန်ကွင်းလယ်လူဟာ အင်စတာဂရမ်မှာ ၎င်းရဲ့ဇနီး အသက် ၃၀ ပြည့်မွေးနေ့မှာ အမှတ်တရဖြစ်အောင် ဂိုးသွင်းယူမယ်လို့ ပြောခဲ့တဲ့အကြောင်း ထုတ်ဖော်ပြောကြားခဲ့ရာမှာ လာကာဇက်ကလည်း မှတ်ချက်ပေးခဲ့တဲ့သူတွေထဲမှာ အပါအဝင်ဖြစ်ခဲ့ပြီး ခင်ပွန်းကောင်း ပီသလိုက်တဲ့သူလို့ မှတ်ချက်ပေးခဲ့တာဖြစ်ပါတယ်။

Arsenal Myanmar

Ref: Internet