ရိုဒရီရဲ့ ရက်စက်ကြမ်းကြုတ်တဲ့ ဖျက်ထုတ်မှုကို ဝေဖန်ခဲ့တဲ့ ဂန်းနားဖန်များနဲ့ အော်ဒီဂွါ့ဒ်၏ ရင်ဖွင့်စကား admin

ရိုဒရီရဲ့ ရက်စက်ကြမ်းကြုတ်တဲ့ ဖျက်ထုတ်မှုကို ဝေဖန်ခဲ့တဲ့ ဂန်းနားဖန်များနဲ့ အော်ဒီဂွါ့ဒ်၏ ရင်ဖွင့်စကား

မန်ချက်စတာစီးတီး ကစားသမား ရိုဒရီဟာ အာဆင်နယ်ကစားသမား အော်ဒီဂွါ့ဒ်ရဲ့ ခြေကျင်းဝတ်ကို ကန်ကျောက်ပြီး ရက်စက်ကြမ်းကြုတ်သော ဖျက်ထုတ်မှုတစ်ခုကို မနေ့ညက ယှဉ်ပြိုင်ကစားခဲ့တဲ့ စပိန်အသင်းနဲ့ နော်ဝေအသင်းတို့ ပွဲမှာ ပြုလုပ်ခဲ့ပြီး အာဆင်နယ်ပရိသတ်များက ဒေါသထွက်နေခဲ့ကြပါတယ်။

ယူရို ၂၀၂၄ ခြေစစ်ပွဲအဖြစ် စပိန်အသင်းနဲ့ နော်ဝေအသင်းတို့ ယှဉ်ပြိုင်ကစားခဲ့ရာတွင် ရိုဒရီက နဲ့ အော်ဒီဂွါ့ဒ်တို့ဟာ သူတို့ရဲ့ မိခင်နိုင်ငံအသင်းကို ကိုယ်စားပြုပြီး ယှဉ်ပြိုင်ခဲ့ကြတာဖြစ်ပါတယ်။ ဒီအဖြစ်အပျက်ဟာ ပွဲကစားချိန် ၁၄ မိနစ်ခန့်မှာ ဖြစ်ပျက်ခဲ့တာပဲဖြစ်ပါတယ်။

စပိန် ဂိုးဧရိယာထဲမှာ ဘောလုံးရရှိသွားတဲ့ နော်ဝေအသင်းခေါင်းဆောင်ဟာ သူရဲ့အားသန်တဲ့ ဘယ်ခြေနဲ့ ဂိုးအဖြစ် ကန်သွင်းဖို့ ပြုလုပ်လိုက်ချိန်မှာ စပိန်ကစားသမား ရိုဒရီက ခြေစုံပစ်ဝင် ဖျက်ထုတ်ခဲ့ခြင်းဖြစ်ပြီး မန်စီးတီးကစားသမားရဲ့ ဖျက်ထုတ်မှုဟာ ဘောလုံးကို မထိပဲ အော်ဒီဂွါ့ဒ်ရဲ့ ခြေကျင်းဝတ်ကို ထိသွားခဲ့ပြီး အာဆင်နယ်အသင်းခေါင်းဆောင်ဟာ ခြေကျင်းဝတ်ကို ဆုတ်ကိုင်ပြီး လွန်စွာ နာကျင်မှုကိုခံစားခဲ့ရတာဖြစ်ပါတယ်။

ယခုလို သိသာထင်ရှားစွာ ကြမ်းတမ်းစွာနဲ့ ပယ်နယ်တီစည်းထဲမှ ဘောလုံးမထိပဲ လူကိုထိခိုက်ခဲ့တဲ့ ဖျက်ထုတ်မှုကို ကွင်းလယ်ဒိုင်ကတော့ ပယ်နယ်တီပေးဖို့ ငြင်းဆန်ခဲ့ပါတာလည်း တွေ့ရှိခဲ့ရပါတယ်။

ယခုရာသီ ပရီးမီးယားလိဂ်ချန်ပီယံဆုဖလားအတွက် မန်စီးတီးနဲ့ အာဆင်နယ်အသင်းတို့ဟာ အပြိုင်အဆိုင်ဖြစ်နေကြပြီး အာဆင်နယ်အသင်းက မန်စီးတီးအသင်းထက် တပွဲပိုကစားပြီး ၈ မှတ်အသာဖြင့် လက်ရှိဦးဆောင်နေနိုင်တာပဲ ဖြစ်ပါတယ်။

အာဆင်နယ်အသင်းရဲ့ အဓိက အသက်သွေးကြော ကစားသမားကို ခုလိုလုပ်ခဲ့တဲ့ ရိုဒရီ၏ လုပ်ရက်ဟာ ဂန်းနားတို့အနေနဲ့ ချန်ပီယံဆုဖလားကို မရရှိစေဖို့ ရည်ရွယ်ချက်ရှိရှိ ကြိုးပမ်းခဲ့ခြင်းဖြစ်သည်ဟု အာဆင်နယ်ပရိသတ်အများအပြားက ဆိုရှယ်မီဒီယာပေါ်တွင် သူတို့ရဲ့ ခံစားချက်များကို ရေးတင်ခဲ့ကြပါတယ်။

အလွန်စိတ်ဆိုးဒေါသထွက်နေဟန်ရှိသော အာဆင်နယ်ပရိသတ်တစ်ဦးက “ဂွာဒီယိုလာက အော်ဒီဂွါ့ဒ်ကို ဒီကမ္ဘာမြေက ဖယ်ရှားဖို့ ရိုဒရီကို ညွှန်ကြားခဲ့တယ်လို့ ကျွန်တော် အသေချာပြောရဲတယ်။” ဟု ရေးသားထားတာကို တွေ့ရှိရသလို နောက်ထပ် တစ်ယောက်က “အော်ဒီဂွါ့ဒ်အပေါ် ရိုဒရီ ဖျက်ထုတ်လိုက်မှုက လုံးဝကြောက်မက်ဖွယ် ဖြစ်ရပ်ပါ။ မယုံနိုင်လောက်အောင်ပဲ ဒိုင်လူကြီးကလည်း ပယ်နယ်တီမပေးခဲ့ပါဘူး။ ရိုဒရီရဲ့ ကျွန်တော်တို့ ဂန်းနားအသင်းခေါင်းဆောင်ကို ဒဏ်ရာရစေဖို့ ပပ်ရဲ့ အမိန့်ကို လိုက်နာပြီး ပြုလုပ်ခဲ့တယ်” လို့ရေးသားခဲ့ပါတယ်။

အလားတူ ခံစားချက်ကို အခြားအာဆင်နယ် ပရိသတ်တစ်ဦးကလည်း “ရိုဒရီက အော်ဒီဂွါ့ဒ်ရဲ့ ခြေထောက်ကို ရိုက်ချိုးဖို့ ပယ်နယ်တီစည်းထဲမှာ ပြောင်ပြောင်းတင်း စိန်ခေါ်မှု ပြုလုပ်လိုက်တာပါ” လို့ သူ့ခံစားချက်ကို ရေးတင်ခဲ့ပါတယ်။

နောက်ထပ်တစ်ဦးကလည်း ဒေါသတကြီးနဲ့ “ရိုဒရီက အော်ဒီဂွါ့ဒ်ကို အချိန်ကိုက် စိန်ခေါ်ပြီး ဖျက်ထုတ်မှုပြုခဲ့တာပါ။ အလေးအနက်ထားပြောရရင် ဒါက ကျွန်တော်မြင်ဖူးသမျှ ပြိုင်ဘက်ကို တမင် ဒဏ်ရာရအောင် လုပ်ဖို့ ရည်ရွယ်တဲ့ အထင်ရှားဆုံး ကြိုးစားမှုပါပဲ” လို့ သူ့ခံစားချက်နဲ့အမြင်ကို ထုတ်ဖော် ရေးသားခဲ့ပါတယ်။

နော်ဝေအသင်းခေါင်းဆောင် အော်ဒီဂွါ့ဒ်ဟာ ပွဲကစားချိန် မိနစ် ၉၀ အပြီးတွင် မည့်သည့် နာကျင်မှု ဒဏ်ရာမှ ရခဲ့ပုံမရှိခဲ့သော်လည်း ရိုဒရီရဲ့ ကြမ်းကြုတ်တဲ့ ဖျက်ထုတ်မှုနဲ့ ပွဲအတွင်း ဒိုင်လူကြီးရဲ့ ဆုံးဖြတ်ချက်နှင့်ပတ်သတ်ပြီး အံ့အားသင့်နေခဲ့ပြီး စိတ်ဆိုးနေပုံရကာ ပွဲပြီးအင်တာဗျူးမှာ ခုလိုပြောသွားခဲ့ပါတယ်။

အော်ဒီဂွါ့ဒ်က “ကျွန်တော် ပယ်နယ်တီရသင့်တာ သေချာပါတယ်။ သူက ကျွန်တော့် ခြေကျင်းဝတ်ကို ကြမ်းတမ်းစွာ ကန်ကျောက်ခဲ့တာပါ။ ကျွန်တော် ဒီထက် ပိုပြောရင် အပြစ်ပေးခံရမှာ သေချာတယ်။ ဒိုင်လူကြီးအကြောင်း ဘာမှ မပြောလိုဘူး။ ဘာမှ မပြောပဲ နေတာ ပိုကောင်းတယ်” လို့ ပြောသွားခဲ့ပါတယ်။

မန်စီးတီးကစားသမားရိုဒရီရဲ့ မျက်ရည်ကျလောက်အောင် ကြမ်းကြုတ်တဲ့ ဖြတ်ထုတ်မှုကို ခံခဲ့ရပေမယ့် အော်ဒီဂွါ့ဒ်ဟာ ဆက်လက်ကစားနိုင်ခဲ့ပြီး ကြီးမားတဲ့ ဒဏ်ရာ မရရှိခဲ့ခြင်းဟာ ယခုရာသီ ပရီးမီးယားလိဂ် ဖလားရရှိရင် အခွင့်အရေးကောင်းနေတဲ့ အာဆင်နယ်နည်းပြ အာတီတာနှင့် အာဆင်နယ်ပရိသတ်များအတွက် ကံကောင်းထောက်မမှု တစ်ခုပဲ ဖြစ်ပါကြောင်း ရေးသားတင်ဆက်လိုက်ရပါတယ်။

ARSENAL MYANMAR
Photos Credit