လက်ရှိအာဆင်နယ်အသင်းကို အလွန်စိုးရိမ်မိတယ်လို့ ဝန်ခံခဲ့တဲ့ ဂန်းနားကြယ်ပွင့်ဟောင်း coyg

လက်ရှိအာဆင်နယ်အသင်းကို အလွန်စိုးရိမ်မိတယ်လို့ ဝန်ခံခဲ့တဲ့ ဂန်းနားကြယ်ပွင့်ဟောင်း

အာဆင်နယ်ညာနောက်ခံလူဟောင်း လော်ရန်က ပရီးမီးယားလိဂ်ပွဲစဉ် ၁၀ ပွဲသာ ကျန်တော့တဲ့အချိန်မှာ အမှတ်ပေးဇယားကို ဦးဆောင်နေတဲ့ အာတီတာရဲ့လက်ရှိအသင်းနဲ့ပတ်သက်ပြီး အလွန်စိုးရိမ်ပူပင်မှုခဲ့တယ်လို့ ဝန်ခံ ပြောကြားခဲ့ပါတယ်။

ဂန်းနားတွေရဲ့ ၂၀၀၄ ခုနှစ်တုန်းက ရရှိခဲ့တဲ့ နောက်ဆုံး အမှတ်ပေးဖလားအပါအဝင် အက်ဖ်အေဖလား ၃ ကြိမ်၊ ပရီးမီးယားလိဂ်ဖလား ၂ ကြိမ်အထိ ရရှိခဲ့တဲ့ ကင်မရွန်း နောက်ခံလူဟောင်းက ရာသီနောက်ဆုံးပွဲစဉ်အနည်းငယ်ကို ယှဉ်ပြိုင်သွားရတော့မယ့် အသင်းဟောင်းရဲ့ စိတ်ဓာတ်ပိုင်းကို စိုးရိမ်မိခဲ့တာဖြစ်ပါတယ်။

ဒါပေမယ့်လည်း ရာသီကုန်ဖို့ ၁၀ ပွဲသာ လိုတော့တဲ့အချိန်မှာ အာဆင်နယ်အသင်းဟာ ပရီးမီးယားလိဂ်အမှတ်ပေးဇယား ဒုတိယနေရာက မန်ချက်စတာစီးတီးထက် ၈ မှတ်အသာနဲ့ အမှတ်ပေးဖလားကို ရရှိဖို့အတွက် အကောင်းဆုံးအနေအထားမှာ ရှိနေတာဖြစ်ပါတယ်။

“ကျွန်တော် အကောင်းမြင်စိတ်နဲ့ အမြဲတမ်း ယုံကြည်ခဲ့တယ်။ ဒီအသင်းက ရာသီအစကတည်းက လုံးဝကို ကောင်းမွန်နေခဲ့တယ်လို့ ကျွန်တော် ထင်တယ် ။ကျွန်တော် ဒီအသင်းနဲ့ပတ်သက်ပြီး အရမ်းစိုးရိမ်မိခဲ့တယ်။ သူတို့တွေ စိတ်ပိုင်းဆိုင်ရာအရ ဘယ်လို ရင်ဆိုင်ဖြေရှင်းမလဲဆိုတာကိုပေါ့။ ခင်ဗျား ရာသီရဲ့ ဒီလိုအချိန်ကို ရောက်လာတဲ့အခါမှာ ဒီကာလက ဖိအားတွေနဲ့ စိတ်ပင်ပန်းမှုတွေယူဆောင်လာတယ်။ ဒီအသင်းက ဒီလိုဖိအားတွေနဲ့ စိတ်ပင်ပန်းမှုတွေကို ဖြေရှင်းနိုင်စွမ်းရှိတယ်ဆိုရင် သူတို့တွေ အမှတ်ပေးဖလားရဖို့ အရမ်းကောင်းတဲ့အခွင့်အရေးရှိနေတယ်လို့ ကျွန်တော်ထင်တယ်။

သူတို့တွေ အဲဒါကို ပြီးခဲ့တဲ့ ပွဲတွေမှာသက်သေပြသခဲ့ကြတယ်။ အထူးသဖြင့် ဘုန်းမောက်နဲ့ပွဲမှာပေါ့။ ၂ ဂိုးနဲ့ ရှုံးနေရာကနေ ပြန်လာနိုင်ဖို့က ခင်ဗျားက ထိပ်ဆုံးမှာရှိနေပြီး ဖိအားတွေအောက်မှာရှိနေချိန်မှာ လုပ်ဖို့ မလွယ်ကူပါဘူး။ ဒီအသင်းက ရင့်ကျက်မှုတွေ ပြသခဲ့ပြီး ပွဲရဲ့ အစိတ်အပိုင်းဖြစ်တဲ့ စိတ်ခံစားမှုကို ဘယ်လို ထိန်းချုပ်ရမလဲဆိုတာကို ပြခဲ့တယ်။ အဲဒါက ဘုန်းမောက်နဲ့ပွဲမှာ အရမ်းကောင်းမွန်ခဲ့တဲ့အရာပါ။ ၂၀၀၅ နောက်ပိုင်းကတည်းက အာဆင်နယ်က အမြဲတမ်းကောင်းမွန်တဲ့လူစာရင်းရှိခဲ့ပါတယ်။ ကျွန်တော် ဖာဘရီဂတ်စ်၊ ဆန်တီ ကာဇိုလာ၊ အာတီတာတို့လို ကစားသမားတွေကို အမှတ်ရတယ်။

ဒီကစားသမားတွေက တကယ်ကောင်းမွန်တဲ့အသင်းထဲမှာ ရှိနေခဲ့တာပါ။ ကျွန်တော်တို့ ၂၀၀၆ ခုနှစ်တုန်းက ချန်ပီယံလိဂ်ဖလားကို အနိုင်ရဖို့ အရမ်းနီးစပ်ခဲ့ပါတယ်။ ဒါပေမယ့် ကျွန်တော်တို့ မစွမ်းဆောင်နိုင်ခဲ့ဘဲ ဘာစီလိုနာကို ရှုံးနိမ့်ခဲ့ရတယ်။ ကျွန်တော်တို့ ဒီအသင်း အဆင့်ဘယ်လောက်မှာ ရပ်တည်နိုင်မလဲဆိုတာကို ရာသီကုန်တဲ့အထိ စောင့်ကြည့်သွားရမှာပါ။ ဒါပေမယ့် သူတို့တွေ ၂၀၀၄ နောက်ပိုင်း အကောင်းဆုံးအသင်းလို့မယူဆခင်မှာ ပရီးမိးယားလိဂ်ဖလားကို အနိုင်ရဖို့ လုံးဝ လိုအပ်ပါတယ်။ ကျွန်တော်က ဘယ်တုန်းကမှ မတူညီတဲ့မျိုးဆက်တွေကို နှိုင်းယှဉ်ရတာမျိုး သဘောမကျခဲ့တဲ့သူပါ။ အဲဒါက အားနည်းတဲ့လက္ခဏာလို့ ကျွန်တော် ယုံကြည်တယ်။ ဒီအသင်းနဲ့ ဒီလက်ရှိမျိုးဆက်က ရာသီအစကတည်းက အရမ်းကောင်းကောင်း စွမ်းဆောင်နေခဲ့ပါတယ်။”လို့ ပြောကြားခဲ့ပါတယ်။

Arsenal Myanmar
Ref: Internet

ZAWGYI: အာဆင္နယ္ညာေနာက္ခံလူေဟာင္း ေလာ္ရန္က ပရီးမီးယားလိဂ္ပြဲစဥ္ ၁၀ ပြဲသာ က်န္ေတာ့တဲ့အခ်ိန္မွာ အမွတ္ေပးဇယားကို ဦးေဆာင္ေနတဲ့ အာတီတာရဲ႕လက္ရွိအသင္းနဲ႔ပတ္သက္ၿပီး အလြန္စိုးရိမ္ပူပင္မႈခဲ့တယ္လို႔ ဝန္ခံ ေျပာၾကားခဲ့ပါတယ္။

ဂန္းနားေတြရဲ႕ ၂၀၀၄ ခုႏွစ္တုန္းက ရရွိခဲ့တဲ့ ေနာက္ဆုံး အမွတ္ေပးဖလားအပါအဝင္ အက္ဖ္ေအဖလား ၃ ႀကိမ္၊ ပရီးမီးယားလိဂ္ဖလား ၂ ႀကိမ္အထိ ရရွိခဲ့တဲ့ ကင္မ႐ြန္း ေနာက္ခံလူေဟာင္းက ရာသီေနာက္ဆုံးပြဲစဥ္အနည္းငယ္ကို ယွဥ္ၿပိဳင္သြားရေတာ့မယ့္ အသင္းေဟာင္းရဲ႕ စိတ္ဓာတ္ပိုင္းကို စိုးရိမ္မိခဲ့တာျဖစ္ပါတယ္။

ဒါေပမယ့္လည္း ရာသီကုန္ဖို႔ ၁၀ ပြဲသာ လိုေတာ့တဲ့အခ်ိန္မွာ အာဆင္နယ္အသင္းဟာ ပရီးမီးယားလိဂ္အမွတ္ေပးဇယား ဒုတိယေနရာက မန္ခ်က္စတာစီးတီးထက္ ၈ မွတ္အသာနဲ႔ အမွတ္ေပးဖလားကို ရရွိဖို႔အတြက္ အေကာင္းဆုံးအေနအထားမွာ ရွိေနတာျဖစ္ပါတယ္။

“ကြၽန္ေတာ္ အေကာင္းျမင္စိတ္နဲ႔ အၿမဲတမ္း ယုံၾကည္ခဲ့တယ္။ ဒီအသင္းက ရာသီအစကတည္းက လုံးဝကို ေကာင္းမြန္ေနခဲ့တယ္လို႔ ကြၽန္ေတာ္ ထင္တယ္ ။ကြၽန္ေတာ္ ဒီအသင္းနဲ႔ပတ္သက္ၿပီး အရမ္းစိုးရိမ္မိခဲ့တယ္။ သူတို႔ေတြ စိတ္ပိုင္းဆိုင္ရာအရ ဘယ္လို ရင္ဆိုင္ေျဖရွင္းမလဲဆိုတာကိုေပါ့။ ခင္ဗ်ား ရာသီရဲ႕ ဒီလိုအခ်ိန္ကို ေရာက္လာတဲ့အခါမွာ ဒီကာလက ဖိအားေတြနဲ႔ စိတ္ပင္ပန္းမႈေတြယူေဆာင္လာတယ္။ ဒီအသင္းက ဒီလိုဖိအားေတြနဲ႔ စိတ္ပင္ပန္းမႈေတြကို ေျဖရွင္းႏိုင္စြမ္းရွိတယ္ဆိုရင္ သူတို႔ေတြ အမွတ္ေပးဖလားရဖို႔ အရမ္းေကာင္းတဲ့အခြင့္အေရးရွိေနတယ္လို႔ ကြၽန္ေတာ္ထင္တယ္။

သူတို႔ေတြ အဲဒါကို ၿပီးခဲ့တဲ့ ပြဲေတြမွာသက္ေသျပသခဲ့ၾကတယ္။ အထူးသျဖင့္ ဘုန္းေမာက္နဲ႔ပြဲမွာေပါ့။ ၂ ဂိုးနဲ႔ ရႈံးေနရာကေန ျပန္လာႏိုင္ဖို႔က ခင္ဗ်ားက ထိပ္ဆုံးမွာရွိေနၿပီး ဖိအားေတြေအာက္မွာရွိေနခ်ိန္မွာ လုပ္ဖို႔ မလြယ္ကူပါဘူး။ ဒီအသင္းက ရင့္က်က္မႈေတြ ျပသခဲ့ၿပီး ပြဲရဲ႕ အစိတ္အပိုင္းျဖစ္တဲ့ စိတ္ခံစားမႈကို ဘယ္လို ထိန္းခ်ဳပ္ရမလဲဆိုတာကို ျပခဲ့တယ္။ အဲဒါက ဘုန္းေမာက္နဲ႔ပြဲမွာ အရမ္းေကာင္းမြန္ခဲ့တဲ့အရာပါ။ ၂၀၀၅ ေနာက္ပိုင္းကတည္းက အာဆင္နယ္က အၿမဲတမ္းေကာင္းမြန္တဲ့လူစာရင္းရွိခဲ့ပါတယ္။ ကြၽန္ေတာ္ ဖာဘရီဂတ္စ္၊ ဆန္တီ ကာဇိုလာ၊ အာတီတာတို႔လို ကစားသမားေတြကို အမွတ္ရတယ္။

ဒီကစားသမားေတြက တကယ္ေကာင္းမြန္တဲ့အသင္းထဲမွာ ရွိေနခဲ့တာပါ။ ကြၽန္ေတာ္တို႔ ၂၀၀၆ ခုႏွစ္တုန္းက ခ်န္ပီယံလိဂ္ဖလားကို အႏိုင္ရဖို႔ အရမ္းနီးစပ္ခဲ့ပါတယ္။ ဒါေပမယ့္ ကြၽန္ေတာ္တို႔ မစြမ္းေဆာင္ႏိုင္ခဲ့ဘဲ ဘာစီလိုနာကို ရႈံးနိမ့္ခဲ့ရတယ္။ ကြၽန္ေတာ္တို႔ ဒီအသင္း အဆင့္ဘယ္ေလာက္မွာ ရပ္တည္ႏိုင္မလဲဆိုတာကို ရာသီကုန္တဲ့အထိ ေစာင့္ၾကည့္သြားရမွာပါ။ ဒါေပမယ့္ သူတို႔ေတြ ၂၀၀၄ ေနာက္ပိုင္း အေကာင္းဆုံးအသင္းလို႔မယူဆခင္မွာ ပရီးမိးယားလိဂ္ဖလားကို အႏိုင္ရဖို႔ လုံးဝ လိုအပ္ပါတယ္။ ကြၽန္ေတာ္က ဘယ္တုန္းကမွ မတူညီတဲ့မ်ိဳးဆက္ေတြကို ႏႈိင္းယွဥ္ရတာမ်ိဳး သေဘာမက်ခဲ့တဲ့သူပါ။ အဲဒါက အားနည္းတဲ့လကၡဏာလို႔ ကြၽန္ေတာ္ ယုံၾကည္တယ္။ ဒီအသင္းနဲ႔ ဒီလက္ရွိမ်ိဳးဆက္က ရာသီအစကတည္းက အရမ္းေကာင္းေကာင္း စြမ္းေဆာင္ေနခဲ့ပါတယ္။”လို႔ ေျပာၾကားခဲ့ပါတယ္။

Arsenal Myanmar

Ref: Internet